Menu

10.၁၀။ လုပ်ငန်းစုစည်းဆောင်ရွက်မှု

သတင်းဟူသည် သတင်းစာပညာ၏ ကြေးမုံရိပ်ဖြစ်သည်။ သတင်းသည် မရပ်တန့်။ ထို့ကြောင့်
သတင်းစာပညာသည်လည်း မည်သည့်နည်းနှင့်မျှ ရပ်နားခြင်းမရှိ။ ထိုအလုပ်ကို လုပ်ကိုင်ရန်အတွက်
ကျန်းမာဖို့လိုအပ်သလို သမမျှတမှုရှိသော ဘ၀နေထိုင်မှုပုံစံကောင်းလည်း ရှိရန်လိုအပ်သည်။ သမာဓိ အား
မပြန့်လွင့်ဘဲ အလုပ်ကို မည်သို့မြန်မြန်ဆန်ဆန်လုပ်ရမည်ကိုသိရမည်။ တစ်ဦးတည်း အလုပ်လုပ် သည်ဖြစ်စေလုပ်ဖော်ကိုင်ဖက်များနှင့် အလုပ်လုပ်သည်ဖြစ်စေ အချိန်အကန့်အသတ်နှင့် နည်းစနစ် တကျဖြစ်အောင်လုပ်တတ်ရမည်။

ကိုယ့်စည်းကမ်းနှင့် ကိုယ်နေခြင်းသည် အခြားသူများ၏အလုပ်ကို အလေးထားဂရုပြုကြောင်း ပြသခြင်းဖြစ်သည်။

၁။ သတ်မှတ်ထားသည့် အတိုင်းအတာကို အလေးထားပါ။ ရှည်လျားထွေပြားသည့် ဆောင်းပါး

တစ်ပုဒ်ရေးသားခြင်းသည် အချိန်ကိုဖြုန်းတီးပစ်ရာ ရောက်သည်။ အချိန်မီ သတင်းဆောင်းပါးများ ကို

ဖြတ်တောက်ပေးရသူ ၊ စာမူများကို တည်းဖြတ်ပေးရသူ ၊ ပုံနှိပ်ပေးရသူ ၊ ထုတ်ဝေဖြန့်ချိပေးရ သူ

အားလုံးအတွက် အချိန်ကြန့်ကြာမှုများကို ဖြစ်စေသည်။

– ပထမဦးဆုံး စာမူကို မူကြမ်းအဖြစ် သဘောထားပါ။ ပြီးမှ တစ်ခေါက်ပြန်ဖတ်၍ မလိုအပ်သည် တို့ကို

ဖယ်ရှားကာ သတ်မှတ်ထားသော စာလုံးနှင့်စာပိုဒ် စသည်ဖြင့်ကိုက်ညီအောင် စာမူကို ထပ်မံ

ဖတ်ရှုရမည်။

– မလိုအပ်သည်တို့ကိုဖယ်ရှားခြင်းဆိုသည်မှာ – နားလည်ရန်မလိုအပ်သည့် နာမဝိသေသနများ ၊

ကြိယာဝိသေသနများ ၊ ထပ်ခါထပ်ခါအသုံးပြုထားသော တိကျ၊ မတိကျ အညွှန်းစကားလုံးများ

အစရှိသော စကားလုံးများကို ဖယ်ရှားခြင်းဖြစ်သည်။

– စကားလုံး(၁၀)လုံးနှင့် အက္ခရာ(၇၄)လုံးလောက် ချုံ့နိုင်ရန်အတွက် ” ယုတ်မာသော ဂျူးဆီဇာ

တစ်ယောက် သူ့ရဲ့တောက်ပပြောင်လက်နေသော ချပ်ဝတ်တန်ဆာလက်နက်များ ၊ လေးလံ သော

အထုပ်အပိုးများနှင့်အတူ သူပိုင်ဆိုင်သော ငွေထည်ပစ္စည်းများကို သယ်ဆောင်၍ ညအချိန်

အခါသမယမှာ ဆိပ်ကမ်းသို့ ဆိုက်ရောက်လာခဲ့ပါသည်။ … …” ဟူ၍ ရေးမည့်အစား ” ဂျူးလီယက်

ဆီဇာသည် လက်နက်များ ၊ အထုပ်အပိုးများနှင့်အတူ ဆိပ်ကမ်းသို့ ဆိုက်ရောက် လာသည်။ ”

ဟူ၍ရေးသင့်ပါသည်။ ဝေါဟာရများ ၊ စကားလုံးများကို အတတ်နိုင်ဆုံးချုံ့ခြင်း ဖြင့် လုပ်ငန်း

အရည်အသွေး တိုးတက်လာစေမည်။

၂။ အချိန်ကိုလေးစားပါ။ ဆောင်းပါးတစ်စောင်ပြီးစီးမှု နှောင့်နှေးကြန့်ကြာနေခြင်းသည် လူတိုင်းကို

ဗျာများစေသည်။ မိမိဆောင်းပါးကို တစ်ခေါက်ပြန်ဖတ်၍ ပြန်ပြင်ရမည့်လူများအတွက်လည်း အလျင်စလို

တက်သုတ်ရိုက်ရသည့်အတွက် အမှားအယွင်းများ ပါသွားနိုင်သည်။ သတင်းစာ ထုတ်ဝေမှု ၊

ဖြန့်ချိမှုလုပ်ငန်းများတွင်လည်း အနှောင့်အယှက်ဖြစ်စေသည်။

– စာရေးရမည့်အတွက် ထားရှိရမည့်အချိန်ကို လေးစားခြင်းသည် စာတွင်ပါဝင်သည့် အချက် အလက်

အကြောင်းအရာများထက် ပို၍အရေးကြီးသည်ဟု မှတ်ယူပါ။ ” မိမိသည် အချိန်နှင့် တစ်ပြေးညီ

လုပ်ရမည့်အတွက်ကြောင့် အဓိကအချက်အလက်များကိုသာ ပါဝင်အောင် ရေးသားရမည်။

အကယ်၍လိုအပ်လျှင် နောက်တစ်ကြိမ်ထုတ်သတင်းစာတွင် ထပ်မံဖော်ပြပေးမည်။ ” တိုတောင်း၍

ပြည့်စုံမှု အားနည်းသော သတင်းဆောင်းပါးများကို အချိန်မီဖော်ပြပေးခြင်း သည် ရှည်လျားပြည့်စုံ၍

စာဖတ်သူတို့ထံ အချိန်မီမရောက်သော ဆောင်းပါးများဖော်ပြခြင်း ထက်များစွာ သာလွန်ကောင်းမွန်

ပေလိမ့်မည်။

၃။ လုပ်ဖော်ကိုင်ဖက်များအပေါ် လေးစားမှုရှိပါ။ အဖွဲ့သားတစ်ဦးချင်းစီတွင် မတူညီသည့် ကိုယ်ပိုင် ဟန်ဖြင့်

ရေးသားလေ့ရှိသည့်အတွက် အုပ်စုလိုက် အဖွဲ့အစည်းဖြင့် အတူလက်တွဲလုပ်ကိုင်ရ သည်မှာ

မလွယ်ကူလှပါ။ ဒီ့အတွက် ထူးခြားသောအရည်အချင်းများဖြစ်သည့် တစ်ဖက်သားပြော သည်ကို

နားထောင်တတ်ခြင်း ၊ သတင်းအချက်အလက်များကို မျှဝေတတ်ခြင်း ၊ တစ်ခြားသူများ ၏ အတွေးအခေါ်

အယူအဆများကို နားလည်ပေးတတ်ခြင်း ၊ အများဆုံးဖြတ်သည်ကို လက်ခံ တတ်ခြင်းစသော

အရည်အချင်းများရှိရန် လိုအပ်ပါသည်။ နေ့စဉ်သတင်းထုတ်ပြန်မှုသည် စိတ်ခံစားချက်များနှင့်

မသင့်လျော်ပါ။ အချက်အလက်များ လုပ်ငန်းတာဝန်များကို စနစ်တကျ ခွဲဝေခြင်းကလည်း

အလွန်အရေးကြီးလှပါသည်။

– အကောင်းဆုံး တစ်ကိုယ်တော် သီဆိုဖျော်ဖြေသူများအနေဖြင့် အကောင်းဆုံးဂီတမှူးများ

သေချာပေါက် မဟုတ်ဘူးဆိုတဲ့အချက်ကို မှတ်ထားပါ။ ညွှန်ကြားရေးမှုး ၊ အယ်ဒီတာ ၊ မန်နေဂျာ ၊

လက်ထောက်မန်နေဂျာ မည်သို့ပင်ဖြစ်စေ အာဏာရှိသည့်ရာထူးကို တာဝန်ယူ ထားရသည့်

သတင်းဆရာသည် အဖွဲ့အစည်းတစ်ရပ်ကို မည်သို့စီမံခန့်ခွဲရမည် ၊ မည်သို့ စည်းရုံးလှုံ့ဆော်ရမည် ၊

တစ်ခါတစ်ရံမိမိ၏တာဝန်တွေထဲမှ တစ်ချို့တစ်ဝက်ကို မည်ကဲ့သို့ ခွဲဝေပေးရမည် စသည်တို့ကို

လည်းသိရမည်။ သင်လည်းသင်ယူထားရမည်။

အောင်မြင်ရေးသော့ချက် – သတင်းစာဆရာအဖွဲ့တစ်ဖွဲ့တွင် မည်သူတစ်ဦးတစ်ယောက်ကမျှ မိမိ၏ ရာထူး

အဆင့်အတန်းကို အသုံးချခွင့် မရှိရပါဟူသော စည်းကမ်း သတ်မှတ်ချက်ထားရှိရပါမည်။

တစ်ဖွဲ့လုံးနှင့်ဆိုင်သော စည်းကမ်းတစ်ခုရှိထားခြင်းသည် သတင်းစာကောင်းတစ်စောင်ဖြစ်လာရေးအတွက် အထောက်အကူဖြစ်စေသည်။

ကိုယ်ပိုင်စည်းကမ်းသတ်မှတ်မှုရှိခြင်းသည် အရည်အသွေးမှီသတင်းထုတ်လုပ်နိုင်မှုအတွက် မရှိမဖြစ်

လိုအပ်သည့်အရာဖြစ်သည်။ သို့သော်သတင်းစာဆရာအလုပ် စုစည်းဆောင်ရွက်မှုပုံစံအားလုံး တိုင်းတွင်

တူညီသောရလဒ်ထွက်မလာနိုင်ပါ။ အကောင်းဆုံးသောစုစည်းဆောင်ရွက်မှုများမှာ နေ့စဥ် သတင်းထုတ်ဝေမှု အရည်အသွေးကို ပိုင်ပိုင်နိုင်နိုင်ထိန်းထားနိုင်မည့်နည်းလမ်းတစ်ရပ်ကို သတင်းစာ ဆရာအား ပေးစွမ်းနိုင်ခြင်းဖြစ်သည်။

နှစ်ဦးနှစ်ဖက်သာရှိသောအဖွဲ့အစည်း

ကဏ္ဍနှစ်ရပ် ။ ။ တစ်ဦးတစ်ယောက်မှ ညွှန်ကြားချက်ပေးပြီး အခြားသူများက ထိုညွှန်ကြားချက်ကို အကောင်အထည်ဖော်ပေးသည့် လုပ်ငန်းကဏ္ဍဟူ၍ ကဏ္ဍနှစ်ခု ရှိသော အဖွဲ့အစည်း။ ပုံမှန်အားဖြင့် သတင်းစာတိုက်ကိုပိုင်ဆိုင်သည့် သတင်းဆရာ တစ်ဦးတည်းက လုပ်ပိုင်ခွင့်အားလုံးကို ချုပ်ကိုင်ထားခြင်း ဖြစ်သည်။ သူသည် ညွှန်ကြားရေးမှူးချုပ်နှင့် အယ်ဒီတာချုပ်ဖြစ်ပြီး သတင်းစာ ဆရာများကိုခန့်အပ်၍

သူ့အနေဖြင့် သင့်တော်သည်ဟု ယူဆသည့် လုပ်ငန်းများကို ခွဲဝေတာဝန်ပေးသည်။

အားသာချက်များ ။ ။ တစ်သားတည်းကျနေသော ၊ တစ်ပေါင်းတစ်စည်းတည်း ဖြစ်နေသော နွေးထွေး

ပျော်ရွှင်မှုနှင့် တည်ဆောက်ထားသော အဖွဲ့အစည်းဖြစ်ခြင်း။

အားနည်းချက်များ ။ ။ ဖခင်သဖွယ်ကျင့်သုံးသည့်အာဏာ ၊ ပုံမှန်အပြောင်းအလဲမရှိလုပ်ရိုးလုပ်စဥ်

အသွင်ဆောင်လာတတ်သည့်အန္တရာယ် ၊ ရာထူးတက်ဖွယ်အခွင့်အလမ်း နည်းပါးခြင်း ၊ မတူညီသော အယူအဆအသီးသီးကို လက်ခံနိုင်မှုစနစ် မရှိခြင်း။

ပိရမစ်အသွင်ဆောင်သောဖွဲ့စည်းမှုစနစ

ကဏ္ဍလေးရပ် ။ ။ အုပ်ချုပ်ရေးအရာရှိချုပ် ၊ စီမံခန့်ခွဲရေးအဖွဲ့ ၊ ရာထူးအမြင့်ပိုင်း လုပ်ငန်း အကောင်အထည်ဖော်မှု ကဏ္ဍ ၊ ရာထူးအနိမ့်ပိုင်း လုပ်ငန်း အကောင်အထည်ဖော်မှုကဏ္ဍဟူ၍ လုပ်ငန်းကဏ္ဍလေးရပ် ပါဝင်သော အဖွဲ့အစည်း။ တာဝန်ဝတ္တရားများကို ဗဟိုမှချုပ်ကိုင်ထားသည့် သတင်းစာတိုက်ပိုင်ရှင် မှ သတင်းရေးသားမှုပိုင်းဆိုင်ရာ ညွှန်ကြားရေးမှူးခန့်အပ် ၊ ၎င်း မှထပ်မံ၍ ဆောင်းပါးကဏ္ဍ အသီးသီးတွင် တာဝန်ပေးလို့ရမည့်လက်ထောက် များနှင့်ရွေးချယ်ခန့်အပ်ခြင်းဖြစ်သည်။

အားသာချက်များ ။ ။ နည်းစနစ်ကျမှုရှိသောအဖွဲ့ဖြစ်သည်။ စည်းကမ်းရှိပြီး ကျွမ်းကျင်ထိရောက်

မှုရှိသော အဖွဲ့အစည်းဖြစ်သည်။

အားနည်းချက်များ ။ ။ အာဏာအလွဲသုံးစားလုပ်မှု အန္တရာယ်ရှိနိုင်ခြင်း ၊ တသမတ်တည်းသော

အတွေးအခေါ်အယူအဆ ၊ သတင်းစာပါအချက်အလက်များ ဖော်ပြရာ၌ ပုံစံတူများသာ ဖြစ်နေတတ်ခြင်း ၊ အပြန်အလှန်အခြေအတင် ဆွေးနွေးနိုင်မှု အခြေအနေမရှိခြင်း ၊ အယ်ဒီတာအာဘော်တူညီခြင်း။

ရွမ်းဗတ်ပုံသဏ္ဍာန်ဖွဲ့စည်းမှုစနစ်

ကဏ္ဍသုံးရပ် ။ ။ ထိန်းချုပ်မှုအပိုင်း ၊ ညွှန်ကြားမှုအပိုင်းနှင့် ထိုညွှန်ကြားချက်များကို အကောင်အထည် ဖော်မှုအပိုင်းဟူ၍ လုပ်ငန်းကဏ္ဍ သုံးပိုင်းပါဝင်သော ဖွဲ့စည်းပုံစနစ်။ ဗဟို၏လုပ်ပိုင်ခွင့်ကို ခွဲဝေထားသည်။ တိုက်ပိုင်ရှင် နှင့် သတင်းရေးသားခြင်းဆိုင်ရာညွှန်ကြားရေးမှူးတို့မှ ဌာနခွဲအယ်ဒီတာများကို ခွဲဝေ

တာဝန်ပေးပြီး ၊ ထိုဌာနခွဲအယ်ဒီတာ များမှ သတင်းစာပါ အကြောင်းအရာများ နှင့် ပူးပေါင်း ဆောင်ရွက်သူများကို တာဝန်ယူရသည်။ အဖွဲ့တိုင်းတွင် သတင်းရေးသားသူ အမျိုးမျိုးနှင့် ကျွမ်းကျင်သူများ ပါဝင်ပြီး ရွေးချယ်မှုအတွက်ကြီးကြပ်ဆောင်ရွက်ရသည်။ လွတ်လပ်စွာ ဆောင်ရွက် လုပ်ကိုင်နိုင်သည်။

အားသာချက်များ ။ ။ ထူးခြားစုံလင်သော အချက်အလက်ပေါင်းစုံပါဝင်မှု ၊ တိုးတက်မှုအသွင်

ဆောင်သော ယှဉ်ပြိုင်မှုများရှိခြင်း ၊ စွမ်းဆောင်ရည်မြင့်မားမှု ၊ ကျွမ်းကျင်မှုအတတ်ပညာမြင့်မားမှု။

အားနည်းချက်များ ။ ။ တံခါးပိတ်အကောင်အထည်ဖော်မှုလမ်းစဉ်အောက်တွင် ဆောင်ရွက်ခြင်း ၊

သီးခြားခွဲထွက်မှုအားပိုကဲနေခြင်း ၊ ဆန့်ကျင်ဘက်အတွေးအယူအဆများ မရှိခြင်း၊ ပညာရှင်များမွေးထုတ်ပေးရန် ရည်ရွယ်သင့်သည်ဟူသောဝါဒ စွဲကိုင်ထားခြင်း။

အဓိကမှတ်သားရမည့်အချက်မှာ စနစ်အားလုံး၏အကျိုးသက်ရောက်မှုသည် ၎င်းတို့ကို အကောင်

အထည်ဖော်ဆောင်ရွက်မည့်သူများ၏ အရည်အချင်းပေါ်တွင်မူတည်ပါသည်။