Menu

06.၆။ ဝေဖန်သုံးသပ်မှုများ

သတင်းထောက် တစ်ဦးသည် အသက်ခန္ဓာကင်းမဲ့နေသူတစ်ယောက်မဟုတ်ပါ။ သူ၏ ပင်ကိုယ်
စရိုက်စိတ်နေသဘောထား၊ စိတ်ခံစားမှု၊ ပညာရေး၊ ယုံကြည်မှု အားလုံးတို့ဟာ အဖြစ်အပျက်
အကြောင်းအရာသတင်းအချက်အလက်များနှင့် စပ်လျဉ်းသည့် ရှုမြင်သုံးသပ်မှုများအပေါ်တွင် လွှမ်းမိုး
အကျိုးသက်ရောက်စေပါတယ်။ မည်သို့ပင် ဂရုပြု၍ ကဏ္ဍခွဲခြားထားပါသော်လည်း လွှမ်းမိုး မှုကတော့
ရှိနေစမြဲပင်။ သို့ဖြစ်ပါ၍ သတင်းထောက်တစ်ဦးအနေဖြင့် သူ၏ ရိုးသားဖြောင့်မတ်မှုကို စာဖတ်သူများထံ
သက်သေပြဖို့ရာ အကောင်းဆုံးသော နည်းလမ်းမှာ ကဏ္ဍများရောထွေးခြင်းကို ရှောင်ရှားရန် ပင်ဖြစ်ပါတယ်။ ဆိုလိုသည်မှာ (သတင်းပေးပို့တင်ပြသူ) အနေဖြင့် သတင်း အချက်အလက်များနှင့် မိမိ၏ ထင်မြင်ယူဆချက်၊ဝေဖန်သုံးသပ်ချက်တို့ကို ဘယ်သောအခါမျှ ရောထွေး မပစ်ခြင်းပဲဖြစ်ပါတယ်။

မြှပ်ကွက်များပါဝင်နေသော သုံးသပ်ချက်များကိုရှောင်ပါ။

အချက်အလက်ပြည့်စုံလွန်းသော ဇာတ်လမ်းအကြောင်းအရာတွေမှာ သတင်းအချက်အလက်

တင်ပြမှုနှင့် သတင်းထောက်၏ ထင်မြင်သုံးသပ်ချက်တို့ ရောထွေးပါဝင်လျက် ရှိပါသည်။ စစ်ဆေး

သုံးသပ်ထားခြင်း ၊ အရှည်သဖြင့် စဉ်းစားထားခြင်းမရှိတဲ့ နာမ်တစ်ခု၊ ကြိယာတစ်ခု၊ နာမဝိသေသန တစ်ခု

ပါဝင်ရုံနဲ့တင် ဇာတ်ကြောင်းတစ်ခုပြောပြခြင်းအတွက် အနက်အဓိပ္ပာယ်ကောက် ရာမှာ စာဖတ်သူတို့၏

အမြင်ကို ပြောင်းလဲသွားစေနိုင်တယ်။

“ဗိုလ်ချုပ်ကြီး ဆီဇာ…” ဟူသော အရေးအသားနှင့် “နိုင်ငံရေးတက်ကြွလှုံ့ဆော်သူဆီဇာ …” ဟူသော

အရေးအသားနှစ်ရပ်မှာ ဆိုလိုသည့်အဓိပ္ပာယ်မတူညီနိုင်ပါ။ ဆီဇာသည် ဗိုလ်ချုပ်ကြီး တစ်ဦး ဖြစ်သည်ဟူ၍

ရေးသားခြင်းသည် အကြောင်းအရာ တစ်ခုကို သာမန် တင်ပြ ရုံသက်သက်သာဖြစ်သည်။ သို့သော်

နိုင်ငံရေးပြောင်းလဲမှုလမ်းကြောင်းသို့ လှုံ့ဆော်ပေးသူအဖြစ် ရေးသားခြင်းတွင် သတင်း အကြောင်းအရာ

အပြင် သုံးသပ်ချက်အမြင်ကိုပါ ရောနှော၍ ထည့်သွင်းထားခြင်း ဖြစ်သည်။ တဖန် ဆီဇာတစ်ယောက်

ဂရိတ်ဗြိတိန်နိုင်ငံသို့ ရောက်ရှိလာခြင်းသည် ယဉ်ကျေးမှုမျိုးစေ့ချပေးဖို့ရန် ဖြစ်သည်ဟူသော ရေးသားချက်

တွင် ဆီဇာအား နှစ်လိုဖွယ်အမြင်ရောက်အောင် ဖော်ကျူးထားသည်။ သို့ပေမယ့် ဆီဇာ ဂရိတ်ဗြိတိန်သို့

ရောက်ရှိလာခြင်း သည် သိမ်းပိုက်မှုသက်သက်အတွက်သာ ဖြစ်သည် ဟူသော ရေးသားချက် ထဲတွင်တော့

ဆီဇာကို လူဆိုး တစ်ယောက်အသွင်ဖြင့် ရေးသားထားခြင်းဖြစ်သည်။ ဗြိတိန်နိုင်ငံသားတို့ကို ယဉ်ကျေးမှု

အဆင့်အတန်းနိမ့်ကျသူများ အဖြစ် ရေးသားခြင်းသည် ဆီဇာ၏အမြင်ကို ထောက်ခံ ရေးသား ခြင်းမျိုး

ဖြစ်သော်လည်း ၎င်းတို့ကို ခုခံတော်လှန်ရေးသမားများအသွင် ရေးသားခြင်းသည် ဗြိတိန် နိုင်ငံသား တို့

ဘက်မှနေ၍ ဘက်လိုက်ရေးသားမှုမျိုး ဖြစ်ပါတယ်။

စကားလုံးတိုင်း မှာ အဓိပ္ပါယ်သီးခြားစီရှိနေတဲ့အတွက်စကားလုံး ရေးချယ်မှုတိုင်းကိုသတိထားပါ

အကြောင်းအရာများကို တင်ပြရေးသားရာတွင် လျော်ကန်မှုရှိသော စကားလုံး ကို ရွေးချယ် တတ်ရမည်။

လျော်ကန်မှုရှိသော စကားလုံးဆိုသည်မှာ နောက်ကွယ်မှ တခြားသော ရည်ရွယ်ချက် အကြောင်းအရင်း

တစ်စုံတစ်ရာကို သွယ်ဝိုက်ဖော်ပြမှု မပါဝင်သော စကားလုံး အသုံးအနှုန်းမျိုးဖြစ်ပါတယ်။

သတင်းပိုင်းဆိုင်ရာဝေဖန်သုံးသပ်မှုအပိုင်းကို ခွဲခြား၍ဖော်ပြပါ။

သတင်းရေးဆရာ အမည်ခံယူထားသော၊ ခံယူထိုက်သော သတင်းထောက်တစ်ဦးသည် လွတ်လပ်စွာ

သတင်းရေးသားခွင့်ရရေးအတွက် ဆောင်ရွက်နေသူ တစ်ဦးပင်ဖြစ်ပါတယ်။ လွတ်လပ်စွာ ထုတ်ဖော်

ပြောကြားခွင့်ရရေးကို အခြားသူများ (ပြည်သူလူထု) အတွက် တောင်းဆိုပေးသူ အနေဖြင့်

၎င်းကိုယ်တိုင်အရင်ဦးဆုံး လွတ်လပ်စွာ ရေးသားခွင့်ရရေးကိစ္စမှာ သဘာဝကျလှပါတယ်။ စာဖတ်သူ

တစ်ဦးအနေဖြင့်လည်း သတင်းအကြောင်းအရာတစ်ခုအပေါ် သတင်းရေးသူဘက်မှ စာဖတ်သူ အပေါ်

သစ္စာရှိစွာဖြင့်တင်ပြသော ထင်မြင် သုံးသပ်ချက်များကို စောင့်စားသိရှိပိုင်ခွင့်အပြည့် ရှိပါတယ်။ ဝေဖန်

သုံးသပ်ချက်ဆိုသည်မှာ သတင်းရေးသားခြင်းလုပ်ငန်းရဲ့ လုပ်ရိုးလုပ်စဥ်တစ်ခုပါပဲ။ သတင်းထောက်

တစ်ယောက်က သတင်းတွေကိုရေးသားနေပေမယ့် အဲဒီသတင်းတွေအတွက် တိုက်ပွဲဝင်နေသူတစ်ယောက်

တော့မဟုတ်ပါ။ ဥပမာ- သတင်းထောက်တစ်ယောက်ဟာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သတင်းတွေ

ရေးနေပေမယ့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် တိုက်ပွဲဝင်နေသူတစ်ယောက်တော့မဟုတ်ပါ။ သတင်း

ရေးသားတင်ပြမှု အပိုင်းတွင် သတင်းရေးသားသူမှာ ရိုးသားမှုရှိကြောင်း စာဖတ်သူများထံ အာမခံချက်

ပေးနိုင်သော နည်းလမ်း တစ်ခုသာရှိပါတယ်။ အဲဒါကတော့ သတင်းအကြောင်းအရာရေးသားတင်ပြမှု အပိုင်းနှင့် ဝေဖန် သုံးသပ်မှုအမြင်များ ထည့်သွင်းရေးသားမှု အပိုင်းတို့ကို သူ့အကန့်နှင့်သူ သတ်သတ်စီ

ပိုင်းခြား၍ရေးသားခြင်း ဖြစ်ပါတယ်။ စာမျက်နှာတစ်မျက်နှာထဲမှာပင် ထိုအပိုင်းနှစ်ပိုင်းကိုခွဲခြား၍

ရေးသားရပါမယ်။ ဆောင်းပါးနှစ်ပုဒ်ရေးရန်လည်း လိုအပ်ပါတယ်။ ပထမတစ်ပုဒ်ကို သတင်းအချက်အလက် အကြောင်းအရာများရေးသားရန်အတွက် ရည်ညွှန်းပြီး နောက်တစ်ပုဒ်ကို ဝေဖန်သုံးသပ်မှုအမြင်ထည့်ဖို့ရန်အတွက် ဖြစ်ပါတယ်။။ ထိုသတင်းနှစ်ပုဒ်စလုံးကို မြင်သာအောင် မတူညီသော စာလုံးပုံသဏ္ဍာန်အရွယ်အစားတို့ကို သုံး၍ ရေးသားရမည်။ စာအစီအစဥ် အထားအသိုပြုရာတွင်လည်း သတင်းအချက်အလက်အကြောင်းအရာများကို ဦးစွာခေါင်းကြီးပိုင်း တွင် ဖော်ပြ၍ ဝေဖန်သုံးသပ်ချက်များကို နောက်မှ ဖော်ပြရမည်။

သတင်းအချက်အလက် အတွက် ခေါင်းစဉ်ကြီး နှင့် ဝေဖန်မှုများအတွက် ခေါင်းစဉ်ငယ်ဖြင့် ဖော်ပြရပါမယ်။

ဝေဖန်သုံးသပ်ချက်တိုင်းမှာ အဓိပ္ပါယ် သီးခြားစီရှိနေတဲ့အတွက် ဝေဖန်သုံးသပ်ချက်များသည် ဘာအကျိုး

သက်ရောက်မှုမှ မရှိဟု မယူဆနိုင်ပါ။

ဝေဖန်သုံးသပ်မှုအမြင်ထည့်သွင်းခြင်းအပိုင်းမှာ သတင်းအချက်အလက် အကြောင်းအရာများနှင့်

စပ်လျဉ်းသည်များကို ရေးသားခြင်းမျိုးဖြစ်သည်။ ဤကဲ့သို့သောရေးသားမှုတိုင်းတွင် ရရှိလာမည့် အကျိုး

သက်ရောက်မှုခြင်းတူညီမှာတော့မဟုတ်ပါ။ အပြုသဘောဆောင်သော ဝေဖန်သုံးသပ်ချက်များ ရှိနိုင် သလို

ပြစ်တင်ရှုံ့ချသည့် သဘောသက်ရောက်သည့် ဝေဖန်သုံးသပ်ချက်များလည်းရှိနိုင်ပါသည်။

သတင်းပိုင်းဆိုင်ရာ ဝေဖန်သုံးသပ်ချက်အမြင် ရေးသားခြင်းတွင် အမျိုးအစား (၃) မျိုးရှိပါသည်။

ထိထိမိမိ တိုတိုထွာထွာ – ပထမအမျိုးအစားမှုမှာ တိုတောင်း၍ ဟာသဆန်ဆန် အရေးအသား၊ နှစ်လိုဖွယ်

စကားလုံး အသုံးအနှုန်းများဖြင့် တန်ဆာဆင်ထားသော အရေးအသား သို့မဟုတ် ထေ့လုံးငေါ့လုံး များ

ပါဝင်သော အရေးအသားများဖြစ်ပါတယ်။ ဝေဖန်သုံးသပ်ချက် တိုလေလေ ဆိုလိုချင်သည့်အဓိပ္ပာယ်

ထိမိလေလေဖြစ်ပါတယ်။ “ဂရိတ်ဗြိတိန်သို့ ကမ်းကပ်လာစဉ် ဂျူးလီယက်ဆီဇာက “ ကျွန်ုပ်က ဇော်ရိုး

တစ်ယောက်၊ သူရဲကောင်းတစ်ယောက်မဟုတ်ပါ…” ဟု ဆိုခဲ့ပါတယ်။ အမှန်တကယ်တော့ သူဟာ

နတ်ဆိုးတစ်ပါးလို ဥာဉ်ဆိုး ရှိတဲ့ ဘုရင်တစ်ယောက်ဖြစ်နေပါပေါ့လား… ဟူသော အသုံးအနှုန်းမျိုးဖြစ်ပါတယ်။

အယ်ဒီတာ့အာဘော်ကဏ္ဍ ကတော့ စနစ်တကျ ရေးသားထားပြီး ပိုမိုရှည်လျားတဲ့ အပိုင်းဖြစ်ပါတယ်။

ဤအပိုင်းတွင် ကျန်နေသေး သော ဒုတိယနှင့်တတိယအမျိုးအစား အရေးအသားများကို ဦးစားပေး

တွေ့ရှိနိုင်ပါတယ်။ အယ်ဒီတာ့ အာဘော်ဟာ အကျိုးအကြောင်း သုံးသပ်ပြထားသော အရေးအသားဖြင့်

သော်လည်းကောင်း၊ ထင်မြင်ချက် ရှုထောင့်အသွင်ဆောင်သော အရေးအသား ဖြင့်သော်လည်းကောင်း၊

စာဖတ်သူတို့အား တင်ပြထားခြင်း ဖြစ်ပါတယ်။

*ဆန်းစစ်သုံးသပ်ထားသောအယ်ဒီတာ့အာဘော်ကဏ္ဍ – ဒီအမျိုးအစားကတော့ အကြောင်းအရာ

အချက်အလက်များကို ကျစ်လစ်ခိုင်မာစွာဖြင့် ရေးသားထားသော ဆောင်းပါးတစ်ပုဒ် ဖြစ်သည်။

ခေါင်းကြီးပိုင်းမှာ စာဖတ်သူ၏စိတ်အစဉ်ကို ဖမ်းစားနိုင်စွမ်းရှိသလို အဆုံးသတ်ပိုင်းတွင် လည်း ပွဲဆူစေမည့်အရေးအသားမျိုးဖြင့် နိဂုံးချုပ်တတ်ပါတယ်။ “ ဂျူးလီးယက်ဆီဇာ ဂရိတ်ဗြိတိန်သို့ ချီတက်လာခြင်းဖြင့် အမှားကြီး (၃) ခုကို ကျူးလွန်မိစေခဲ့ပါတယ်။ ပထမအမှားကတော့ အင်္ဂလိပ်တွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုအပေါ် လျော့တွက်မိခဲ့ပါတယ်။ ဒုတိယအမှားကတော့ သူ၏စွမ်းဆောင်ရည်နှင့် ပတ်သက်ပြီး သွေးနားထင်ရောက်ခဲ့ခြင်းပင်ဖြစ်ပါတယ်။ နောက်ဆုံးအမှား ကတော့ အလွန်ကြီးလေးသော နိုင်ငံရေးအရ စွန့်စားမှုကြီးတစ်ခု ပြုလုပ်မိခဲ့တာပါ။ အဲဒါကတော့ လွှတ်တော်အဖွဲ့ ရဲ့ခွင့်ပြုချက်မရရှိဘ ဲ အင်္ဂလိပ် ရေလက်ကြားကို ဖြတ်ဝင်မိခဲ့ခြင်း ၊ ရောမမြို့မှာရှိနေတဲ့သူတွေရဲ့ကြီးမြတ်သောအလက်ဇန်းဒါး ကို တုပတယ် ဆိုတဲ့ ဝေဖန်ချက်ကို သုံးသပ်ယုံကြည်မိခြင်း စတာတွေကြောင့် ဂျူးလီယက်ဆီဇာတစ်ယောက် နောက်ဆုံးမှာ

အသက်ဆုံးရှုံးမှုဖြင့်သာ ရင်ဆိုင်ခဲ့ရတယ်” အဆုံးသတ်ပွဲဆူအောင် ရေးသားခြင်းမျိုးဖြစ်တယ်။

စိတ်ခံစားချက်ဦးစားပေးရေးသားထားသော အယ်ဒီတာ့အာဘော် – မိမိစိတ်တွင် ခံစားရသည့် အတိုင်း

လွတ်လပ်စွာ ဖွင့်ဟရေးသားခြင်းမျိုးဖြစ်ပါတယ်။ အကျိုးသင့် အကြောင်းသင့် ရေးသားတင်ပြမှုထက်

စိတ်ထဲတွင်ခံစားရသည့်အတိုင်း ဖွင့်ချရေးသားခြင်းမျိုးပါ။ (ဂျူးလီယက် ဆီဇာသည် ဖျက်လိုဖျက်ဆီး ပြုလုပ်မည့် အရိုင်းအစိုင်းကောင် တစ်ကောင်ပဲ… ဒီတော့ အားလုံးလက်နက်ထုတ်၍ တိုက်ပွဲဝင်ဖို့သာ

အသင့်ပြင်ကြပေတော့…) ဟူသောအရေးအသားမျိုးဖြစ်သည်။

အယ်ဒီတာအာဘော်သည် သတင်းရေးသားသူ နှင့် သတင်းစာအတွက် တာဝန်ယူ နိုင်ရမည်ဖြစ်သည်။

အယ်ဒီတာအာဘော်အပိုင်းကဏ္ဍတွင် စာဖတ်သူအား လေးစားမှုရှိကြောင်းနှင့် ပွင့်လင်းမြင်သာမှုရှိ

ကြောင်း ပြသရန် သတင်းရေးသားသူ (အယ်ဒီတာချုပ်) ၏လက်မှတ် ပါဝင်ရမယ်။ ထည့်သွင်းရေးသား

ထားသော အကြောင်းအရာအတွက် စာရေးသူမှတိုက်ရိုက်တာဝန်ရှိသကဲ့သို့၊ သတင်းစာတိုက်ဘက်မှ လည်း

ထိုသတင်းကို ဖြန့်ချီသည့်အတွက် သွယ်ဝိုက်၍ တာဝန်ရှိနေပြန်ပါတယ်။

အကယ်၍ ဝေဖန်သုံးသပ်ချက် တစ်ခုနှင့်စပ်လျဉ်း၍ သတင်းရေးသားသည့်အဖွဲ့အစည်း

တစ်ခုအတွင်းအယ်ဒီတာပိုင်းဆိုင်ရာ ဆန့်ကျင်ဘက်အမြင် နှစ်ရပ်ရှိနေခဲ့သော် သတင်းထုတ်ဝေမှုအတွက်

မည်သည့်အရာကမှ မဟန့်တားနိုင်ပါ။ မတူညီသော သဘောထား သုံးသပ်ချက်အမြင် နှစ်ရပ်စလုံးကို

ထည့်သွင်း၍ ဖော်ပြနိုင်ပါတယ်။ စာဖတ်သူအနေဖြင့်လည်း သဘောတွေ့စရာ ဖြစ်လာပါလိမ့်မယ်။

ရေးသားသူအမည် ထည့်သွင်းဖော်ပြထားခြင်းမရှိသော အယ်ဒီတာအာဘော်ကဏ္ဍတွင် သတင်း

ဖြန့်ဝေသည့်သသတင်းစာရဲ့အနေအထားကိုအမြဲတမ်းဖော်ပြပြီး နှင့် သတင်းစာ တိုက်တစ်တိုက်လုံး၏

တာဝန်ယူမှုနှင့်သာ သက်ဆိုင်သွားမည်ဖြစ်သည်။