Menu

23.၂၃။ သတင်းစာပုံနှိပ် ထုတ်ဝေပြီးသည့်နောက် စာဖတ်ပရိသတ်များနှင့် သက်ဆိုင်သည့် ဝန်ဆောင်မှုအပိုင်း

သတင်းစာကတော့ထွက်ရှိသွားပါပြီ။ စာနယ်ဇင်းသတင်းရေးဆရာ တစ်ဦးသည် မိမိ၏ ရေးသားချက်တွင် ပါဝင်သည့် အကြောင်းအရာ အချက်အလက်များနှင့် ပတ်သက်သမျှကို သတင်းစာ ပုံနှိပ်ထုတ်ဝေပြီးသည့် နောက်တွင် လည်း တာဝန်ယူရမည်ဖြစ်သည်။ မိမိ၏ သတင်းရေးသားချက်များသည် တခြား စာနယ်ဇင်းသမားများနှင့် ဂျာနယ်ဖတ်ပရိသတ်များ၏ ဝေဖန်သုံးသပ်မှုများ ရှိလာမည်မှာလည်း

ဓမ္မတာပင်ဖြစ်သည်။ ဆက်သွယ်ရေးနည်းလမ်းများ တိုးတက်လာသည်နှင့်အမျှ မိမိ၏ရေးသားချက် များအပေါ်ယုံကြည်မှုထားသည့် စာဖတ်သူများနှင့် ရိုးသားမှုအခြေခံပုံမှန် ထိတွေ့မှုရှိနေစေရန် လိုအပ်ပါသည်။

တာဝန်ခံမှု

ဂျာနယ်ဖတ်ပရိသတ်များအား ဖြစ်ရပ်များနှင့် ပတ်သက်၍ သတင်းထုတ်ပြန် တင်ပြပေးခြင်း

လူတိုင်းတွင် သတင်းမှန်သိပိုင်ခွင့် အခွင့်အရေးရှိသည့်အတွက် ” သတင်းမှန်များကို ဆောင်ကျဉ်း

ပေးသူ” အဖြစ် ခံယူထားသော သတင်းရေးသူအနေဖြင့် အမတ်များ ၊ အာဏာပိုင်အဖွဲ့အစည်းများ၊

အုပ်ချုပ်ရေးအဖွဲ့များ၊ လူမှုအဖွဲ့အစည်းများ၊ ကုမ္ပဏီများ၊ အသင်းအဖွဲ့များ အစရှိသည့် နေရာများမှ

အချက်အလက်၊ အကြောင်းအရာများကို လွတ်လပ်စွာ ရှာဖွေမေးမြန်းရယူပိုင်ခွင့် ရှိပါသည်။ ထို့ကြောင့်

အခြားတစ်ဖက်ကို သတင်းရေးသားသူဘက်မှ မိမိ၏ပရော်ဖက်ရှင်နယ်ဆန်သော လုပ်ရပ်များနှင့်

ရေးသားချက်များ နှင့်ပတ်သက်၍ တာဝန်ခံမှုရှိရန် ကြိုးပမ်းရမည်ဖြစ်သည်။

ဂျာနယ်ဖတ်ပရိသတ်များထံမှ ပေးပို့သောဝေဖန်အကြံပြုစာများကို ပြန်လည်ဖြေကြားပေးခြင်းသည် ငြီးငွေ့ဖွယ်အလုပ်တစ်ခု မဟုတ်ဘဲ အပိုဆုတစ်ခုပင်ဖြစ်သည်။

ဝေဖန်ချက်တွေကို ပေးလာသည့် ဂျာနယ်ဖတ်ပရိသတ်တစ်ဦးသည် ကုန်ပစ္စည်းဝယ်ယူ သူများကဲ့သို့ပင်

မှန်ကန်မှုသည် ၎င်းတို့ဘက်၌သာ ရပ်တည်နေပါသည်။ စာရေးသူ၏ ရည်ရွယ်ရင်း အကြောင်းအရာကို

အထအနလွဲကောက်မိသည်ဖြစ်စေ၊ မှားယွင်းစွာ နားလည်သဘောပေါက်မိသည် ဖြစ်စေအစရှိသည့်

အချက်များကျူးလွန်မိသည့်တိုင်အောင် ၎င်းတို့အနေဖြင့် သက်ဆိုင်ရာဂျာနယ်လစ် သတင်းရေးဆရာဘက်မှ

လေးစားမှုနှင့် မွန်ရည်စွာ ပြန်လည်ဖြေကြားချက်ပေးခြင်းကို စောင့်စားပိုင်ခွင့် ရှိသည်။ အကယ်၍

သတင်းရေးဆရာဘက်မှ စာဖတ်ပရိသတ်၏ ဝေဖန်ချက်များကို လက်ခံ၍ကောင်းမွန်စွာ အကျိုးသင့် အကြောင်းသင့် ပြန်လည်ဖြေကြားပေးလျှင် စာဖတ်သူတို့၏ နားလည်မှုကို ရယူနိုင်သလို တခါတရံ စာဖတ်သူတို့ဘက်မှပင် ” သူတို့ဘာသာ နားလည်သဘောပေါက်မှားခြင်း ဖြစ်ကြောင်း” ဝန်ခံသည့်

အခြေအနေမျိုးပင် ဖြစ်သွားနိုင်ပါသည်။ ဂျာနယ်ဖတ် ပရိသတ်များနှင့် အပြန်အလှန် ထိတွေ့မှုယူခြင်းသည်

စာနယ်ဇင်း ကဏ္ဍအတွက် ပို၍ အကျိုးဖြစ်ထွန်းစေသည့်အပြင် သတင်းရေးဆရာ အတွက်လည်း

စဉ်းစားဆင်ခြင်မှု ပိုင်းဆိုင်ရာ ပညာရရှိစေပါသည်။ ဂျာနယ်ဖတ် ပရိသတ်များများ ရစေနိုင်သည့်

အရိုးရှင်းဆုံးနည်းလမ်းမှာ သတင်းစာ စာမျက်နှာများထဲတွင် စာဖတ်ပရိသတ်များ၏ ဝေဖန်အကြံပြု

ပေးစာကဏ္ဍကို တိုးချဲ့ဖော်ပြပေးခြင်းပင် ဖြစ်သည်။

ပြန်လည်ရှင်းလင်းဖြေ ကြားခွင့်ရှိခြင်းသည် အဓိကကျသော လုပ်ပိုင်ခွင့် တစ်ရပ်ဖြစ်ပါသည်။

စာဖတ်ပရိသတ် တစ်ဦးသည် ၎င်းကိုယ်တိုင်ထောက်ပြထားသော အကြောင်းအရာကို ရေးသား

ထားသော သတင်းတစ်ပုဒ်နှင့် စပ်လျဉ်း၍ ပြန်လည်ဖြေကြားခွင့်ရှိခြင်းသည် စာဖတ်ပရိသတ် တစ်ဦး၏

လုပ်ပိုင်ခွင့်များထဲမှ အလေးထားအပ်ဆုံးဖြစ်သည်။ ဆောင်းပါးတစ်ပုဒ်တွင် နာမည်နှင့်တကွ ဖော်ပြခံရသည့် စာဖတ်သူတစ်ဦး အနေဖြင့် ၎င်းဘက်မှလည်း ပြန်လည်ရှင်းလင်းဖြေကြား ခွင့်ကို မည်သည့်တရားဥပဒေမှ ကန့်ကွက်၍ မရနိုင်ပါ။ ၎င်း၏ပြန်လည်ရှင်းလင်း ဖြေကြားချက်သည် ရှေ့၌စွပ်စွဲပြောဆိုရေးသားခဲ့သည့် ဆောင်းပါးနှင့်ဆီလျော်မှုရှိရပေမည်။ စာပိုဒ်အရှည် ပါဝင်သည့် အချက်အလက် ၊ ပုံစံအနေအထားစသည်ကိုတော့ ဆွေးနွေးညှိနှိုင်းရပေလိမ့်မည်။ မိမိအနေနဲ့ အလွန်အကျွံ ပြောဆိုရေးသားခံခဲ့ရသည့်အတွက် မိမိအလှည့်ရောက်သည့် အချိန်၌ တစ်ဖန်ပြန်၍ လွန်လွန်ကျူးကျူး ပြန်လည်ရေးသားခွင့် မရှိပါ။ သို့သော် မည်သူတစ်ဦးတစ်ယောက်ကမှ ၎င်းရှင်းလင်းဖြေ ကြားချက်ကို ပိတ်ပင်တားဆီး၍ မရနိုင်ပါ။ သတင်းရေးဆရာဘက်မှလည်း ဤကိစ္စကို တခြားစာဖတ်ပရိသတ်များနှင့် ဝေဖန်ဆွေးနွေးမှုပြုလုပ်ခြင်းကိုလည်း မည်သည့်အရာကမှ ပိတ်ပင်ပိုင်ခွင့် မရှိပါ။ သို့သော် သတိပြုရမည်မှာ စာဖတ်ပရိသတ် တော်တော်များများသည် ရိုးသားမှုရှိသော သတင်းနှင့် အလိမ်အညာ သတင်းတို့ကို ကောင်းစွာခွဲခြားတတ်ကြသူများဖြစ်သည် ဟူသောအချက်ပင်။

မှားယွင်းစွာတင်ပြမိသည့် အချက်အလက်များနှင့်စပ်လျဉ်းသည့် အမှားပြင်ဆင်ချက်များခြင်းသည်

မဖြစ်မနေဆောင်ရွက်ရမည့် ကိစ္စဖြစ်သည်။

သတင်းရေးဆရာ တစ်ဦးအနေဖြင့် မိမိ၏အမှားကို ဝန်ခံ၍ ထိုအမှားကို အလိုအလျောက်ပြန်လည် ၍

ပြင်ဆင်ပေးခြင်းသည် စာဖတ်သူအား မိမိဘက်မှ ရိုးသားမှုကိုပြသရန်အတွက် အကောင်းဆုံးသော

နည်းလမ်းဖြစ်သည်။ ဘယ်သောအခါမှ အမှားပြင်ဆင်ချက် ထုတ်ပြန်ခြင်းမရှိသော သတင်းစာသည်

ရိုးသားမှုရှိသော သတင်းစာတစ်စောင် မဖြစ်နိုင်ပါ။ သတင်းရေးဆရာတိုင်း မှားယွင်းနေသော အချက်အလက်များကို တင်ပြရေးသားဖူးကြပေလိမ့်မည်။ တချို့သောသတင်း အချက်အလက်

မတိကျမှုများသည် နောက်ဆက်တွဲ ဆိုးကျိုးတစ်စုံတစ်ရာ မရှိနိုင်သော်လည်း အချို့သော အမှားများ မှာ မူ

ဆိုးရွားသောနောက်ဆက်တွဲ ပြဿနာများ ဖြစ်လာနိုင်စေပါသည်။ နာမည်ကြီး ဂျာနယ်များ၌ လိုက်နာရမည့်

အရေးကြီးဆုံးသောစည်းကမ်းများထဲတွင် အမှားပြင်ဆင်ချက်ထုတ်ပြန်ခြင်း ဆိုသည့်အချက်မှာတစ်ခု အပါအဝင်ဖြစ်ပါသည်။ ထိုအမှားပြင်ဆင်ချက်များကို စာဖတ်သူများ အလွယ်တကူ မြင်သာနိုင်စေရန် အတွက်မူလဖော်ပြချက်ပါနေရာဖြစ်တဲ့ စာမျက်နှာ၏နေရာတူ ဒေါင့်နားတွင်ပင် ထည့်သွင်းဖော်ပြ လေ့ရှိသည်။

မနက်ဖြန်တွင် ကျွန်ုပ်၏အမှားပြင်ဆင်ချက်ကို တတ်နိုင်သမျှ မည်သည့်အကြောင်းပြချက်မျှမပေးဘဲ

စာကြောင်းနှစ် ကြောင်းစာထုတ်ပြန်မည်။ “မနေ့က စာမျက်နှာ(၃)မှ ဂရိတ်ဗြိတိန်နိုင်ငံသို့

ဂျူးလီးယက်ဆီဇာဆိုက် ရောက်လာသည်နှင့် စပ်လျဉ်းသည့် သတင်းတင်ပြချက်တွင် ဖော်ပြခဲ့သည့်

ရောမမြင်းစစ်သည် တော်တပ်ကြီးကို ဦးဆောင်သူမှာ ဆီဇာ၏တူတော်စပ်သူ Octave ဖြစ်သည်ဆိုသည့်

နေရာတွင် ဂျာနယ်ဖတ်ပရိသတ်များအနေနဲ့ ဆီဇာ၏ မွေးစားသားဖြစ်သူ Brutue ဖြစ်ပါသည်ဟူ၍

ပြောင်းလဲပြင်ဆင် ဖတ်ရှုပေးကြပါရန် မေတ္တာရပ်ခံပါသည်။ ကျွန်ုပ်တို့ဘက်မှ မှားယွင်းစွာဖော်ပြမိခဲ့ခြင်းကို

ခွင့်လွှတ်ပေးကြပါ ရန် တောင်းဆိုအပ်ပါသည်။”

စာဖတ်သူများနှင့် သတင်းရေးသားသူ အကြား ထိန်းညှိပေးမည့် ပုဂ္ဂိုလ်ခန့်ထားမလား၊ ထားမယ်ဆိုရင် …

စာနယ်ဇင်းသတင်းဂျာနယ် လောကအတွက် ဂျာနယ်ဖတ်ပရိသတ်များမှာ အလွန်ပင်တန်ဖိုးရှိအရေးပါလာ သောကြောင့် ဂျာနယ်တော်တော်များများတွင် စာဖတ်သူတို့ဘက်မှ ပေးပို့သောစာ များကို တရားဝင် လူသိရှင်ကြား ဓမ္မဓိဌာန်ကျကျ ပြန်လည်ဖြေကြား ပေးနိုင်ရန်အတွက် အရည်အချင်းပြည့် ၀သော

သူတစ်ဦးကို ခန့်ထားကြပါသည်။ ယေဘုယျအားဖြင့် ၊ တစ်ပါတ်တစ်ခါ မိမိတို့ကိုယ်ကို မိမိတို့ပြန်လည်

သုံးသပ်နိုင်ရန်အတွက် လမ်းညွှန်ပုံစံမျိုးဖြစ်သော စာဖတ်သူထံမှပေးစာ ကဏ္ဍဆိုတာရှိပါတယ်။ သို့သော်

ထိုကဲ့သို့ပွင့်လင်းမြင်သာမှု ရှိခြင်းသည် နေရာတိုင်းတွင်တော့ တူညီသော ရလဒ်များကိုမရနိုင်ပါ။

ဝေဖန်အကြံပေးစာကဏ္ဍအတွက် ခန့်ထားသော ကြားဝင်ဖြေကြား ထိန်းညှိပေးမည့်သူ၏ကိုင်တွယ်

ဖြေရှင်းပေးနိုင်သည့် အရည်အချင်းပေါ်တွင် မူတည်နေပါသည်။ အဲဒီ့အတွက် ဖြေကြားပေးသူအနေနဲ့

မိမိကိုယ်တိုင် ဂျာနယ်လစ် တစ်ဦးအဖြစ် အလုပ်လုပ်ခဲ့ဖူးသူ ဖြစ်ရန်လိုအပ်ပြီး ထိုအလုပ်နှင့် ပတ်သက်

သမျှသော လုပ်ထုံးလုပ်နည်းများကိုလည်း ကျွမ်းကျွမ်းကျင်ကျင် သိထားသူဖြစ်ရပေမည်။ သို့မှသာ

ဒီထိန်းညှိဖြေကြား ပေးခြင်းအလုပ်ကို ကျိုးကြောင်းခိုင်မာမှုရှိသော တရားဝင်နည်းလမ်းများဖြင့်

ကိုင်တွယ်ဖြေရှင်းနိုင်ပါလိမ့်မည်။