သတင်းရေးဆရာများသည် လူ့အဖွဲ့အစည်းတစ်ရပ်လုံးအတွက် အပြုသဘောဆောင်သော လှုပ်ရှားမှုများကိုသာဆောင်ရွက်နေသူများဖြစ်ကြပါသည်။
သတင်းထောက်တစ်ဦးသည် လူ့အဖွဲ့အစည်းထဲရှိ ပါဝင်လှုပ်ရှားသူတစ်ဦးသက်သက်သာ ဖြစ်ပြီး
သူ့အနေအထားကိုနိုင်ငံရေးရှုထောင့်မှမြင်နိုင်ဖွယ်ရှိသော်လည်းနိုင်ငံရေးလှုပ်ရှားဆောင်ရွက်သူတစ်ဦးတော့
မဟုတ်ပါ။ သတင်းရေးဆရာတစ်ဦးရဲ့ အလုပ်ကို အခြေခံအားဖြင့် ပုံဖော်ပေးသောတန်ဖိုးများမှာ – ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ၊ လွတ်လပ်ရေး၊ စည်းလုံးညီညွတ်မှု၊ ညီမျှမှု၊ ပညာရေး၊ လူ့အခွင့်အရေး၊ အမျိုးသမီးထုအခွင့်အရေး၊ ကလေးသူငယ်များ၏အခွင့်အရေး၊ လူ့အဖွဲ့အစည်း၏ တိုးတက်မှု အစရှိသော လူသားတစ်ရပ်လုံးဆိုင်ရာ ကိစ္စရပ်များပင်ဖြစ်ပါသည်။သူ့ရဲ့အရေးအသားတွေဟာ လူအဖွဲ့အစည်းရော၊ နိုင်ငံရေးရောအသွင်ပြောင်းလဲဖို့အတွက် ကူညီဖေးမပေးပါတယ်။
လူ့အဖွဲ့အစည်း တစ်ရပ်လုံးအတွက် ရှေးရှုလုပ်ဆောင်နေသော သတင်းရေးဆရာတစ်ဦးသည်
အစိတ်အပိုင်းကဏ္ဍတစ်ခုခု၏ အကျိုးစီးပွားအတွက်ဖြစ်စေ၊ တစ်ဦးတစ်ယောက်၏ အကျိုးစီးပွား အတွက်ဖြစ်စေ၊ အသင်း အဖွဲ့သမဂ္ဂတစ်ခုခု၏ အကျိုးစီးပွားအတွက်ဖြစ်စေ ဘယ်သောအခါမျှ ဆောင်ရွက်လိမ့်မည်မဟုတ်ပါ။
သို့မဟုတ်ပါက မိမိလုပ်ဆောင်ရမည့် အခန်းကဏ္ဍများတွင် ရှပ်ထွေးသွားစေနိုင်ပြီး မိမိ၏လွတ်လပ်မှုကိုပါ
ထိခိုက်စေနိုင်ရုံသာမကဘဲ မည်သည့်ဩဇာခံမှမဟုတ်သောမိမိ၏ ကိုယ်ပိုင်လွတ်လပ်စွာ ရပ်တည်မှု အပေါ်တွင်ထားရှိသော စာဖတ်သူတို့ဘက်မှ ယုံကြည်မှုကိုပါ အလွဲသုံးစား လုပ်ရာ ရောက်သွားနိုင်ပါတယ်။
အကယ်၍သတင်းရေးဆရာတစ်ဦးသည် ပါတီ တစ်ခု၏ အဖွဲ့ဝင် ဖြစ်နေပါလျှင် လိုက်နာစောင့်ထိန်း
ရမည့် နိုင်ငံသားကျင့်ဝတ်မှာ မိမိ၏ နိုင်ငံရေးပါတီနောက်ခံအဖွဲ့အစည်းဘက်မှ နေ၍ ရေးသားခြင်း၊ ဝါဒဖြန့်ခြင်းတို့ကို မပြုလုပ်မိစေရန် ရှောင်ရှားရမှာဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံရေးပါတီအဖွဲ့အစည်း (သို့) သမဂ္ဂတစ်ခု၏ အဖွဲ့ဝင်ဖြစ်နေသော သတင်းထောက်တစ်ယောက်သည် ၎င်း၏ပါတီအဖွဲ့အစည်းနှင့် ပတ်သက် သည့်အချက်အလက် အကြောင်းအရာများကို ထည့်သွင်းရေးသားနိုင်သောကြောင့် အယ်ဒီတာဘုတ်အဖွဲ့မှပြဌာန်းထားသောစည်းမျဉ်းစည်းကမ်းများအရ ထိုအရေးအသားမျိုးကို တားဆီးဟန့်တားရမည်ဖြစ်ပါတယ်။
သတင်းထောက်အမြင်ကိုစည်းမျဉ်းစည်းကမ်းများက ဥပေက္ခာ မပြုပါ။
လူသားထုတစ်ရပ်လုံး၏ အကျိုးအတွက် တက်ကြွလှုပ်ရှားနေသော သတင်းထောက်တစ်ဦး
သည်လူ့သားတို့၏တန်ဖိုးများကို ချိုးဖောက်နေသော(သို့) မျက်ကွယ်ပြုနေကြသော အာဏာပိုင်များကို
ဆန့်ကျင်ရသည့် အနေအထားမျိုးနှင့်မကြာခဏ ကြုံရလေ့ရှိပါတယ်။ ထိုအခါမျိုးတွင် သတင်းရေးဆရာသည် သူ၏ဘဝကိုပါရင်း၍ ပေးဆပ်ရသည့်အခြေအနေမျိုးလည်း ရှိတတ်ပါတယ်။ အဆုံးစွန်သောတင်းမာမှုများနှင့်ကြုံရသောအခါမျိုးတွင်တောင်မှ အချို့သော နီတိစည်းကမ်းများကို လိုက်နာတတ်ဖို့လည်း လိုအပ် ပါတယ်။ လူ့အဖွဲ့အစည်းတစ်ရပ်လုံး၏ အကျိုးအတွက် လုပ်ဆောင်နေသော သတင်းရေးဆရာတစ်ဦးသည် မိမိအားထိုးနှက်နေသော ပြိုင်ဘက်များ၏ အယူအဆခံယူချက်များကို လျစ်လျူမရှုဘဲ ထိုသူတို့နှင့်ပတ်သက်လျှင် မိမိဘက်မှ လိုက်လျောပျော့ပြောင်းမှုရှိကြောင်းကို မိမိလေ့လာဆန်းစစ်ချက်များနှင့်ဝေဖန်သုံးသပ်ချက်များ တွင် ထည့်သွင်းဖော်ပြနိုင်ရပါမယ်။
ကိုးကားချက်များ
-ပြင်သစ်သတင်းထောက်များ လိုက်နာရမည့် တာဝန်ဝတ္တရားများဆိုင်ရာဥပဒေ (၁၉၁၈)
– အမေရိကန် သတင်းထောက်များလိုက်နာရမည့် ကျင့်ဝတ် (၁၉၂၆)
– ဗြိတိသျှသတင်းထောက်များ လိုက်နာရမည့်ကျင့်ဝတ်အပြုအမူ (၁၉၃၈)
– အပြည်ပြည်ဆိုင်ရာ ဂျာနယ်လစ်အဖွဲ့ချုပ်မှ ချမှတ်ထားသော သတင်းထောက်များ လိုက်နာရမည့်
ကျင့်ဝတ်အပြုအမူဆိုင်ရာထုတ်ပြန်ကြေငြာချက် ၊ ဘော်ဒိုထုတ်ပြန်ကြေညာချက် (၁၉၅၄)
– သတင်းထောက်များလိုက်နာရမည့် တာဝန်ဝတ္တရားများနှင့် အခွင့်အရေးလုပ်ပိုင်ခွင့်များဆိုင် ရာမြူးနစ်
ထုတ်ပြန်ကြေငြာချက် (၁၉၇၁)
– ဂျာမနီနိုင်ငံမှ သတင်းစာကျင့်ဝတ် (၁၉၇၃)
– ယူနက်စကိုမှ သတင်းမီဒီယာဆိုင်ရာ ထုတ်ပြန်ကြေငြာချက် (၁၉၈၃)
– ဥရောပကောင်စီမှချမှတ်ထားသော သတင်းထောက်ကျင့်ဝတ်များ (၁၉၉၃)
“ဂျူးလီးယက်ဆီဇာ၏ဇနီးသည်အား ယုံမှားသံသယမဝင်သင့်ပါ”
အိမ်ထောင်ရေးဖောက်ပြန်သည်ဟူသော ကောလဟာလကြောင့် ဇနီးမယားအဖြစ်မှ စွန့်ပစ်ခံထားရသူ
ဂျူးလီးယက်ဆီဇာ၏ဇနီးသည်အား ပွန်ပေးရီးယား အမည်ရှိသောသတင်းထောက်တစ်ဦး မှသင်္ကာမကင်း
ဖြစ်စရာ အကြောင်းမရှိကြောင်းနှင့် ၎င်းအမျိုးသမီးမှာ မှားယွင်းစွပ်စွဲခံရခြင်းသာ ဖြစ်ကြောင်း ရေးသား
လိုက်တယ်။ ဤကဲ့သို့ ရေးသားဖော်ပြလုိက်ခြင်းအတွက် မည်သည့်အခါမျှသံသယဖြစ်စရာ မလိုလောက် အောင်ထိုသတင်းထောက်၏ လူမှုရေးတာဝန်ယူမှုအပိုင်းကလည်းအရေးတကြီးလိုအပ်ပါတယ်။ အဲဒီ အပိုင်းမှာသူများရဲ့ ကိုယ်ရေးကိုယ်တာဘဝကိုလေးစားမှု၊ တစ်ဦးချင်းစီ၏ ဂုဏ်သိက္ခာပိုင်းဆိုင်ရာ လေးစားမှု၊ ဖောက်ပြန်သစ္စာမဲ့မှုများကိုလက်သင့်မခံမှု ၊ အများအတွက်မဟုတ်ဘဲကိုယ်ရေးကိုယ်တာ အကျိုးစီးပွား ရှာခြင်းကိုငြင်းပယ်မှု၊ ကြံရာပါနှစ်ဦးသဘောတူ အပေးအယူလုပ်ခြင်းကိုပါ တားမြစ်မှု စသော အချက်များပါဝင်ရန်လည်း လိုအပ်ပါတယ်။
အထက်ဖော်ပြပါအချက်များသည် ပညာရှင်ဆန်သော စာနယ်ဇင်းသတင်းလောကရဲ့အကန့်အသတ်၊
ဒါပေမယ့် ဒီလောကရဲ့တန်ဖိုးကို မြှင့်တင်ပေးသော အရာများလည်းဖြစ်ကြပါတယ်။ အနည်းဆုံးတော့
စေးနက်(ခ်)ဆိုခဲ့သလို “မြင့်မြတ်သောစိတ်ထားသည်သာ မြင့်မြတ်သော အခြေအနေတစ်ခုနှင့် လျော်ကန်
ထိုက်တန်ပါသည် ” ဟူ၍ပဲဖြစ်ပါတော့တယ်။