Menu

14.၁၄။ သတင်းရှာဖွေ စုံစမ်းခြင်း

သတင်းရှာဖွေစုံစမ်းခြင်းသည် သတင်းအကြောင်းအရာ ဖြစ်ရပ်တစ်ခုနှင့် စပ်လျဉ်း၍
မှန်ကန်မှုရှိကြောင်းကို သက်သေပြနိုင်ဖို့ရန် ရည်ရွယ်သော စုံစမ်းမှုတစ်ရပ် ဖြစ်ပါသည်။ ဤကဲ့သို့သော
သတင်းရေးသား တင်ပြမှု ပုံစံ အမျိုး အစားတွင် မိမိဘာသာ ခန့်မှန်းခြေဖြင့် သတင်းများကို ရေးသားတင်ပြ၍ မရဘဲ သတင်းဖြစ်စဉ်တစ်ခုအပေါ် အသေးစိတ် ထဲထဲဝင်ဝင် လေ့လာသုံးသပ်ဆင်ခြင်နိုင်စွမ်းရှိရန် လိုအပ်ပါသည်။ စာဖတ်သူတို့အား မိမိမြင်သမျှ၊ ကြားသမျှ၊ ခံစားရသမျှကို ပြန်လည် တင်ပြရုံသက်သက် မဟုတ်ဘဲမမြင်နိုင်၊ မကြားနိုင်သော အချက်အလက်များနှင့် တခါတရံ ပြည်သူလူထုအား တမင်ဖုံးကွယ်ထားသည့် အကြောင်းအရာများကို ဖော်ထုတ် ရေးသားခြင်းဖြစ်သည့် အတွက် သတင်းအစီရင်ခံ ရေးသား တင်ပြမှုပုံစံထက်ပို၍ ခက်ခဲပါသည်။

ကောင်းမွန်သော သတင်းစုံစမ်းစိစစ်မှုတစ်ခု ဖြစ်ပေါ်လာစေရန် အဓိက အချက်(၆)ချက် ရှိပါသည်။

၁။ ကောင်းမွန်သောမေးခွန်း

သတင်းစုံစမ်းမှုကောင်းကောင်းတစ်ခု ဖြစ်လာစေသော အကြောင်းအရင်းခံမှာ အထောက်အပံ့ပေးနိုင်

မည့် ဖြည့်စွက် မေးခွန်းတစ်ခု အမြဲတစေ ပါဝင်နေခြင်း ဖြစ်သည်။ စူးစမ်းသိလိုစိတ် ပြင်းပြသော သတင်းထောက် တစ်ဦးသည် အဓိကမေးခွန်းများ၏ အဖြေများကို ရရှိပြီးသည့်နောက်တွင် မကြာခဏဆိုသလို ဖြည့်စွက်မေးခွန်းတစ်ခုကို သူ့ဘာသာ တစ်ကိုယ်တည်း မေးမြန်းသုံးသပ်လေ့ ရှိသည်။ သို့သော် ယေဘုယျအားဖြင့်၎င်းဖော်ထုတ်မည့် အကြောင်းအရာနှင့် ပတ်သက်သည့် စိုးရိမ်စိတ်များကြောင့် ထိုဖြည့်စွက်မေးခွန်းကိုရှေ့ဆက်ရန် မဝံ့မရဲ ဖြစ်နေတတ် သည်။ များသောအားဖြင့် “ ဘာကြောင့်လဲ” နှင့် “ ဘယ်လိုနည်းအားဖြင့်လဲ” စသည့် ခန့်မှန်းရုံသာ တတ်နိုင်ပြီး တကယ်တမ်း အစရှာမတွေ့နိုင်သော မေးခွန်းမျိုးတို့ ဖြစ်ကြပါသည်။

ဂရိတ်ဗြိတိန်သို့ ဂျူးလီးယက်ဆီဇာ ကျူးကျော်ဝင်ရောက်လာမှုနှင့် စပ်လျဉ်းသည့် မေးခွန်းများအတွက်

အဖြေများအားလုံးကို ကျွန်ုပ်အနေနဲ့ စုဆောင်း ရရှိပြီးသည်ဟူ၍ ဆိုကြပါစို့။ ဆီဇာ၏ စစ်သည် ရဲမက်တပ်ဖွဲ့များ၊ မဟာ မိတ်တပ်များ၊ နည်းဗျူဟာများ၊ တိုက်ပွဲအစီအစဉ်များ၊ နောက်ကွယ်မှ အတွေးများ အစရှိသည့် အကြောင်းအရာ အချက်အလက်များအပေါ် သတင်းအစီရင်ခံ ရေးသားတင်ပြဖို့ရန် ကျွန်ုပ်တွင်အချက်အလက် လုံလုံလောက်လောက် ရရှိထားပြီး ဖြစ်ပါသည်….. ထို့ကြောင့်ဗြိတိန်နိုင်ငံသားတို့ အကြောင်း ရေးသားထားသော ကျွန်ုပ်၏ သတင်းအစီရင်ခံ တင်ပြရေးသားချက်သည် သကာပေါ် ပျားရည်ထပ်၍ ဆမ်းသည့်အလား ဖြစ်သွားစေပါလိမ့်မည်။ ထို့အတွက် ကျွန်ုပ်ကိုယ်ကျွန်ုပ် နှစ်ထောင်းအားရ

ဖြစ်မိပါသည်…….သို့သော် ဖြည့်စွက်မေးခွန်းတစ်ခုကို မိမိဘာသာ မေးမြန်းသုံးသပ်မိလိုက်သည့်အခါတွင်တော့ ထိုမေးခွန်းမှာ ခက်ခဲကြီးလေးလွန်းသဖြင့် ကျွန်ုပ်အတွက် မနိုင်ဝန် ဖြစ်စေပါသည်။ ၎င်းမေးခွန်းမှာ စေတန်ဝင်စီးထားသော မကောင်းဆိုးဝါးကောင် ဂျူးလီးယက်ဆီဇာအနေဖြင့် ယခုကဲ့သို့ ငွေကြေးကုန်ကျမှု မြင့်မားသော စစ်ဆင်ရေးကြီးကို မည်ကဲ့သို့ ကိုင်တွယ်စီမံနေသလဲ။ အဲဒီ ပိုက်ဆံတွေ ကရော သူဘယ်ကရလာတာလဲ။ သူ့ ငွေတွေပဲလား။ သူရဲ့ မိသားစုပိုင် ငွေတွေလား။ သူ့မှာ ဘဏ်ကနေ ထုတ်ချေးပေးမယ့်သူ တစ်ဦးတစ်ယောက်များ ရှိနေသလား။ ဂေါ်(လ်)နိုင်ငံမှာ တိုက်ခိုက်ဖို့ပြင်ဆင်တုန်းက စုဆောင်းမိ ရှိထားသလား အစရှိသည့် မေးခွန်းများကို ကျွန်ုပ်တစ်ကိုယ်တည်း စဉ်းစားတွေးတောနေမိပါသည်။ သို့သော် အတားအဆီးပေါင်း မြောက်များစွာ ရှိနေသောကြောင့် ထိုမေးခွန်းများ၏ အဖြေများကို ကျွန်ုပ်အနေနဲ့ ဖော်ထုတ်နိုင်စွမ်း မရှိသကဲ့သို့ ခံစားနေရပါသည်…

၂။ ကနဦးလမ်းစ ရှာတွေ့ထားရမည်။

သမိုင်းပညာရှင်တစ်ဦးသည် သမိုင်းကြောင်း အမှောင်ရိပ်ထဲတွင် စမ်းတဝါးဝါးဖြင့် အစကောက်ရသကဲ့

သို့ပင် သတင်းထောက်တစ်ဦးသည်လည်း မျက်မှောက်ရေးရာ အဖြစ်အပျက် အမှောင်ဇုံများအတွင်း၌

သတင်းများကို စူးစမ်းရှာဖွေနေရခြင်း ဖြစ်သည်။ သတင်းထောက်တစ်ဦးအနေဖြင့် ကနဦးလမ်းစကို

အစဖော်နိုင်ရန် အတွက် သမိုင်းပညာရှင်တို့၏ နည်းလမ်းအတိုင်း လိုက်သုံးရပေမည်။ မိမိစိတ်ဝင်စားသည့်

အကြောင်းအရာနှင့် စပ်လျဉ်း သည့် မှတ်တမ်းမှတ်ရာ အားလုံးကို စုဆောင်းထားပါ။ မိမိ ရေးသားမည့်

အဓိကပုဂ္ဂိုလ်နှင့် ပတ်သက်သည့် အချက်အလက်များကို အကျွမ်းတဝင် သိရှိထားရမည်။ ထိုပုဂ္ဂိုလ်နှင့်

ပတ်သက်ပြီး ရေးထားသမျှတွေကို ဖတ်ပါ။ လူသိများသော မျက်မြင်ကိုယ်တွေ့ အသိသက်သေများ၏

နာမည်စာရင်းကို ပြုလုပ်ထားပါ။ ထိုပုဂ္ဂိုလ်၏ ကိုယ်ပိုင်ရေးရာ ဘဝထဲမှ အရေးပါသော နေ့ရက်စွဲများနှင့်

အချိန်ကာလများကို မှတ်သားထားပါ။ အဖြေရှာ၍ မရသော မေးခွန်းများမှ ထုတ်နုတ်ထားသည့် အသေးစိတ် မေးခွန်းများကို စာရင်းလုပ်ထားပါ။ ဤကဲ့သို့ ပြုလုပ်ပြင်ဆင်ထားခြင်းဖြင့် ပဟေဠိဆန်သော မေးခွန်းများကို အစဖော် ထုတ်နိုင်သည့် လမ်းကြောင်းကို တွေ့ရှိသွားပါလိမ့်မည်။

ဂျူးလီယက်ဆီဇာ၏ ကိစ္စကို ပြန်ကောက်ကြည့်ရမည်ဆိုလျှင် နိုင်ငံရေးသမား စတင် ဖြစ်လာ

ကတည်းက ရောမခေါင်းဆောင်ဖြစ်သူ ဆီဇာသည် ဂေါ်လ်နိုင်ငံမှာ အခွင့်အရေးများရရှိသလို

စပိန်နိုင်ငံမှာလည်း ရောမခေါင်းဆောင် “ Pompée” ဘက်မှ အကူအညီများစွာ ရရှိထားသည့်အပြင် ရောမ

အခွင့်ထူးခံ လူချမ်းသာ “ Marcus Crassus” ဘက်မှလည်း ဘဏ္ဍာရေး အထောက် အပံ့များကို ရရှိခဲ့ပါသည်။

ထို့ကြောင့် ပထမဦးဆုံးအစ ဖော်ထုတ်ရမည့်အချက်မှာ “ Crassus” ၏ စည်းစိမ်ဥစ္စာကြွယ်ဝမှု၊ ဆီဇာနှင့်

“ Crassus” တို့အကြား ပတ်သက်ဆက်နွယ်မှု၊ ဆီဇာ၏ ပိုင်ဆိုင်မှု ပမာဏ စသည်တို့ကို စုံစမ်းထားရမည်။

ဒါ့အပြင် ဆီဇာ၏ စစ်ဆင်ရေး တပ်ဖွဲ့များ၏ ဘဏ္ဍာရေး အထောက်အပံ့ပေးမှုနှင့် စပ်လျဉ်းသည့်အချက်များကို ဆီဇာနှင့် နီးနီးကပ်ကပ်ရှိသူများထံမှ မေးမြန်းယူရမည် ဖြစ်သည်။

၃။ သတင်းများကို တစချင်းဆွဲထုတ်ယူတတ်ရမည်။

သတင်းထောက်တစ်ဦးသည် မျက်မှောက်ခေတ်သစ် သမိုင်းပညာရှင်တစ်ဦးကဲ့သို့ လုပ်ဆောင်

လာရသည့် အခါ မိမိ တင်ပြလိုသည့်အကြောင်းအရာကို ခြုံငုံ၍ နားလည်သဘောပေါက်ပြီးမှ ကောင်းမွန်စွာ

ရေးသား တင်ပြနိုင်ရန် အတွက် အချိန်ကာလ အတိုင်းအတာတစ်ခု လိုအပ်ပါသည်။ မိမိ ရင်းထားရသော

အချိန်ကာလ ပမာဏနှင့် ထ်ိုက်တန် ညီမျှသည့် သတင်းအချက်အလက်ကိုလည်း ပေးနိုင်ရပေမည်။

အချက်တစ်ခုမှ နောက်တစ်ခုသို့ တက်လှမ်းသည့်အခါ တွင်လည်း အလျင်စလို လုပ်စရာ မလိုအပ်ပါ။

ရောမနိုင်ငံ၌ “ Crassus” နှင့် “ Pompee” တို့ နှစ်ဦးကဲ့သို့ ဩဇာအာဏာရှိသော ပုဂ္ဂိုလ်များတွင်

ပြိုင်ဘက်များ နှင့် ရန်သူတော်ကြီးများ သေချာပေါက် ရှိနေနိုင်ပါသည်။ ထိုကဲ့သို့ သော ပြိုင်ဘက်

ပုဂ္ဂိုလ်မျိုးတို့ထံတွင် ဆီဇာ၏ ဘဏ္ဍာရေးကိစ္စနှင့် ပတ်သက်သော ပြောစရာ အကြောင်းအရာတွေ

တစ်ပုံတစ်ပင်ကြီး ရှိနေမှာ သေချာပါသည်။ ၎င်းပုဂ္ဂိုလ်များကိုလည်း ရွေးကောက်ပွဲဆိုင်ရာ မှတ်တမ်းများထဲ၌ ရှာဖွေ တွေ့ရှိနိုင်ပါသည်။ တွေ့ရှိထားသော ထိုပြိုင်ဘက် ပုဂ္ဂိုလ်တို့၏ နာမည်များကို စာရင်း ပြုလုပ်ထားပြီး ထိုသူတို့ရဲ့သတင်းများကိုစုံစမ်းကာ သူတို့နှင့် ရင်းနှီးအောင်ကြိုးစားရမည်။” Crassus” နှင့် သူ၏ နီးစပ်သူ မိတ်ဆွေများထက်စာလျှင် ၎င်းပြိုင်ဘက် ပုဂ္ဂိုလ်များက Crassus အကြောင်းကိုအလွယ်တကူ ပို၍ ပြောပြကြမှာဖြစ်လို့ ကျွန်ုပ်၏ ပထမဆုံးသော ချိန်းဆိုမှုကို ၎င်းတို့နှင့်သာ ပြုလုပ်သွားမည် ဖြစ်သည်။

သမိုင်းပညာရှင် တဖြစ်လဲ သတင်းထောက်တစ်ဦးသည် အဓိကကျသော လိုရင်း မေးခွန်းများဆီသို့

တဖြည်းဖြည်းနှင့် ရောက်လာစေဖို့ရန်အတွက် အကြောင်းအရာ အဖြစ်အပျက်၏ ပြင်ပကွင်းဆက်မှ စတင်၍

ဆွဲထုတ် ယူရပေမည်။

၄။ သတင်းအချက်အလက်အမှန်များကို စိစစ်ရှာဖွေဖော်ထုတ်တတ်ရမည်။

အင်တာဗျူးလုပ်ငန်းစဉ်များမှ တခြားသော လမ်းကြောင်းများကို ပွင့်သွားစေပါသည်။

ကျွန်ုပ်၏ ပရော်ဖက်ရှင်နယ်ဆန်မှုကို ယုံကြည်ပေးသောအားဖြင့် ပထမဦးဆုံး မျက်မြင်သက်သေ အဖြစ်

ပြန်လည် ပြောပြသူများက တခြားသော သတင်းရယူနိုင်မည့်သူများဆီသို့ ကျွန်ုပ်ကိုလမ်းညွန်ပေးပါသည်။

ဆီဇာသည် “ Crassus” ထံမှ အကူအညီ အထောက်အပံ့များစွာ ရရှိခဲ့ ရုံမျှမကသေးဘဲ ဂေါ်လ်နိုင်ငံမှလည်း

ငွေကြေးများကို အဓမ္မ ရယူခဲ့ပါ သည်။ ဆီဇာ ဒုက္ခပေးခဲ့သော ဂေါလ်နိုင်ငံသား အရေအတွက်မှာ များပြားလှ

သဖြင့် ကျွန်ုပ်အနေနဲ့ မေးမြန်းဖို့ရာ လူရှာရ သည်မှာ အခက်အခဲ မရှိပါ။ အဓမ္မသိမ်းယူထားသော

ငွေကြေးကိစ္စနဲ့ စပ်လျဉ်းသည့် အသေးစိတ် အချက်အလက်များကို ထိုသူတို့ဘက်မလှ ည်း ကျွန်ုပ်အား

ပြောပြပေးကြပါလိမ့်မည်။ ရောမရဲ့ အောင်မြင်မှုတိုင်းသည် ဆီဇာ့အတွက် အကောက်ခွန် အကျိုးအမြတ်များ ပေးနိုင်သည့် ကျွန်ရောင်းကျွန်ဝယ် ဈေးကွက်အတွက် အထောက်အပံ့ ဖြစ်စေ သည်အကြောင်းနှင့် ပတ်သက်၍ လည်းကျွန်ကုန်သည်များဘက်မှ အသေးစိတ် အချက်အလက်များကို ကျွန်ုပ်အား ပေးကြလိမ့်မည်။ ဤနည်းအားဖြင့် ကျွန်ုပ်၌ အချက်အလက်များ များလာပါလိမ့်မည်။

သတင်းထောက်တစ်ဦးသည် မိမိရေးသားမည့် အကြောင်းအရာကို ဘက်ပေါင်းစုံမှ ချဉ်းကပ်၍

ရရှိထားသော သတင်းအချက်အလက်များကို အမျိုးအစားခွဲ၍ ရွေးထုတ်ရမည့်အပြင် ရှင်းရှင်းလင်းလင်းဖြင့်

ချောမွတ်ပြေပြစ်မှု ရှိစေရန်အတွက်လည်း ရေးသားရမည်။ ကိန်းဂဏန်းများ မှန် မမှန် စစ်ဆေးရမည်။

မှတ်တမ်းမှတ်ရာများကို စုဆောင်းရမည်။ ကိုယ်တွေ့ပြန်လည် ပြောကြားချက်များကိုလည်း ပြန်လည်စိစစ်

ရမည့် အပြင် အချိန်ကာလ ဆိုင်ရာ အချက်အလက်များကို တိတိကျကျဖြင့် ဖော်ပြပေးရမည်။

၅။ ပင့်ကူနည်းဗျူဟာကို သုံးတတ်ရမည်။

သတင်းထောက်တစ်ဦးသည် မိမိရှေ့မှောက်၌ သားကောင် ပိတ်မိနေသည်ဟု ယူဆနိုင်သည့်

အခြေအနေမျိုး တွင် တုံ့ဆိုင်းမနေဘဲ အမိအရ ထိပ်တိုက်ရင်ဆိုင်ထိုးစစ် ဆင်ရပေမည်။ မိမိ ရှာဖွေ ဖော်ထုတ် ရရှိထားသော အချက်အလက် အကြောင်းအရာအပေါ် တဖက်လူ ပစ်မှတ်သားကောင်ဘက်မှ ဖြေရှင်းချက် ထုတ်ပေးလာအောင် ချောင်ပိတ်၍ မေးခွန်းများကို မေးရမည် ဖြစ်သည်။ ၎င်းမှာ သတင်းထောက်တစ်ဦး လိုက်နာရမည့် ကျင့်ဝတ်ဆိုင်ရာ တာဝန်ဝတ္တရားများထဲမှ တစ်ခု အပါအဝင် ဖြစ်သည်။ မိမိအနေနှင့် တစ်စုံတစ်ဦး၏ အကြောင်းကို ထုတ်ဖော်ရေးသား တော့မည်ဆိုလျှင် ၎င်းပုဂ္ဂိုလ်ဘက်မှလည်း တုံ့ပြန် ဖြေရှင်းခွင့် ရှိအောင် ဆောင်ရွက်ပေးရမည်။ သို့သော် ယင်ကောင် များကို အချဉ်ရည်ဖြင့် ဖမ်းခြင်းမျိုးတော့မဟုတ်ပါ။

ဒီတော့ ကျွန်ုပ်အနေနဲ့ ဆီဇာနဲ့ တွေ့ရန် ချိန်ဆိုရမည်။ ကျွန်ုပ်ဘက်မှ သမာသမတ်ကျမှုကို

သက်သေပြနိုင်ရန် အတွက် နှစ်လိုဖွယ်ကောင်းသော စကားလုံး အသုံးအနှုန်းများဖြင့် စာတစ်စောင်

ရေးသားပေးပို့၍ ချိန်ဆိုမှုကို တောင်းခံရမည်။ ဆီဇာအနေနဲ့ ကျွန်ုပ်၏ တောင်းဆိုမှုကို စိုးရွံ့ မှု မရှိဘ ဲ လက်ခံတွေ့ဆုံခွင့် ပေးလာအောင် ကျွန်ုပ်၏ ရည်ရွယ်ရင်း အကြောင်းအရာကို မသဲမကွဲ အနေအထားမျိုးဖြင့်သာ ရေးသားရမည်။ အကယ်၍ သူ့အနေနဲ့ ကျွန်ုပ်အား လက်ခံတွေ့ဆုံဖို့ရန် သဘောတူပါလျှင် သူ၏ တုံ့ပြန်ဖြေဆိုချက်များကို ကျွန်ုပ်၏ သတင်းအစီရင်ခံ ရေးသားတင်ပြမှုတွင် ပုံမှန်အတိုင်းသာထည့်သွင်း ဖော်ပြမည်ဖြစ်သည်။ သူ့အနေနဲ့ ငြင်းပယ်ခဲ့ပါက ထိုအကြောင်းနှင့် စပ်လျဉ်း၍ ကျွန်ုပ်ဘက်မှ အပြုသဘော ဆောင်သော လုပ်ရပ်ကို စာဖတ်ပရိသတ်များ သိအောင် ထည့်သွင်း ရေးသားသွားမည်။ သတင်းထောက်တစ်ဦးသည် အမှန်တရားနှင့် စာဖတ်သူတို့အပေါ် လေးစားမှု ထားရှိ ခြင်းကြောင့်သတင်းများကို ရေးသားတင်ပြသည့်အခါ ပွင့်လင်းမြင်သာမှု ကိုလက်ကိုင်ထား၍ ရေးသားရပါမည်။

၆။ ငြင်းဆို၍ မရနိုင်သော ကျိုးကြောင်း သင့်လျော်သည့် အချက်ကို တင်ပြနိုင်ရမည်။

သေချာစနစ်တကျ စုံစမ်းထားသော သတင်းများကို ပြန်လည် တင်ပြ ရေးသားရသည်မှာ လွယ်ကူ

လှပါသည်။ အကြောင်းအရာ ဖြစ်ရပ်များ၊ မျက်မြင်ကိုယ်တွေ့ ပြန်လည် ပြောကြားချက်များ၊ သက်သေ

အထောက်အထားများ အစရှိသည်တို့ကို ယုတ္တိကျ၍ ကျိုးကြောင်း ဆီလျော်မှု ရှိစွာဖြင့် အချိတ်အဆက် မိမိ

သင်္ချာပုစ္စာတစ်ပုဒ်အဖြေရှာသလို ရေးသားတင်ပြနိုင်ရမည်။

မိမိရေးသားချက်တွင် သက်ဝင်မှုရှိစေရန် မိမိမြင်ခဲ့၊ ကြားခဲ့သောအရာများထဲမှ တစ်ချို့ကို တန်ဆာဆင်

ရန်အတွက် ထည့်သွင်းဖော်ပြနိုင်သည်။ သို့သော်အဓိကအကြောင်းအရာမှ သွေဖယ်သွားစေ နိုင် မည့်

အချက်အလက်များဖြစ်နေလျှင် ထည့်သွင်းဖော်ပြခြင်း မပြုသင့်ပါ။ မိမိ၏ဝေဖန်သုံးသပ်ချက်များကို ထည့်သွင်းဖော်ပြခြင်းမှာ တစ်ခါတစ်ရံ နိဂုံးပုံစံ သို့ အယ်ဒီတာအာဘော်နောက်ဆက်တွဲပုံစံမျိုးဖြင့် ထည့်သွင်း သည်မှ လွဲ၍ အသုံးဝင်လေ့မရှိပါ။ ဘာဖြစ်လို့လဲဆိုတော့အချက်အလက်တွေက ကိုယ်တိုင်က အဖြေပေးသွားမှာဖြစ်လို့ပါပဲ။

အဓိကအရေးကြီးသည်မှာ မိမိ ထည့်သွင်းတင်ပြမည့် အချက်တွင် ခေါင်းစဉ် နှင့် အဆုံးသတ်

လျော်ကန် သင့်မြတ်မှုရှိနေရမည်။ ခေါင်းစဉ် “ အလို လောဘကြီးသူ ဆီဇာ” ၊ ” ရွှေရမ္မက်” စသည်ဖြင့်။

အားလုံး စုပေါင်း၍ စုံစမ်းရှာဖွေထားသော သတင်းတစ်ပုဒ်ကို စနစ်တကျဖြင့် စုစည်းတင်ပြရေးသား နိုင်ရမည်။

တစ်ချို့သော သတင်းများကို စုံစမ်းရှာဖွေရာတွင် သတင်းထောက်များ ပူးပေါင်းဆောင်ရွက်ရန်

လိုအပ်ပါ သည်။ သတင်းထောက်အနေဖြင့် မည်သို့ပင် ကျွမ်းကျင်မှုသည်ဖြစ်စေ တစ်ခါတစ်ရံ အချက်အလက်အားလုံးကို ဘက်စုံထောင့်စုံမှ ပြည့်ပြည့်စုံစုံ ရှာဖွေ၍မရနိုင်ပါ။ ထို့ကြောင့် အများအားဖြင့် ပူးပေါင်း၍သတင်းများကို ရှာဖွေစုံစမ်းခြင်းသည် အကောင်း ဆုံးနည်းလမ်း ဖြစ်သည်။ ဥပမာ “ အလို လောဘကြီးသူဆီဇာ” ဆိုသည့် သတင်းခေါင်းစဉ်အတွက် သတင်းထောက် လေးဦးခွဲ၍ သတင်းရယူနိုင်ပါသည်။ အဲဒီအထဲမှ သတင်းထောက်သုံးဦးမှာ နိုင်ငံရေး၊ ဘဏ္ဍာရေး၊ စစ်ဘက်ရေးရာ စသော နယ်ပယ် (၃) ခု၌ ကျွမ်းကျင်သူ သတင်းရေးသမားများဖြစ်ကြပြီး လေးဦးမြောက်မှာ သတင်းသွားရောက်ယူမည့် နေရာ မှ မြင်သမျှ၊ ကြားသမျှ အရာများကို ပြန်လည်တင်ပြမည့် အထွေထွေသတင်း အစီရင်ခံ တင်ပြသူတို့ ဖြစ်ကြပါသည်။ ဤကဲ့သို့သော

နည်းလမ်းတွင် လုပ်ငန်းစဉ်တစ်လျှောက် ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် အားလုံးညှိနှိုင်း၍ နောက်ဆုံးအဆင့်သတင်းထည့်သွင်းခြင်းတို့၌ အခက်အခဲကြုံလာနိုင်သည်။ ထိုအခါ တစ်ဦးချင်းဆီမှ တိကျသေချာစွာ ပူးပေါင်းဆောင်ရွက်ခြင်း နှင့် အဖွဲ့ခေါင်းဆောင်တစ်ဦး မှ ဦးဆောင်ပဲ့ကိုင်ပေးခြင်းတို့ မဖြစ်မနေ လိုအပ်ပါသည်။

သတင်းရှာဖွေစုံစမ်းမှုတိုင်း၌ အတိုင်းအတာဘောင်တစ်ခု ထားရှိရပေမည်။

တစ်ခါတစ်ရံတွင် သတင်းရှာဖွေစုံစမ်းရာ၌ အောင်မြင်မှုရှိခြင်းသည် စုံစမ်းသူသတင်းထောက်၏

အချက်အလက်ဖော်ထုတ်နိုင်မှု အတိုင်းအတာ စွမ်းရည်ပေါ်တွင် မူတည်နေပါသည်။ မြှုပ်ကွက်ကြားမှ

အမှန်တရားများကို ဖော်ထုတ်နိုင်ဖို့အတွက် ကျွမ်းကျင်ပါးနပ်မှုရှိရန် လိုပါသည်။ ပြည်သူတို့၏အကျိုးစီးပွားကိုရှေးရှုသောသတင်းအမှန် စုံစမ်းဖော်ထုတ်ရာတွင် နည်းပရိယာယ်သုံး၍ ဖော်ထုတ်နိုင်ခွင့်ရှိသည်။ သို့သော် ပြည်သူလူထုအတွက်သတင်းအမှန်ရှာဖွေသည်ဟုဆိုရာ၌ မိမိ၏ကိုယ်ရေးကိုယ်တာခံစားချက်များ နှင့်မိမိအတွက် ဖန်တီးရယူလိုခြင်းများ ပါဝင်ရောထွေး၍မရပါ။ သတင်းစုံစမ်းရယူရန် စိတ်အားထက်သန်မှုပိုင်းတွင် ရိုးသားမှု ရှိရန် လိုအပ်ပါသည်။ မိမိ၏သတင်းရယူလိုမှု ကိုယ်ပိုင်ဆန္ဒသက်သက်ဖြင့် ဘယ်သောအခါမျှ မလုပ်ဆောင်ဘဲ ပြည်သူလူထု၏သတင်းမှန် သိပိုင်ခွင့်ကို ဖြည့်ဆည်းပေးရန်အတွက် ဟူသော ရပ်တည်ချက်ဖြင့်သာ သတင်းများကို စုံစမ်းရှာဖွေ ရယူသင့်ပါသည်။ မိမိအနေဖြင့် ရဲဝန်ထမ်းတစ်ဦးမဟုတ်သလိုတရားသူကြီး တစ်ဦးလည်း မဟုတ်ပါ။ သစ္စာစောင့်သိမှု မရှိသော နည်းလမ်းများ အသုံးပြုခြင်းကိုတော့ရှောင်ရှား ရမည်။