Menu

သတင်းစာပညာ၏ အခြေခံလေးခု စုစည်းမှု သတင်းဌာနအသီးသီးမှ ဝါရင့်ပညာရှင်များက သူတို့အလုပ်များမှ သော့ချက် ၂၄ ခုကို မျှဝေခြင်း။

သတင်းကြေညာခန်းထဲမှဘဝ၏ ၂၄ နာရီသည် လီလီသတင်းစာပညာအထက်တန်းကျောင်း (ESJ Lille) ၏ဝဘ်ဆိုဒ်ဖြစ်ပြီး Canal ပြင်သစ်အပြည်ပြည်ဆိုင်ရာကုမ္ပဏီ (CFI) မှ ကမ္ဘာတစ်ဝှမ်းရှိဂျာနယ်လစ်များကို ကူညီရန်အတွက်ဖန်တီးခဲ့သည်။ တီဗီ၊ ရေဒီယို သို့မဟုတ် ဝဘ်ဆိုဒ်သတင်းကြေညာခန်းတို့အား သင်အကောင်းဆုံးအသုံးပြုနိုင်ရန်အတွက် လက်တွေ့အသုံးဝင်သည့် အညွှန်းအစဉ်လိုက်ကို ကျွန်ုပ်တို့ဖန်တီးခဲ့ပါသည်။

ရုပ်မြင်သံကြား

ရုပ်မြင်သံကြားဆိုသည်မှာ ကမ္ဘာကြီးရဲ့ပြတင်းတံခါးတွေကိုဖွင့်ပေးနိုင်သည့် မီဒီယာတခုဖြစ်သည်။ နေ့စဥ်နေ့တိုင်း ရုပ်မြင်သံကြားမီဒီယာတွေသည် သတင်းများကို လှုပ်ရှားမှုရှိသည့် ရုပ်ပုံများထည့်သွင်းပြီး ပရိသတ်များ တင်ဆက်ပေးကြသည်။ သတင်းများကို ရုပ်သံလွှင့်နေစဥ် တစ်လျှောက် လွှမ်းခြုံထားနိုင်ရုံသာမက သတင်းပြီးသွားပြီးသည့်နောက်တွင်လည်း စူးစမ်းရှာဖွေလိုမှုများ ဆက်လက်ဖြစ်တည်စေပါသည်။

ရေဒီယို

ရေဒီယိုတွေဟာသတင်းတွေကိုချက်ချင်းပေးသည့် မီဒီယာဖြစ်သည်။ သတင်းကိုသိရှိလိုသူတွေအတွက် ရေဒီယိုသတင်းတွေကို အိမ်မှာဖြစ်စေ၊ လမ်းမှာဖြစ်စေ၊ လုပ်ငန်းခွင်မှာဖြစ်စေ၊ ကားထဲမှာဖြစ်စေ၊ နိုင်ငံရပ်ခြားမှာဖြစ်စေ မည်သည့်နေရာမှမဆို နားဆင်၍ရနိုင်သည်။ ရေဒီယိုမီဒီယာဟာ ကမ္ဘာကြီးတစ်ခုလုံးနှင့် ထိတွေ့ခွင့်ရှိနေသည့် ရိုးရှင်းသောကြားခံမီဒီယာတစ်ခုဖြစ်သည်။

ဝဘ်ဆိုဒ်

လူသိများသည့် မီဒီယာအသွင်မှ  သတင်းကမ္ဘာတွင် အကျော်ကြားဆုံးဖြစ်လာသည့် အင်တာနက်သည် လွန်ခဲ့သော ၁၅ နှစ်ကျော်တွင် အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်စေခဲ့သည်။ ကမ္ဘာအနှံ့တွင် ထုတ်ပြန်သည့် အချက်အလက်များကို စာသား၊ ပုံရိပ်များနှင့် အသံတို့ဖြင့် အသုံးပြုနိုင်သည်။ အများပြည်သူအနေဖြင့် သတင်းများကို မှတ်ချက်ပြု၍ အလွယ်တကူ တုံ့ပြန်နိုင်သောကြောင့် အင်တာနက်သည် အပြန်အလှန်တုံ့ပြန်မှုအများဆုံးသော မီဒီယာ ပုံစံတစ်ခုဖြစ်ပါသည်။

ပုံနှိပ်သတင်းစာ

ပုံနှိပ်သတင်းစာက ရှေးအကျဆုံး သတင်းဌာနဖြစ်သည့်အပြင် သတင်းအရင်းအမြစ်တစ်ခုလည်း ဖြစ်ပါသည်။ သတင်းစာသည် နေ့စဉ်နေ့တိုင်း အဓိကသတင်းများကို စီစဉ်ခြင်းဖော်ပြပေးပါသည်။၎င်းက စာဖတ်သူများ၏ သတင်းအပေါ်ရှုထောင့်အမြင်ကို ချဲ့ထွင်သုံးသပ်စဉ်းစားနိုင်စေရန် အထောက်အကူ ပေးသည်။