Menu

17.၁၇။ အရေးအသား

သတင်းစာဆန်သော အရေးအသားတွင် တိကျသေချာမှုဟူသော ဝိသေသအချက် များပါဝင်သည်။

စကားလုံး အသုံးအနှုန်း ကျစ်ကျစ်လစ်လစ်နှင့် ရှင်းလင်းမှုရှိသော အရေးအသားမျိုး ဖြစ်ပါသည်။

အချိန်လေလွင့်မှုမရှိစေရန် အဓိကပေးလိုသည့်အချက်ကို ရောက်အောင် လိုရင်းတိုရှင်း ရေးသားထား ခြင်းမျိုးဖြစ်သည်။ သို့သော် သိပ္ပံနည်းကျသော အရေးအသားကဲ့သို့ပင် တိကျမှုလည်း ရှိရမည်။ လူတိုင်းနားလည်သဘောပေါက်နိုင်သော ရိုးရှင်းသည့် အရေးအသားမျိုးဖြစ်ရမည့်အပြင် ရသစာပေ ကဲ့သို့ လည်း ခန့်ငြားမှု ရှိသောအရေးအသားမျိုး ဖြစ်နေရမည်။ သတင်းစာဆန်သော အရေးအသားမှာ ကျယ်ပြန့်၍ အမျိုးအစား အလိုက်သတင်းရေးသားတင်ပြ မှုပုံစံများမှာလည်းပြားနိုင်ပါသည်။

မိမိကိုယ်မိမိ ပထမဦးဆုံး မေးရမည့် မေးခွန်းမှာ ငါဘာပြောချင်တာလဲ ဆိုသည့်မေးခွန်းဖြစ်သည်။

မိမိရေးသားတင်ပြချင်သည့် အကြောင်းအရာကို ကောင်းစွာ ဂဃနဏ ရှင်းရှင်းလင်းလင်း သိရှိထားမှသာ သတင်းကောင်းမွန်စွာ ရေးသားနိုင်ပေလိမ့်မည်။ သတင်းရေးဆရာ တစ်ဦးသည် မည်သည့် သတင်းအမျိုးအစားတွင် မဆို မိမိတင်ပြလိုသည့် အကြောင်းအရာ၏ အဓိကအချက်နှင့် သူပေးလိုသည့်

မက်ဆေ့(ခ်ျ) အပြည့်အဝ ရပါ့မလား ဆိုတဲ့စိုးရိမ်စိတ်လေးထားကာ သူ့စာရဲ့ ကနဦး ရှေ့ဆုံး စာကြောင်းများ

ရေးသားစဉ် ကတည်းက ထင်သာအောင် ရေးသားရမည်။

ဥပမာ။ ။ သတင်းအစီရင်ခံတင်ပြ ရေးသားမှုပုံစံတွင် “ဂျူးလီးယက်ဆီဇာ လာတုန်းကတော့

သင်္ဘောနဲ့ပေါ့ကွာ ဒါပေမဲ့အပြန်မှာတော့ ဒီကောင်လက်ပစ်ကူးပြီးတော့ဘဲ ပြန်ရကိန်း ဆိုက်လိမ့်မယ်……ဟူ၍စိုးရိမ်ပူပန်ခြင်း အလျဉ်းမရှိသော Britanix က လက်ဖက်ရည်နှစ် ခွက်ရဲ့အလယ်

ပုဆိန်ကို သွေးနေရင်းလက်စနဲ့ အပြုံးမပျက်ပြောလိုက်ခြင်းဖြစ်သည်။………” ဒု(ဗ်) ကမ်းခြေသို့

ဆိုက်ရောက်လာသော ဧရာမရောမစစ်တပ်ကြီး၏ ချဉ်းကပ်လာမှုအပေါ် ဗြိတိသျှခေါင်းဆောင်ဖြစ်သူမှာ

တုန်လှုပ်ချောက်ချား စိုးရိမ်ပူပန်မှု တခိုးတစိကလေးတောင်ရှိပုံမပေါ်ပါ။သူတို့ဘက်ကတော့ တုံ့ပြန်စစ်ဆင်

တိုက်ခိုက်ဖို့အသင့်ဖြစ်နေကြလေပြီ။ ဒါကိုဆီဇာတစ်ယောက် မသိသေးဘဲ ခင်းထားတ့ ဲ ထောင်ချောက်ထဲကို

လှလှပပကြီးကို သက်ဆင်းလာပါလိမ့်မယ ္ …” ဟူ၍ အစချီရေးသားပြီးမှ နောက်ဆက်တွဲ မည်သို့မည်ပုံထောင်ချောက်ဆင်ခံရလိမ့်မည် ဆိုသည်ကို ဆက်လက်ရေးသားရမည်ဖြစ်သည်။

အဓိကကျသော မေးခွန်းနှစ်ခုမှာ- ဘယ်သူ့ကို ဒီအကြောင်းအရာ ပြောပြရမလဲ။ ဘယ်လို ပြောရမလဲ ဆိုသည့်မေးခွန်းများဖြစ်သည်။

  • သတင်းရေးဆရာ တစ်ဦးသည် မိမိနှင့်အကျွမ်းတဝင်ဖြစ်နေသည့် စာဖတ်ပရိတ်သတ် အတွက်

ရည်ညွှန်း၍ရေးသားလေ့ရှိကြသည်။ သူစာရေးခြင်းသည်စာဖတ်သူတို့အတွက်ဖြစ်သည်။ သို့သော် သတင်းစာစောင်တိုင်းအတွက် စာဖတ်သူပရိသတ်များမှာ တူညီကြမည်တော့ မဟုတ်ပါ။ ပရော်ဖက်ရှင်နယ် သတင်းရေးဆရာတစ်ဦးသည် စာဖတ်ပရိသတ်၏ လိုအပ်ချက်များ နှင့် လိုက်လျောညီထွေဖြစ်အောင် ရေးသားနိုင်စွမ်း ရှိပါသည်။ အကယ်၍ လူငယ်စာဖတ်ပရိသတ်အတွက် ရည်ညွှန်းရေးသားရမည် ဆိုလျှင် ဆရာပုံစံ ပညာပေးသဘောဖြင့်ရေးသားမည်ဖြစ် သည်။ “ဂရိတ်ဗြိတိန်နိုင်ငံသို့ မကြာသေးခင်ကမှ

ကျူးကျော်ဝင်ရောက်လာသော ရောမစစ်ဗိုလ်ချုပ်ဂျူးလီးယက်ဆီဇာ၏ စစ်တပ်ကြီးသည်

သူတို့၏ အရှင်သခင်ဆီဇာ့အပေါ် အပြည်အဝ ယုံကြည်သော၊ အရှင့်အတွက် ဆိုလျှင် စတေးခံဝံ့သော ပရော်ဖက်ရှင်နယ်စစ်သည် ရဲမက်တို့ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်…” ဟူ၍ ရေးသားမည်ဖြစ်သည်။ စစ်ဘက်ဆိုင်ရာ နှင့်ပတ်သက်လျှင် စစ်ရေးနှင့်ပတ်သက်သော ပတ်သက်သောအရေးအသားများကို သင့်လျော်စွာရေးသားတတ်ရမည် ဖြစ်သည်။ “ဂျူးလီယက်ဆီဇာ သည် စစ်ဆင်ရေးနည်းဗျူးဟာပိုင်းတွင် ကျွမ်းကျင်သူ လို့ ရေပန်းစားနေတဲ့ သူ၏လက်ရုံး ဗိုလ်မှူး Labienus ၏ကွပ်ကဲမှုအောက် တွင်ရှိသည့်

နဝမမြောက်စစ်တပ်ကြီးကို စစ်ချီရာတွင် ရှေ့ပြေးတပ်အဖြစ် တာဝန်ပေး အပ်ခဲ့ပါသည်….”

စသည်ဖြင့် ရေးသားမည်ဖြစ်သည်။

  • သတင်းရေးဆရာသည် မိမိကိုယ်တိုင်အတွက် ရေးသားခြင်းမဟုတ်ဘဲ အခြားသူအတွက်

ရေးသားပေးခြင်းဖြစ်သည်။ သူရဲ့ရေးသားချက်သည် စာဖတ်သူများရဲ့လိုအပ်ချက်နှင့် ကိုက်ညီ

ရမည်။ ယေဘူယျအားဖြင့် စာဖတ်ပရိသတ်ထဲမှ တစ်ဦးချင်းစီအတွက် ရည်ညွှန်း၍ ရေးသား

နေခြင်း ဖြစ်သည် ဟူသောအချက်ကို စိတ်တွင်မှတ်ထားရမည်။ အရေးအသားသည် ရိုးရှင်း၍

အများနားလည်သဘောပေါက်နိုင်စေရမည်။ ဝါကျတိုများ၊ မှန်ကန်သော စကားလုံးများကို

မျှမျှတတ အသုံးပြုကာ အလွန်အမင်းကွန့်ညွန့်တန်ဆာဆင်သော အရေးအသားမျိုးကို ရှောင်ရှားရမည်။ သတင်းအချက်အလက်များကို လျင်မြန်သော အရှိန်အဟုန်ဖြင့်တင်ပြနိုင်ရမည်။ စကားလုံးကျစ်ကျစ်လစ်လစ်ဖြင့် သတင်းအများကြီးပေးနိုင်ရမည်။ “ ဆီဇာ၏မြင်းမှာ ပင်ပန်း ချည့်နဲ့နေတယ်။ သူ၏ ဝတ်ရုံမှာလည်း ရွှံအလူးလူးနဲ့ ။ ရင်အုံမှ ချပ်ဝတ်တန်ဆာမှာလည်း သွေးအလိမ်းလိမ်း ပေကျံနေပြီ။ သူကိုယ်တိုင်လည်း မြင်းနှီးပေါ်မှာမတ်မတ်ပင်မနေနိုင်တော့ဘူး။ ပြောရရင် သရဲတစ်ကောင်နဲ့ပင် အလားသဏ္ဍာန် တူနေလေတော့သည်။ နောက်ဆုံးမှာ ဒဏ်ရာအနာတရများစွာ နှင့်ဆီဇာတစ်ယောက် တပ်ဆုတ် ပေးလိုက်ရတော့သည်……”

သော့ချက် – ကစားနည်းတစ်ခုကစားသလို တပ်သမတ်ထဲမဟုတ်သောနည်းအမျိုးမျိုးဖြင့်ရေးသားပါ။

သတင်းစာဆန်သော အရေးအသားတွင် ပုံသေကားချပ် အရေးအသားမျိုးမှ သွေဖီကာ သီးသန့်ရေးသားပုံ

နည်းစနစ်များရှိပါသည်။ အဲဒီအရေးအသားအမျိုးမျိုးကွဲပြားပေမယ့်လည်း ဘဝပုံမှန်ကိုထင်ဟပ်စေပါတယ်။

ခေတ်ဟောင်း အရေးအသားများကို အတုယူမှီငြမ်းဖို့လိုအပ်သည် ဟုမှတ်ယူထားသော သတင်းရေးဆရာ

ပေါက်စများ၏ အယူအဆမှာ မှားယွင်းနေပါသည်။ ကံကောင်းထောက်မစွာနဲ့ သတင်းစာအရေးအသားတွင်

တစ်သတ်မတ်ထဲသော ပုံစံသတ်မှတ်ထား ခြင်းမရှိပါ။ ဒါကြောင့်စာဖတ်သူတွေအတွက် တကယ် ကံကောင်းပါတယ်။ သို့မဟုတ်ပါက အကြောင်းအရာရေးသားမှု ပုံစံများမှာ တစ်ခုနှင့်တစ်ခုပုံစံတူတွေ ချည်း

ဖြစ်နေနိုင်ပြီး သတင်းစာဖတ်သူတွေအဖို့ အလွန်ငြီးငွေ့ဖွယ်ရာ ကောင်းသွားပေလိမ့်မည်။ သတင်းရေးဆရာ

တစ်ဦးချင်းစိ၌ ကိုယ်ပိုင်ရေးဟန် ရှိရန်လိုအပ်ပြီး ၎င်းအရေးအသားကလည်း တစ်ဦးတည်းမူပိုင် ဖြစ်နေရမည်။ ထိုကဲ့သို့ မူပိုင်ရေးသားဟန် ရရှိလာဖို့အတွက် နေ့စဉ်မပြတ် အကြောင်းအရာတစ်ခုခုကို ရေးသားနေဖို့ လိုအပ်ပါသည်။

ရုပ်ပုံများ၊ အသံများနှင့် အနံ့စသည် တို့ကိုတကယ်ခံစားမိလာအောင် တခြားသူများ၏ တင်ပြပုံ အရေးအသား နှင့်မတူဘဲ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် မူကွဲထွက်အောင် လေ့ကျင့်ရေးသားရမည်။

ပြေပြစ်မှုရှိတဲ့ရေးသားပုံ များကိုအသုံးပြုပြီး ကစားနည်းတစ်ခုကစားနေသလိုပုံသေကားချပ်မဟုတ်ဘဲ အတွေးစိတ်ကူးများ၊ စကားလုံးများ၊ ရုပ်ပုံများကို အချိုးကျကျ ပြောင်းလဲအသုံးပြုခြင်းဖြင့် သတင်းစာဆရာတစ်ဦးသည်စာရေးသားခြင်းကို သင်ယူတတ်မြောက်သွားပါလိမ့်မည်။

စကားလုံးအသုံးအနှုန်းများကို ကျွမ်းကျင်လိမ္မာ စွာသုံးနှုန်းတတ်ခြင်း

  • လျော်ကန်မှုရှိသော အဓိပ္ပါယ်ဆင်တူသည့် စကားလုံးအသုံးအနှုန်းများကို ရှာဖွေအသုံးပြုပါ။ မိမိ၏

အတွေးစိတ်ကူးများကို လွှတ်ပေးထားပြီး ထိရောက်သော ခိုင်းနှိုင်းမှုပြုနိုင်သည့် အချက်များကို ရှာဖွေပါ။

ရေးသားမည့် အကြောင်းအရာကို ပို၍ပေါ်လွင်စေရန် ပုံဆောင်ခိုင်းန်ှိုင်း၍ ရေးဖွဲ့ရမည်။ ဥပမာ။ ။ ရောမစစ်တပ်ကြီး ချီတက်လာနေပြီလား။ လန်ဒန်မြို့၏ လမ်းမကြီးပေါ်မှ စစ်တပ်ကြီးချီတက်လာပုံကို

မည်ကဲ့သို့ ခိုင်နှိုင်းရေးဖွဲ့ရမလဲလို့ စဉ်းစားလိုက်ချိန် ရုတ်တရက်ဝင်လာသည့် အတွေးမှာ “ဆီဇာ၏

စစ်တပ်ကြီးမှာ စီတန်းသွားလာနေသော ခူကောင်တန်းကြီးအလား လန်ဒန်မြို့၏ လမ်းမကြီးပေါ်တွင်

ချီတက်လာ နေကြချေပြီ…”  ဟူ၍ ထပ်တူပြုခိုင်းနှိုင်းထားသော အရေးအသားမျိုး ဖြစ်သည်။

  • လက်ဆုပ်လက်ကိုင်ချပြ၍မရသောအတွေးအခေါ်များကို ကိုယ်ပိုင်ပုံစံဖြင့် ရေးသားလိုက်ပါ။ ဆီဇာ့အကြောင်းခြေရာကောက်ကြည့်လိုက်သည့်အခါ “အမျက်ဒေါသ ထွက်နေသော လူထု” ၏မနှစ်မြို့သောမျက်လုံးများအောက်မှာ တရားရုံးတော်ဘက်မှလည်း ဤရာဇဝတ်မှုကို ဆက်လက်ကြားနာနေပါတယ်”

ဆိုသော အရေးအသားမျိုးဖြစ်သည်။ သို့ရာတွင် အယ်ဒီတာအာဘော်လိုကဏ္ဍမျိုးမှာ နှိုင်းယှဉ်စကားလုံးများကို အဓိပ္ပါယ်ကောက်လွဲစေနိုင်တဲ့အတွက် အလွန်အကျွံမသုံးမိဖို့တော့ သတိချပ်ရပေမည်။

  • အသုံးအနှုန်းအသစ်ကို ဖန်တီးရေးသားပါ။ တစ်ဦးဆိုင်နာမ်များကို အများဆိုင်နာမ်များအဖြစ်ပြောင်းလဲသုံးနှုန်းရမည်။ဥပမာ “ယနေ့မှစ၍ဂရိတ်ဗြိတိန်နိုင်ငံတွင်သူရဲကောင်းမှန်သမျှကို ” ဗရိတားနိ(ခ်)” နှင့်တင်စား

သုံးနှုန်းပြီးမာနထောင်လွှားမာန်တက်နေသူ မှန်သမျှကို ” ဆီဇာ” ဟု ခိုင်းနှိုင်း သုံးနှုန်းပါလိမ့်မည်”

  • စကားလုံးအနုအလှဖြင့် မိမိရေးသားချက်ကိုပုံဖော်ပါ။ စကားလုံး အနည်းငယ်ကိုသာ သုံး၍ အကြောင်းအရာပို၍ ပေါ်လွင်အောင် သုံးနှုန်းရမည်။ ဥပမာ “ဆီဇာရဲ့အနေအထားသည် ဧကရာဇ်ပုံစံတော့မဟုတ်ပေ…” ဟူ၍ရေးသားခြင်းမျိုးဖြစ်သည်။
  • အလှောင်အပြောင်သဘောကို လိုအပ်သလိုလှည့်ကွက်ထား၍သုံးနှုန်းပါ။ “ဒီရောမ လူမျိုးတွေတော့ သူတို့ရဲ့ထက်မြက်သော စစ်တပ်ကြီးကို ကြိမ်ဖန်များစွာ ခိုင်းနေဦးမယ်ဆိုရင် ပင်လယ်ကြီးထဲမှာပဲ လှလှပပကြီးကိုအဆုံးသတ်ကိန်း ကြုံရတော့မှာပဲ…” ဟူသော အရေးအသားဖြစ်သည်။

စကားလုံးအထားအသို ကျွမ်းကျွမ်းကျင်ကျင်ဖြင့်ရေသားပါ။

  • စကားလုံးအမြောက်အမြားကို သုံးနှုန်းပေးပါ။ မိမိအရေးအသားကို တမ်ပိုမြင့်ပေးနိုင်မည့် စကားလုံးများ“တာ့တာပဲဟေ့ နွားလေးတွေ၊ ဝက်တွေ၊ အရိုင်းအစိုင်းဗြိတိသျှ ကောင်တွေ” စသော အသုံးအနှုန်းများကိုအသုံးပြုရေးသားရမည်။ အဲဒီအကြိုစာလုံးတွေမှတဆင့် စာဖတ်နေရင်းနဲ့စိတ်လှုပ်ရှားမှုလည်း ခံစားစေနိုင်သည်။
  • စကားလုံးများကို အဓိပ္ပါယ်လေးနက်စေရန် သုံးနှုန်းပေးပါ။ မိမိရေးသားသည့်စာကို စည်းဝါး ကျနမှုရှိအောင်စာကြောင်းတစ်ကြောင်း၏ နောက်ဆုံးပိတ် စကားလုံးကို နောက်စာကြောင်း၏ အစ၌သုံးပေးရမည်။ ဥပမာ“စစ်သားတစ်ယောက် ကြက်ခြံထဲမှာ ရောက်နေခဲ့ပါသည်။ အဲဒိကြက်ခြံဟာလည်း တိတ်တဆိတ်ငြိမ်သက်လျှက် ရှိနေပါသည်” သို့မဟုတ် တူညီသော စကားလုံးတစ်လုံးထဲကို စာကြောင်း၏ အစ၌သော်လည်းကောင်း၊ အလယ်၌လည်းကောင်း ထပ်ခါထပ်ခါသုံးပေးခြင်း ဖြင့်လည်း ရေးသားသည့်စာကိုစည်းဝါးကျစေပါသည်။ ဥပမာ “စစ်သားတစ်ယောက် ကြက်ခြံထဲ မှာရှိနေခဲ့ပါသည်။ ထိုစစ်သားလေးမှာအလွန်ဆာလောင်မွတ် သိပ်နေရှာပါသည်” ဤအသုံးအနှုန်းမျိုးကို အယ်ဒီတာ့အာဘော် ရေးသားမှုတွင်လည်း ထည့်သွင်းအသုံးပြုနိုင်ပါသည်။ ဥပမာ “ဗြိတိသျှတွေ ကျဉ်းထဲကျပ်ထဲ ရောက်နေ သောကြောင့်၊ဆီဇာကလည်း အရာရာအဆင်ပြေလိမ့် မည်ဟု တွေးထင်နေသောကြောင့်၊ နိုင်ငံသား အခွင့်အရေးတွေချိုးဖောက်ခံနေရခြင်းကြောင့်”
  • ကြေးမုံပြင်ကဲ့သို့သော တန်ပြန်သက်ရောက်မှုဖြစ်ထွန်းစေမည့် အရေးအသားကို သုံးပါ။ မိမိရေးသားထားသည့် အထဲမှ အဆုံးသတ်စာကြောင်းမှာ နောက်မိမိအစချီရေးသားမည့် အကြောင်းအရာနှင့်ဆက်စပ်ပေးနိုင်စေရမည်။ “သူ၏ စီးတော်မြင်းမှာ ခွေယိုင်ချည့်နဲ့နေလေပြီ… သူ၏စီးတော်မြင်းသေဆုံးသွားလေပြီ” သို့မဟုတ် မိမိ၏စာအဆုံးသတ် ပိုမိုပေါ်လွင်သွားစေရန် “မနေ့ကအထိသူရဲ့စီးတော်မြင်းဟာ သူ၏ ထည်ဝါသော ဂုဏ်သရေကို ဆောင်ကျဉ်းပေးသည့် ကိုယ်စားပြု ပြယုဂ် ဖြစ်ခဲ့သော်လည်း ယနေ့တွင်တော့ အားအင်ချည့်နဲ့၊ ဒဏ်ရာအနာတရများစွာဖြင့် သေပွဲဝင်ခဲ့ရသော ကြောင့်တကယ်ပဲ သူ၏ကျဆုံးခန်းကို ကိုယ်စားပြုနေတော့လေသည်”
  • သာမန်ရေးသားပုံမှ ခွဲထွက်သော တင်ပြမှုပုံစံဖြင့် စာဖတ်ပရိသတ်များကို အံ့အားသင့်စေသည့် အရေးအသားကိုသုံးပါ။ ဝါကျတည်ဆောက်မှုမှာ အဖြတ်အတောက်တွေကိုသုံးပါ။ “ဆီဇာရဲ့နှာခေါင်းဒီထက်ပိုပြီးချွန်ခဲ့ရင်တွေရဲ့ အနေအထားပြောင်းလဲသွားနိုင်တယ်။”

ကာရံကိုက်ညီမှုရှိသော စကားလုံးများကို သုံးပေးပါ။

  • ပြေပြစ်အချိုးကျသောစကားလုံးများကို ကာရံနဘေလိုက်ပြီး သုံးနှုန်းရမည်။ ဥပမာ “ဗြိတိသျှ တွေဟာဆင်းဆင်းရဲရဲ နေနိုင်ကြသော်လည်း ဂုဏ်ထူးအရှိန်အဝါ မရှိဘဲနေရသော ဘ၀ အခြေအနေမျိုးကိုတော့ဘယ်သောအခါမှ လက်ခံလိမ့်မည်မဟုတ်ပါ”
  • ကဗျာဆန်သော စာအရေးအသားမျိုးကို အနည်းငယ်ထည့်သွင်း သုံးနှုန်းရမည်။ ကာရန်နဘေထပ်သောအသံတစ်သံထဲကိုပဲသုံးစွဲပေးပါ။ သရများကိုထပ်ခါထပ်ခါသုံးစွဲပေးပါ။ (နီး ၊ ထီး ၊ စီး၊…) စသည်ဖြင့်။
  • အရပ်ထဲတွင် ပြောသောဟန်ကိုယူ၍လည်း တခါတရံသုံးနှုန်းတတ်ရမည်။ အေးဆေးပဲလား ၊ တကယ်လန်းတယ် ၊ ကိုဝိုင်း (ပိုက်ဆံ) ရှိလား စသည်ဖြင့်။

ဆောင်ပါးကောင်းတစ်ပုဒ်သည် စာရေးသူကိုရော စာဖတ်သူတို့ကိုပါ ကြည်နူးမှု ရသပေးစွမ်းနိုင်ပါသည်။