Menu

21.၂၁။ စာမျက်နှာ ဆက်တင်ပြုလုပ်ခြင်း

စာမျက်နှာ ဆက်တင်ပြုလုပ်ခြင်း သည်ရေးသားထားသည့်သတင်းများကို စာမျက်နှာအလိုက်
စီစဥ်တကျနေရာချ၍ ထည့်သွင်းခြင်းဖြစ်သည်။ အဓိက ရည်ရွယ်ချက်မှာ ရေးသားထားသည့် ဆောင်းပါးများကို ပေါ်လွင်အောင် တင်ပြနိုင်ရေးဖြစ်ပါသည်။ လိုက်နာရမည့် စည်းကမ်းများမှာ ပန်းချီကားတစ်ချပ်ကို ရေးဆွဲရာတွင် လိုက်နာရမည့် စည်းကမ်းများနှင့် အလားတူပင်ဖြစ်သည်။ သတင်းစာတစ်စောင်၏ စာမျက်နှာတစ်မျက်နှာချင်းစီကို ပန်းချီကားတစ်ချပ် အသွင်သဘောထား၍ စီစဥ်ရပါမည်။ အဓိက အကြောင်းအရာကို ဗဟိုပြု၍ တခြားသောအကြောင်းအရာများကို ဦးစားပေးအလိုက် စီစဥ်တကျ ထည့်သွင်းဖော်ပြခြင်းဖြစ်သည်။ သို့သော် အားလုံးကိုခြုံ၍ ကြည့်လျှင်လည်း ရှင်းလင်းမှုရှိပြီး ဖတ်ချင်စဖွယ် ဖြစ်နေစေရမည်။

စီစဥ်တကျဖြစ်နေသော သတင်းစာမျက်နှာတစ်မျက်နှာသည် ဂျီဩမေထရီ ပုံတစ်ပုံ၏ တည်ဆောက်ပုံ အတိုင်း ပထမအကြိမ်မြင်ရစဥ်ကတည်းကအမြင်အာရုံတွင် အချိုးကျကိုက်ညီမှုရှိနေပါသည်။ စာမျက်နှာအလိုက် သတင်းများကို နေရာချပေးသူ သတင်းရေးဆရာတစ်ဦးသည် ပန်းချီဆရာတစ် ဦးထက်စာလျှင် အိမ်တွင်းပိုင်းဗိသုကာပညာရှင်တစ်ဦးန့ ဲ ပို၍အလားသဏ္ဍာန်တူပါသည်။ စာမျက်နှာပုံစံအရွယ်အစား ဖရိန်ကွက်ထဲတွင် အံဝင်ဂွင်ကျဖြစ်အောင် စီစဥ်ပေးရသူဖြစ်ပါသည်။ အဓိကဦးစားပေး အပိုင်းနှင့်တခြား ဖြည့်စွက်အပိုင်းများကို စနစ်တကျ စီစဥ်ထည့်သွင်း၍ မျက်စိပသာဒရှိစေရန်၊ အမြင်လှ စေရန်ပုံဖော်ပေးနိုင်သူဖြစ်ပါသည်။

နှစ်ထပ်ကွမ်း ဟန်ချက်ညီမျှမှုရှိရန်လိုပါသည်။

ယေဘုယျ ဟန်ချက်ညီမှုအပိုင်း- သတင်းစာမျက်နှာတစ်မျက်နှာတွင် နေရာလွတ်ချန်ထားသော

အဖြူရောင်အပိုင်း နှင့်ပုံနှိပ်စာလုံးမဲ များပါရှိသော အမဲရောင်အပိုင်းနှစ်ခု အကြား၌ ယေဘူယျဟန်ချက်ညီမှု

ရှိရပါမည်။ ဆိုလိုသည်မှာ အကယ်၍ နေရာလွတ်အမြောက်အများ ချန်ထားမိလျှင် ဖတ်စရာအကြောင်း အရာလုံလုံလောက်လောက် ပါတော့မည်မဟုတ်ပါ။ စာထည့်သည့်အပိုင်း များလွန်းသွားလျှင်လည်းပြွတ် သိပ်ကျပ်ပြီးဖတ်ရတာခက်ခဲသွားပါလိမ့်မည်။ ကျပ်သိပ်နေစေမည့် အချိုးအစား

စာထည့်ရန်အတွက် စာမျက်နှာ၏ လေးပုံသုံးပုံ(၃/၄)ကို အသုံးပြု၍ ကျန်လေးပုံတစ်ပုံ (၁/၄)၌

နေရာလွတ် ချန်ထားသည့် အချိုးအစား။

စံထားသင့်သည့်အချိုးအစား စာမျက်နှာ၏ သုံးပုံနှစ်ပုံ (၂/၃)၌စာထည့်၍ ကျန်သုံးပုံတစ်ပုံ (၁/၃)၌နေရာလွတ် ချန်ထားသည့် အချိုးအစား။ အနုပညာဆန်ဆန် အချိုးအစား စာမျက်နှာ၏ ရှစ်ပုံ ငါးပုံ(၅/၈)၌ စာထည့်၍ ကျန်သုံးပုံ(၃/၈)၌ နေရာလွတ် ချန်ထားသည့်ပုံစံ။

အထူးဟန်ချက်ညီမှုအပိုင်း – ပုံနှိပ်စာလုံးမဲများပါရှိသော အပိုင်းအတွင်းတွင်တဖက်မှ အဓိက အကြောင်းအရာ နှင့် တခြားဖြည့်စွက် အကြောင်းအရာများအကြား၊ နောက်ထပ်တဖက်မှ ဖြည့်စွက် အကြောင်းအရာအမျိုးမျိုးအကြား ၎င်းနှစ်နေရာတို့၌ အထူးဟန်ချက်ညီမှုအပိုင်း ထားရှိရပေမည်။ ဆိုလိုသည်မှာအဓိကအကြောင်းအရာ များထည့်သွင်းမှုအပိုင်းက အခြားအကြောင်းအရာများအား မှေးမှိန် သွားစေခြင်းမျိုးမဖြစ်စေရန် ဟန်ချက်ညီညီဖြင့် စီစဥ်ထည့်သွင်းရမည်။

ထိုကဲ့သို့ မဖြစ်စေရန် အောက်ဖော်ပြပါ အချက်များဖြင့် ထိန်းညှိနိုင်ပါသည်။

– ပုံနှိပ်မည့်စာပိုဒ် ဘေးပတ်ပတ်လည်မှ ဘေးမျဥ်းကွက်လပ် နေရာများ

– ထည့်သွင်းမည့် စာမျက်နှာကော်လံများ၏ အရေအတွက် နှင့်အကျယ်အဝန်းအရွယ်အစား

– အသုံးပြုမည့် စာလုံးဖောင့်(Font) အမျိုးအစား

– ဆောင်းပါးတစ်ပုဒ်ချင်းစီ နှင့်ခေါင်းစဥ်တစ်ခုချင်းစီအတွက် အသုံးပြုမည့် စာလုံးဖောင့် (Font)

အရွယ်အစား

– စာကြောင်းများ၏ အရှည်

– စကားလုံးတစ်လုံးနှင့် တစ်လုံးအကြား၊ စာကြောင်းတစ်ကြောင်းနှင့် တစ်ကြောင်းအကြား ကော်လံ

တစ်ခုနှင့် တစ်ခုအကြားထားရှိ်မည့် အကွာအဝေး

စာမျက်နှာအလိုက် သတင်းများကို နေရာချပေးသူ ဗိသုကာပညာရှင်တဖြစ်လဲ သတင်းစာဆရာ သည်

ပုံကြမ်းများကို ဦးစွာပြုလုပ်ထားရမည်။ ၎င်းတို့မှာ သတင်းရေးဆရာအသုံးပြုမည့် ပုံစံငယ်များ ဖြစ်ကြ ပါသည်။

မတူညီသော တခြားပုံစံငယ်များကို အသုံးပြုနိုင်ရုံသာမက မိမိ၏ကိုယ်ပိုင်ပုံစံ ထုတ်၍ လည်းစီစဥ်နိုင်သည်။

စာမျက်နှာ ဆက်တင်ပြုလုပ်သည့်အခါ အစဥ်အလာ လုပ်ရိုးလုပ်စဥ်များအတိုင်း ပြုလုပ်ခြင်း ဖြစ်ပြီး

စည်မျဥ်းဟူ၍ သတ်မှတ်ထားခြင်းမျိုးမရှိပါ။ ကောင်းမွန်သောအဓိပ္ပါယ် နှင့် ကောင်းမွန်သော

စိတ်ကူးစိတ်သန်းများဖြင့်လည်း တည်ဆောက်နိုင်ပါသည်။

အဓိကအကြောင်းအရာ သတင်းကို ပေါ်လွင်အောင် တင်ပြခြင်း

စာမျက်နှာတစ်မျက်နှာချင်းစီ၏ စိတ်ဝင်စားဖွယ်ရာ ၊ အသည်းနှလုံး ၊ အသားပေးဖော်ပြလိုသောအရာ မှာ

အဓိကအကြောင်းအရာ ဖြစ်ပါ သည်။ စာမျက်နှာတစ်မျက်နှာတွင် အဓိကသတင်းတစ်ပုဒ် သာပါရှိပါသည်။

၎င်းသတင်းကို စာမျက်နှာ၏ ထိပ်ပိုင်းအကောင်းဆုံးနေရာဖြစ်သည့် ထောင့်မှန်အကွက်ထဲ၌ ထည့်သွင်း၍

သတင်းခေါင်းစီးကိုလည်း စာလုံးအကြီးဆုံးဖြင့်ဖော်ပြလေ့ရှိသည်။ ၎င်းစာမျက်နှာ၌ ထည့်သွင်းမည့်

တခြားသတင်းများကို အဓိက သတင်း၏ ပမာဏအရွယ်အစား ခေါင်းစီးအရှည်နှင့် သတင်းဓာတ်ပုံများ

ထည့်သွင်းခြင်းအပေါ် မူတည်၍ စီစဥ်ရပါသည်။ သို့သော် အဓိကသတင်းထည့်သွင်းမှုအပိုင်းက တခြား

အရေးပါသည့် သတင်းများအား တသီးတခြားဖြင့်မှေးမှိန်သွားစေခြင်းမျိုး မဖြစ်စေရပါ။ ထို့အတွက်

စာမျက်နှာအလိုက် သတင်းများကို နေရာချပေးသူ ဗိသုကာပညာရှင်တဖြစ်လဲ သတင်းစာဆရာအနေနဲ့

သတင်းများကို အချိုးအစား သဟဇာတမျှမျှဖြင့်ထည့်သွင်းဖော်ပြရန်စီစဥ်ရပါသည်။ သတင်းများကို အချိုးအစားကျနပြေပြစ်သောပုံစံဖြင့် တင်ပြနိုင်ရေး အတွက်စီစဥ်ခြင်း စာမျက်နှာတစ်မျက်နှာတွင် ဖော်ပြမည့်သတင်းများအားလုံးကို သူ့နေရာနှင့်သူ အချိုးအစား သဟဇာတမျှမျှဖြင့် ထည့်သွင်းနိုင်မည့် အကောင်းဆုံးနည်းလမ်းအားသိထားဖို့ဆိုသည်မှာ ပန်းချီဆွဲခြင်း တေးဂီတများကို ပေါင်းစပ်ပေးခြင်းတို့ကို ပြုလုပ်ရာ၌ အသုံးပြုသည့် နည်းလမ်းများအတိုင်းပင် ဖြစ်သည်။

စာမျက်နှာအလိုက် သတင်းများကို ဗိသုကာအနုပညာဆန်ဆန်နေရာချပေးသူသတင်းရေးဆရာသည်

တခြားသောနယ်ပယ်တွင် အသုံးပြုသည့် နည်းလမ်းများအပေါ်၌ ထပ်ဆင့်အနုပညာဥာဏ်ကွန့်မြူးခြင်း မှတဆင့်မျှတသော အချိုးအစားကိုရယူခြင်းဖြစ်သည်။

စာလုံးပုံစံ၄-၂-၁ အချိုးအစားကို အသုံးပြုခြင်းဖြင့် ခေါက်ချိုးညီပုံစံမျိုးကို ရှောင်ရှားနိုင်ပါတယ်။

အဓိကသတင်းကို စာမျက်နှာ၏ ထိပ်ဆုံး၌ ကော်လံ(၄)ခုဖြင့် ဖော်ပြထားလျှင် ထိုစာမျက်နှာ၌ ထည့်သွင်းမည့် တခြားသတင်းများကို ကော်လံ(၃)ခုဖြင့် ဖော်ပြ၍ မရတော့ဘဲ ကော်လံ(၂)ခု သို့မဟုတ် (၁)ခုဖြင့်သာ ဖော်ပြရပေမည်။

၆-၃-၂ အချိုးအစားကို အသုံးပြုခြင်းဖြင့် အမြင် ကြည်လင်စေပါတယ်။ အဓိကသတင်းကို စာမျက်နှာ၏ထိပ်ဆုံး၌ ကော်လံ(၆)ခုဖြင့် ဖော်ပြထားလျှင် ထိုစာမျက်နှာ၌ ထည့်သွင်းမည့် တခြားသတင်းများကို ဖြစ်နိုင်လျှင် ၎င်းစာမျက်နှာ၏ အောက်ပိုင်းအလယ်နေရာတွင် ကော်လံ(၃)ခု ဖြင့်ဖော်ပြနိုင်တယ်။ ဒါမှမဟုတ် ကျန်နေသေးသည့် စာကိုယ်နေရာ၌ ခေါင်းစဥ်များစွာဖြင့် ကော်လံ(၂)ခုအဖြစ် ဖော်ပြနိုင်သည်။

ရွှေအချိုး

စာမျက်နှာဆက်တင်ပြုလုပ်ရာ၌ အချိုးအစားညီညွတ်မှုရှိစေမည့် အကောင်းဆုံးနည်းလမ်းမှာစာမျက်နှာ တစ်မျက်နှာကို ရှေးဟောင်းနည်း” ရွှေအချိုး(၁-၆၁၈)သုံး၍ အပိုင်း(၄)ပိုင်း ခွဲလိုက်ခြင်းဖြစ်သည်။

ဂရိသင်္ချာပညာရှင် Euclide ၏အဆိုအရ “ ရွှေအချိုး” ကို အသုံးပြုခြင်းသည် အပုငိ ္းများကို တစ်ခုနှင့်တစ်ခု

အချိုးအစား ညီညွတ်မှု နှင့် ကျိုးကြောင်းဆီလျော်မှုကို ဖြစ်စေပါသည်။”

စာမျက်နှာ၏ အတိုင်းအတာမည်မျှပင်ရှိရှိ အချိုးအစားကို တွက်ချက်ရသည်မှာ လွယ်ကူလှပါသည်။

စာမျက်နှာ၏ အကျယ် ကို ရွှေအချိုးဖြင့်စားပါ။

စာမျက်နှာအကျယ် း ၁.၆၁၈ = x ဖြစ်ပါစေ။

ထွက်လာမည့်ရလဒ် ကို စာမျက်နှာအကျယ်ထဲမှ ထပ်၍နုတ်ပါ။

စာမျက်နှာအကျယ် – x = y

ရလာသည့်အတိုင်းအတာ “y” ကို ထောင့်မှန်စတုကံ (A-B) အလျားအတိုင်းအတာ အဖြစ်သတ်မှတ်ပါ။

ထောင့်မှန်ကျသော B အမှတ်နေရာမှ စယူလျှင် ပိုကောင်းပါသည်။

 

အတိုင်းအတာ “Y” သည် (A-B) အကျယ်အဝန်းမျဥ်းပေါ်မှ Point1 (P1)အမှတ်ကိုညွှန်းဆိုပါသည်။

 

၎င်း P1 အမှတ်မှနေ၍ ဒေါင်လိုက်မျဥ်းတစ်ကြောင်းဆွဲချလိုက်ပါ။ ထိုမျဥ်းသည် စာမျက်နှာကို မညီ မျှသော

အပိုင်း(၂)ပိုင်း ဖြစ်သွားစေသော်လည်း ရွှေအချိုးအားဖြင့် အချိုးအစားညီညွတ်မှု ရှိနေပါသည်။

 

အထက်ဖော်ပြပါနည်းအတိုင်းပင် စာမျက်နှာအမြင့် (H) ကို ထောင့်မှန်စတုဂံအတွင်းညာဘက်ထောင့်မှန် C

အမှတ်မှစတင်တိုင်းတာသော P2အမှတ်မှ နေ၍စာမျက်နှာကို အလျားလိုက်ပိုင်းပါ။

 

ထိုနည်းအားဖြင့် ရိုးရိုးရှင်းရှင်းနှင့်အမျိုးစုံလင်သော အချိုးအစားကျနမှုရှိသည့် အနားလေးဘက်ပါသော

ထောင့်မှန်စတုဂံအသွင် စာမျက်နှာတစ်မျက်နှာ ရရှိပေလိမ့်မည်။

 

လိုအပ်လျှင် အနားတစ်ဘက်ချင်းစီကို အထက်ပါတွက်ချက်နည်းအတိုင်း ပြန်လည်၍ စိတ်ပိုင်းနိုင် ပါသေး

သည်။ ဤဖရိန်ပုံသည် ကော်လံများအတွင်းရှိ အဖြတ်အတောက်များ နှင့်မျက်နှာပြင် နှစ်ခုကြားရှိ

ဆောင်းပါးများ၏အနေအထား ကော်လံများကို အလျားလိုက်ရော၊ အနံလိုက်ပါ ညီညာစေပါသည်။

သတိပြုရန်အချက်

စာလုံးဖောင့်(font) အမျိုးအစားများကို သေသေချာချာ သတိထား၍ရွေးချယ်ပါ။ ရိုးဆင်းခြင်းကို

အရင်ဦးဆုံးစဥ်းစားပါ။ စာလုံးပုံစံမျိုးစုံကို သုံးခြင်းသည် စာဖတ်သူ၏အမြင်အာရုံကို ရှုပ်ထွေးပင်ပန်း

စေပါသည်။ ဖောင့်အမျိုးအစားနှစ်ခု လောက်ကိုသာသုံးသင့်ပါသည်။ သတင်းစာပိုဒ်များအတွက်

“ Times” ဖောင့်အမျိုးအစားကို သုံး၍ ခေါင်းစဥ်ကြီး၊ ခေါင်းစဥ်ငယ်များအတွက် “ Helvetica”

ဖောင့်အမျိုးအစားကို သုံးသင့်ပါသည်။ ဒါ့အပြင် စာလုံးမဲများ၊ စာလုံးစောင်းများကိုလည်း

အလျဥ်းသင့်သလို အသုံးပြုနိုင်ပါ သည်။

ခေါင်းစီးစာပိုဒ်ပါအကြောင်းအရာများ ထည့်သွင်းရာတွင် သတိပြုပါ။ ခေါင်းစီးစာပိုဒ်သည်

ဆောင်းပါးတစ်ပုဒ်ရဲ့အစမဟုတ်ပါ။ စာဖတ်သူတို့၏ အာရုံကို ဖမ်းစားနိုင်ပြီး ဆောင်းပါးထဲ၌

ရေးသားထားသည်များကို ဆက်လက်၍ ဖတ်ချင်စိတ်ဖြစ်ပေါ်လာစေဖို့ ရန်ရည်ရွယ်သော မိတ်ဆက်

စာပိုဒ်တို တစ်ခုဖြစ်သည့်အတွက် သတိပြု၍ သေသေချာချာ ရေးသားရမည်။

အဖြတ်အတောက်များကိုသတိထားပါ။ တစ်မျက်နှာထဲမပြီးဘဲ နောက် ဆက်ဖတ်ရမည့်အပိုင်းအတွက်

ခေါင်းကြီးပိုင်းသတင်းဖြစ်နေရင်တောင်မှ စာတစ်ပုဒ်ရဲ့ကြိုက်ရာ နေရာမှ ဖြတ်တောက်၍မရပါ။

အထူးသဖြင့် နောက်ပြီး ဆက်ဖတ်ရမယ့်စာတွေက အလှမ်းကွာဝေးနေလျှင် ဝါကျတစ်ကြောင်းရဲ့

အလယ်မှဖြတ်ချလို့မရပါ။ အဖြတ်အတောက်များသည် စာဖတ်ရာတွင်ချောမွတ်ပြေပြစ်မှု နှင့်

ရှင်းလင်းမှုကို အနှောက်အယှက်မဖြစ်စေရပါ။

တိကျမှုရှိသော သတင်းစာရင်းကို ပြုလုပ်နိုင်စွမ်းရှိပြီး ၎င်းကိုလေးစားလိုက်နာသော သတင်းရေးဆရာ ဝိုင်းတော်သားများသည် သက်ဆိုင်တ့စဲ ာမျက်နှာဆက်တင်ပုံကြမ်းဒီဇိုင်းကို တိုက်ရိုက်တာဝန်ယူ ဆောင်ရွက်ရန် နှင့် ဆက်လက်လုပ်ဆောင်ရန်၊ စစ်ဆေးဖတ်ရှုရန်အတွက် သတင်းရေး ဌာနဆီသို့

ပို့ပေးရန်စိတ်ဝင်စားကြပါသည်။