Menu

05.၅။ သတင်းအချက်အလက်များ

သတင်းအချက်အလက်ဆိုသည်မှာ တိကျမှန်ကန်စွာတင်ပြထားသည့် သိပ္ပံပညာရပ်တစ်ခု မဟုတ်ပေ။ သိပ္ပံနည်းကျ သက်သေအထောက်အထား ခိုင်လုံစွာဖြင့် ပြုစုထားသောသတင်း အချက်အလက်ဟူ၍လည်း မရှိနိုင်ပါ။ မည်သည့်သတင်းမျိုးကို မဆိုဖြန့်ချီရန်အတွက် အချက်အလက်များ ရယူစုဆောင်း ခြင်းတယ် ဆိုတာ လူသားတွေပါဝင်နေတဲ့ ရလဒ်တစ်ခုပဲဖြစ်ပါတယ်။ သတင်းသမား တစ်ယောက်ရဲ့ ပါဝင်မှုဟာ သတင်းတစ်ပုဒ်ရဲ့ရိုးသားမှုဆိုင်ရာ အာမခံချက်ဖြစ်ရပါမယ်။

သတင်းအချက်အလက်များကို လေးစားမှုရှိပါ သို့သော်ဂရုပြုပါ။

သတင်းအချက်အလက်များအပေါ် လေးစားမှုရှိခြင်းသည် ၎င်းတို့ကိုတိတိကျကျ “၏ သည် ” မရွေး ပြန်လည်တင်ပြခြင်းမျှသာ မဟုတ်ပါ။သတင်းအချက်အလက်များကို ချိတ်ဆက်၊ ဇာတ်အိမ်တည်ပြီး မည်သည့်နေရာတွင် မည်သည့်အတွက်ကြောင့် ဖြစ်ပွားခဲ့ရသည်စသည့်အကြောင်းများကို သတင်း ရှင်းလင်း ပြတ်သားဖို့အတွက်လိုအပ်လျှင် ထည့်သွင်းရခြင်းလည်း ဖြစ်ပါတယ်။ ဆိုလိုသည်မှာ သတင်း အချက်အလက်များ အပေါ် လေ့လာရာ၌ တစ်စုံတစ်ခုပြုလုပ်ခံရသူမဖြစ်ရပါ။ ပြုလုပ်သူသာဖြစ်ရပါမယ်။ အကြောင်းအရာနှင့်ဆက်စပ်မှုမရှိဘဲဖြစ်စေ ၊ သွေဖယ်၍ဖြစ်စေ ၊ သို့မဟုတ်မိမိ၏ စိတ်ခံစားမှုပိုင်း ဆိုင်ရာ လွှမ်းမိုးမှုတစ်ခုခုကြောင့်ဖြစ်စေ ဖော်ပြထားသော သတင်းအချက် အလက် အချို့ဟာ အမှန်တရား တစိတ်တဒေသမျှသာပါဝင်ပြီး လိမ်ညာထားတဲ့ သတင်းများဖြစ်သွား နိုင်ပါတယ်။ မသေချာမရေရာ မှုများရှိခဲ့သော် ရိုးသားဖြောင့်မတ်သော သတင်းထောက်တစ်ယောက် အနေနဲ့သူ၏လျစ်လျူရှုမှုအပေါ်

‛‛မည်သို့မည်ပုံဖြစ်တယ်ဆိုတာ တိကျစွာမသိရှိပါ” ဟူ၍ ဝန်ခံရဲရမည်။

သက်သေခံထွက်ဆိုချက်အချက်အလက်များကိုလေးစားလိုက်နာပါ ။ သို့ပေမယ့် ၎င်းတို့ကို အတည်မပြုမိပါစေနဲ့

သက်သေခံထွက်ဆိုချက်အချက်အလက်များကို လေးစားလိုက်နာခြင်းဆိုသည်မှာယင်းတို့ကိုပြန်လည် ကြားနာရသည့်အတိုင်းမသွေမတိမ်း ပြန်လည်တင်ပြခြင်းမျိုး မဟုတ်ပါ။ စာဖတ်သူတို့အား သင်မည်ကဲ့သို့သော အခြေအနေမျိုးတွင် သတင်းရယူခဲ့ပြီး တိကျသောမျက်မြင် သက်သေများနှင့် ၎င်းတို့ပြောစကားများသည် မည်သည့်အတိုင်းအတာအထိ ခိုင်လုံမှုရှိကြောင်း စာဖတ်သူတို့အား ရှင်းလင်းတင်ပြခြင်းဖြစ်ပါတယ်။ ထိုသက်သေခံ အချက်အလက် များတွင် ထင်မြင် ယူဆချက်များရောနှောပါဝင်နေလျှင် သတင်းထောက် အနေနဲ့ ၎င်းယူဆချက်များကို မိမိ၏ ကိုယ်ပိုင်ထင်မြင်ချက်နှင့် ဆက်စပ်ကာစာဖတ်သူတို့အားမတင်ပြသင့်ပေ ။ မရှင်းမလင်း အဓိပ္ပါယ် ထွေပြားမှုများ မရှိစေရန်တချို့သော ကာကွယ်ရေးသားတဲ့ ဟန်တစ်ချို့ကတော့ စာအရေးအသားကို လေးသွားစေတယ်ဆိုပေမယ့်လည်းလိုတော့လိုအပ်ပါတယ်။ – မျက်မြင်သက်သေအရ …… ထိုမျက်မြင် သက်သေ အနေနဲ့ အတည်ပြု ပြောဆိုသွားတာကတော့. …… မစ္စတာ Untel စလယ်ဆုံး အကုန်မြင်ခဲ့ပါတယ်။ “ အခင်းဖြစ်ချိန်မှာကျွန်တော်ရှိနေခဲ့ပါတယ် ။ ကျွန်တော် တွေ့မြင်ခဲ့ရတာ ကတော့……… လို့၎င်းကပြောဆိုသွားပါတယ်……” ။

ထင်မြင်ယူဆချက်များအပေါ်လေးစားမှုရှိပါ။ ဒါပေမယ့်မထောက်ခံမိပါစေနဲ့

သတင်းထောက်တစ်ဦးအနေဖြင့် မိမိရရှိထားသော ထင်မြင်ယူဆချက်များကိုမနှစ်မြို့ သဘော

မတွေ့ရင်တောင်မှ ထိုအမြင်အယူအဆများကို တင်ပြအစီရင်ခံ ရေးသားဖော်ပြရမည်။ သို့သော် ထိုထင်မြင်ယူဆချက်များကို ထောက်ခံပေးစရာမလိုသလို ၊ ကန့်ကွက်စရာလည်းမလိုပါ။ သတင်းအဖွဲ့အစည်းများမှ လာသော သတင်း အချက်အလက်များ (သတင်းထုတ်ပြန်ချက် ၊ ကြေညာချက် …)ကိုတင်ပြရာ၌ အခြားသော နေရာမှ လာသောသတင်းများနည်းတူ တန်းတူသဘောထား တင်ပြရမယ်။ စာဖတ်သူတို့အနေဖြင့် သတင်းရေးသားသူသတင်းထောက်က သတင်းတစ်ပုဒ်ကို “ ဘာကြောင့် ” “ဘယ်လို” တင်ပြလိုရခြင်းဆိုတာ ၊ ဒါမှမဟုတ်စာရေးသူများရဲ့ရည်ရွယ်ချက်များ စတာ တွေကို သတင်းရေးသူဘက်မှရှင်းလင်းချက်ပေးရန် မျှော်လင့်ပိုင်ခွင့ရ် ိွသည်။ဒါကြောင့်စာရေးသူဘက်မှ စာဖတ်သူများစုံစမ်းသိရှိန်ိုင်ရန် သတင်းအချက်အလက်များ ဆိုတ့အဲ ချက်ကိုအမြဲတမ်းထားရှိရမယ်။ တရားဝင်သတင်းအရင်းအမြစ်များကို သတင်းရေးသူဘက်မှ ကို ထောက်ခံပေးနေသည် ဟု အမြင်မရောက် စေသည့်(အတွင်းကျကျမဟုတ်သည့်ခေါင်းစီးပုံစံ ၊ ရှင်းလင်း ပြတ်သားသည့်အကျဉ်းချုပ်စာပိုဒ်၊ နောက်ဆုံးတွင်တင်ပြထားချက်များသည် မိမိကိုယ်ပိုင်ရေးသားချက်များ မဟုတ်ဘဲ မည်သူမည်ဝါမှ မည်သည့်အချိန်မည်သို့ပြောကြားခဲ့ခြင်းဖြစ်ကြောင်း မှတ်ချက်ပြုထားသည့်စာပိုဒ်) စသည့်အပြင်အဆင်များကို ထည့်သွင်းအသုံးပြုရပါမယ်။ “ဂျူးလီးယက်ဆီဇာ အင်္ဂလိပ်တို့ရဲ့နယ်မြေကို တိုက်ဖို့အတွက် အင်္ဂလန် ကိုတော့ ထွက်ခွာ တော့မယ်” ဆိုသောသူ၏ ပြောရေးဆိုခွင့်ရှိသူ ပုဂ္ဂိုလ်တစ်ဦးမှ ပြောကြားချက် ကို ထည့်ရန် မျက်တောင် အဖွင့်အပိတ်များသုံး၍ ထိုသတင်းဟာသတင်းစာ၏ အာဘော်မဟုတ်ဘဲ ဂျူးလီယက်ဆီဇာ၏ တိုက်ရိုက် ပြောစကား ဖြစ်ကြောင်းကို “ဆီဇာကအင်္ဂလိပ်တို့ရဲ့နယ်မြေကို တိုက်ဖို့အတွက် အင်္ဂလန်သို့ထွက်ခွာရန် သေချာသွားပါပြီ ” စသည်ဖြင့်ဖော်ပြနိုင်ပါတယ်။

အခြေခံကျသောစည်းမျဉ်း – အတိုင်းအတာတစ်ခုထားရှိပါ။

စာနယ်ဇင်းဆိုင်ရာအပြုအမူဆိုတာ အပေါ်ယံအမြင်များ ၊ တစ်ပါးသူများ၏ စိတ်ခံစားမှုပိုင်းဆိုင်ရာများ၊ ကိုယ်ပိုင်စိတ်ခံစားမှုများ စသည်တို့နှင့် ခပ်လှမ်းလှမ်း မှရပ်တည်၍ ရေးသားတင်ပြခြင်း ဖြစ်ပါတယ်။ “ငါရေးချင်တ့အဲ ကြောင်းအရာ ၊ ငါဆိုလိုချင်သည့ ္ အကြောင်းအရာတွေကို စာဖတ်သူတွေ နားလည် နိုင်ပါ့မလား” ဆိုတဲ့မေးခွန်းမျိုး ကိုယ့်ဟာကိုယ်မေးပြီး စာဖတ်သူနေရာ အစားဝင် ကြည့်လိုက်ပါ။ အကယ်၍ များမသေချာမရေရာမှု အရိပ်အမြွက်ကလေးရှိခဲ့ရင်တောင်မှ ရေးထားသော အကြောင်းအရာများကို ပြန်လည်ဆန်းစစ်သင့်ပါတယ်။