Menu

18.၁၈။ အကောင်းမွန်ဆုံးသော အရေးအသား

သတင်းရေးသားခြင်းတွင်ပါဝင်သောအကြောင်းအရာများဟာ အမြဲတမ်းပြည့်စုံမှုရှိရပါမယ်။ အဲဒါကြောင့်
စာတွေကို ပိုပြီးပြည့်စုံတိကျကောင်းမွန်စေဖို့၊ စိတ်ဝင်စားစရာကောင်းဖို့ အမြဲတမ်းတစ်ခုမဟုတ် တစ်ခု
လုပ်ကြရပါတယ်။ နည်းနည်းပါးပါးနဲ့ မတင်းတိမ်မကျေနပ်နိုင်တဲ့ သတင်းထောက် တစ်ယောက်အဖို့
မိမိအရေးအသားမှာထပ်ဖြည့်ဖို့ ၊ တန်ဆာဆင်ဖို့ဆ်ုိတာလည်းစိုးရိမ်ပူပန်မှုတစ်ခုပါပဲ။ အကြောင်းအရာ အချက်အလက်ကြွယ်၀ခြင်းဟာအချိန်ဆိုတဲ့ ဖိအားကြီးရှိနေသည့် နောက်ဆုံးအချိန်အထိ ဖြစ်နေနိုင် ပါသေးတယ်။

နောက်ဆုံးမိနစ်တိုင်အောင် ဖြည့်စွက်ပြင်ဆင်ချက်များ

  • တစ်စုံတစ်ဦး၏ အမည်နာမကို ထည့်သွင်းဖော်ပြရာတွင် အမည်တူလွဲမှားမှုများ မရှိစေရန်အတွက် ထိုသူ၏မျိုးရိုးအမည်ကိုပါထည့်သွင်း၍ဖော်ပြရမည်။ “ Jules César”
  • အများပြည်သူရွေးကောက်တင်မြှောက်ထားသော ပုဂ္ဂိုလ်တစ်ဦး၏ အမည်ကို ထည့်သွင်းဖော်ပြသည့် အခါတွင် ထိုပုဂ္ဂိုလ်၏ ရာထူးနှင့်တကွ နိုင်ငံရေးပါတီ အစရှိသည့် အချက်အလက်များ ကိုပါထည့်သွင်းဖော်ပြပေးရပါမည်။ “Sicile (စီဆီး)မှ လက်ဝဲလွှတ်တော်အမတ် Marcus Cicerone”
  • လူစိမ်းတစ်ဦး၏ အမည်ကို ပထမဆုံး အကြိမ်အဖြစ် ထည့်သွင်းဖော်ပြမည်ဆိုပါက ထိုသူ၏ အသက်နှင့် အလုပ်အကိုင်ကိုင်ကိုတော့ အနည်းဆုံးထည့်သွင်းရေးသားပေးရမည်။ “Marcus Vitruve၊ အသက်လေးဆယ်၊ စစ်ဘက်အင်ဂျင်နီယာ”
  • အတိုကောက်စာလုံးတစ်လုံးကို ပထမဦးဆုံး အကြိမ်အဖြစ် အသုံးပြုမည်ဆိုလျှင် မသိရှိသေးသော စာဖက်သူများအတွက် ငဲ့ကွက်သောအားဖြင့် သက်ဆိုင်ရာ အရှည်ကောက် အဓိပ္ပာယ်ကိုပါ ထည့်သွင်းဖော်ပြပေးရပါမည်။ “SPQR- Senatus Populus Que Romanus (လွှတ်တော် နှင့်ရောမနိုင်ငံသားများရဲ့ ကိုယ်စား)”
  • မိမိရေးသားလိုက်သည့် အကြောင်းအရာသည် အရင်အတိတ်ကာလမှ အကြောင်းအရာဖြစ်ရပ်များ နှင့်ဆက်နွယ်နေပါက သက်ကြီးပိုင်းစာဖတ်သူများအနေနဲ့ ၎င်းဖြစ်ရပ်အား ပြန်လည် အမှတ်ရစေဖို့ရန်နှင့် သက်ငယ်ပိုင်း စာဖတ်သူအနေနဲ့လည်း ၎င်းဖြစ်ရပ်အား ပိုမို၍ သိရှိနားလည် စေဖို့ရန် ရည်ရွယ်၍ စာမျက်နှာ၏အောက်ခြေ၌ ၎င်းအကြောင်းအရာနှင့်ပတ်သက်သည့် ရှင်းလင်းချက်များ ကိုထည့်သွင်းဖော်ပြ ပေးရပါမည်။ (၁) “ခရစ်နှစ်အတိုင်မီ ဘီစီ ၁၀၀၊ ရောမမြို့၌ မွေးဖွားခဲ့ပြီး ၄၄ တွင် လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသော ဗိုလ်ချုပ်ဂျူးလီယက်ဆီဇာ”

မှန်ကန်သည့်နည်းလမ်း

ဒီထက်ပို၍ ကောင်းမွန်အောင် ကျွန်ပ်ဘာလုပ်နိုင်မလဲ” “ ဒီထက်ပို၍ ကောင်း မွန်အောင်ကျွန်ုပ်တို့တတွေ ဘာလုပ်နိုင်မလဲ” “ ဒီထက်ပို၍ကောင်းမွန်အောင် သင့်အနေနဲ့ ကောဘာလုပ်နိုင်မလဲဆိုသည့်မေးခွန်းများကို  မိမိကိုမိမိ မေးနိုင်သလို ရုံးအစည်းအဝေးများ ၊ သတင်းရေးသားခြင်းဆိုင်ရာ အစည်းအဝေးပွဲတွေမှာလည်း မေးမြန်းနိုင်ပါသည်။ ထိုသို့မေးမြန်းရခြင်းမှာလည်း ရေးသားကြမည့်

မျက်မှောက်ရေးရာသတင်း အဖြာဖြာတို့ကို ဖြစ်နိုင်ချေနည်းလမ်း (၄)မျိုးဖြစ်ကြသည့် ပြောင်းပြန်ရှုထောင့်

မှရေးသားနည်း၊ မတူညီသည့်ဖြစ်စဉ်နှစ်ခုကို တွဲဖက်ဖော်ပြ ရေးသားနည်း၊ ဆန့်ကျင်ဘက် ရှုထောင့်မှ

ရေးသားနည်း၊ အားဖြည့်ရေးသားနည်း အစရှိသည့်နည်းလမ်း(၄)မျိုးထဲမှ ဘယ်နည်းနဲ့ရေးသားလျှင်

အကောင်းဆုံး ဖြစ်နိုင်မလဲ ဆိုသည့် အဖြေကို ရှာကြည့်ခြင်းပင်ဖြစ်သည်။

ပြောင်းပြန်ရှထောင့်မှ ချဉ်းကပ်ရေးသားနည်း – ဤရေးသားနည်းသည် တန်ပြန်သက်ရောက်မှုကို ဖန်တီးယူခြင်း

တစ်နည်းအားဖြင့် ရေးသားမည့်အဓိကအကြောင်းအရာကို ဆန့်ကျင်ဘက်ရှထောင့်မှ ချဉ်းကပ်၍

ဖြည့်စွက်တင်ပြရေးသားခြင်းမျိုးဖြစ်သည်။ ဥပမာ- ကျွန်ုပ်အဓိကရေးသားတင်ပြမည်မှာ ဆီဇာ၏

အံ့မခန်းစစ်တပ်ကြီး အကြောင်းပါ။ သို့သော် ပြောင်းပြန်ရှုထောင့်အနေနဲ့ ရက်စက်ကြမ်း ကြုတ်သူတစ်ဦး၏

လက်အောက်၌ တင်းကျပ်လွန်းသော စည်းကမ်းများအကြား ဆင်းရဲဒုက္ခများစွာ ကြုံတွေ့နေရသော

ခြေလျင်စစ်သားလေးတစ်ဦး၏ အကြောင်းကိုပါ ထည့်သွင်းရေးသားခြင်းမျိုးကို ဆိုလိုပါသည်။

မတူညီသည့်ဖြစ်စဉ်နှစ်ခုကိုတွဲဖက်ဖော်ပြရေးသားနည်း – ဤရေးသားနည်းသည် ဒုတိယအဖြည့်ခံ အကြောင်းအရာ၏ အကျိုးသက်ရောက်မှုကို ဖန်တီးယူသော ဟန်ဖြင့် တင်ပြခြင်းမျိုးဖြစ် သည်။

ဆိုလိုသည်မှာ အဓိကရေးသားမည့် အကြောင်းအရာနဲ့ အနည်းငယ်အသွင်ကွဲပြားသည့် အဖြည့်ခံ

အကြောင်းအရာတို့ကို ယှဉ်တွဲဖော်ပြရေးသားခြင်းဖြစ်သည်။ ဥပမာ- ကျွနိုပ်အဓိက ရေးသားတင်ပြမည့်

အကြောင်းမှာ ဆီဇာ၏ စစ်ဆင်ရေးလုပ်ငန်းစဉ်များမှာ ကြုံတွေ့ရသော အခက်အခဲများအကြောင်းပင် ဖြစ်သည်။ သို့သော် အသွင်ကွဲပြားသည့် အကြောင်းအရာနှစ်ခုကို တွဲဖက် ဖော်ပြသော ရေးသားနည်းအရ ဂေါနိုင်ငံမှ ဆီဇာ၏ စစ်ဆင်ရေးအောင်မြင်မှုတွေအကြောင်းကို ရောမမြို့သို့ သွားရောက် သတင်းပို့ပေးရသည့် အမည်မဖော်လိုသော စာပေးပို့ရသူ စစ်သားတစ်ဦးနှင့် မေးမြန်းတွေ့ဆုံခန်း အကြောင်းကို ယှဉ်တွဲ၍ထည့်သွင်းဖော်ပြခြင်းမျိုးဖြစ်သည်။

ဆန့်ကျင်ဘက်ရှုထောင့်မှ ချဉ်းကပ်ရေးသားနည်း- ဤရေးသားနည်းသည် အကြောင်း အရာ တစ်ခုအပေါ်

မတူညီသော ဆန့်ကျင်ဘက် ရှထောင့်မှနေ၍ တင်ပြခြင်းမျိုး ဖြစ်ပါသည်။ ဆိုလို သည်မှာ မတူညီကွဲပြားသည့် သတင်းစုံစမ်းတင်ပြချက်နှစ်ခု၊ ဆန့်ကျင်ဘက်ဖြစ်နေသည့် ပြန်လည် ပြောကြားချက်နှစ်ခု၊ ဥပမာနှစ်ခု အစရှိသည်တို့ဖြစ်ပါသည်။ ဥပမာ- ကျွနိုပ်အနေ နဲ့ဆီဇာ၏ ကျွန်ရောင်းဝယ်မှုကိစ္စနှင့် စပ်လျဉ်းသည့် သတင်းကို တင်ပြရေးသားချိန်တွင် အယ်ဒီတာ ဘက်မှလည်း နွမ်းပါးသော ပြည်သူလူထုအတွက် ရည်ရွယ်သော ဆီဇာ၏ ရင်းနှီးမြှပ်နှံမှု လုပ်ငန်း စဉ်အကြောင်းကို ထည့်သွင်းဖော်ပြရေးသားခြင်းမျိုးဖြစ်သည်။ ဒီအတွက် ကျွန်ုပ်မှာ ကန့်ကွက်စရာ မရှိပါ။ ကျွန်ုပ်တို့၏ စာဖတ်ပရိသတ်ကြီးသာလျှင် ကျွန်ုပ်တို့၏ ဟီးရိုးဖြစ်သူ ဆီဇာ၏ ကွဲပြားသော ဆန့်ကျင်ဘက်လုပ်ရပ်နှစ်ရပ် ဖြစ်သည့် အများအကျိုးဖြစ်ထွန်းစေမည့် အပြုသဘောဆောင်သော လုပ်ရပ်နှင့်ဆိုးညစ်သော လုပ်ရပ်တို့ကို ဒွန်တွဲတွေ့မြင်ဖတ်ရှုကြရမည်ဖြစ်ပြီး ဝေဖန်သုံးသပ်ကြရ ဖြစ်သည်။

အားဖြည့်ရေးသားနည်း – ဤရေးသားနည်းသည် အချက်အလက် ခိုင်ခိုင်မာမာဖြင့် အားဖြည့်ရေး သားခြင်း

တစ်နည်းအားဖြင့် အဓိကအကြောင်းအရာကို တခြားသော အဖြည့်ခံ အချက်အလက် ပေါင်းများစွာဖြင့်

ထပ်လောင်း၍ ဖြည့်စွက်ရေးသားခြင်းမျိုးဖြစ်သည်။ ဥပမာ- ကျွန်ုပ်အဓိကထား ရေးသားမည့် ဆီဇာ၏

စစ်ဆင်ရေးအတွက် ဘဏ္ဍာရေးအထောက်အပံ့ ကိစ္စရပ်အကြောင်း စုံစမ်းတင်ပြမှုတွင် ဖြည့်စွက်အချက်အလက် (၃) ချက်ကို ထည့်သွင်း၍ အားဖြည့် ရေးသားတင်ပြခြင်းမျိုး ဖြစ်သည်။ အားဖြည့်ထားသည့် အချက် (၃)ချက်မှာ ဘဏ်သူဌေး Crassus နှင့်အသေးစားမေးမြန်းတွေ့ဆုံခန်း၊ ပြီးခဲ့တဲ့အပတ်ထဲမှာ ကျွန်ဈေးကွက်ထဲသို့ ကိုယ်တိုင် သွားရောက်ခဲ့သည့် ဆီဇာ့ အကြောင်း၊ လွန်ခဲ့သော (၅) နှစ်အတွင်း ဆီဇာ၏ဝင်ငွေ၊ ဆီဇာအား လမ်းညွှန်ပြသပေးသူ Pompee ၏ဝင်ငွေ၊ ဆီဇာအား ကျောထောက်နောက်ခံ ဘဏ္ဍာရေး အထောက်အပံ့ ပေးနေသော Crassus ၏ ဝင်ငွေ အသီးသီးတို့၏ ပြောင်းလဲလာမှုကိုဖော်ညွှန်းသော ဂရပ်ဖစ် ဇယား တို့ဖြစ်ကြသည်။

စိတ်ညစ်ညူးဖွယ်ရာကောင်းသော အဖြစ်အပျက်သတင်းတစ်ပုဒ်အတွက် ကုထုံးဖြေဆေးနည်းလမ်း

သတင်းရေးဆရာတစ်ဦးသည် စိတ်မချမ်းမြေ့ဖွယ်ရာ သတင်းတစ်ပုဒ်ကိုတင်ပြရေးသားရသည့် အခါမျိုးတွင် အဲဒါကို ကုစားနိုင်သည့် ကုထုံးနည်းလမ်းကောင်းတစ်ခုရှိထားရန် လိုအပ်ပါသည်။ အထိရောက်ဆုံးသော နည်းလမ်းမှာ ဝမ်းနည်းစရာအကြောင်း ရေးသားထားသည့် စာမျက်နှာများတွင် ရယ်မောဖွယ်ရာ အကြောင်းအရာ တစ်ခုခုကိုထည့်သွင်းရေးသားခြင်းဖြစ်ပါသည်။ ထိုပျော်ရွှင်ဖွယ် အကြောင်းအရာကို ကာတွန်း၊ ဟာသဆောင်းပါအတို၊ အင်တာဗျူး အသေးစား စသည့် မူလ အကြောင်းအရာမှကွဲထွက်သော ပုံစံအမျိုးမျိုးဖြင့် တင်ပြနိုင်ပြီး အဓိကအရေးကြီးသည်မှာ စာဖတ်ပရိသတ်အား စိတ်အပန်းဖြေစေရုံမက ရယ်မောခြင်းရသကိုပါ ပေးစွမ်းနိုင်စေဖို့ရန် ဖြစ်ပါသည်။ ဥပမာ- စိတ်ပျက်ဖွယ်ရာ

စီးပွားရေး အခက်အခဲများကြားမှ ဘဝကိုပျော်ရွှင်ဖွယ်ရာ ဖြစ်အောင် ဖြတ်သန်းနေထိုင်တတ်တဲ့

ကုန်စုံဆိုင်ပိုင်ရှင်ငယ်လေး တစ်ဦးအကြောင်း၊ ဒုက္ခဘုံ အလယ်မှ အကောင်းမြင်ဝါဒီသမား တစ်ဦးနှင့်

မေးမြန်းတွေ့ဆုံခန်းနှင့် ဆီဇာနှင့် တွေ့ဆုံမေးမြန်းခန်း ခေါင်းစဉ်အောက်တွင် ” Artefix” ၏ သရော်

ရုပ်ပြောင်ကာတွန်းပုံ စသည်တို့ကို ထည့်သွင်း ဖော်ပြခြင်း မျိုးဖြစ်သည်။

သတ်မှတ်ထားသော ဘောင်ထဲမှ ခွဲထွက်ရဲသော သတ္တိရှိရမည်။

စာဖတ်ပရိတ်သတ်အသစ်တွေကို ဆွဲဆောင်နိုင်ရမည်။ မိမိဂျာနယ်ကို ဖတ်ရှုသောစာဖတ်ပရိသတ်တွေ၏  အကြိုက်ကို ကောင်းကောင်းသိထားလျှင် သူ့ရဲ့အားနည်းချက်များကိုရှာဖွေတွေ့ရှိနိုင်ပါသည်။ ၎င်းအချက်ကိုတွေ့ရှိသည်နှင့်တစ်ပြိုင်နက် ကဏ္ဍအသစ်များကို ဖန်တီးဖြည့်စွက်ထည့်သွင်းဖော်ပြခြင်းဖြင့် စာဖတ်ပရိတ်သတ်အသစ်များ တိုးပွားလာစေနိုင်ပါသည်။ ဥပမာ- ပြည်ထဲရေးမူဝါဒရေးရာ စာမျက်နှာများတွင် Virgile ရေးသားသော” ကဗျာအတွေးစများ” အပိုင်းကဏ္ဍကို ထည့်သွင်းဖော်ပြချိန်မှစ၍ ကျွန်ုပ်၏ ရောမနိုင်ငံရေး သတင်းစာစောင်မှာ ရောင်းအားမြင့်တက်ခဲ့ပါသည်။ ဒေသခံဘာသာ စကားဖြင့် ထုတ်ဝေသော ကျွန်ုပ်၏ သတင်းစာမှာ ဂေါ်(လ်) နိုင်ငံတွင်ပင် ဝယ်ယူဖတ်ရှုသူများပြားခဲ့ပါသည်။