Menu

20.၂၀။ သတင်းခေါင်းစဥ်များ

ဖတ်ရှုဖို့အတွက်ကျွန်ုပ်ရေးသားခြင်းဖြစ်ပါတယ်။ ကျွန်ုပ်ရေးသားထားသည့်ဆောင်းပါးကိုဂျာနယ် ဖတ်ပရိသတ်များအား ဖတ်ရှုစေချင်လျှင် စာဖတ် ပရိသတ်၏ စိတ်အာရုံကို ဖမ်းစား နိုင်လောက်အောင် စွမ်းဆောင်ရေးသားနိုင်ရမည်။ အဲဒီအတွက် ကျွန်ုပ် တွင်ခေါင်းစဥ်ကောင်း တစ်ခုရှိထားရန် လိုအပ်ပါသည်။
ခေါင်းစဥ်ကောင်းတစ်ခုဆိုသည်မှာ အဘယ်နည်း။ ၎င်းမှာ စာဖတ်ပရိသတ်အား “ ခံစားလှည့်ပါ၊
ဖတ်ရှုလှည့်ပါ” ဟူ၍ ဖိတ်ခေါ်နေသကဲ့သို့ ဖတ်ချင်စိတ်ပေါ်လာအောင် ကိုင်လှုပ်နိုင်သော ခေါင်းစဥ်မျိုးကို
ဆိုလိုပါသည်။ သို့သော် ပုံကြီးချဲ့ကား၍ ရေးသားခြင်း၊ လှည့်စားရေးသားခြင်းအလျဉ်းမရှိဘဲ စာဖတ်ပရိသတ်အား ဆွဲဆောင်နိုင်ရမည်။ ထိုကဲ့သို့သောခေါင်းစဉ်မျိုးသည် ရေးသားထားသည့်
အကြောင်းအရာအပေါ် ပြီးပြည့်စုံမှုရှိသွားစေပါသည်။ ထို့ ကြောင့် သတင်းခေါင်းစဥ်များကို ရေးသားရာတွင်
အလွန်အမင်း ဂရုတစိုက်ရှိရန်လိုအပ်ပါ သည်။

ကျွန်ုပ်ရေးသားထားသည့် အကြောင်းအရာကို ကျွန်ုပ်သာအသိဆုံးဖြစ်သဖြင့် ကျွန်ုပ်ကိုယ်တိုင်ပင် ခေါင်းစဉ်

တပ်ခြင်းကို ပြုလုပ်ပါသည်။

ကျွန်ုပ်သည် သတင်းရေးဆရာတစ်ဦးဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်ရေးသားထားသည်နှင့် ပတ် သက်၍

ကျွန်ုပ်သည်သာ တစ်ဦးတည်းမူပိုင်ဖြစ်သဖြင့် အခြားသူတစ်ဦးတစ်ယောက်မှ ဝင်ရောက်စွက်ဖက်၍

သူ့စိတ်ကြိုက်ဟိုပြင်ဒီပြင် ပြုလုပ်သည်ကို ကျွန်ုပ်မနှစ်မြို့ပါ။ ကျွန်ပု ္၏ ရေးသား ချက်နှင့်စပ်လျဉ်း၍

တစ်ဦးတည်းအပြည့်အဝ မူပိုင်ခွင့်ရရေးကို တောင်းဆိုမည်ဖြစ်ပြီး ထိုတောင်းဆိုချက် အပေါ်တွင်လည်း

ကျွန်ုပ်ဘက်မှ တာဝန်ယူသွားမည်ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်ရေးသားထားသည့် အကြောင်းအရာအပေါ်

ပြန်လည်၍ ဖတ်ရှုရာတွင် မည်သည့်အမှားပြင်ဆင်ချက်မှ မပါရလေအောင် ကျွန်ုပ်ဘက်မှ အစွမ်းကုန်အားထုတ်ရပေမည်။ ကျွန်ုပ်၏စာမူကို ပရုဖ်ဖတ်မည့်သူဆီသို့ ပို့သည့်အခါ ကျွန်ုပ်၏စာမူမှာ ပုံနှိပ်ထုတ်ဝေရန်ကို အဆင်သင့်ဖြစ်နေစေရမည်။ ဆိုလိုသည်မှာ ကျွန်ုပ်၏စာမူမှာ လိုအပ်လျှင်လိုအပ်သလိုခေါင်း စဥ်ကြီး၊ ခေါင်းစဉ်ငယ်နှင့် ကြားလယ်ခေါင်းစဉ်များဖြင့် စနစ်တကျဖြစ်နေစေရမည်။ ဤနည်းဖြင့် ကိုယ်ကိုယ်တိုင် လည်းသေချာမှုရှိသည့် အပြင် အယ်ဒီတာချုပ် နှင့်တကွ ပရုဖ် ဖတ်မည့်သူ တို့အား လည်း များစွာအထောက်အကူ ဖြစ်စေပါလိမ့်မည်။

များစွာသောခေါင်းစဉ်အမျိုးအစားထဲမှသက်ဆိုင်ရာခေါင်းစဉ်အမျိုးအစားကို ကျွန်ုပ်ကိုယ်တိုင်ရွေးချယ်မည်။

ခေါင်းစဉ်အမျိုးအစားတစ်ခုသည် ဆောင်းပါးအမျိုးအစားနှင့် ကိုက်ညီနေရပါမည်။ သို့သော် ခေါင်းစဉ်အမျိုးအစား တစ်ခုချင်းစီ၌လည်း ကွဲပြားမှုရှိနေနိုင်ပါသည်။ ပေါ့ပေါ့ပါးပါးခေါင်းစဥ်၊ လေးလေးနက်နက်ခေါင်းစဥ်၊ ရှည်လျားသောခေါင်းစဥ််၊ တိုတောင်းသောခေါင်းစဥ်၊ ခေါင်းစဥ်ငယ်၊ ခေါင်းစဥ် ကြီး၊ ရိုးရှင်းသောခေါင်းစဉ်၊ ရှုပ်ထွေးသောခေါင်းစဉ်၊ အချက်အလက်ပေးရုံသက်သက် ဖြစ်သောခေါင်းစဉ်၊

လှုံ့ဆော်မှုတို့ထင်ဟပ်ပါဝင်နေသော ခေါင်းစဥ်စသည်ဖြင့် အမျိုးအစားစုံလင်လှပါသည်။ ဒါ့အပြင်သတင်း

ခေါင်းစဉ်များကို ရေးသားရာ၌ သတင်းစာတစ်ခုနှင့်တစ်ခုမတူညီသော ပုံနှိပ်စည်းမျဉ်းများကို လိုက်နာရမည်။ တချို့သတင်းစာတိုက်များတွင် ခေါင်းစဉ်များကို တစ်တန်းပြီးတစ်တန်း ဖော်ပြရေးသားနိုင်သော်လည်း တချို့မှာထိုကဲ့သို့သော ခေါင်းစဉ်ကြီး၊ ခေါင်းစဉ်ငယ်စသည်ဖြင့် တစ်တန်းပြီးတစ်တန်း ထပ်ဆင့်၍ ဖော်ပြခြင်းရေးသားခြင်းကို တားမြစ်ထားသည်။

စာတစ်ကြောင်းထဲဖြင့် ရေးသားဖော်ပြထားသော အဓိကခေါင်းစဥ်– အကောင်းဆုံးသောခေါင်းစဥ်သည်

အမြဲတမ်းအရိုးရှင်းဆုံး ဖြစ်နေရမည်။ စာကြောင်းတစ်ကြောင်းထဲဖြင့် ပြည့်စုံနေလျှင် အဘယ့်ကြောင့်

နှစ်ကြောင်းလောက်ကို ရေးသားနေမှာလဲ။ အကြောင်းအရာတစ်ခုလုံးကို အဓိကခေါင်းစဉ်တစ်ခုထဲတွင်

စုပေါင်းအကျဉ်းချုံး၍ ဖော်ပြနိုင်ပါလျှက်နှင့် အဘယ့်ကြောင့် မလိုအပ်သောအပိုစာသားများကို

ထည့်နေဦးမည်နည်း။ အကောင်းဆုံးသောခေါင်းစဉ်သည် စာကြောင်းတိုတစ်ကြောင်းထဲဖြင့် အဓိက

မေးခွန်းနှစ်ခုဖြစ်သည့် “ဘယ်သူလဲ “ ဘာလဲ” ဆိုသည့်မေးခွန်း (၂)ခုပါဝင်သော အချက်အလက်ပေးရုံ

သက်သက်ဖြစ်သောစာတစ်ကြောင်းထဲပါ ခေါင်းစဉ်မျိုးကို ဆိုလိုပါသည်။

ဆီဇာ ဗြိတိန်နိုင်ငံသို့ ကျူးကျော်လာပြီ

လှုံ့ဆော်မှုတို့ ထင်ဟပ်ပါဝင်နေသော စာတစ်ကြောင်းထဲဖြင့်ရေးသားထားသည့်ခေါင်းစဥ် အမျိုး

အစားတွင် စာရေးသူ၏ စိတ်ခံစားချက်ကို စကားလုံးအရေအတွက် အနည်းဆုံးဖြင့် ဖော်ပြနိုင်သည့် ခေါင်း

စဉ်မှာအကောင်းဆုံးဖြစ်သည်။

ဆီဇာ့ကို တိုက်ကြစို့

အပိုတန်ဆာပလာခေါင်းစဉ်များ- အဓိကသတင်းခေါင်းစဉ်တစ်ခုကို တွေ့ပြီးလျှင် ကျွန်ုပ်အနေနဲ့

အခြားအပိုခေါင်းစဉ်များကို အလွယ်တကူ ထပ်ဖြည့်၍ ထည့်သွင်းနိုင်သည်။ အကယ်၍ အဓိကခေါင်းစဥ်၏

အထက်နှင့်အောက်၌ အထက်ပိုင်းခေါင်းစဥ်ငယ်တစ်ခုနှင့် အောက်ပိုင်းခေါင်းစဉ်ငယ်တစ်ခုတို့ကို ထပ်ထည့်

မည်ဆိုပါက စာကြောင်းသုံးကြောင်းပါခေါင်းစဉ် ဖြစ်သွားစေပြီး၊ အကယ်၍ အောက်ခေါင်းစဉ်ငယ်တစ်ခုထဲ

ကိုသာ ထပ်ထည့်မည်ဆိုပါက စာကြောင်းနှစ်ကြောင်းပါခေါင်းစဉ် ဖြစ်သွားစေမည်။

အချက်အလက်ပေး ခေါင်းစဥ်အမျိုးအစား၌ အထက်ပိုင်းခေါင်းစဉ်ငယ်တွင် “ ဘယ်မှာလဲ” “ ဘယ်

အချိန်လဲ” ဆိုသည့်မေးခွန်းများနှင့် စပ်လျဥ်းသည့် အချက်များပါဝင်ပြီး အောက်ပိုင်းခေါင်းစဥ်ငယ်တွင်

“ ဘယ်လိုလဲ” “ ဘာကြောင့်လဲ” “ ဘယ်သူနဲ့လဲ” “ ဘာနဲ့လဲ” စသည်တို့နှင့် နှီးနွယ်သည့် အကြောင်းအရာ များ

ပါဝင်မည်ဖြစ်သည်။ ထို့ကြောင့် အထက်ပိုင်းခေါင်းစဉ်ငယ်နှင့် အောက်ပိုင်းခေါင်းစဉ်ငယ်တို့သည်

အဓိကသတင်းခေါင်းစဉ်ကို ပို၍ပေါ်လွင်အောင် ဘောင်ခတ်ပေးထားသည့်သဖွယ်ဖြစ်နေပြီး စာကြောင်းသုံး

ကြောင်းပါခေါင်းစဥ် ဖြစ်သွားစေပါသည်။

အထက်ပိုင်းခေါင်းစဥ်

“သူ၏စစ်သည်တပ်ဖွဲ့များနှင့်အတူ ဒုဗ်ကမ်းခြေသို့ ဒီနေ့ညတွင် ကမ်းကပ် လာသော”

အဓိကသတင်းခေါင်းစဥ်- “ဆီဇာ ဗြိတိန်နိုင်ငံသို့ ကျူးကျော်လာပြီ”

အောက်ပိုင်းခေါင်းစဉ်ငယ်-

“ဂိုးလ်မှာရှိတဲ့ရောမစစ်ဗိုလ်ချုပ်သည် ဂျာမန်မြင်းစစ်သည်တို့နှင့် ပူးပေါင်းအားဖြည့်ပြီး လန်ဒန်မြို့ကြီးကို

တိုက်ခိုက်ဖို့ ချီတက်လာခြင်းဖြစ်သည်”

 

လှုံ့ဆော်မှုတို့ထင်ဟပ်ပါဝင်နေသော စာကြောင်းသုံးကြောင်းပါခေါင်းစဥ် အမျိုးအစားတွင် အထက်ပိုင်း

ခေါင်းစဥ်ငယ်သည် အချက်အလက်ပေးရုံအပြင် အဓိကသတင်းခေါင်းစဉ်အတွက်လည်း အထောက်အပံ့

ပေးနိုင်ရမည်။ အဓိကသတင်းခေါင်းစဉ်တွင် စာရေးသူ၏ ရပ်တည်ချက်အမြင်ကိုထည့်သွင်းထားပြီး

အောက်ပိုင်းခေါင်းစဉ်ငယ်တွင် အဓိကခေါင်းစဉ်ပါအကြောင်းအရာအပေါ် စိတ်ခံစားချက်မြင့်လာစေမည့်

အချက်များ ကိုထည့်သွင်းဖော်ပြရမည်။

အထက်ပိုင်းခေါင်းစဥ်ငယ် –

“ရောမစစ်ဗိုလ်ချုပ်၏စစ်သည်ရဲမက်တပ်ဖွဲ့များသည် ဗြိတိန်နိုင်ငံသို့ ကျူးကျော်ဝင်ရောက်ဖို့

ကြိုးပမ်းနေကြသည်”

အဓိကသတင်းခေါင်းစဥ ္ – “ဆီဇာ့ကိုတိုက်ကြစို့”

အောက်ပိုင်းခေါင်းစဉ်ငယ် – “ဗြိတိသျှအကြီးအကဲမှဦးဆောင်၍ ခုခံတိုက်ခိုက်မှုကိုစီစဉ်ပြီး ဂိုးလ်တွေကိုလည်း

တော်လှန်ဖို့အတွက် အားပေးတယ်”

 

ရောစပ်ထားသည့် တခြားပုံစံတစ်မျိုးလည်းရှိပါသေးသည်။ ၎င်းမှာစာကြောင်းနှစ်ကြောင်းပါခေါင်းစဥ်

အမျိုးအစားဖြစ်သည်။ စာကြောင်းတစ်ကြောင်းထဲပါရှိသော အဓိကခေါင်းစဥ်နှင့် (သုံးလိုင်းပါ

ခေါင်းစဉ်အမျိုးအစားမှ အထက်ပိုင်းခေါင်းစဥ်ငယ်နှင့် အောက်ပိုင်းခေါင်းစဥ်ငယ်တို့ကိုပေါင်းစပ်ပြီး ရရှိလာသော)

အောက်ပိုင်းခေါင်းစဉ်ငယ်တို့ကိုပေါင်းထားခြင်းဖြစ်သည်။

အဓိကသတင်းခေါင်းစဉ် – “ဆီဇာ ဗြိတိန်နိုင်ငံသို့ ကျူးကျော်လာပြီ”

အောက်ပိုင်းခေါင်းစဉ်ငယ် –

“မနေ့က ရောမစစ်ဗိုလ်ချုပ်သည် သူ၏စစ်သည်ရဲမက် တပ်ဖွဲ့ကြီးကို ဦးဆောင်၍ ဒူးဗ်ကမ်းခြေသို့

ဆိုက်ရောက် လာပြီး လန်ဒန်မြို့ကြီးဆီသို့ ချီတက်လာခဲ့ကြသည်”

ထိုကဲ့သို့သောရောစပ်ထားသည့်ခေါင်းစဉ်မျိုးတွင် များသောအားဖြင့် ဆောင်းပါးအကြောင်းအရာ နှင့်

စပ်လျဉ်းသည့် နိဒါန်းစာပိုဒ်ပါဝင်သည်။ ထို့ကြောင့် ဤပိရမစ်ပုံစံခေါင်းစဉ်ရေးသားနည်းတွင် စာဖတ်သူများအတွက် ဆောင်းပါးအကြောင်းအရာကို စတင်မဖတ်ခင် အဓိကခေါင်းစဥ်၊ အောက် ပိုင်းခေါင်းစဥ်ငယ် နှင့်နိဒါန်းစာပိုဒ်ဟူ၍ (၃)ဆင့်ပါရှိပါသည်။

စာနယ်ဇင်းသတင်းခေါင်းစဉ်အားလုံးတို့သည် အထက်ဖော်ပြပါ ခေါင်းစဉ်ပုံစံ(၃)မျိုး (တစ်ကြောင်းထဲဖြင့်

ရေးသားထားသော အဓိကခေါင်းစဉ်၊ စာကြောင်းသုံးကြောင်းပါခေါင်းစဉ်၊ စာကြောင်း နှစ်ကြောင်းပါ ခေါင်းစဉ်)

တို့ကိုအလျဉ်းသင့်သလို ပြောင်းလဲယူထားသော (သို့မဟုတ်) ပေါင်းစပ်ထားသော ခေါင်းစဉ်ပုံစံမျိုးတွေ

သာဖြစ်ကြပါသည်။

အယ်ဒီတာ့အာဘော်ကဏ္ဍများ၊ အတွေးအမြင်ဆောင်းပါးတို ကဏ္ဍများ၊ ပင်တိုင်ဆောင်းပါးရှင်

ကဏ္ဍများ၊သတင်းပိုင်းဆိုင်ရာ ဝေဖန်သုံးသပ်မှုကဏ္ဍများတွင် ခေါင်းစဉ်တစ်ကြောင်းထဲ ဖြင့်ဖော်ပြလေ့ရှိသည်။

ဤကဲ့သို့သော ဝေဖန်သုံးသပ်မှု ဆိုင်ရာခေါင်းစဉ်အတွက် အသင့်တော်ဆုံးသော ပုံစံမှာ- ကော်လံတစ်ခုလျှင်

စကားလုံးတစ်လုံးထည့်သွင်းခြင်း ဖြစ်သည်။

ကော်လံတစ်ခု – “Resistance”

ကော်လံနှစ်ခု – “No pasaran”

ကော်လံသုံးခု – “Vade retro Cesar”

စာကြောင်းနှစ်ကြောင်းပါ ခေါင်းစဥ်သည် သတင်းအစီရင်ခံတင်ပြမှု အပိုင်းကဏ္ဍများအတွက် သင့်လျော်ပါသည်။

“ဗြိတိသျှကလေးများသည် သူတို့၏ဖခင်များ ပုဆိန်သွေးနေချိန်တွင် ရက်ဂဗီ ဘောလုံး

ကစားနေကြသည်။ ”

“ဆီဇာနှင့်သူ့စစ်တပ်များကို သူတို့လာရာ ပင်လယ်ပြင်ဆီသို့ မည်သည့်နည်းဖြင့်ဖြစ်စေတိုက်ထုတ်ရန်

သိန္နိဋ္ဌာန်ချ စိတ် ပိုင်းဖြတ်ထားသော ဘရတွန်တို့အကြောင်း ရေးသားထားသော ကျွန်ုပ်တို့ ၏

အထူးသတင်းထောက်မှ သတင်း အစီရင်ခံတင်ပြချက်”

 

စာကြောင်းနှစ်ကြောင်းပါ ခေါင်းစဉ်သည် စစ်တမ်းသဘောမျိုး သတင်းရေးသားမှု များအတွက်

သင့်လျော်ပါသည်။

“ဆီဇာသည် မသန့်ရှင်းသောငွေများဖြင့် သူ၏စစ်ဆင်ရေး လုပ်ငန်းစဉ်များကို ထောက်ပံ့ပေး ထားသည်။”

“ဘဏ်လုပ်ငန်းရှင်များနှင့် ကျွန်ကုန်သည်ကြီးများက ရောမစစ်ဗိုလ်ချုပ်အား ဘဏ္ဍာရေးအရ

ထောက်ပံ့ပေးထားကြသည်။”

 

အင်တာဗျူးကဏ္ဍများတွင်လည်း စာကြောင်းနှစ်ကြောင်းပါ ခေါင်းစဥ်ဖြင့်ဖော်ပြလေ့ရှိပါသည်။

ရောမတွေကို တိုက်ထုတ်ရန် စိတ်ပိုင်းဖြတ်ထားသော ဘရတွန်ခေါင်းဆောင် “ Britamix” နှင့် တွေ့ဆုံ

မေးမြန်းခန်း “ဆီဇာလာတုန်းကတော့သင်္ဘောနဲ့ပေါ့ကွာ၊ ဒါပေမယ့်အပြန်မှာတော့

ဒီကောင်လက်ပစ်ကူးပြီး ပြန်ရကိန်းဆိုက်လိမ့်မယ်”

 

ကြားလယ်ခေါင်းစဉ်များ ထည့်ပေးခြင်းသည် ရေးသားထားသော ဆောင်းပါးများကို အမြင်အား

ဖြင့်ရှင်းလင်းစေရုံသာမက ဖတ်ရှုရာတွင်လည်း ပိုမိုလွယ်ကူစေပါသည်။ ဖတ်ရှုမည့်ဆောင်းပါးများအပေါ်

တွင်လည်း စည်းချက်ကျနမှု ရှိစေပါသည်။ အဓိကခေါင်းစဉ်များ၊ အထက်ပိုင်းခေါင်းစဉ်ငယ်များ (သို့)

အောက်ပိုင်းခေါင်းစဉ်ငယ်များ၌ ပါဝင်မည့်အကြောင်းအရာ မထပ်စေရန်အတွက် သေချာဂရုတစိုက် စဉ်းစား၍ ထည့်သွင်းဖော်ပြသင့်ပါသည်။ သေချာစိစစ်ရွေးချယ်ထားသော ကြားလယ်ခေါင်းစဉ်များသည် သတင်း အချက်အလက်များကို ပိုမို၍ထင်သာမြင်သာရှိစေပါသည်။ “ မြင်းကောင်ရေ ၁၀၀၀” ၊” အကြောက်တရား”စသည်ဖြင့်။

စာဖတ်သူများ၏ စိတ်ဝင်စားမှုရရန် ပွဲဆူစေမည့်သတင်းခေါင်းစဥ်များ ရေးသားခြင်းကို ရှောင်ကြဥ်ရ မည်။

တခါတရံပြိုင်ဆိုင်မှုအနေအထားများကြောင့် သတင်းစာများတွင် ပွဲဆူစေမည့်လှုံ့ဆော်အရေးအ

သားများပါဝင်နေသော သတင်းခေါင်းစဉ်များကို ရွေးချယ်မိကြပါသည်။ စကားလုံးတို့ရဲ့အသံကို

ကစားပြီးရေးသားခြင်း ၊အဓိပ္ပာယ်နှစ်ခွသက်ရောက်စေသည့် စကားလုံးများဖြင့် ရေးသားခြင်း (သို့) စာအုပ် ၊

ရုပ်ရှင် ၊ တီဗွီဇာတ်လမ်းတွေ၏နာမည်ကိုပြောင်းလဲပစ်ခြင်းစတဲ့သတင်း ခေါင်းစဉ်မျိုးတွေဖြစ်ကြသည်။

ထိုခေါင်းစဉ်များဖြင့် သတင်းရေးသားမိလျှင် တခါတရံ ရယ်စရာဖြစ်သွားတတ်ပါသည်။ ဥပမာ – “ရန်ဘိုနဲ့တူတဲ့ဆီဇာ” ဟူသော ခေါင်းစဉ်မှာ သတင်းစာတစ်စောင်အတွက် လျော်ကန်မှုရောရှိရဲ့လား၊ ကပြက်ကချော်နိုင်လွန်း မနေဘူးလား။ ထိုကဲ့သို့ ရေးသားခြင်းဖြင့် သတင်းစာဆန်သော အရေးအသား မှသည် ရင့်ကျက်မှုမရှိသောကလေးဆန်ဆန်အရေးအသားအဆင့်ထိ ချပစ်ရာရောက်သွားပါသည်။ ၎င်းတို့ကိုသရော်စာအသားပေးအရေးအသား များတွင်သာအသုံးပြုသင့်ပါသည်။