Menu

22.၂၂။ သရုပ်ဖော်ပုံများနှင့်သတင်းရုပ်ပုံများ ထည့်သွင်းဖော်ပြခြင်း

သတင်းအချက်အလက်ပေးခြင်းသည် အကြောင်းအရာတစ်ခုခုကို လှစ်ဟပြသခြင်းပင်ဖြစ်သည်။

ရုပ်ပုံများသည် စကားလုံးများဖြင့် ရေးသားချက်ကို ရာနှုန်းပြည့် အစားမထိုးနိုင်သော်ငြား လည်း

ရုပ်ပုံများကိုထည့်သွင်းဖော်ပြခြင်းသည် ရေးသားထားသည့် အကြောင်းအရာအချက်အလက်များနှင့် စပ်လျဉ်းသည့် ခံစားမှုရသကို ပိုမို၍ပေါ်လွင်စေပါသည်။ တခါတရံတွင် ရေးသားချက်များထည့်စရာ မလို လောက်အောင်ထိထိမိမိရှိလှပါသည်။ ဓာတ်ပုံတစ်ပုံကို ထည့်သွင်းဖော်ပြခြင်းသည် စီကာပတ်ကုံးရေး သားထားသော သတင်းတစ်ပုဒ်ထက်ပင် အကျိုးသက်ရောက်မှုအားကောင်းလှပါသည်။ ကာတွန်းပုံတစ်ပုံ သည် အယ်ဒီတာအာဘော်အရေးအသားထက်ပင် ထိချက်ပို၍ပြင်းလှပါသည်။ ဂရက်ဖစ်ပုံတစ်ပုံ သည်အသေးစိတ် ဆန်းစစ်လေ့လာ သုံးသပ်ထားသော သတင်းတင်ပြမှုထက်ပင် တိကျမှုကို ပေးစွမ်းနိုင် ပါသည်။ သရုပ်ပြပုံ တစ်ပုံသည် စစ်တမ်းကောက်ယူ၍ ရရှိထားသော သတင်းတစ်ပုဒ်ထက်ပင် ပိုမို၍ ရှင်းလင်းသော အချက်အလက်များကို ပေးနိုင်စွမ်းရှိပါသည်။ မြေပုံတစ်ခုသည် မျက်မြင်သက်ကာရ တစ်ခုထက် ထင်သာမြင်သာ ရှိပါသည်။ ထို့ကြောင့် သတင်းအတတ်ပညာသည် သိမ်မွေ့နက်နဲသော အတတ်ပညာများဖြင့် ဖွဲ့စည်းထားသော ကမ္ဘာ့လက်မှု အလုပ်ရုံကြီးနဲ့ပင် အလားသဏ္ဍာန် တူနေ ပါတော့သည်။

ဓာတ်ပုံများ၏ သတင်းအချက်အလက်ပေးမှု ပုံစံများမှာ မတူညီကြပါ။

သရုပ်ဖော်ဓါတ်ပုံများ ။ တောတောင်ရေမြေ သဘာဝရှုခင်းဓာတ်ပုံများ သို့မဟုတ် လူနေမှုဘဝပုံစံများကို အဝေးတစ်နေရာမှရိုက်ယူထားဟန်မြင်ကွင်းကျယ် ဓာတ်ပုံများကဲ့သို့သော သရုပ်ဖော်ဓာတ်ပုံများလည်း ရှိပါသည်။ သရုပ်ဖော်ခြင်းကိုသာ အသားပေးရိုက်ကူးထားသော ဓာတ်ပုံများဖြစ်၍ ထပ်မံဖြည့်စွက်ရရှိမယ့် သတင်း အချက်အလက် အကြောင်းအရာပိုင်းမှာတော့ အားနည်းပါသည်။ သိပ်မထူးခြားလှပါ။ သို့ပေမယ့် ဓာတ်ပုံရိုက်ယူထားစဉ် အခြေအနေ၊ အနေအထား၊ ဓာတ်ပုံရှုထောင့်အယူအဆတို့အပေါ်မူတည်၍ မှတ်တမ်းတင်သတင်းဓာတ်ပုံတစ်ပုံ လည်းဖြစ်သွားနိုင်ပါသည်။

 

ဓါတ်ပုံများမှပြောသောဇာတ်ကြောင်းများ။ အကြောင်းအရာအချက်အလက်များကို ပြောပြနိုင်စွမ်းရှိသော

ဓာတ်ပုံများလည်းရှိပါသည်။ သာမန်အကွာအဝေး ၊ အမေရိကန် မြေပုံများ (ခေါင်းမှခါးအထိ

ရိုက်ကူးထားသောဓါတ်ပုံများ) ၊ နီးကပ်စွာရိုက်ကူးထားခြင်းများ ။ ဥပမာ -လူနေမှုဘဝပုံစံများကို

အနီးကပ်ရိုက်ယူထားဟန် မြင်ကွင်းဓာတ်ပုံများ၊ ကိုယ်အောက်ပိုင်းခြေထောက်ပုံ၊ ဒူးအထက်နားမှခါးအထိ

ရိုက်ယူထားသောဓာတ်ပုံများ၊ ခါးမှဝမ်းဗိုက်ပိုင်း ရိုက်ယူထားသော ဓာတ်ပုံများဖြစ် ကြပါသည်။

၎င်းဓာတ်ပုံများ၏ ဖြည့်စွက်တန်ဖိုးပမာဏ မှာ မြင့်မားလှပါသည်။

လျှော့ခ်ဖြစ်သွားသောဓါတ်ပုံများ ။ ပြင်းထန်သောစိတ်လှုပ်ရှားမှုကို ပေးစွမ်းနိုင်သော ဓာတ်ပုံများဖြစ် ပါသည်။

အနီးကပ်အသားပေး ရိုက်ယူထားသောပုံများ ဥပမာ-အနီးကပ်မျက်နှာပုံများ၊ သို့မဟုတ်မြင်ကွင်းတစ်ခု၏

အစိတ်အပိုင်းတစ်ခုစီ ကိုအသေးစိတ်မြင်သာအောင် ရိုက်ယူထားသောဓာတ်ပုံများဖြစ်ကြပါသည်။ ကြီးမားသော စိတ်ခံစားမှုများ ကိုပေးစွမ်းနိုင်သည့် ထိုဓာတ်ပုံများ၏ ဖြည့်စက္ကန် ဖိုး ပမာဏမှာလည်း အလွန်ပင်မြင်မ့ ားလှပါသည်။ ဓာတ်ပုံတစ်ပုံသည် ရုတ်ခြည်းဖြစ်ပေါ်လာသော လူနေမှုဘဝမြင်ကွင်း၏ တစ်စိတ်တစ်ပိုင်းကို လျှပ်တစ်ပြက် ရိုက်ယူထားခြင်းဖြစ်သည်။ ဓာတ်ပုံတစ်ပုံတွင် အရေးအကြီးဆုံး အချက်မှာ ဓာတ်ပုံရှုထောင့် အယူအဆပင်ဖြစ်ပါသည်။ အသက်မဝင်သော ဓာတ်ပုံများအတွက်နေ့စဥ်ထုတ် သတင်းစာတစ်စောင်မှာနေရာမရှိပါ။ ထည့်သွင်းဖော်ပြမည့် ဓာတ်ပုံအားလုံးသည်လည်း လူနေမှုဘဝကို ဖော်ဆောင်နိုင်သော ဓာတ်ပုံများဖြစ်ရပါမည်။ အကယ်၍ သတင်းထောက်တစ်ဦးသည် မိမိကိုယ်တိုင်က ဓာတ်ပုံသတင်းထောက်တစ်ယောက်မဟုတ်ခဲ့လျှင် မိမိရေးသားထားသည့် အကြောင်းအရာအတွက် အသုံးပြုမည့် ဓာတ်ပုံများသည် လူနေမှုဘဝပုံစံများကိုကိုယ်စားပြုရန်၊ အဓိကအကြောင်းအရာက မည်သည့်အရာပင်ဖြစ်စေ ထိထိမိမိ ပုံဖော်ပေးနိုင်သော ဓာတ်ပုံများဖြစ်ဖို့ရန်နှင့် ဦးစားပေး သို့ မဟုတ် ဒုတိယဦးစားပေးအနေဖြင့်အမြဲတမ်းအသက်ဝင်စွာ ရိုက်ယူထားသော ဓာတ်ပုံများဖြစ်ဖို့ရန် အတွက်ပါ အထူးဂရုစိုက်ရန် လိုအပ်ပါသည်။

ကျွန်ုပ်၏စာဖတ်ပရိသတ်များအနေဖြင့် လန်ဒန်မြို့ပေါ်သို့ ချီတက်လာသော စစ်တပ်ကြီး၏အင် အား

တောင့်တင်းမှုကို ကွက်ကွက်ကွင်းကွင်း မြင်သာမှုရှိစေရန်အတွက် ကျွန်ုပ်၏သတင်းရေးသားတင်ပြမှု တွင်

ဒူးဖ်ကမ်းခြေသို့ရောက်ရှိလာသော “ပုရွက်ဆိတ်တပ်ကြီးနှင့်တူသော” ဆီဇာ့တပ်ဖွဲ့ကြီး၏ဓာတ်ပုံကိုပါ

တပါတည်း ဖော်ပြရပေလိမ့်မည် ဗြိတိသျှတို့ အကြောင်းနှင့်ပတ်သက်သည့် ကျွန်ုပ်၏ သတင်းတင်ပြ ရေးသားမှုတွင် စစ်ပွဲ အတွက်ပြင်ဆင်နေသော ယောက်ျား၊ မိန်းမ၊ ကလေးများ၏နေ့စဉ်ဘ၀ လှုပ်ရှားဆောင်ရွက်မှု မြင်ကွင်းများအားလျှပ်တစ်ပြက် ရိုက်ယူထားသော ပုံမှန်အရွယ်အစား ဓာတ်ပုံများကိုပါ ထည့်သွင်းဖော်ပြမည်။

 

Britanix အကြောင်း ကျွန်ုပ်၏ရေးသားတင်ပြမှုကို ဘရတွန်နိုင်ငံသားတို့၏ခေါင်းဆောင်ဖြစ်သူ၏

ပုဆိန်သွေးရင်းတန်းလန်း ပြုံးရွှင်နေသော မျက်နှာကို အနီးကပ်ရိုက်ယူထားသော ဓာတ်ပုံနှင့်တကွ ပူးတွဲ

ဖော်ပြမည်ဖြစ်သည်။

 

ဂျူးလီယက်ဆီဇာနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ရောမဘုရင်ကြီး ၏လင်းယုန်ငှက်ကို ဘေးတိုက်

အနေအထားမှ အနီးကပ် ရိုက်ယူထားသော ဓာတ်ပုံနှင့်ပူးတွဲဖော်ပြမည်။

 

ကျွန်ုပ်နှင့် ကျွန်ုပ်၏ဓာတ်ပုံဆရာမှ ရွေးချယ်ထားသော ဓာတ်ပုံများကို စုစည်း၍ စနေ၊ တနင်္ဂနွေ တွင်

ထုတ်ဝေမည့် စာစဉ်တွင် တစ်စုတစ်စည်းတည်းဖြစ်အောင် အနီးကပ်ရိုက်ယူထားသော ဓါတ်ပုံများကို

“ဆီဇာ၏ကျူးကျော်မှုဇာတ်လမ်း” ဟူသော ခေါင်းစဉ် ဖြင့် အလယ်စာမျက်နှာ (၂) ခုတွင် ထည့်သွင်း

ဖော်ပြမည်ဖြစ်သည်။ ခေါင်းစီးစာပိုဒ်တစ်ခု နှင့် အညွှန်းများကိုလည်း ထည့်သွင်းထားပါမည် ။

 

အကယ်၍ ကျွန်ုပ်တွင် သတင်းမှတ်တမ်း သို့မဟုတ် အထင်ကရ ဓာတ်ပုံတစ်ပုံရှိနေပါလျှင် ၎င်းတို့ကို

စာမျက်နှာအပြည့် ဖော်ပြပေးရန် တောင်းဆိုရမည် ဖြစ်သည်။

ကာတွန်းကဏ္ဍသည် လွတ်လပ်မှု အပြည့်အဝရရှိထားသော အပိုင်းကဏ္ဍတစ်ရပ် ဖြစ်သည်။

ကာတွန်းကဏ္ဍ၊ ရုပ်ပြောင်ကဏ္ဍသည် သတင်းစာတစ်စောင်တွင် အရေးအပါဆုံးသော

အပိုင်းတစ်ရပ်ဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်ကမှ ဝင်ရောက်စွက်ဖက်ပိုင်ခွင့် မရှိပါ။ စာပေ

ဝိုင်းတော်သားများတွင်မျက်မှောက် ဖြစ် စဉ်တစ်ခုအပေါ် ခြုံငုံ၍ လိုရင်းတိုရှင်း အချက်ကျကျနှင့် ကိုယ်ပိုင်

ရှုထောင့်အမြင်မှနေ၍ ဟာသရသ လည်း မြောက်အောင်၊ ချက်ကောင်းကိုလည်း ထိမိအောင်ရေးဆွဲနိုင်သူ

ကာတွန်းဆရာ သို့မဟုတ် ရုပ်ပြောင် ကာတွန်းဆရာပါရှိလျှင် ထိုသူ၏စိတ်ကူးစိတ်သန်းနှင့် ဖန်တီးမှုကို

အငြင်းပွားဖွယ်ရာအချက်ရှိသည့်တိုင် စာပေဝိုင်းတော်သားများဘက်မှ ယုံကြည်မှုရှိပေးရမည် ဖြစ်သည်။

အားလုံးလက်ခံနိုင်သောနည်းလမ်းမှာ ထည့်သွင်းဖော်ပြမည့် မျက်မှောက်ကာလဖြစ်ရပ်တစ်ခုနှင့် စပ်လျဥ်းသည့် ကာတွန်းပုံ (၃)ပုံ၊ အနည်းဆုံး(၂)ပုံကိုလျာထားပြီး အယ်ဒီတာထံသို့ပေးပို့ရန် တောင်းဆိုရမည်ဖြစ်သည်။ ရွေးချယ်မှုအပိုင်း အတွက် အားလုံးပါဝင်၍ ဆွေးနွေးအကြံပြုနိုင်သော်လည်း အယ်ဒီတာချုပ်၏ရွေးချယ်မှုကိုသာ နောက်ဆုံး အတည်ပြုရမည်ဖြစ်သည်။

အရည်အသွေးမပြည့်မီသော ခပ်ညံ့ညံ့သတင်းဓာတ်ပုံများကို ထည့်သွင်းဖော်ပြမည်မဟုတ်ပါ။

ပြီးပြည့်စုံမှုရှိသော အချက်အလက်များပါဝင်သည့် သတင်းဓာတ်ပုံများကို ထည့်သွင်းဖော်ပြခြင်း သည် မိမိ

ရေးသားထားသော အကြောင်းအရာအချက်အလက်များကို ပိုမို၍ တန်ဖိုးမြင့်မားသွားစေပါသည်။

သတင်းရေးဆရာ တစ်ဦးအနေဖြင့် မိမိ၏ဆောင်းပါးနှင့် အတူတကွထည့်သွင်းဖော်ပြမည့် ဂရက်ဖစ်ပုံ၊ သရုပ်ပြပုံ သို့မဟုတ် မြေပုံ စသည်တို့နှင့်ပတ်သက်ပြီး အမှားအယွင်း အတိမ်းအစောင်းလုံးဝမရှိရပါ။ မပြောပလောက်သော လွဲချော်မှုအမှားကလေးတစ်ခု ပါသွားခြင်းကြောင့် မိမိ ရေးသားထားသောဆောင်းပါး

တစ်ခုလုံးအပေါ်တွင် စာဖတ်သူတို့ဖတ်မှ သံသယဝင်စရာ ဖြစ်သွားနိုင်သည်။ သတင်းဓာတ်ပုံနှင့်တကွ

ဖော်ပြခြင်းသည် သိပ္ပံနည်းကျ တိကျပြတ်သားမှုရှိသော သတင်းအချက်အလက်များကို ပေးခြင်းပင်ဖြစ် သည်။ ထိုကဲ့သို့သော တိကျပြတ်သား သေချာမှုရှိသော သတင်းအချက်အလက်များ ပေးနိုင်ရန်အတွက်

သတင်းရေးသားခြင်းဆိုင်ရာ အစည်းအဝေး ပြုလုပ်စဉ်တွင် စဉ်းစားဆင်ခြင်မှု၊ ပြန်လည်အသုံးချနိုင်မှုနှင့်

ပူးပေါင်းဆောင်ရွက်မှုရှိရန်မှာလည်း လိုအပ်လှပါသည်။

မြေပုံခေါ်ဆောင်ရာသို့။ မြေပုံတစ်ခုသည် စာဖတ်သူများကို မြေပုံပါ ရည်ညွှန်းရာအရပ်ဒေသဆီသို့

ခေါ်ဆောင်သွားနိုင်စွမ်း ရှိသည်။ ကျွန်ုပ် သတင်းရေးဆရာတစ်ဦးအနေဖြင့် ကျွန်ုပ်၏စာဖတ်ပရိသတ်များကို

စစ်တပ်တွေ ရောက်ရှိ လှုပ်ရှားမှုတွေနဲ့စစ်တလင်းမြေပြင်မှ အခြေအနေအရပ်ရပ်တို့ကို အသေးစိတ်

ဖော်ပြနိုင်ရန် အတွက် ဂရိတ်ဗြိတိန်နိုင်ငံ အနောက်ပိုင်း၏ပထဝီဝင် မြေပုံတစ်ပုံ လိုအပ်ပါသည်။

ဂရက်ဖစ်ပုံတစ်ပုံမှပေးသောသေချာမှု။ ဂရက်ဖစ်ပုံတစ်ပုံဖြင့် ဖော်ပြခြင်းသည် အချက်အလက်များကို

ပို၍နားလည်သဘောပေါက်စေ သည်။ သတင်းရေးဆရာ ကျွန်ုပ်တွင် ဂျူးလီယက်ဆီဇာ စတင်ကျူးကျော်

ရောက်ရှိလာစဉ်ကတည်းက ကျွန် ရောင်းကျွန်ဝယ် ကိစ္စနှင့်စပ်လျဉ်းသည့် ပြောင်းလဲမှု အဆင့်ဆင့်ကို ပြသည့်အချက်အလက်များရှိနေ သော်လည်း အသေးစိတ် လေ့လာသုံးသပ်၍ ဖော်ပြသော သတင်းဆောင်းပါးထက် ဂရက်ဖစ်ပုံတစ်ပုံ ထည့်သွင်းဖော်ပြခြင်းက စာဖတ်သူများကို ပို၍ ရှင်းရှင်းလင်းလင်း သဘောပေါက် နားလည်စေပါသည်။

သရုပ်ပြဇယားမှပေးသောသေချာမှု ။ သရုပ်ပြဇယားပုံသည် ပို၍ရှင်းလင်းသော အချက်အလက်များကို

ပေးနိုင်စွမ်းရှိသည်။ ဂျူးလီယက်ဆီဇာ၏ကျူးကျော်ရေးလုပ်ငန်းစဉ်အတွက် ကျောထောက်နောက်ခံ

အဖွဲ့အစည်းများ မှ လျှို့ဝှက်ဘဏ္ဍာငွေ များကို ထောက်ပံ့နေခြင်းဖြစ်သည်။ ဤဖြစ်စဉ်ဖြစ်ရပ်ကို ရှုပ်ထွေးသောရှင်းလင်းချက်များဖြင့် ဖော်ပြခြင်း ထက် သရုပ်ပြဇယားပုံတစ်ပုံဖြင့် ဖော်ပြခြင်းသည် ပိုမို၍ ရှင်းလင်းစေပါသည်။

အရည်အသွေး မပြည့်မီသော ဓာတ်ပုံတစ်ပုံထက်စာလျှင် ဂရက်ဖစ်ပုံတစ်ပုံ၊ ကာတွန်းပုံတစ်ပုံ သို့မဟုတ်

မြေပုံတစ်ပုံကိုသာ ထည့်သွင်းဖော်ပြသင့်ပါသည်။