Menu

16.၁၆။ အထွေထွေ သတင်းရေးသားသူများနှင့် ကျွမ်းကျင်အဆင့်သတင်းရေးသားသူများ

လုပ်ငန်းသဘောအရဆိုလျှင် ဂျာနယ်လစ်တစ်ဦးသည် နယ်ပယ်အသီးသီးမှ အကြောင်းအရာ

အဖြစ်အပျက်မှန်သမျှကို ထုတ်ဖော်တင်ပြရသော အထွေထွေသတင်းရေးသားသူ တစ်ဦးဖြစ်ပါတယ်။

အကြောင်းအရာတစ်ခုမှ နောက်တစ်ခုသို့ ကူးပြောင်းရေးသားသည့်အခါ ကျိုးကြောင်းဆီလျော်မှု မရှိတော့တ့ ဲသတင်းများကို ရေးသားတင်ပြမိနိုင်သည့် ပြဿနာလည်းရှိနိုင်ပါတယ်။ အကြောင်းအရာ မယ်မယ်ရရမရှိဘဲ ရောက်တတ်ရာရာ တင်ပြရေးသားမိတတ်သဖြင့် မကြာခဏဆိုသလို ပြစ်တင် ဝေဖန်မှုများလည်း ခံရတတ်ပါတယ်။ သို့သော် အထွေထွေသတင်းရေးသားသူတစ်ဦးအား မသိ နားမလည်သူ၊ လေးနက်မှုမရှိဘဲ ပေါ့ပေါ့တန်တန် ရေးသားသူတစ်ဦးအဖြစ် ပြစ်တင်ရှုတ်ချ၍မရပါ။ အဘယ့်ကြောင့်ဆိုသော် အကောင်းဆုံး သော ကျွမ်းကျင်အဆင့်ဂျာနယ်လစ်များမှာ စူးစိုက်မှုအပြည့်အဝဖြင့် အထွေထွေသတင်း ရေးသားသူများ ဖြစ်နေကြသောကြောင့် ဖြစ်ပါတယ်။

နယ်ပယ်အသီးသီးကို ကျွမ်းကျင်ပိုင်နိုင်သော စွယ်စုံရသတင်းစာဆရာဖြစ်နေရပါမည်။

စာနယ်ဇင်းသတင်းလောကသည် အကြောင်းအရာမရွေး နယ်ပယ်ပေါင်းစုံနှင့်ထိတွေ့ရတဲ့ နယ်မြေတစ်ခု ဖြစ်ပါတယ်။ သူရေးသားရမည့်နယ်ပယ်ကိုမရွေးချယ်ခဲ့လျှင် မျက်မှောက်ဖြစ်စဉ်များကသာ ၎င်းရေးသားရမည့် အကြောင်းအရာကိုဖော်ထုတ်ပေးမှာဖြစ်ပါတယ်။ ထို့ကြောင့် ဂျာနယ်လစ် တစ်ဦးသည်

အကြောင်းအရာမရွေး ရေးသားဖို့ရန်အသင့် ဖြစ်နေပြီး သေးငယ်သောဖြစ်ရပ်များ ဖြစ်စေ၊ ကြီးကျယ်သောဖြစ်ရပ်များဖြစ်စေ သူ့ရဲ့အရည်အချင်းကိုနယ်ပယ်အသီးသီးမှာ ဖော်ထုတ်နိုင်ရပါမယ်။

ဆေးပညာလောကမှာကဲ့သို့ပင် စာနယ်ဇင်း သတင်းလောကတွင်လည်း အရည်အချင်းရှိသော အထွေထွေ

သတင်းရေးသားသူ တစ်ဦးသည် သာမန်သတင်းတွေကိုအရေးတကြီးသတင်းတွေလိုမျိုးပဲ ဂရုတစိုက်

ရေးသားဖော်ပြကြရပါမယ်။ ဒေသထုတ်သတင်းစာအတွက် သတင်းရေးသားသူ ဖြစ်ဖြစ်၊

ဒီထက်ပိုကျယ်ပြန့်သော သတင်းအစီရင်ခံရေးသားသူဖြစ်ဖြစ် သတင်းစာဆရာ၏အလုပ်မှာ နှိမ့်ချခြင်းနှင့်

သတင်းအတွက်အမြဲအစဉ်သင့်ရှိခြင်းတို့လိုအပ်ပါတယ်။

အကြောင်းအရာဖြစ်ရပ်တို့အား ရှုမြင်သုံးသပ်ပုံ နှင့်သာ သက်ဆိုင်ပါသည်။

– သာမန် သတင်းတစ်ပုဒ်ကို ထူးထူးခြားခြား သတင်းတစ်ပုဒ်အလား တိကျသေချာစွာ ရေးသားရမည်။

– ရိုးရိုးပုံမှန် သတင်းတစ်ပုဒ်ကို တကယ့်အရေးကြီးသော သတင်းတစ်ပုဒ်ကဲ့သို့ အချက်အလက်တိတိကျကျ

နှင့်ရေးသားရမည်။

လမ်းပေါ်မှဖြတ်သွားဖြတ်လာသူများဆီက ရှုမြင်သုံးသပ်ချက်များကို တကယ့်အရေးပါသော အင်တာဗျုး

တစ်ခုအနေဖြင့် မေးမြန်းသည့်အခါ အင်တာဗျူး လမ်းညွှန်တစ်ခုကို ကြိုတင်ပြင်ဆင် ထားရမည်။

– မည်သည့်သတင်းအစီရင်ခံမှုကိုမဆို စိတ်ဝင်စားဖွယ် ပုံပြင်တစ်ပုဒ်ပြောပြနေသလို ရေးသား ဖော်ပြ

နိုင်ရမည်။

– တွေ့မြင်ရသော အသေးအဖွဲ ပုံပန်းသဏ္ဍာန်တစ်ခုကိုပင် လှပတဲ့ပုံတူ တစ်ခုလို မြင်နိုင်ရမည်။

– ဇာတ်လမ်းအသေးစားလေး တစ်ခုကိုပင် ကြုံတောင့်ကြုံခဲ သတင်းတင်ပြအစီရင်ခံမှုတစ်ခုကို

ရေးသားရသကဲ့သို့သဘောထားပါ။

– အံ့ဩဖွယ်ရာ ဖြစ်ရပ် တစ်ခုနှင့် ကြုံသည့်အခါတွင် အဲဒီကိစ္စ၏နောက်ကွယ်မှာ အကြောင်းတစ်ခုခုများ

ရှိနေနိုင်သလား ဆိုတာကိုမိမိကိုယ်ကို ပြန်လည်မေးခွန်းထုတ်ကြည့်ရ မည်။

ဒေသဆိုင်ရာသတင်းများကို နိုင်ငံတော် သတင်းများကဲ့သို့ ဂရုတစိုက်ဖြင့် သင့်လျော်စွာ စုစည်း

တင်ပြနိုင်ရမည်။ လှေကားထစ်တွင်ဖြစ်ပျက်သွားသည့်ကိစ္စက ကျွန်ုပ်ရဲ့ရပ်ကွက် အတွင်းမှာ

ဖြစ်ပျက်သွားသောကိစ္စထက်ပို၍ အရေးကြီးပါတယ်။ ရပ်ကွက်အတွင်းမှ ဖြစ်စဉ် တစ်ခုထက်

ကျွန်ုပ်မြို့နယ်မှာဖြစ်သွားသောဖြစ်ရပ်တစ်ခုက ပို၍အရေးကြီးပါတယ်။ မြို့နယ်မှဖြစ်ရပ်ထက်

ကျွန်ုပ်နေထိုင်ရာခရိုင်အတွင်းမှဖြစ်ရပ်၊ ခရိုင်အတွင်းမှဖြစ်ရပ်ထက် ကျွန်ုပ်နေထိုင်ရာတိုင်းဒေသကြီး

အတွင်းမှဖြစ်ရပ် စသည်ဖြင့် … အခြေအနေ နှင့် အချိန်အခါကိုလိုက်၍ လိုက်လျောညီထွေစွာ သတင်းများကုတိ င်ပြတတ်ခြင်း နှင့် သက်ဆိုင်ပါသည်။

– သတင်းတွေငြိမ်ချက်သားကောင်းနေကြပြီလား။ ဒါဆို ကျွန်ုပ်လှုပ်ရှားရတော့မယ်။ ဒီအတိုင်းတော့

ထိုင်နေ၍ မဖြစ်ပါ။ မျက်မှောက်ရေးရာ ဖြစ်စဉ်သတင်းများရေးစရာ မရှိသည့်အခါမျိုး တွင် ကျွန်ုပ်၏

ဂျာနယ်ဖတ် ပရိတ်သတ်များထံမှ ကျွန်ုပ်အတွက် အသုံးဝင်မည့်အဖိုးတန် အချက်အလက်များ ပါဝင်သည့်

၎င်းတို့ ၏ထင်မြင်ချက်၊ ပေးစာများကို တောင်းခံရမည်။ စိတ်ဝင်စားတဲ့ စာဖတ်သူ အချို့ဆီမှ ရေးသားချက် တွေနဲ့ဖိုင်တွဲတစ်ခုပြုလုပ်နိုင်ဖို့အတွက် ကျွန်ုပ်ဘက်က မျက်မှောက်ရေးရာ နဲ့ ပတ်သက်တဲ့ အကြောင်းအရာကို စောလျင်စွာ ရေးသားထား ဖို့တော့လိုပါတယ်။

– သတင်းတွေအိပ်မောကျနေကြပြီလား။ ဒါဆို ကျွန်ုပ် စိတ်ကူးစိတ်သန်း ကောင်းကောင်းနှင့် ဖန်တီးရတော့

မယ်။ သာမန်ဖြစ်ရိုးဖြစ်စဉ် အကြောင်းအရာတစ်ခုကို ရေးသားရန်အတွက် မျှော်လင့်မထားသော

ရှုထောင့်မျိုးကို ရှာဖွေရမည်။

သာမန်ဖြစ်ရပ်တစ်ခုကို ရေးသားရန် ထုးထူးခြားခြားအချက်များထွက်ပေါ်ချိန်ကို  စိတ်ရှည်ရှည်ဖြင့်စောင့်၍ တအံ့တဩ ဖြစ်စေမည့် အကြောင်းအရာတစ်ခုကို ရွေးချယ်တတ်ဖို့သာ လိုပါသည်။

– သတင်းတွေကငြီးငွေ့ဖွယ်ကောင်းနေကြပြီလား။ ဒါဆိုကျွန်ုပ်အနေနဲ့ တက်တက်ကြွကြွ ဖြစ်နေရ ပါမယ်။

ထပ်ခါထပ်ခါအသုံးပြုပြီးသော အကြောင်းအရာများကို စိတ်ဝင်စားစေမည့် သက်သေ သက်ကာရများ

အသုံးပြုကာ အသွင်ပြောင်းလဲတင်ပြနိုင်ရမယ်။ မည်သည့် အကြောင်းအရာကို မဆိုလေးလေး နက်နက်ဖြင့် မြန်ဆန်စွာ တင်ပြနိုင်ရန် လိပ်စာစာအုပ်ထဲမှ အလားအလာရှိသည့်သတင်းအရင်းအမြစ်များကို ရှာဖွေပြီး သတင်းများ ရေးသားရန်လိုပါတယ်။

– မျက်မှောက်ရေးရာများက ကျွန်ုပ်အတွက် ရေးစရာစိတ်ကူးအကြံဥာဏ်ကောင်းများ မရနိုင်ခဲ့လျှင်

မိမိကိုယ်ပိုင်ဟန်ကိုသုံး၍ ရေးသားရပါမည်။ အမည်မသိသတင်းဌာနတစ်ခုမှ အကြောင်းအရာကို ယူ၍

ကာရံ ညီစာကြောင်းတစ်ကြောင်းသာ ပါဝင်သည့်သတင်းတိုတစ်ပုဒ်ကို ရေးသားတင်ပြ မည်ဖြစ်သည်။ “

ဥပမာအားဖြင့် ရောမတရားခွင်က အရာရှိတွေခိုင်းသမျှလုပ်ပေးရတဲ့ ဆီဇာရဲ့ စစ်သားတစ်ယောက်ကို

သူ့ရဲ့ခွေးအတွက် ရောမစစ်တပ်မှအရာရှိ တစ်ယောက် ပန်းကန်ထဲမှာ ကျန်နေခဲ့တဲ့ ဗြိတိန်နိုင်ငံ

တောဝက်မှရတဲ့အသားချောင်းအဝိုင်းသုံးခု ခိုးယူမှုနဲ့ မတရားစီရင် ခဲ့ပါတယ်။” အဲဒီလိုပုံစံမျိုးနဲ့ ရယ်စရာ

အတိုအထွာတွေပါဝင်တဲ့ နေ့စဉ်သတင်းကဏ္ဍအသစ်တစ်ခု ဖန်တီး လို့ရပါတယ်။

အကောင်းဆုံးအတွက် ကြိုးပမ်းမှု

မိမိအနေနဲ့ စာနယ်ဇင်းသတင်းအလုပ်ကို ထဲထဲဝင်ဝင်လုပ်နေရင်းဖြင့်သာ ကျွမ်းကျင်အဆင့်သို့

ရောက်မည်ဖြစ်သည်။ တချို့သောအကြောင်းအရာမျာကို တင်ပြရေးသားရာတွင် ထိုအကြောင်းအရာနှင့်

ပတ်သက်ဆက်နွယ်နေသည့် အချက်များကို သေသေချာချာ မသိရှိပါက၎င်းတို့ကိုအပြည့်အဝ ရေးသား

တင်ပြနိုင်မှာမဟုတ်ပါ။ ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို သိထားခြင်းမရှိလျှင် ရဲဘက်ဆိုင်ရာ

ထောက်လှမ်းစစ်ဆေးမှုတစ်ခုကို ရှင်းရှင်းလင်းလင်း ရေးသားဖော်ပြနိုင်မည်မဟုတ်ပါ။ ဥပမာအားဖြင့်

“ ဝင်ငွေ” နှင့် “ ထွက်ငွေ” နှစ်ခု၏ကွာခြားချက်ကိုမသိလျှင် ကုမ္ပဏီတစ်ခု၏ ဘဏ္ဍာရေးအခြေအနေကို မှန်ကန်စွာရေးသားတင်ပြ နိုင်မည်မဟုတ်ပါ။ အလားတူပင် အနုပညာအကြောင်းဘာမှ သိမထားလျှင် အနုပညာလက်ရာတစ်ခုအပေါ် သုံးသပ်ဝေဖန်ချက်ကောင်းကောင်း ပေးနိုင်လိမ့်မည်မဟုတ်ပါ။

ကိုယ်တိုင်အားထုတ်ကြိုးပမ်းမှုလည်းအရေးကြီးပါသည်။

နယ်ပယ်ကဏ္ဍအသီးသီးမှ အကြောင်းအရာပေါင်းစုံကို ဆီလျော်အောင်ရေးသားနိုင်သော လူထုအသိ အမှတ်ပြုသတင်းစာဆရာကောင်းများ ရေးသားကြသည့် သတင်းစာများမှာ အကောင်းဆုံး သတင်းစာများဖြစ်ကြပါသည်။ ၎င်းတို့ရေးသားသည့်အကြောင်းအရာများမှာ အခက်ခဲဆုံးအရှုပ်ထွေး ဆုံးသော အကြောင်းအရာများဖြစ်သည့် ပညာရေး၊ ဥပဒေရေးရာ၊ ရဲ၊ သိပ္ပံပညာ၊ ကျန်းမာရေး၊ ယဉ်ကျေးမှု၊ ဘာသာရေး၊ စစ်ဘက်ရေးရာ အစရှိသည်တို့ဖြစ်ပြီး သာမန်အကြောင်းအရာများ ဖြစ်ကြသည့် ပြည်ထဲရေး၊ နိုင်ငံခြားရေး၊ စီးပွားရေး၊ လှုမှုရေး၊အားကစားရေးရာအစရှိသည်တို့ဖြစ်ကြပါသည်။

အထွေထွေသတင်းရေးသားသူဂျာနယ်လစ်တိုင်းသည် မည်သည့်သတင်းအပိုင်းကဏ္ဍအတွက်မဆို

စိတ်ဆန္ဒရှိမှုနှင့် အလုပ်ကို ဖြည့်စွက်ပြီးကြိုးကြိုးစားစား လုပ်မည်ဆိုလျှင် ကျွမ်းကျင်အဆင့်သတင်းရေးသား

သူဂျာနယ်လစ် တစ်ဦးဖြစ်လာနိုင်ပါတယ်။ ဒီအတွက် ကျောင်းသို့တစ်ခေါက်ပြန်၍ ပညာသင်ကြားဖို့

ရန်မလိုအပ်ပါ။ ကိုယ်တိုင်ကြိုးစားရုံနှင့်ပင်ရနိုင်ပါသည်။

– မိမိ စိတ်ကြိုက်ရွေးချယ်ခဲ့သော သို့မဟုတ် စုပေါင်းလုပ်ဆောင်မှုမှချမှတ်ပေးခဲ့သော သတင်းအပိုင်း

ကဏ္ဍတွင် ကျွမ်းကျင်အဆင့် အကောင်းဆုံးပရော်ဖက်ရှင်နယ် ဂျာနယ်လစ်တစ်ဦး ဖြစ်ဖို့ရန်ဆိုသည့်

ပန်းတိုင် တစ်ခုကို သတ်မှတ်ထားရပေမည်။

– လုပ်ငန်းခွင်ထဲမှာ မိမိထက်သမ္ဘာရင့်ဝါရင့် သတင်းစာဆရာကြီးများထံမှ အကြံဥာဏ်များ တောင်းခံပြီး၊

လေ့လာသင်ယူမူအပိုင်းအတွက် အချိန်ကာလတစ်ခုကို သတ်မှတ်ထားပါ။

– အကြောင်းအရာနှင့် စပ်လျဉ်း၍ ပြောသမျှ၊ ရေးထားသမျှ တွေအားလုံးကို ဖတ်ရပါမည်။ အထူးသဖြင့်

တခြားသောသတင်းစာများတွင် ရေးထားသည်များကို ဖတ်ရှုရပါမည်။

– ကျောင်းမှာ ပညာသင်ယုသကဲ့သို့ပင် မိမိအထူးပြုရွေးချယ်ထားသောနယ်ပယ်အကြောင်းအရာကို ပိုင်ပိုင်

နိုင်နိုင်သိရှိစေဖို့ရန် လိုအပ်သော အထောက်အကူပြုပစ္စည်း်ားဖြစ်ကြသည့် ဥပဒေရေးရာ စာများ၊

တရားဝင် စည်းမျဉ်းစည်းကမ်းများ၊ ပရော်ဖက်ရှင်နယ်ကျင့်ဝတ်များ စသည်တို့ကို စုဆောင်း ၍

လေ့လာရပါမည်။

– မိမိအနေနဲ့ မရှင်းလင်းသည့်ကိစ္စရပ်များကို မေးမြန်းနိုင်ရန်အတွက် မိမိ၏ပရော်ဖက်ရှင်နယ်အသိုင်း

အဝိုင်းမှ လူများနှင့် ကုိယ်ပိုင်သတင်းအရင်းအမြစ် ကွန်ယက်တစ်ခုကိုတည်ဆောက်ရပါမည်။

– ကျွမ်းကျင်ပညာရှင်များအားပြိုင်ကြသည့်ပရော်ဖက်ရှင်အဆင့် အစည်းအဝေးများ၊ ညီလာခံများကို

အချိန်ကုန်ပေမယ့် လည်း တတ်နိုင်သမျှ တက်ရောက်ရမည်။

– လူအများနားလည်နိုင်စေဖို့ရန်အတွက် ကျွမ်းကျင်ပညာရှင်များအချင်းချင်း အသုံးပြုသည့်

ပညာရပ်ပိုင်းဆိုင်ရာစကားများ ထည့်သွင်းခြင်းကို ရှောင်ရှား၍ ရိုးရှင်းစွာရေးသားရမည်။ လိုရင်း

မရောက်ဘဲ ခန့်မှန်းပြောဆိုခြင်းများ ၊ အလွန်ရိုးရှင်းခြင်းများကလည်း တခါတရံ အဓိပ္ပါယ်ပေါ့

သွားမည်ဖြစ်တတ်တာကြောင့် အကြောင်းအရာများရေးသားရာတွင် ပညာရှင်များ အချင်းချင်း

နားလည်နိုင်စေမည့် ခန့်မှန်းရေးသားခြင်းကို ရှောင်ကြဉ်ရပါမည်။

စွမ်းဆောင်ရည်အကောင်းဆုံးသတင်းရေးသားမှုပိုင်းဆိုင်ရာအဖွဲ့များမှာ အထွေထွေသတင်းရေး သားသူများနှင့် နယ်ပယ်တစ်ခုတည်းအတွက် သီးသန့်သတင်းရေးဆရာများ အားလုံးပူးပေါင်း ပါဝင်သည့်အဖွဲ့များ ဖြစ်ကြသည်။