Menu

11.၁၁။ စာမျက်နှာများ တွဲခြင်း

စာမျက်နှာတွဲခြင်းသည် သတင်းစာဆရာတစ်ယောက်အဖို့ ကလေးများအတွက် အသုံးပြုသည့်
သင်ထောက်ကူပစ္စည်း ကစားစရာတစ်ခုနှင့် အလားသဏ္ဍာန်တူနေပါသည်။ သတင်းစာတစ်စောင်တွင်
ပါဝင်သော အကြောင်းအရာများကိုစာမျက်နှာအလိုက် တွဲဖက်ပြီးသွားသည့်အခါ စာမျက်နှာတစ်မျက်နှာချင်း
စီကို ကာတွန်းရေးဆွဲနည်းပုံစံလိုမျိုး ၊ စာရွက်ပေါ်တွင် ၊ ဖန်သားပြင်ပေါ်တွင် သို့မဟုတ် နံရံပေါ်တွင်
ပရိုဂျက်တာဖြင့် ရုပ်ရှင်တစ်ကား ပြသသည့်ပုံစံကဲ့သို့ ကြည့်ရှုနိုင်ခြင်းဖြစ်သည်။ သတင်းစာထဲတွင်
ရေးသားမည့် အကြောင်းအရာများကို သတင်းစာ ရှေ့မျက်နှာဖုံးမှ နောက်ကျောဖုံးစာမျက်နှာအထိ မည်ကဲ့သို့ ခွဲခြားဖွဲ့စည်းထည့်သွင်းမည်ကို ကြိုတင ကြည့်ရှုနိုင်မည့် ပုံစံတစ်ခုဖြစ်ပါသည်။

မည်သို့မည်ပုံပြုလုပ်ရမည် ၊ မည်သည့်သတင်းထည့်မည်စသည့်အခြေခံစည်းမျဉ်းများ

သတင်းစာတစ်စောင်၏ စာမျက်နှာအားလုံးတွင် တူညီသော အမြင်အာရုံဆိုင်ရာ အကြောင်း အရာမရှိပါ။

သတင်းစာစာမျက်နှာတစ်ရွက်၏ ရှေ့စာမျက်နှာသည် ပုံမှန်အားဖြင့် စာဖတ်သူ၏အာရုံကို ဖမ်းစားစေကာမူ

နောက်ကျောဘက်ကိုဖတ်ဖို့အတွက် စာရွက်လှန်ကိုလှန်ရမည်သာဖြစ်သည်။ မကိန်းအလိုက်စီထားသောစာမျက်နှာများက စုံကိန်းအလိ်ကု ္စီတာထက် ပိုပြီးသိသာစေတယ်။

စိတ်ဝင်စားဆုံးစာမျက်နှာများမှာ အထူးသဖြင့် သတင်းစာတစ်စောင်၏ရှေ့ဖုံး ၊ ခေါင်းကြီးပိုင်း တို့နှင့်အတူ

စာမျက်နှာ ၃ ၊ ၅ ၊ ၇ တို့သည် စာဖတ်သူတို့၏ အာရုံစိုက်မှုကို ဖမ်းယူနိုင်ဆုံး စာမျက်နှာများဖြစ်ကြသည်။

၎င်းတို့မှာ လတ်တလော ရေပန်းစားနေသည့်သတင်းများကို ရေးသားထားသော သတင်းစာတစ်စောင်၏

အထွတ်အထိပ်စာမျက်နှာများဖြစ်သည်။

ဆန့်ကျင်ဘက်အနေဖြင့် – စာမျက်နှာ ၂ ၊ ၄ ၊ ၆ ၊ ၈ ကဲ့သို့သော စုံဂဏန်းစာမျက်နှာများမှာမူ

ဆောင်းပါးအဆက်များနှင့် သိပ်အရေးမကြီးသည့်သတင်းများအတွက်ဖြစ်သည်။ သိပ်အရေးမကြီးသော

အကြောင်းအရာများအတွက် သတ်မှတ်ထားသော စာမျက်နှာများ ဖြစ်ကြသည်။

မည်သည့်သတင်းစာတွင်မဆို အာရုံစိုက်ရမည့်နေရာနှစ်ခုရှိပါသေးသည်။ ၎င်းတို့မှာ အလယ်

စာမျက်နှာနှစ်ရွက်နှင့် နောက်ဆုံးစာမျက်နှာ(ကျောဖုံး)တို့ ဖြစ်ကြပါသည်။ အလယ်စာမျက်နှာမှာ ဆောင်းပါးရှည် ၊သတင်းရှည်များကို ဦးစားပေးဖော်ပြရန် အကောင်းဆုံးနေရာဖြစ်ပါသည်။ ၎င်းကို သတင်းရှည်များ ၊စုံစမ်းမေးမြန်းမှုများ ၊ စစ်တမ်းများ ၊ ဖိုင်များ ၊ ဓါတ်ပုံများ ၊ သို့မဟုတ် ရှည်လျားသော အင်တာဗျူးအမေးအဖြေကဏ္ဍများ စသည်တို့အတွက် သီးသန့်ဖယ်ထားရမည်။

နောက်ဆုံးစာမျက်နှာ(ကျောဖုံး)မှာ မကြာခဏဖောင်ပိတ်သတင်းများ ၊ နောက်ဆုံးရသတင်း များကို

ထည့်ပေးရန်အတွက်ဖြစ်ပါသည်။ ထို့အပြင် အရေးကြီးသတင်းများ ၊ ကာတွန်းများ နှင့် အယ်ဒီတာ့

အာဘော်များ ကိုမီးမောင်းထိုးပြရန် ဦးစားပေးရွေးချယ်စရာနေရာလည်း ဖြစ်ပါသည်။

စနစ်တကျဖြစ်စေရန်ထိန်းညှိဆောင်ရွက်ခြင်း

ဖောင်ပိတ်ချိန်တွင် ပိတ်ဆို့မှုမဖြစ်အောင် ရှောင်ရှားနိုင်ရန်အတွက် နေ့ပိုင်းကော်ပီစာမူချပေးရာ တွင်

အစီအစဉ်တကျဖြစ်စေရန်လည်း အထောက်အကူပြုသည်။ ပြုလုပ်ရမည့်အပိုင်းများကို စီစဉ် သတ်မှတ်

ထားပြီးဖြစ်လျှင် ပါဝင်မည့်အကြောင်းအရာများကိုသေချာစွာပြုစုပြီး ဖောင်မပိတ်မီ နာရီပေါင်း များစွာအလို

ဖလက်တွဲချိန်တွင် ထည့်သွင်းနိုင်ပေသည်။ ဥပမာအားဖြင့် အလယ်စာမျက်နှာတွင် ဖော်ပြ မည့်

သတင်းဆောင်းပါးများမှာ ခေတ်နှင့်တပြေးညီမဟုတ်သော အကြောင်းအရာများ ၊ မဂ္ဂဇင်း စာမျက်နှာများ

သို့မဟုတ် စုံဂဏန်းစာမျက်နှာများမှ သိပ်အရေးမကြီးသော သတင်းဆောင်းပါးတို့ ဖြစ်ကြပါသည်။

နည်းစနစ်တကျ စာမူရေးသားထုတ်ဝေခြင်းသည် ကဏ္ဍပေါင်းများစွာကို ကြိုတင် ပြင်ဆင်ရေးသားထားနိုင်ပြီးပါဝင်သောအကြောင်းအရာကို မည်မျှအလေးထားပြုစုထားသည်ဆိုသော အာမခံချက်ဖြစ်သည်။

စာမျက်နှာတွဲခြင်းအခြေခံပုံစံ

ကျေးလက်မြို့ရွာ နေ့စဉ်ထုတ်သတင်းစာလေးတစ်စောင်အတွက် ပုံမှန်စာမျက်နှာတွဲခြင်းမှာ

စာမျက်နှာ(၁၂)မျက်နှာအတွက်ဖြစ်သည်။ ကျေးလက်မြို့ထုတ် သတင်းစာကြီးတစ်စောင် အတွက်

စာမျက်နှာနှစ်ဆ-(၂၄)မျက်နှာ ၊ ဒေသဆိုင်ရာနေ့စဉ်ထုတ်သတင်းစာအတွက် စာမျက်နှာသုံးဆ-(၃၆)မျက်နှာ၊ နိုင်ငံနှင့်အဝန်းထုတ်ဝေမည့်သတင်းစာအတွက် စာမျက်နှာလေးဆ-(၄၈)မျက်နှာ အသီးသီးသတ်မှတ်ထား

သော်လည်း မိမိတို့ကြိုက်သလို စာမျက်နှာအရေအတွက်ကို တိုးနိုင်လျှော့နိုင် သည့်အပြင် အထားအသို

အရှေ့အနောက်လည်းပြောင်းနိုင်သည်။ သတင်းနှင့် ဖွဲ့စည်းမှုအစီအစဉ်အရ ဖလက်တွဲမှုအားလုံးကို

သင့်တော်သလို ပိုင်းဖြတ်၍ဆောင်ရွက်နိုင်သည်။ ရုတ်တရက်ဖြစ်ပေါ်လာသည့် သတင်းများရေးသားမှု

အဆင်ပြေစေရန်အတွက် အရေးကြီးစာမျက်နှာနှင့် သိပ်အရေးမကြီးသည့် စာမျက်နှာများလည်း ပါရှိနိုင်ပါသည်။

ကျေးလက်မြို့ရွာနေ့စဉ်ထုတ်သတင်းစာငယ်

ရှေ့ဖုံးစာမျက်နှာ ။ ။ အဓိကသတင်း ၊ သတင်းစာခေါင်းစဉ်(ဆီဇာနှင့်ကျွန်တော့်၏စစ်ပွဲများ) ၊

အကြောင်းအရာအတိုချုံ့ဖော်ပြထားသောခေါင်းကြီးပိုင်း၊ နောက်ဆက်တွဲ အပိုင်းကို ဆက်ဖတ်စေချင်လာအောင် စာဖတ်သူကိုဆွဲဆောင်မှု (ဓါတ်ပုံသို့မဟုတ် ကာတွန်း)။

စာမျက်နှာ – ၂ ။ ။ ကြိုတင်ပြင်ဆင်ရသည့်စာမျက်နှာ ၊ သတင်းပေးပို့ခြင်းဝန်ဆောင်မှုများ ၊

အယ်ဒီတာ့ထံပေးစာ။

စာမျက်နှာ – ၃ ။ ။ ရှေ့ဖုံးသတင်းမှ အညွှန်းသတင်းကို အခြားခေါင်းစဉ်တစ်ခုဖြင့်ဖော်ပြထား ခြင်း။

“ရယ်ဂိုဗီမြို့အတွင်းမှ ကျွန်ုပ်နှင့်ဆီဇာတို့တိုက်ခိုက်ခြင်း”

ပြီးတော့ ခေါင်းစဉ်ငယ်ဖြင့် “ဗဲဆန်ရေတိုရာ အမည်ရှိစစ်သားတစ်ဦးမှ ဗြိတိန်စစ်သားများသည်

ရိုမာန်စစ်သားများအား မည်မျှတိုက်ခိုက်နိုင်စွမ်းရှိကြောင်း ရှင်းပြချက်”(အရေးကြီးစာမျက်နှာ)

စာမျက်နှာ – ၄ ။ ။ မြို့နေလူမှုဘဝသတင်း။ (အရေးမကြီးသည့်စာမျက်နှာ)

စာမျက်နှာ – ၅ ။ ။ မြို့နေလူမှုဘဝသတင်း။ (အရေးကြီးသည့်စာမျက်နှာ)

စာမျက်နှာ – ၆ ၊ ၇ ။ ။ အလယ်စာမျက်နှာနှစ်ရွက် – သတင်းအစီရင်ခံစာ ၊ နယ်သတင်း။

(အရေးမကြီးသည့်စာမျက်နှာ)

စာမျက်နှာ – ၈ ။ ။ စီးပွားရေးသတင်း။ (အရေးကြီးသည့်စာမျက်နှာ)

စာမျက်နှာ – ၉ ။ ။ ယဉ်ကျေးမှုဆိုင်ရာသတင်း။ (အရေးမကြီးသည့်စာမျက်နှာ)

စာမျက်နှာ – ၁၀ ။ ။ အားကစားသတင်း။ (အရေးကြီးသည့်စာမျက်နှာ)

စာမျက်နှာ – ၁၁ ။ ။ စာဖတ်သူတို့စိတ်ဝင်စားသောသတင်းများ။ (အရေးကြီးသည့်စာမျက်နှာ)

စာမျက်နှာ – ၁၂ ။ ။ ယနေ့ဓါတ်ပုံ ၊ အတိုချုံး နောက်ဆုံးရသတင်းများ။ (အရေးကြီးသည့်စာမျက်နှာ)

နိုင်ငံအဝန်းထုတ်ဝေသည့်နေ့စဉ်သတင်းစာမျက်နှာများတွဲဖက်မှု

(စာမျက်နှာတွေရဲ့သုံးပုံတစ်ပုံ – အရေးမကြီးသည့်စာမျက်နှာများ)

ရှေ့ဖုံးစာမျက်နှာ ။ ။ အဓိကသတင်း။

စာမျက်နှာ – ၂ ။ ။ လူစိတ်ဝင်စားသည့်သတင်းများ။

စာမျက်နှာ – ၃ ။ ။ ရှေ့ဖုံးမှအဆက်သတင်း။

စာမျက်နှာ – ၄ ၊ ၅ ၊ ၆ ။ ။ နိုင်ငံခြားသတင်း။(အရေးမကြီးသည့်စာမျက်နှာ)

စာမျက်နှာ – ၇ ၊ ၈ ၊ ၉ ။ ။ ပြည်တွင်းသတင်း။(အရေးမကြီးသည့်စာမျက်နှာ)

စာမျက်နှာ – ၁၀ ၊ ၁၁ ။ ။ အသင်းအဖွဲ့ဆိုင်ရာသတင်း။(အရေးမကြီးသည့်စာမျက်နှာ)

စာမျက်နှာ – ၁၂ ၊ ၁၃ ။ ။ အလယ်စာမျက်နှာသတင်း။

စာမျက်နှာ – ၁၄ ၊ ၁၅ ။ ။ စီးပွားရေးနှင့် လူမှုရေးသတင်း။

စာမျက်နှာ – ၁၆ ၊ ၁၇ ။ ။ ယဉ်ကျေးမှုဆိုင်ရာသတင်း။(အရေးမကြီးသည့်စာမျက်နှာ)

စာမျက်နှာ – ၁၈ ၊ ၁၉ ။ ။ အားကစားသတင်း။(အရေးမကြီးသည့်စာမျက်နှာ)

စာမျက်နှာ – ၂၀ ၊ ၂၁ ၊ ၂၂ ။ ။ ပေးပို့ထားသောသတင်းများ။ (နှစ်ရွက်မှာ အရေးမကြီးသည့်စာမျက်နှာ)

စာမျက်နှာ – ၂၃ ။ ။ ဖျော်ဖြေရေးကဏ္ဍ ၊ တီဗွီနှင့်ရေဒီယို ၊ ကစားနည်းများ။ (အရေးမကြီးသည့်စာမျက်နှာ)

စာမျက်နှာ – ၂၄ ။ ။ နောက်ဆုံးရသတင်းများ။

ရှေ့ပြေးနေရာချထားရေးစီစဥ်ပေးသူများ

သတင်းကို အချိန်နှင့်တစ်ပြေးညီ ပုံနှိပ်ထုတ်ဝေနိုင်ရေးအတွက် ဖလက်တွဲခြင်းများလိုက်လျော

ညီထွေဖြစ်အောင် ဆောင်ရွက်ခြင်းကို လွယ်ကူချောမွေ့အောင် ရှေ့ပြေးသတင်းသမားများက

ဆောင်ရွက်ရသည်။ ထိုသူများမှာ သတင်းစာတိုက်သို့ အလှည့်ကျ အစောဆုံးရောက်ရှိကြရသော

သတင်းစာဆရာများ ဖြစ်ကြပါသည်။ ၎င်းတို့တာဝန်မှာ အဖွဲ့တစ်ခုလုံး လုပ်ကိုင်ရမည့်လုပ်ငန်း

ဆောင်တာများကို ပြင်ဆင်ပေးခြင်းဖြစ်သည်။ သူတို့က သတင်းဌာနများမှပေးပို့သတင်းများ ၊ အင်တာနက်မှ

ရရှိသောသတင်းများကိုစီစစ်ခြင်း ၊ တရားဝင်သတင်းထုတ်ပြန်ချက်များ ၊ အဝေးမှသတင်းသမား အချင်းချင်းပေးပို့လာသောစာမူများကို လက်ခံခြင်းစသည်တို့ကို ဆောင်ရွက်ပေးရသည်။ အားလုံး အတွက် အချိန်ကုန်သက်သာစေပြီး ဖလက်တွဲမှုလုပ်ငန်းစဉ်ကိုလည်း အချိန်မှန်ပြီးမြောက်စေသည်။