Menu

02.၂။ သတင်းရေးသားခြင်းဆိုင်ရာဆွေးနွေးမှုများ

သတင်းစာတစ်စောင်ဟာ စုပေါင်းအလုပ်တစ်ခု၏ ရလဒ်တစ်ခုပင်ဖြစ်ပါတယ်။သတင်းရေးသားခြင်းဆိုင်ရာ
အစည်းအဝေးဆိုသည်မှာ သတင်းထောက်များစုဝေး၍ ၎င်းတို့ရေးသားထားသော သတင်းဆောင်းပါးများ အပေါ် ဆွေးနွေးညှိနှိုင်းကြခြင်းဖြစ်ပါတယ်။ ဤဆွေးနွေးမှုတွင် ရည်ရွယ်ချက်သုံးရပ် ဆက်တိုက်ပါ ရှိပါတယ်။သတင်းစာတွင်ပါဝင်မည့် အကြောင်းအရာများကို ကြိုတင်ရွေးချယ်ခြင်း ၊ ထည့်သွင်းရေးသားမည့် အချက်အလက်များကို စနစ်တကျစီစဉ်ခြင်း နှင့် ၎င်းအချက်အလက်များ ပိုမ်ိုကောင်းမွန်လာစေရန် သရုပ်ခွဲ စီစစ်ခြင်း တို့ဖြစ်ပါတယ်။ ထို့ကြောင့်သတင်းရေးသားခြင်းဆိုင်ရာ ဆွေးနွေးမှုသည် မည်သည့် သတင်းစာ အမျုိးအစားအတွက်ဖြစ်ဖြစ် ၊ မည်သည့်ပုံနှိပ်ထုတ်ဝေမှု စံနှုန်းပဲဖြစ်ဖြစ် သင့်လျော်သော ဆွေးနွေးမှု တစ်ခုဖြစ်ပါတယ်။

သတင်းရေးသားခြင်းဆိုင်ရာ အစည်းအဝေးအမျုိးအစား(၃)မျုိးရှိသည်။

၁။ ပထမတစ်ခုကသတင်းအချက်လက်များကို ထည့်သွင်းခြင်းဆိုင်ရာကို ကြိုတင်ရွေးချယ်ထားခြင်း ဖြစ်ပါတယ်။ နေ့စဥ်သတင်းဆောင်းပါးရေးသူများသည် နေ့လယ်တိုင်းစုဝေးပြီး နောက်နေ့ထွက်ရှိမည့် သတင်းစာမှာထည့်သွင်းမည့် အချက်အလက်အကြောင်းအရာနှင့် စပ်လျဉ်း၍ဆွေးနွေးညှိနိုင်း ဆုံးဖြတ်ကြသည်။ စာမျက်နှာတစ်မျက်နှာချင်းစီအတွက် ဆောင်းပါးဘယ်နှစ်ခုထည့်မလဲ ၊ ဘယ်လိုဆောင်းပါးမျိုးလဲ ၊ ဆောင်းပါးတွေရဲ့အတိုင်းအတာတွေ ၊ ဦးစားပေးအစီအစဥ်အလိုက် သတင်းများကိုခွဲခြားထားမှုနှင့်ရုပ်ပုံများထည့်သွင်းဖော်ပြခြင်းစတာတွေအတွက် ကြိုတင်စာရင်း တစ်ခုပြုလုပ်ကြရမည် ။ ဥပမာ – ကော်လန်(၆)ခုပါစာမျက်နှာတစ်မျက်နှာအတွက် ကြိုတင်လျာထားသည့်စာရင်းမှာ X၏သတင်း အစီရင်ခံစာ တစ်ခုအတွက်ကော်လံ(၃)ခု ၊ အချေအတင်ပြောဆိုဆွေးနွေးခန်းများမှ ကောက်နုတ်ချက်များ + Y၏ဝေဖန်သုံးသပ်ချက်အတွက် ကော်လံ(၂)ခု၊ သတင်းအတိုအထွာများ အတွက်ကော်လံ(၁) ခု

၂။ ဒုတိယတစ်ခုက ထည့်သွင်းမည့်သတင်းအချက်အလက်များ စီစဥ်ခြင်းအတွက်ဖြစ်ပါတယ်။

နေ့စဉ်သတင်းဆောင်းပါးရေးသားသူများသည် မနက်တိုင်းစုဝေး၍ နောက်နေ့ထွက်ရှိမည့်သတင်းစာပါ

အကြောင်းအရာတွေကို ကြိုတင်စီစဉ်ကြရသည် ။ တစ်ဦးချင်းစီအတွက် မိမိတို့လုပ်ဆောင်ရမည့် တာဝန်များကိုခွဲဝေ၍ ထည့်သွင်းမည့် အကြမ်းမျဉ်းအချက်အလက်စာရင်း မှ အပြီးသတ်စာရင်း အထိ (ဆောင်းပါးစာရင်း၊ဆောင်းပါးအမျိုးအစား ၊ဆောင်းပါးရှင်များ၏ အမည်များ၊ ဆောင်းပါး တစ်ပုဒ်ချင်းစီအတွက် သတ်မှတ်ထားသောအတိုင်းအတာ) စသည်ဖြင့် စာရင်းပြုစုရပါမယ်။

ဥပမာ – ကော်လံ(၆)ခုပါစာမျက်နှာ တစ်မျက်နှာအတွက် အပြီးသတ်စာရင်းမှာ X…..၏သတင်း အစီရင်ခံစာ တစ်ခုအတွက် (၂)ကော်လံနဲ့ နောက်ကော်လံရဲ့လေးပုံတစ်ပုံ + ဓာတ်ပုံအတွက်ကျန်ကော်လံ၏လေးပုံသုံးပုံ ) ၊ အချေအတင်ပြောဆိုဆွေးနွေးခန်းမှ ကောက်နှုတ်ချက်အတွက် (ကော်လံ ၁ ခုနဲ့တစ်ဝက် ) + Y ၏ ဝေဖန် သုံးသပ်ချက် အတွက် ( ကျန်ကော်လံတစ်ဝက် ) ၊ သတင်းအတိုအထွာ လေးခု – တရားရေးဆိုင်ရာ ၊ မူခင်းဆိုင်ရာ ၊ ဘတ်ဂျက်ပိုင်းဆိုင်ရာ ၊ အမှားပြင်ဆင်မူဆိုင်ရာ ( ကော်လံ၁ခု)။

၃။ တတိယတစ်ခုကတော့ ထည့်သွင်းမည့်သတင်းအချက်အလက်များနှင့် စပ်လျဥ််း၍ တွေးတောစဥ်းစားနိုင်ရန်

နေ့စဥ်ဆောင်းပါးရေးသားသူ ဂျာနယ်လစ်များအနေနဲ့ ကြားအချိန်များတွင် တတ်နိုင်သမျှ

အချိန်ထုတ်၍ ပုံမှန်တွေ့ဆုံဆွေးနွေးကြရပါတယ်။ ဥပမာ-ပြီးခဲ့တဲ့လအနည်းငယ်ကထွက်ရှိခဲ့သော သတင်း

ဆောင်းပါးများအားလုံးအပေါ် ပြန်လည်ဆန်းစစ်ဝေဖန်ရေး ၊ နောက်လာမည့်သတင်းများကို မည်သို့ မည်ပုံ

အကောင်းဆုံးဖြစ်အောင်ရေးသားရေး ၊ အယ်ဒီတာ့အာဘော်အနေအထားများကို ဝိုင်းဝန်း ဆုံးဖြတ်ခြင်း

စတာတွေကို မိမိကိုယ်ကိုပြန်လည်ထောက်ရှုကြည့်မြင်ခြင်းပုံစံဖြင့် သုံးလတစ်ကြိမ် (သို့မဟုတ်)

ခြောက်လတစ်ကြိမ် တွေ့ဆုံကြရပါမယ်။ အဲဒီလိုဆိုရင်သတင်းရေးသားခြင်းဆိုင်ရာ အစည်းအဝေး တစ်ရပ်မှသည် စာနယ်ဇင်းဒါရိုက်တာ နှင့်အယ်ဒီတာချုပ်တို့၏ပူးပေါင်းပါဝင်သော တစ်နေ့တာ လုပ်ငန်း အစီအစဥ်အသီးသီးဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည့် သတင်းရေးသားခြင်းဆိုင်ရာ ကော်မတီ တစ်ခု ဖြစ်ထွန်းလာပါလိမ့်မယ်။

တစ်နေ့တာဆောင်ရွက်ရမည့်အစီအစဥ်

ဥပမာ –

(က) “အာရပ်နွေဦး” သတင်းသုံးသပ်ခြင်း

(ခ) မြို့တော်ဝန် ရွေးကောက်မူများအတွက် ကြိုတင်ပြင်ဆင်မှု

(ဂ)လာမယ့်သမ္မတရွေးကောက်ပွဲမှာ သတင်းစာဘက်မှ ပါတီတစ်ခုခုအတွက်ရပ်တည်မယ့် အနေအထား

တစ်ခုခု ယူထားသင့်လား ။

မတ်ရပ်အနေအထားဖြင့်စုဝေးခြင်း

နေ့စဥ််သတင်းစာတစ်စောင် ထုတ်လုပ်မှုဆိုသည်မှာ နာရီလက်တံလည်ပတ်ခြင်းနှင့် တပြေးညီလိုက်၍

လှုပ်ရှားနေရသကဲ့သို့ ဖြစ်ပါတယ်။ တစ်ရက်ကြိုပြင်ဆင်ထားသော သတင်းအချက်အလက် များ အပြီးသတ်

အစီအစဉ်တကျထည့်သွင်းဖို့ရာအတွက် သတင်းရေးသားခြင်းဆိုင်ရာအစည်းအဝေး ပြုလုပ်နေစဉ် အတွင်း

သတင်းစာဆရာများ မှာ အချိန်ကုန်သက်သာစေရေးအတွက် မတ်တပ်ရပ် အနေအထား ဖြင့်သာ အစည်းအဝေးပြုလုပ်ကြပါတယ်။ ဘာကြောင့်မတ်တတ်ရပ်ကြတာလဲ။ အကြောင်းရင်းကတော့ ဒေါင်လိုက် အနေအထားဟာ အစည်းအဝေးကြာကြာပြုလုပ်နိုင်ဖို့ ဖြစ်နိုင်ချေနည်းတဲ့ အသေချာဆုံးနည်းလမ်း တစ်ခု ဖြစ်နေလို့ပါပဲ။

ထိုင်လျက်အနေအထားဖြင့်စုဝေးခြင်း

ဆွေးနွေးဖို့အချိန်ရရင်တော့ ကျွန်တော်တို့အနေနဲ့ ထိုင်ပြီးတော့ အစည်းအဝေး ပြုလုပ်နိုင် ပါတယ်။

နောက်လာမယ့်ရက်များ(သို့မဟုတ်)နောက်လာမယ့်အပါတ်အတွက် ရည်ရွယ်သော ကြိုတင်ရေးသားမှုများ

အတွက် အစည်းအဝေး ပြုလုပ်ရသောအခြေအနေမျိူးမှာဖြစ်ပါတယ်။ ဒါ့အပြင် သတင်းရေးသားခြင်း ဆိုင်ရာ အစည်းအဝေးတစ်ရပ်မှ သတင်းရေးသားခြင်းဆိုင်ရာ ကော်မတီအသွင် ပြောင်းလဲသွားသော အနေအထား မျိုးမှာလဲ အားလုံးထိုင်လျက်အနေအထားဖြင့် ဆွေးနွေးပွဲပြုလုပ်နိုင်ပါတယ် ။

သက်ဆိုင်ရာကဏ္ဍများဖြင့်ဖွဲ့စည်းထားသော သတင်းရေးသားခြင်းဆိုင်ရာ အစည်းအဝေးတစ်ခု၏ အချိန်ဇယား

ကိုးနာရီခွဲ – ကဏ္ဍတစ်ခုချင်းစီအလိုက်အစည်းအဝေး ။ စာနယ်ဇင်းသမားအကုန်လုံး တက်ရောက်ရမှာ

ဖြစ်ပါတယ် ။ တက်ရောက်မည့်သူအားလုံး မတ်တပ်ရပ်အနေအထားဖြင့်သာနေရပါတယ် ။ ဂျာနယ်လစ်

တစ်ယောက်ချင်းစီမှကိုယ်ပိုင်မှတ်စုစာအုပ်တွင်ရေးမှတ်ထားသောသတင်းဆောင်းပါးများအတွက် အဆိုပြုချက် များကိုတင်ပြရမည်ဖြစ်သည်။ တင်ပြကြသည့် စာသားများကိုပုံနှိပ်စာလုံး ၊ စာကြောင်းအရေအတွက်၊ကော်လံအရေအတွက် (သို့မဟုတ်) စာမျက်နှာအရေအတွက်ပေါ်မူတည်၍ အကဲဖြတ်ကြရတယ်။ အယ်ဒီတာချုပ်မှ စုပေါင်းမှတ်တမ်းကိုကြည့်ရှုကာ ပူးပေါင်းဆောင်ရွက်သူများ၏ တင်ပြမှုများအပေါ် မူတည်၍ ညွှန်ကြားဆောင်ရွက်သွားမှာဖြစ်ပါတယ်။ သူ့ရဲ့အဖွဲ့မှတင်ပြသောအချက်အလက်များကိုကြည့်ပြီး ထည့်သွင်းမည့် သတင်းအကြောင်းအရာများကို အယ်ဒီတာချုပ်ကိုယ်တိုင် ဆုံးဖြတ်ချက်ချပေးမည်ဖြစ်ပါတယ်။

ဥပမာ – နိုင်ငံရေးကဏ္ဍမှ တစ်နေ့စာ သတင်းဆောင်းပါးစာရင်း နမူနာ

* စာမျက်နာ (၉)

-ပြည်သူ့သမ္မတလောင်း ရွေးကောက်ပွဲဆိုင်ရာ နည်းဗျူဟာအပေါ်A.R ၏ သုံးသပ်ရေးသားချက် (J.P

၏ဓါတ်ပုံနှင့် ကော်လံ ၂ ခု )

– ပါလီမန်သဘောထားအများစု ပိုင်းခြားသတ်မှတ်ခြင်းများဆိုင်ရာ ဝေဖန်သုံးသပ်ချက် (R.B) (ကော်လံဝက်)

– လွတ်တော်အစည်းအဝေး မှ အစီရင်ခံစာ (L/Z.) (ကော်လံ၁ခု)

– လွှတ်တော်ဥက္ကဌ နှင့်တွေ့ဆုံမေးမြန်းခန်း (A.G.) (ကော်လံ ၁ခုနဲ့တစ်ဝက်)

– သတင်းအတိုအထွာမျိုးစုံ (ကော်လံ၁ခု)

* စာမျက်နှာ ၁၀

-အစွန်းရောက်လက်ဝဲပါတီ၏ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးဆိုင်ရာသတင်းပေးပို့ချက် (A.C.)

(R.D၏ဓါတ်ပုံနှင့် ကော်လံနှစ်ခု)

– ရှဉ့်ကလေးများ လွတ်မြောက်ရေးဆိုင်ရာအဖွဲ့ကိုယ်စားလှယ်အမျိုးသမီးတစ်ဦး၏ပုံရိပ် (A.B.) (J.B ၏ ဓါတ်ပုံနှင့် ကော်လံတစ်ခုနှင့်တစ်ဝက်)

– အမျိုးသမီးများမဲပေးခွင့်ဆိုင်ရာ လေ့လာဆန်းစစ်ချက် (J.G.) (ကော်လံတစ်ခုနှင့်တစ်ဝက်)

– သတင်းအတိုအထွာမျိုးစုံ ( ကော်လံဝက်)

၁၀ နာရီ -သတင်းရေးသားခြင်းဆိုင်ရာ အစည်းအဝေးကို စာနယ်ဇင်းဒါရိုက်တာ နှင့်အယ်ဒီတာချူပ်တို့မှ ဦးစီး၍ ကဏ္ဍအသီးသီးမှဂျာနယ်လစ်များ မဖြစ်မနေတက်ရောက်ကြရပါတယ်။ ပါဝင်သူအားလုံး မတ်တပ်

အနေအထားဖြင့်သာ အစည်းအဝေးပြုလုပ်ကြပါတယ်။ ကဏ္ဍအသီးသီးမှ သတင်းစာတွင် မိမိတို့ ထည့်သွင်း

ဖော်ပြမည့် တစ်နေ့စာသတင်းဆောင်းပါးစာရင်းကို အလှည့်ကျတင်ပြကြရပါတယ်။ သတင်းစာ တစ်စောင်၏ အရေးပါဆုံးရှေ့မျက်နှာဖုံး တွင် ထည့်သွင်းဖော်ပြမည့် ဦးစားပေး သတင်းအကြောင်းအရာများကို စီစစ် ရွေးချယ်ခြင်း နှင့် လိုအပ်သောအကဲဖြတ်မှုများပြုလုပ်ခြင်းတို့ကို သတ်မှတ်ဆွေးနွေးကြပါတယ်။ အစည်းအဝေးကိုတော့ မိနစ်နှစ်ဆယ်ထက်ကျော်လွန်၍ မပြုလုပ်ကြပါ ။ ထည့်သွင်းဖော်ပြမည့် အကြမ်းမျဉ်း အချက်အလက်စာရင်း ကို နောက်ဆုံးစာရင်း အဖြစ် အတည်ပြုပြီးသည်နှင့်တပြိုင်နက် သတင်းရေးရာ ကဏ္ဍသို့ ပို့ပေးကြရပါတယ်။

၁၀ နာရီခွဲ – သတင်းကဏ္ဍအင်္သီးသီးဟာ အကြမ်းမျဉ်း အချက်အလက်စာရင်းမှာပါဝင်သော ဆုံးဖြတ်ချက်များကို တစ်နေ့စာရေးသားမှုတွင် ထည့်သွင်းဖော်ပြကြရပါမယ်။

ညနေ၅နာရီခွဲ – သတင်းကဏ္ဍအသီးသီးမှ နောက်တစ်နေ့အတွက် ထည့်သွင်းရေးသားမည့် ကြိုတင်လျှာထား

စာရင်းကို ပြုလုပ်ကြရပါတယ်။ စာနယ်ဇင်းသမားတစ်ဦးစီမှ ၎င်းတို့ထည့်သွင်းရန် လျာထားသောစာရင်းကို

သက်ဆိုင်ရာတာဝန်ခံကိုတင်ပြရပါမယ်။ ထိုတာဝန်ခံမှ ၎င်းကိုတင်ပြသော အကြမ်းမျဉ်း သတင်းစာရင်းများ ကိုစီစစ်၍ ထည့်သွင်းသင့်သည့် သတင်းအကြောင်းအရာများကို ပြောကြားပေးမှာဖြစ်ပါတယ်။

ညနေ၆ နာရီ – ကြိုတင်လျှာထားသော သတင်းရေးသားခြင်းဆိုင်ရာအစည်းအဝေးကို ထိုင်၍ပြုလုပ်ပြီး

ကဏ္ဍအသီးသီးမှ မဖြစ်မနေတက်ရောက်ရပါတယ်။ တစ်ကဏ္ဍချင်းစီမှ နောက်တစ်နေ့အတွက် ကြိုတင်ပြင်ဆင် ထားသောသတင်းအကြောင်းအရာစာရင်းကို တင်ပြကြပါသည်။ ဤအစည်းအဝေးကို သတင်းရေးဆရာ အားလုံးတက်ရောက်နိုင်ပါတယ်။ ပုံဖော်နေဆဲအကြမ်းမျဉ်း သတင်းအချက်အလက်စာရင်းနှင့် ပတ်သက်၍ အလှည့်ကျဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။ တစ်ဦးချင်းစီရဲ့ပါဝင်ဆွေးနွေးတင်ပြမှု အပေါ်မူတည်၍ ကြာချိန် အတိအကျ မရှိပါ ။

ကိုယ်တိုင်လိုက်နာကျင့်သုံးရမည့်စည်းကမ်း

ထိရောက်မူရှိသော သတင်းရေးသားခြင်းပိုင်းဆိုင်ရာ အစည်းအဝေးများ ဖြစ်လာစေရေးအတွက်

အကြံပြုချက် (၂) ချက်

  • တစ်ဦးတည်းအလုပ်လုပ်ခြင်းထက် အများနှင့်ဝ်ိုင်းဝန်းပူးပေါင်းဆောင်ရွက်ခြင်းက အကြံဥာဏ် ကောင်းများပိုမိုရစေနိုင်သည်ဆိုသောအချက်ကို ဘယ်တော့မှမမေ့ပါနဲ့ ။
  • အကြောင်းအရာများကို ရောထွေးမပစ်ပါနဲ့။ သတင်းရေးသားခြင်းဆိုင်ရာ အစည်းအဝေးဆိုသည်မှာ

သတင်းစာတွင် ထည့်သွင်းရေးသားမည့်အကြောင်းအရာများနှင့် စပ်လျဉ်း၍သာ ဆွေးနွေးရန် ဖြစ်ပါတယ်။

(ဆွေးနွေးပွဲ၏အခြားသောအကြောင်းအရာများဖြစ်သည့် အမြင်မတူညီမူတွေ၊ သဘောထားကွဲလွဲမှုတွေ ၊ လူမှုဆက်ဆံရေးပြဿနာတွေ ၊ လုပ်ငန်းခွင်ပြဿနာတွေ စသည်တို့ကို အခြားအချိန်များတွင်သာ ဆွေးနွေး ညှိနှိုင်းသင့်ပါတယ်။)