Menu

15.၁၅။ အင်တာဗျူးခြင်းနှင့်ဆိုင်သော နည်းနာနိဿယများ

စကားပြောရန် စိတ်မပါသောသူ၊ ပြောသာပြောနေသော်လည်း အဓိကအကြောင်းအရာများမပါအောင် ပြောသူ၊ စကားအပိုပြောမိမှာစိုး၍ထိန်းပြောနေရသူ စသည့်ပုဂ္ဂိုလ်များနှင့် အင်တာဗျူးတစ်ခု လုပ်ဖို့ ဆိုသည်မှာ လွယ်ကူလှသည်တော့မဟုတ်ပါ။ တိကျသေချာသော သတင်းအချက်အလက်များကို ရရှိဖို့
အတွက် မေးမြန်းသည့်အခါဗဟုသုတလည်းရှိရပါမယ်။ အခြေအနေအချိန်အခါနှင့်ကိုက်ညီစွာ မည်သို့မည်ပုံ
ပြောဆို ဆက်ဆံရမည်၊ တခါတရံမိမိလိုချင်သည့်အချက်အလက်ကို မည်ကဲ့သို့အစ်အောက်နှိုက်ထုတ်ရမည်
တို့အပြင်လိမ္မာပါးနပ်မှုရှိရန်လည်း လိုအပ်ပါသည်။ စာနယ်ဇင်းသတင်းလောကတွင် တွေ့ဆုံမေးမြန်းခန်း
ပြုလုပ်ခြင်းသည် ပညာသားပါလှသော အတတ်ပညာ တစ်ခုဖြစ်ပါသည်။

သိထားရမည့်လျှို့ဝှက်ချက် (၁၀) ချက်

၁။ မိမိအားယုံကြည်မှုရှိလာစေမည့် အခြေအနေတစ်ခုကိုဖန်တီးပါ။

တွေ့ဆုံမေးမြန်းခန်းပြုလုပ်ခြင်းသည် အားကစားပြိုင်ပွဲတစ်ခုနှင့် အလားသဏ္ဍာန်တူညီပါတယ်။

သတင်းထောက်တစ်ဦးသည် မိမိသိလိုသောအရာကို မေးမြန်းရခြင်းဖြစ်သဖြင့် အင်တာဗျူးတိုင်း တွင်မိမိဘက်မှ နှိမ့်ချသည့် ပုံစံမျိုးဖြင့် စတင်ချဉ်းကပ်၍မေးမြန်းရပါမယ်။ အင်တာဗျူးဖြေမည့်သူနှင့် နွေးထွေးမှရရှိစေရန် ယင်းပုဂ္ဂိုလ်အားအပျော့ပျောင်းဆုံးနည်းလမ်းဖြင့်ချဉ်းကပ်ရပါမယ်။ အင်တာဗျူးဖြေသူ၏ပြောပြချက်များမှာ မိမိအတွက် အဘယ်မျှတန်ဖိုးရှိကြောင်းနှင့် ထိုသူပြောပြသမျှအကြောင်းအရာအချက်အလက် အားလုံးကို သူ၏သဘောတူညီခွင့်ပြုချက်မပါဘဲ မိမိဘက်မှဘယ်သောအခါမှ ပံနှိပ်ထုတ်ဝေခြင်း ပြုလုပ်သွားမည်မဟုတ်ကြောင်း ကိုလည်း ဦးစွာအသိပေးထားရပါမယ်။

ဥပမာ- ဂျူးလီးယက်ဆီဇာ ၏ ကျူးကျော်စစ်ဆင်မှုဆိုင်ရာဘဏ္ဍာရေးကိစ္စနှင့် ပတ်သက်ပြီး ကျွန်တော်

ဘာတွေတွေ့ထားသလဲ ဆိုသည့်အချက်အတွက် သူ့ထံမှပြန်လည်တုံ့ပြန်မှုရရန် သူ့ဆီသို့ စာရေးရာ ၌

ဆီဇာ့အား အချိုသတ်ရမည့်နည်းလမ်းကိုရှာဖွေထားရပါမယ်။ အင်တာဗျူးပြုလုပ်နေစဉ်တွင် ရောမ ၌

သူအသုံးပြုသည့်လမ်းစဉ်များနဲ့စပ်လျဉ်း ၍ ပြည်သူများအကြား ပြန့်နှံ့နေသည့် သပုပ်လေလွင့် သတင်းများ

အပေါ်ဆီဇာအနေနဲ့ ပြန်လည်၍ဖြေရှင်းချက်ပေးနိုင်စေရန် အသားပေးမေးမြန်းသွားမည် ဖြစ်သည်။

၂။ မိမိဘက်မှအသာစီးရနိုင်မည့် အချက်အလက်များရှိထားပါစေ။

အမတ်တစ်ဦးကိုဖြစ်စေ ၊အစိုးရအရာရှိတစ်ဦးကိုဖြစ်စေ၊ ကုမ္ပဏီဒါရိုက်တာတစ်ဦးကိုဖြစ်စေ၊

စာရေးဆရာ တစ်ဦးကိုဖြစ်စေ၊ မည်သူ့ကိုမျှ ပုံစံခွက်ထဲမှလာသော တစ်သမတ်တည်းသော မေးမြန်းမှုပုံစံမျိုးနှင့်မမေးမြန်းပါနှင့်။ မိမိမေးမြန်းမည့်သူသည် မည်သို့သောသူပင်ဖြစ်ပါစေ၊ မိမိ ဘက်မှကောင်းစွာကြိုတင်ပြင်ဆင်ထားမှသာလျှင် အကျိုးရှိအသုံးဝင်မည့် အင်တာဗျူးတစ်ခု ဖြစ်လာပါလိမ့်မယ်။ ကျွန်ုပ်အနေနဲ့ ဆီဇာနှင့်ထိပ်တိုက်တွေ့ဆုံရန် အဆင်သင့်ဖြစ်နေပြီဟု ခံစားရချိန်တွင် ဆီဇာအား အင်တာဗျူးတစ်ခုလုပ်ရန် တောင်းဆိုလိုက်တယ်။ မိမိဘက်မှ အဆင်သင့်ဖြစ်နေပြီဟူ၍ ဆိုနိုင်သောအနေအထားမှာ- ဆီဇာ ၏သူငယ်ချင်းများမှအစ ပြိုင်ဘက်တွေအဆုံးသူနှင့်ပတ်သက်သမျှ အချက်အလက်များကို တတ်နိုင်သမျှ စုဆောင်းရမိချိန်၊ မေးမြန်းမည့်အသေးစိတ်မေးခွန်းတိုင်းကို ပြင်ဆင်ပြီးသည့်အချိန် အင်တာဗျူးလမ်းညွှန်တစ်ခု ရှိနေပြီးချိန်ကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဆီဇာအနေနဲ့ ဆင်ဝှေ့ရန်ရှောင်ဖြေဆိုလို့မရနိုင်အောင် တနည်းဆိုသော်အချက်အလက်ထိမ်ချန်မှု မရှိစေရန် အတွက်ဖြစ်ပါတယ်။

၃။ မှန်ကန်သောနည်းဗျူဟာကိုရွေးချယ်ပါ။

မတူညီသော ရလဒ်များကို ပေးနိုင်သောတွေ့ဆုံမေးမြန်းခြင်းအမျိုးအစားသုံးမျိုးရှိပါတယ်။

  • ဒါမေးဒါဖြေပုံစံရောက်သော အင်တာဗျူး

လိုရင်းမရောက်သော အဖြေများကို လက်မခံဘဲ အလွန်တိကျ သေချာသော မေးခွန်းများကို

မေးမြန်းခြင်း ဖြစ်ပါတယ်။ လိုရင်းတိုရှင်း ဒါမေးဒါဖြေ ပြုလုပ်သည့် ပုစံ ံ ဖြစ်ပြီး လမ်းပေါ်တွင် ဖြတ်သွားဖြတ်လာသူများဆီမှ အကြောင်းအရာတစ်ခုနှင့် ပတ်သက်၍ ထိုသူတို့၏ ရှုမြင်သုံးသပ်ချက်ကို မေးမြန်းသည့်ပုံစံမျိုးဖြစ်တယ်။ ဥပမာ-မေးခွန်းသုံးခု ၊ ဝါကျငါးကြောင်းနဲ့ အဖြေသုံးခု ပုံစံမျိုး ဖြစ်ပါတယ်။ “ ဆီဇာကို တော့ဒါမေး ဒါဖြေပုံစံဖြင့် အင်တာဗျူးလို့ရမယ်တော့ မထင်ပါဘူး”

  • အထိန်းချုပ်ခံပုံစံမှ သွေဖီသောအင်တာဗျူး

အင်တာဗျူး ဖြေမည့်သူအား အလွန် ပွင့်လင်းမြင်သာမှု ရှိသော အဖွင့်မေးခွန်းတစ်ခုဖြင့် စတင် မေးမြန်း

ပြီးအင်တာဗျူးဖြေဆိုသူအား ၎င်းပြောချင်သည့်အချက်အလက် အကြောင်းအရာများကို သူ့နည်းသူ့ဟန်ဖြင့်

ပြောဆိုနိုင်စေရန် လမ်းဖွင့်ပေးလိုက်ပါ။ ဤနည်းလမ်းသည် မိမိမသိသေးသော အင်တာဗျူးဖြေဆိုသူ၏

ကိုယ်ရေးကိုယ်တာကိစ္စရပ်များနှင့် စရိုက်လက္ခဏာများကို ထုတ်ဖော်ပြောကြားစေ ဖို့အတွက် အသုံးဝင်ကောင်းဝင်ပေမယ့်လည်း သတင်းအချက်အလက်များများရယူနိုင်ခဲပါတယ်။ “ အကယ်၍ ကျွန်ုပ်ကဆီဇာကိုတစ်ကိုယ်တည်း ပြောခွင့်ပေးလိုက်ပြီဆိုပါစို့ သေချာတာကတော့ သူရဲ့ ဖုံးကွယ်ထားသော ဘဏ္ဍာရေးကိစ္စကိုလုံး၀ ထည့်ပြောမှာ မဟုတ်ပါဘူး”

  • ထိန်းချုပ်မှုတစ်ဝက်ပါဝင်သောအင်တာဗျူး

ဤအင်တာဗျူးပုံစံသည် သတင်းထောက်များအတွက် အသင့်လျော်ဆုံး ဖြစ်ပါသည်။ မေးခွန်းတွေ

မေးသည့်အခါ အဖွင့်မေးခွန်းပုံစံတစ်လှည့်နှင့် အပိတ်မေးခွန်းပုံစံတစ်လှည့်၊ ယေဘုယျ မေးခွန်းပုံစံ

တစ်လှည့်နှင့် အသေးစိတ် မေးခွန်းပုံစံတစ်လှည့် စသည်ဖြင့် တစ်လှည့်စီ ပြောင်းလဲ မေးမြန်းခြင်း ဖြစ်ပါတယ်။

ဤအင်တာဗျူးပုံစံမှာ မေးမြန်းသူနှင့် ဖြေဆိုသူအကြား သတင်းအချက်အလက်ဖလှယ်ခြင်း ၊ခံစားမျှဝေမှု

သဘော၊ ပူးပေါင်းဆောင်ရွက်နိုင်သည့် အခြေအနေပတ်ဝန်းကျင်တစ်ခုစသည်တို့ကို ဖန်တီးပေးမှာ ဖြစ်

ပါတယ်။ ကျွန်တော် ဤနည်းလမ်းကို ဆီဇာနှင့်အင်တာဗျူး လုပ်သည့်အခါ သုံးကြည့်မယ်။ အစပိုင်းမှာ

ယေဘုယျ မေးခွန်းတစ်ခုဖြစ်တဲ့ “ဘဏ္ဍာငွေတွေကို သင့်ရဲ့တိုက်ပွဲတွေအတွက် ဘယ်လို အသုံးပြုပါသလဲ”

ဆိုသည့် မေးခွန်းနှင့် စတင်ပြီး အဲဒီ တခဏမှာ သူပြောသမျှကို ကြားဖြတ် ဝင်ရောက် ပြောဆိုခြင်းမပြုဘဲ

သူ့အား တစ်ကိုယ်တည်း လွတ်လပ်စွာပြောခွင့်ပေးထားလိုက်မယ်။ ကျွန်တော့်ရဲ့ ဂရုတစိုက် နားထောင်ခြင်းနှင့်အပြုံးတွေဟာ သူ့အတွက် သက်တောင့်သက်သာ အနေအထားကို ဖြစ်စေပါလိမ့်မယ်။ အဲဒီနောက်မှာတော့ကျွနု်ပ်ရဲ့အရည်အသွေးကိုပြသပေးနိုင်မယ့် အကိုးအကား အထောက်အထားတွေနဲ့ တိကျသေချာသော မေးခွန်းများကို အေးအေးဆေးဆေးအနေအထားနဲ့မေးပစ်လိုက်မယ်။ “ပြီးခဲ့တဲ့ အပတ်က ကျွန်တော် ရောမမှာ ရှိနေခဲ့တယ်။ ဘဏ်လုပ်ငန်း လုပ်ကိုင်နေတဲ့ သူငယ်ချင်းတွေနှင့်အတူ Lucullus မှာ နေ့လည်စာ စားနေ ခဲ့တာပေါ့။ အဲဒီမှာ ကျွန်တော် ကြားခဲ့ရတာက Gaule ကို ရောက်ကတည်းက ခင်ဗျားရဲ့ ပိုင်ဆိုင်မှုတွေဟာ ဆယ်ဆလောက်ကို တိုးပွားလာတယ်ဆိုပဲ။ အဲဒါ ဟုတ်ပါသလား ခင်ဗျာ “ …

၄။ နေရာရွေးချယ်မှုမှန်ကန်ပါစေ။

တွေ့ကရာနေရာတိုင်းမှာ ဘယ်သူ့ကိုမှ အင်တာဗျူး မလုပ်မိပါစေနဲ့။ လမ်းထောင့်က

စားသောက်ဆိုင်လေးမှာ ဆီဇာနဲ့ တွေ့ဆုံမေးမြန်းမှု လုပ်လို့မရသလိုပေါ့။ မိမိသည် သိလိုသမျှကို

မေးမြန်းချင်သူ ဖြစ်သည့်အတွက် မေးမြန်းမည့်သူကို သူရှိရာနေရာမှာပဲ သွားရောက်တွေ့ဆုံရပါမယ်။

စားသောက်ဆိုင် (သို့) ဘားကဲ့သို့သော လူစည်ကား ထူထပ်သော နေရာတွေကို ရှောင်ရှားပါ။ အဲဒီနေရာ

တွေမှာ အင်တာဗျူးကို အဟန့်အတား ဖြစ်စေမည့် ဆူညံသံမျိုးစုံနှင့် ဖြေကြားမည့်သူအတွက် အနှောင့်အယှက် ဖြစ်စေမယ့် မျက်လုံးပေါင်းများစွာ ရှိနေပါသည်။ ရုံးခန်း (သို့မဟုတ်) ဧည့်ခန်းကဲ့သို့သော တိတ်ဆိတ်ငြိမ်သက်မှု ရှိသည့် နေရာတစ်ခုကို ရွေးချယ်ပါ။ သို့သော်ဘေးပတ်ဝန်းကျင်မှသူများအနေဖြင့် မည်သူမည်ဝါ မခန့်မှန်းန်ုိင်သောသတင်းပေးသူများနဲ့ လွတ်လွတ်လပ်လပ်သက်တောင့်သက်သာ စကားပြောဖို့ အတွက် ဆိုရင်တော့ အထက်မှာ ပြောခဲ့သော လူထူထပ်တဲ့ နေရာတွေမှာ တွေ့ဆုံဖို့က အဆင်ပြေပါတယ်။

၅။ စကားပြောဆိုမှုပုံစံ မှန်ကန်မှု ရှိပါစေ။

အင်တာဗျူးတစ်ခုဆိုတာ ကစားပွဲတစ်ခုပါ။ သို့ပေမယ့်လည်း လက်ဝှေ့ပွဲတစ်ခုတော့ မဟုတ်ပါဘူး။

မျက်နှာချင်းဆိုင်စမ်းတဝါးဝါးမေးမြန်းရင်းဖြင့် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်စိတ်အာရုံဖမ်းစားဖို့ ကြိုးပမ်းရသော တွေ့ဆုံမေးမြန်းခန်းတစ်ခု ဖြစ်ပါတယ်။ ရန်လိုခြင်းဖြင့် တစ်ဖက်လူထံမှသတင်း အချက်အလက်များ ရနိုင်လိမ့်မည် မဟုတ်ပါ။ အင်တာဗျူး ဖြေသူသည် မေးမြန်းသူ၏ ရန်သူ မဟုတ်ပါ။ ကိုယ့်ကိုယ်ကိုယုံကြည်မှု တိုးပွားစေရန်လည်း ဒါမျိုးကိုထုတ်မပြသင့်ပါ။ အင်တာဗျူးဖြေဆိုသူဟာ အင်တာဗျူးမေးမြန်းသူတစ်ယောက်ရဲ့ ရန်သူတစ်ယောက်လည်း မဟုတ်ပါ။ ထို့ကြောင့် ၎င်းအား ရန်စခြင်း၊ ထိုးနှက်စကားလုံးများကို ပြောဆိုခြင်း မပြုလုပ်ဘဲ အပြန်အလှန် လေးစားမှု ရှိသော ဆက်ဆံမှုတစ်ခုကို ဖန်တီး ယူရမည် ဖြစ်ပါတယ်။ စကားပြောဆိုမှု ပုံစံမှန်ကန်ခြင်းသည် မိမိဘက်မှ ဘက်လိုက်ခြင်းမရှိခြင်း၊ စိတ်ရှည်သီးခံခြင်း ၊ အာရုံစူးစိုက်ခြင်းတို့ကို ပြသရာရောက်ပါတယ်။ “ ကျွန်တော် ဆီဇာရဲ့ အယူအဆတွေနဲ့ သဘောထားချင်း မတိုက်ဆိုင်ပေမယ့် ဆီဇာဟာ သူ၏ရပ်တည်ချက်တွေကို လွတ်လပ်စွာ ပြောဆိုခွင့်ရှိသည် ဆိုသော အချက်ကို အသိအမှတ်ပြု လက်ခံပါတယ်။ အကယ်၍ သူ၏ အယူအဆကို ကန့်ကွက်ဖို့ ကိစ္စ ရှိလာခဲ့ရင်တောင်မှ ကျွန်တော့်ဘက်မှ ယဥ်ယဥ်ကျေးကျေးနဲ့ပဲလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်”

၆။ မေးခွန်းများကို မေးတတ်ပါစေ။

သွယ်ဝိုက်သော မေးခွန်းများ၊ အဓိပ္ပာယ်နှစ်ခွဖြစ်စေသော မေးခွန်းများ (သို့) ဆက်စပ်မှု မရှိ သော

မေးခွန်းများကို မေးမြန်းခြင်းဖြင့် အင်တာဗျူးဖြေသူ၏ ယုံကြည်မှုကို မရနိုင်ပါ။ မိမိသည် ပြောဆို ဆွေးနွေးမည့်အကြောင်းအရာကို ကောင်းစွာနားလည် သိရှိထားကြောင်းကို အင်တာဗျူးဖြေသူအား ပြသနိုင်ရန်အတွက် အဓိကအကြောင်းအရာနှင့်ဆက်နွယ်ကာ အချိတ်အဆက်မိသော၊ ထိမိသော စကားလုံးများ ပါဝင်သည့် ရှင်းလင်း ပြတ်သားသော မေးခွန်းများမေးမြန်းတတ်ခြင်းသည်သာ မှန်ကန်သော အင်တာဗျူးပုံစံ ဖြစ်ပါသည်။

အကယ်၍ အင်တာဗျူး ဖြေဆိုသူသည် မေးမြန်းသည့် မေးခွန်းကို ရှောင်လွှဲ၍ ဖြေဆိုခဲ့ရင်တောင်မှ မိမိဘက်မှ ကြိုတင်ပြင်ဆင်ထားခြင်းကများစွာအထောက်အကူပေးနိုင်ပါလိမ့်မယ်။ ကျွန်တော့်ဆီဇာ့ကို ဂေါလ်နိုင်ငံမှ သူရယူထားတဲ့ တန်ဖိုးပမာဏနဲ့ ပတ်သက်ပြီးမေးခွန်းမေးတဲ့အခါ ကျွန်တော့်မှာနှိုင်းယှဉ်ဖို့ အတွက်ခိုင်မာတဲ့အချက်အလက် တွေရှိ ထားဖို့လိုအပ်ပါတယ်။ ဥပမာအားဖြင့် Pompee စပိန်မှယူလာသော ပစ္စည်းများအားလုံးရဲ့သေချာမှုရှိသော တန်ဖိုးအရေအတွက်ဆိုတဲ့ အချက်ကိုသိထားရပါမယ်။ ကျွန်တော့် သိနေတာ တစ်ခုခုကိုတော့ပြောကိုပြောရမယ်။ ဒါမှမဟုတ်ရင်တော့ ဖြေကြားသူ ဘက်မှ ကျွန်ုပ်ကို အလေးထား ဖြေကြားတော့မှာမဟုတ်ပါဘူး။

၇။ ထိထိမိမိမေးခွန်းကောင်းများကို မေးပါ။

မေးခွန်းကောင်းတစ်ခုသည် ရှင်းလင်းမှု၊ တိကျမှု၊ ပညာသားပါမှု နှင့် ဓမ္မဓိဋ္ဌာန်ကျမှု များ ပါရှိနေတတ်ပြီး

မေးခွန်းထဲတွင်မိမိလိုချင်သည့် အဖြေကို သွယ်ဝိုက်ထည့်သွင်းထားခြင်းမျိုး မဟုတ်ပါ။ သို့သော် ဖြေကြား

လိုက်သည့်အဖြေသည် မေးမြန်းသူ လိုချင်သော အချက်အလက် ပန်းတိုင်သို့ ရောက်ရှိစေဖို့အတွက်

မေးလိုက်သည့်မေးခွန်းတွင် အဓိပ္ပာယ်လေးနက်မှုများ ရှိနေစေဖို့ လည်း လိုအပ်ပါတယ်။ သွယ်ဝိုက်

မေးခွန်းလည်းဖြစ်နိုင်ပါတယ်။ သင့်လျော်တဲ့အချိန်မှာထိုမေးခွန်းမေးနိုင်ဖို့အတွက် မိမိဘက်မှ မေးမြန်းမည့်

အကြောင်းအရာကို ကောင်းစွာသိထားဖို့ လိုပါတယ်။ လွယ်ကူရိုးရှင်းဆုံး မေးခွန်းများမှအစပြု၍ အခက်ခဲဆုံးမေးခွန်းများကို မေးမှသာ အင်တာဗျူးမေးသူအနေဖြင့် မိမိ လိုရင်းသို့ ရောက်မှာဖြစ်ပါတယ်။ ဆီဇာအနေနဲ့ Gaule ကို သိမ်းပိုက်ပြီးကတည်းက သူရဲ့ပိုင်ဆိုင်မှုတွေ ဆယ်ဆလောက်တိုးလာတယ်ဆိုတာ ဝန်ခံလိုက်မယ့် အချိန်မှာ ကျွန်တော့်ဘက်က ဆောင်းပါးရိပ်ခြည်နဲ့ သွယ်ဝိုက်သောမေးခွန်းတစ်ခုကို မေးပစ်လိုက်မယ် ၊ “ယခုလိုမျိုး ပိုင်ဆိုင်မှုပစ္စည်းကြွယ်ဝလာရင် မည်သည့်သိမ်းပိုက်သူမဆို ဧကရာဇ်ဖြစ်ဖို့ စိတ်ကူးယဉ်ခွင့်ရှိတယ်လေ။ သင်ရော ဒီအချက်ကို စဉ်းစားမိရဲ့လား…”

၈။ ကိုယ်တိုင်စိတ်ကြိုက် ဆင်ဆာဖြတ်တောက်ခြင်းမှ ရှောင်ကြဉ်ပါ။

တခါတရံမှာ အချက်ကျကျမေးခွန်းကောင်းတွေဟာ အင်တာဗျူးဖြေဆိုသူဘက်မှ အဖြေကို ပေးရန်

ငြင်းပယ်စေနိုင်သည့် အခြေအနေတစ်ရပ်ကို ဖြစ်ပေါ်စေပါသည်။ ဒါပေမယ့် အင်တာဗျူးမေးမြန်းသူဘက်မှ

အလွယ်တကူ လက်လျော့မပစ်သင့်ပါ။ “အမှန်တရားကို ရှာဖွေဖော်ထုတ်နေသူ” တစ်ဦးပီပီ ယဥ်ယဥ်ကျေးကျေးညင်သာစွာနှင့် ရှင်းရှင်းလင်းလင်း အနည်းဆုံးတစ်ခေါက်ထပ်မေးဖို့ရာက မိမိတာဝန်ပါ။ အကယ်၍မှ မိမိဘက်ကထပ် မေးသည့်တိုင် ကျေနပ်စရာ အဖြေမရခဲ့သော် မိမိအနေနဲ့ ဤအချက်ကို စာဖတ်သူတို့ထံ တင်ပြရပေမည်။

“ ကျွန်တော့်ရဲ့မေးခွန်းနဲ့ပတ်သက်ပြီးတော့ ဆီဇာ့ဘက်မှ အဖြေရဖို့ မမျှော်လင့်ခဲ့ပါဘူး။ တကယ်လို့ ဆီဇာက

တိုင်းပြည်အာဏာကို သူတစ်ဦးတည်း ပိုင်ဆိုင်ချင်တယ်လို့ ပြောခဲ့တယ်ဆိုရင် Republican လွှတ်တော်က

သူ့ရဲ့အမိန့်ကိုချက်ချင်းဖော်ထုတ်မှာဖြစ်တယ်။ ဒါပေမယ့် ဒီကိစ္စကို သူ ဖြေဖို့ ငြင်းနေဦးမယ်ဆိုရင်တော့

ကျွန်တော့်ဘက်ကလည်း ဒီအကြောင်းကို သတင်း စာထဲမှာ ထည့်သွင်းဖော်ပြရပါလိမ့်မယ်…”

၉။ မူလပုံစံ ကျောရိုးမပျက်စေဘဲ ပြန်လည်တင်ပြတတ်ပါစေ။

တွေ့ဆုံမေးမြန်းမှု ပြုလုပ်နေစဉ်အတွင်း ထိုမေးမြန်းဖြေကြားချက်ကို အသံသွင်းယူထားခြင်းသည်

မိမိအား မှတ်စုထုတ်ရေးသားခြင်းမှ ကင်းဝေးသွားစေပြီး အင်တာဗျူးဖြေသူ၏ပြောကြားခဲ့သမျှ အချက်

အလက်တို့အား တလွဲတချော် ပြန်လည်တင်ပြမှုမရှိစေဖို့ရန်အတွက် အာမခံတစ်ခုဖြစ်စေပါလိမ့်မယ်။ သို့သော်မိမိ မေးမြန်းမည့်သူထံမှ ခွင့်ပြုသဘောတူညီမှု ရယူပြီးမှ အသံဖမ်းစက်ကို အသုံးပြုရပါမည်။ ထို့အပြင် အင်တာဗျူးဖြေသူဘက်မှ အသံဖမ်းစက်ကို ခေတ္တရပ်နားခိုင်းသည့်အခါမျိုးတွင်လည်း မိမိဘက်မှ လိုက်လျောပေးရပါမည်။ ဖုန်းမြည်သံကဲ့သို့သော အနှောင့်အယှက် တစ်စုံတစ်ရာဝင်လာခဲ့သော် မိမိဘာသာမိမိ အသံဖမ်းမှုအားရပ်ထားနိုင်ပါတယ်။ အသံသွင်းထားခြင်းဖြင့် မှတ်စုထုတ်ရေးသားဖို့ လုံးဝမလိုအပ်သည်တော့မဟုတ်ပါ။ အင်တာဗျူးလုပ်နေစဉ်အတွင်း အထူးသဖြင့် အသံသွင်းယူထား၍ မရနိုင်သည့်အပြုံးများ၊ မျက်နှာအမူအရာများ၊ တုံ့ဆိုင်းနေမှုများကဲ့သို့သော အသေးစိတ်အချက်အလက် များကိုတော့ ချရေးထားရမည်ဖြစ်သည်။ အင်တာဗျူးအဆုံးသတ်မှာ တချို့သော အပြောအဆို အသုံးအနှုန်းများကို မိမိအနေဖြင့် ဖြုတ်ခွင့်ရှိမရှိကို အင်တာဗျူးဖြေဆိုသူနဲ့ ညှိနှိုင်းမှုရယူရမည်ဖြစ်ပါတယ်။

၁၀။ မသဲမကွဲဖြစ်မှုတစ်စုံတစ်ရာမရှိဘဲ တွေ့ဆုံမေးမြန်းခြင်းကို အဆုံးသတ်ပါ။

ပြိုင်ပွဲတလျှောက်လုံးရဲ့ စည်းမျဉ်းစည်းကမ်းများအားလုံး စောလျင်စွာ ရပ်နားသွားခဲ့သော်လည်း

အင်တာဗျူး အဆုံးမှာ အင်တာဗျူးသူအနေနဲ့နားလည်မှုလွဲမှားတာတွေကိုရှောင်ရှားဖို့အတွက် အင်တာဗျူး

ဖြေကြားသူကို ဖြေကြားထားသမျှအချက်အလက်တွေကိုဘယ်လိုပုံစံနဲ့တင်ပြ ထွက်ရှိလာမယ်၊ အမေးအဖြေပုံစံ အလုံးစုံတင်ပြမှု၊ လွတ်လပ်သောရေးသားချက်များဖြင့် အပိုင်းလ်ိုက်တင်ပြမှု စသည်ဖြင့် ပြန်ပြီးတော့ အတည်ပြုပြောကြားရပါမယ်။ဒါမှမဟုတ်ရင်လည်း ဘယ်ပုံစံရွေးမယ်၊ အပြီးသတ်ပြန်လည်ဖတ်ရှုပြီးမှ ထုတ်ဝေ ခွင့်ပြုမယ် မျိုးဆိုတာကို နှစ်ဦး နှစ်ဘက် ညှိနှိုင်းသဘောတူညီချက်ရယူရပါမယ်။ မေးသူနှင့်ဖြေသူ အကြား တတ်နိုင်သမျှအရှုပ်အထွေးကင်းနိုင်သမျှ ကင်းပြီးနားလည်မှုမလွဲမှားစေရန်အတွက် အင်တာဗျူး မေးသူဘက် မှ အမြဲသတိထားပြီး ဆုံးဖြတ်ချက်ချရပါမယ်။” ဆီဇာနဲ့ ကျွန်တော်ရဲ့ကြားက သဘောတူညီမှု ကတော့ ခါတိုင်းလိုပဲ

ရှင်းရှင်းလေးပါပဲ။ သူက ကျွန်တော့်ရဲ့ အင်တာဗျူးမှန်သမျှမှာ အသံသွင်းဖို့၊ ပြီးတော့ ဆန္ဒရှိရင်

ကျွန်တော့်စိတ်ကြိုက် ပုံနှိပ်ထုတ်ဝေဖို့ အထိပါ ခွင့်ပြုထားပါတယ်…… ဒါပေမယ့်သူ့ဘက်မှအဲဒါတွေနဲ့

ပတ်သက်ပြီးတော့ ပြောဆိုပိုင်ခွင့် ၊ ငြင်းဆိုပိုင်ခွင့်တော့ အပြည့် ရှိထားပြီးသား။ သူ့စကားတွေကကျွန်တော်နဲ့ ဆန့်ကျင်ဘက် ဖြစ်ချင်ဖြစ်နေမယ်၊ ဒါပေမယ့် အပြန်အလှန်သဘောတူထားတဲ့ အချက်ကတော့ ကျွန်တော့်အတွက် ဂုဏ်ယူစရာပါပဲ…”