Menu

03.၃။ စာနယ်ဇင်းသတင်းလောကမှ ဝေါဟာရအသုံးအနှုန်းများ

ဥရောပတွင် ပုံနှိပ်စက်များပေါ်ပေါက်လာသည့် အချိန်ကာလမှစ၍ ပရော်ဖက်ရှင်နယ်သတင်း ထောက်များဟာ သတင်းလောကသုံး ဝေါဟာရစကားလုံးများဖြင့်အချင်းချင်းဆက်သွယ်ပြောဆိုကြပါတယ်။
ထိုအသုံးအနှုန်းများမှာ ယနေ့ထက်တိုင်အောင် စာနယ်ဇင်းလောကထဲတွင် အသုံးပြုနေကြဆဲပါ။
ဤသတင်းစာသုံး ဝေါဟာရများသည် သတင်းစာမျက်နှာပေါ်မှ ရေးသားမှုပုံစံ ပြောင်းလဲမှုအဆင့်ဆင့်တို့နှင့်
သက်ဆိုင်သော စကားလုံးအစုအဖွဲ့များကို အခြေခံ၍ပေါ်ပေါက်လာခြင်း ဖြစ်ပါတယ်။

တူညီသောဘုံဘာသာစကားဖြင့် သုံးနှုန်းခြင်းသည် ပညာရပ်တစ်ခုကို မျှဝေခြင်း ဖြစ်သည်။

သတင်းပုံစံနှင့် ဆိုင်သောဝေါဟာရများ

ဆောင်းပါး(စာရွက်ကော်ပီ”) – ထုတ်ဝေရန်ရေးသားထားသည့်စာတစ်ပုဒ်။

ရှုထောင့် – ရေးသားပုံရေးသားနည်းရှုထောင့်။

ခေါင်းကြီးပိုင်း – စာဖတ်သူတို့၏အာရုံကို ဖမ်းစားနိုင်ရန်အတွက် ရည်ညွှန်းသော အစပျိုး

စာကြောင်း ၊ စကားလုံးများ။

စာကိုယ် – ဆောင်းပါးတစ်ပုဒ်တွင်ပါဝင်သည့် အကြောင်းအရာစာသား၊ အတွင်းပိုင်း

စာမျက်နှာများ၊ စာလုံးများ၏အရွယ်အစား။

နိဂုံး – ဆောင်းပါးတစ်ပုဒ်၏နိဂုံး၊အဆုံးသတ်စာကြောင်း၊နောက်ဆုံး စကားလုံးများ။

သတင်းအမျိုးအစားနှင့်ဆိုင်သောဝေါဟာရများ

အတွေးအမြင်ဆောင်းပါးတို – ဆောင်းပါးရှင်၏အယူအဆရပ်တည်ချက်များပါဝင်သောဆောင်းပါးတို။

သတင်းအကျဉ်းချုပ် –  ခေါင်းစဉ်မပါဘဲ လိုရင်းတိုရှင်းရေးသားထားသော သတင်း။

အမည်မသိသတင်းသုံးသပ်ချက် – သတင်းစာတိုက်ဘက်မှ ရပ်တည်မှုပါဝင်သော ရေးသားသူအမည်

ဖော်ပြခြင်း မရှိသော သတင်းသုံးသပ်ချက်။

လူမှုဘဝအဖုံဖုံ – နေ့စဉ်လူမှုဘဝမှာဖြစ်ပျက်နေသောသတင်းကဏ္ဍ။

ပင်တိုင်ဆောင်းပါးရှင်ကဏ္ဍ – စာရေးဆရာတစ်ဦးမှကိုယ်ပိုင်ဟန်ဖြင့်ပုံမှန်ရေးသားနေသော ဆောင်းပါး။

ရပ်ဝေးမြေခြားမှသတင်း – အဝေးတစ်နေရာမှသတင်းထောက်တစ်ဦးပေးပို့သောဆောင်းပါး။

တရားဝင်သတင်းအေဂျင်စီတစ်ခုမှသတင်း – အေဂျင်စီတစ်ခုမှဖြန့်ဝေသောသတင်း။

ကမ္ဘာရေးရာအတိုအထွာ – ကမ္ဘာ့အရပ်ရပ်မှသတင်းတိုများ။

အယ်ဒီတာ့အာဘော်ကဏ္ဍ – အယ်ဒီတာချုပ်(သို့) သတင်းတိုက်ညွှန်ကြားရေးမှူးမှ ရေးသားထားသော

အချက်အလက်များ။

သတင်းရှာဖွေစုံစမ်းခြင်း – သတင်းအရင်းအမြစ်မျိုးစုံမှရရှိလာသောအချက်အလက်များကိုဆန်းစစ်

လေ့လာသုံးသပ်၍ဖော်ပြသောသတင်း။

အထူးသတိပြုစရာ –  စာဖတ်သူတို့အထူးတလည် သတိပြုမိစေရန် စာကြောင်းနှစ်ကြောင်းကြားမှ

ထည့်သွင်းဖော်ပြသော သတင်းအပိုဒ်ငယ်။

တွေ့ဆုံမေးမြန်းခြင်းကဏ္ဍ – အမေးအဖြေပုံစံဖြင့် ရေးသားတင်ပြထားသော အင်တာဗျူးမေးမြန်းခန်းမှ

ကောက်နုတ်ဖော်ပြချက်။

ပြန်လည်တင်ပြချက် – အကြောင်းအရာတစ်ခုတည်းကိုပဲ ပြန်လည်ရေးသား တင်ဆက်ထားခြင်း။

နာရေးသတင်း – မကြာသေးမီကကွယ်လွန်သွားသူများနှင့်စပ်လျဉ်းသည့်သတင်းအကျဉ်းချုပ်။

သတင်းအစီရင်ခံတင်ပြမှု –  သတင်းဖြစ်ပေါ်ရာ နေရာများမှမြင်ခဲ့ရသမျှ၊ ကြားခဲ့ရသမျှတို့ကိုပြန်လည်

တင်ပြခြင်းသတင်း။

ကြော်ငြာသတင်း –  သတင်းအစီရင်ခံတင်ပြမှု ပုံစံဖြင့်ထည့်သွင်းထားသောကြော်ငြာ။

သတင်းထူးသတင်းဦး – တခြားမည်သည့်သတင်းစာတွင်မှ ဖော်ပြခြင်းမရှိသေးသော သတင်း။

တည်းဖြတ်မှုပိုင်းဆိုင်ရာဝေါဟာရများ

သတင်းခေါင်းစီးစာပိုဒ် – ဆောင်းပါးတွင်ပါဝင်သောအကြောင်းအရာ အကျဉ်းချုပ်ကိုဖော်ပြသော

စာပိုဒ်ငယ်။

ခေါင်းစဥ်တပ်ခြင်း – ခေါင်းစဉ်တစ်ခုပါဝင်သော အကြောင်းအရာများ။

ခေါင်းစဥ်ကြီး – ခေါင်းစဉ်တပ်ရာတွင် အဓိကထားသောစာကြောင်း။

ခေါင်းစဥ်ငယ် – ခေါင်းစဉ်ကြီး၏အဖြည့်ခံ (သို့) နောက်ဆက်တွဲ။

ကြားခံခေါင်းစဥ်– စာပိုဒ်အတွင်းတစ်နေရာမှကြားခံထည့်ဖြည့်ထားသော ခေါင်းစဉ်။

စာရေးသူအမည် – ဆောင်းပါးစာမျက်နှာ၏အောက်ခြေ သို့မဟုတ် အထက်ပိုင်းတစ်နေရာရာ၌

တစ်ခုလုံးသို့တစိတ်တပိုင်းဖော်ပြထားသည့် စာရေးသူ၏နာမည်။

ပုံညွှန်းစာ – ရုပ်ပုံနှင့်တကွဖော်ပြထားသော သတင်းအချက်အလက်။

ဓာတ်ပုံရင်းမြစ် – ဓာတ်ပုံသတင်းထောက်၏ အမည်။

ပရုဖ်ဖတ်ခြင်း ၊ ပုံနှိပ်မူကြမ်းအမှားပြင်ဆင်ခြင်း ဆိုင်ရာ ဝေါဟာရများ

မေ့လျော့မှု – ဆောင်းပါးတစ်ပုဒ်တွင် စကားလုံးတစ်လုံးသို့မဟုတ် စကားလုံးများစွာကို မေ့ကျန်ခဲ့မှု။

သတ်ပုံအမှား – စာလုံးပေါင်းရာတွင် သတ်ပုံ အမှား။

ထပ်တလဲလဲအမှား – စကားလုံးတစ်လုံး၊ လိုင်းတစ်လိုင်း၊ ဝါကျတစ်ကြောင်းစသည်တို့ကို ထပ်ခါတလဲလဲ ကြိမ်ဖန်များစွာ ပြန်သုံးမိသောအမှား။

စကားလုံးအသုံးအနှုန်းအမှား – စကားလုံးများ၏သတ်ပုံကို ပြောင်းပြန် သို့ ရောထွေးအသုံးပြုမိခြင်း။

နေရာလွတ် – ကော်ပီပေါ်မှအသေးငယ်ဆုံးအပိုင်း၊စကားလုံးတစ်လုံးနှင့်တစ်လုံးကြားမှနေရာလွတ်အပိုင်း။

တင်ပြမှုပုံစံအရွယ်အစားပိုင်းဆိုင်ရာဝေါဟာရများ

ကော်လံပြည့်စာပိုဒ် –  ကြားခံခေါင်းစဉ်မပါသော စာမျက်နှာကော်လံတစ်ခုအပြည့် ရေးသားထားသော စာပိုဒ်။

ဘောင် – လိုင်းဖြင့်ဘောင်ခတ်ဖော်ပြထားသောစာပိုဒ်။

ဘောင်ကွတ်လိုင်းများ – ဆောင်းပါးများသို့ကော်လံများကိုတစ်ခုနှင့်တစ်ခု ပိုင်းခြားကန့်သတ်ရာတွင်

အသုံးပြုသောတဆက်တည်း သို့ အပိုင်းအဖြတ်လိုင်းများ။

အောက်ခြေ – စာမျက်နှာ၏အောက်ခြေပိုင်း။

သတင်းကဏ္ဍအမျိုးအစား – သတင်းရေးသားသည့် အပိုင်းကဏ္ဍ။

ထိပ်ပိုင်း – စာမျက်နှာ၏ အပေါ်ပိုင်း။

နောက်ဆက်တွဲ – ရှေ့စာမျက်နှာမှ ခေါင်းကြီးပိုင်းသတင်းနောက်ဆက်တွဲကို နောက်

စာမျက်နှာတွင်ဆက်လက်ရေးသားထားခြင်း။

အလယ်ပိုင်း – စာမျက်နှာ၏အလယ်ပိုင်း။

စာမျက်နှာအပြင်အဆင်ပိုင်းဆိုင်ရာ ဝေါဟာရများ

ရှေ့ဖုံးအကြို – ရှေ့စာမျက်နှာတွင်ကြေငြာထားပြီးအတွင်းပိုင်းတွင် ရေးသားထားသည့် ဆောင်းပါး။

ထိပ်စီး – ထုတ်ဝေသည့် သတင်းစာအမည်ပါဝင်သော ရှေ့မျက်နှာဖုံးစာမျက်နှာ ထိပ်ပိုင်းနှင့် သတင်းကဏ္ဍအမည်၊ ရက်စွဲနှင့် စာမျက်နှာနံပါတ် ပါဝင်သောအတွင်းပိုင်း စာမျက်နှာ။

ရှေ့မျက်နှာဖုံးမှအဆက် – ရှေ့မျက်နှာဖုံးမှ အတွင်းပိုင်းစာမျက်နှာများအထိ ဆက်လက်ရေးသား

ထားသောဆောင်းပါး။

သတင်းစာခေါင်းစီး – ရှေ့စာမျက်နှာအပြည့်နေရာယူထားသော အလွန်ကြီးမားသည့်ခေါင်းစဉ်။

ဘေးနှစ်ဘက်မှနေရာနှစ်ခု – သတင်းစာအမည်ထိပ်စီးနှင့် ခပ်ကွာကွာတွင်တည်ရှိနေသည့်နေရာလွတ်များ။

အောက်ခြေ –  စာမျက်နှာအောက်ပိုင်းနေရာ။

သတင်းစာထုတ်လုပ်မှုပိုင်းဆိုင်ရာဝေါဟာရအသုံးအနှုန်းများ

ထုတ်လို့ရပြီ – “ထုတ်လို့ရပြီ ”၊ ပုံနှိပ်စက်သို့မတင်မီနောက်ဆုံးအဆင့်။

နောက်ဆုံးပိတ်စာကြောင်းများပြင်ဆင်ခြင်း –  “ထုတ်လို့ရပြီ” အဆင့်သို့မရောက်မီ စာမျက်နှာ

တစ်မျက်နှာ၏ အကြောင်း အရာများကို စီစဥ်တကျ ဖြစ်အောင်ပြုလုပ်ခြင်း။

စကေးညှိခြင်း – သတင်းဆောင်းပါးတစ်ပုဒ်၏ အရှည်ကိုမှန်းဆခြင်း။

စာမျက်နှာတွဲခြင်း – ပါဝင်မည့်ဆောင်းပါးများနှင့် ကြော်ငြာများကို သတင်းစာရှေ့မျက်နှာဖုံးမှ

နောက်ကျောဖုံးစာမျက်နှာအထိ တစ်မျက်နှာပြီးတစ်မျက်နှာမည်သို့ခွဲခြား ဖွဲ့စည်း ထည့်သွင်းသည်ကိုပြသည့် ပုံကြမ်း။

ပြည့်စုံသောအနေအထား – ထည့်သွင်းမည့်စာမျက်နှာများအားလုံး။

ကျောဖုံး – သတင်းစာနောက်ကျောဖုံးစာမျက်နှာ။

အထောက်အကူ – ရေးသားထားသောဆောင်းပါးတစ်ပုဒ်ရဲ့စာရွက်အထောက်အကူ။

စာရွက် – စံပြုကော်ပီစာရွက်၏ အများဆုံးအတိုင်းအတာယူနစ်- လိုင်း ၁လိုင်းလျှင် စာလုံးရေ အလုံး(၆၀)ပါသော လိုင်းအရေအတွက် (၂၅)လိုင်း၏ စုစုပေါင်းစာလုံးအရေအတွက်( နေရာလွတ်များ အပါအဝင်)မှာ (၁၅၀၀)ဟူ၍ခန့်မှန်းနုိင်သည်။

ဖိုလီယို – စာမျက်နှာ နံပါတ်။

စာမူပုံကြမ်း – စာမျက်နှာတစ်မျက်နှာအတွက်ထည့်သွင်းမည့်ပုံကြမ်း(သို့) သတင်းစာစောင်လုံး၏ ပုံကြမ်း။

လျာထားမှု – လျာထားသောဆောင်းပါးများ။

မီနူး (Menu) – ထည့်သွင်းဖော်ပြမည့် ဆောင်းပါးများစာရင်း (သို့) ထည့်သွင်းမည့်စာမျက်နှာစာရင်း။

စာစီ – စာမျက်နှာတစ်မျက်နှာချင်းစီတွင် ထည့်သွင်းမည့်ခေါင်းစဉ်များ၊ စာများ၊

ရုပ်ပုံများနှင့် လိုင်းများကို စာမူပုံကြမ်းထဲမှ အစီအစဉ်အတိုင်း ထည့်သွင်းဖော်ပြခြင်း။

ပေါင်းစပ်ဖန်တီးခြင်း –  စာမျက်နှာတစ်မျက်နှာအတွင်း ထည့်သွင်းဖော်ပြမည့်စာပိုဒ်များနှင့် ဓာတ်

ပုံများကိုစုစည်းခြင်း။

အထောက်အထားမှတ်တမ်း – သတင်းစာအဖွဲ့အစည်းတစ်ခုလုံး၏ မူပိုင်ခွင့်နှင့် လုပ်ငန်းစီစဉ်လုပ်ဆောင်မှု

များဆိုင်ရာတရားဝင် အချက်အလက်များပါဝင်သောမှတ်တမ်း။

လှုပ်ခတ်စာမျက်နှာများ – လတ်တလောရေပန်းစားသတင်းများအတွက်သီးသန့်စာမျက်နှာများ။

ပုံမှန်စာမျက်နှာများ –  ကြိုတင်လျာထားပြင်ဆင်ထားသော စာမျက်နှာများ။

မာတိကာ – သတင်းစာပါအကြောင်းရာများ၏ အညွှန်းစာရင်း။

တားမြစ်မှုပိုင်းဆိုင်ရာဝေါဟာရအသုံးအနှုန်းများ

ယိုမသုတ်နဲ့ –  ပေါင်မုန့်မီးကင်ပေါ်မှာအလွယ်တကူ ယိုသုတ်လိုက်သလို ဖြစ်ကတတ်ဆန်းမရေးပါနဲ့

ပြွတ်သိပ်မနေပါစေနဲ့ – စာကြောင်းရေ ၅၀လောက်သာဆန့်သည်ကို စာကြောင်းရေ ၁၀၀

လောက်ထည့်မပစ်မိပါစေနဲ့။

မလှည့်စားမိပါစေနဲ့ – မမှန်မကန်သတင်းများကို တင်ပြရေးသားခြင်းသည် သတင်းရေးဆရာ

တစ်ဦးအတွက် အကြီးလေးဆုံးသောသိက္ခာမဲ့မှုဖြစ်သည်။