Menu

07.၇။ ဦးစားပေးအစီအစဉ်အလိုက်သတင်းများကိုထည့်သွင်းခြင်း

ဆိုလိုရင်း အဓိပ္ပာယ်အတိုင်းပင် သတင်းစာဆရာတစ်ဦးအဖို့ အရေးကြီးသောသတင်းဆိုသည်မှာ
ဂျာနယ်ဖတ်ပရိသတ်အတွက်ပါ အမှန်တကယ်အရေးပါသော သတင်းပင်ဖြစ်ပါတယ်။ အရေးကြီးဆုံးမှ သာမန်စသည်ဖြင့် သတင်းအစီအစဥ် သတ်မှတ်ခြင်းဟာ ဂျာနယ်လစ်၏သတင်းထုတ်လုပ်မှုဆိုင်ရာ အတိုင်းအတာအတွင်းမှ ဖြစ်တယ်။ သို့သော်မည်သည့် သတင်းစာစောင်တွင်မဆို အချို့သော စာဖတ်သူများအားစိတ်ဝင်စားစေသည့် အကြောင်းအရာများဟာတချို့အတွက်တော့ စိတ်ဝင်စားစရာ ကောင်းချင်မှကောင်းပါလိမ့်မည်။ ထို့ကြောင့် သတင်းအစီအစဉ်သတ်မှတ်ရာ၌ အပြောင်းအလဲ အတက်အကျ ရှိသည့်အပြင် ဂျာနယ်စာစောင်များ အပေါ်မူတည်၍ ဦးစားပေးအစီအစဉ်များလည်း ကွဲပြား သွားနိုင်ပါတယ်။

ဦးစားပေးအစီအစဉ်အလိုက်သတင်းထည့်သွင်းခြင်းဆိုင်ရာ နည်းလမ်း(၅)သွယ်ရှိပါတယ်။

ပထဝီအနေအထားပိုင်းအရ နီးကပ်မှုအလိုက် ဦးစာပေးထည့်သွင်းမှု– မိမိနေထိုင်ရာဒေသမှအဖြစ်အပျက်

ဟာအခြားတစ်နေရာမှအဖြစ်အပျက်ထက်ပို၍ အရေးကြီးပါတယ်။ ဒါကြောင့် ဒေသ ထုတ်သတင်းစာ

ထုတ်ဝေမှုလုပ်ငန်းရှိနေခြင်းပါပဲ။ ဂရိတ်ဗြိတိန်နိုင်ငံသို့ ဆီဇာကျူးကျော်လာသည့် သတင်းသည်

ဗြိတိန်နိုင်ငံသားတို့အတွက် အရေးကြီးသတင်းတစ်ခုဖြစ်သော်လည်း တရုတ်နိုင်ငံသားများအတွက်မူ အဝေး

တစ်နေရာမှ ဖြစ်ရပ်တစ်ခုမျှသာဖြစ်ပါတယ်။

အချိန်ကာလနီးကပ်မှုအလိုက် ဦးစားပေးထည့်သွင်းမှု– ယနေ့ဖြစ်ပျက်သမျှဟာ မနေ့က အဖြစ် အပျက်ထက်ပို၍ အရေးကြီးပါတယ်။ ဒါ့ကြောင့် နေ့စဉ်ထုတ်သတင်းစာတွေရှိနေရခြင်းပါပဲ။ ရောမခေတ်မှနေ့စဥ် အကြောင်းအရာများထက် ဂရိတ်ဗြိတိန်သို့ဆီဇာဆိုက်ရောက်လာပုံကို အသေး စိတ်ရေးသား တင်ပြမှုကပို၍အရေးပါတယ်။

နှစ်သက်မှုအလိုက်ဦးစားပေးထည့်သွင်းမှု– စာဖတ်သူတို့ အနှစ်သက်ဆုံးအရာဟာ တခြားကျန်တဲ့

အရာအားလုံးထက်ပို၍ အရေးကြီးပါတယ်။ ဒါကြောင့် စာနယ်ဇင်းမဂ္ဂဇင်းတွေ ရှိနေရခြင်းဖြစ် ပါတယ်။

ဆီဇာ၏စစ်တပ်အကြောင်းထက် ဆီဇာ၏ကိုယ်ပိုင်ဘဝအကြောင်းအရာများကို ထည့်သွင်းရေးသား

ဖော်ပြခြင်းက ရောမအမျိုးသမီးထုကြီးကိုပို၍ နှစ်သက်စေပါလိမ့်မယ်။ ထို့ကြောင့်ရောမ သတင်းစာစောင်မှာဆီဇာ၏ အမျိုးသမီးနှင့် တွေ့ဆုံမေးမြန်းခန်းကို ဦးစားပေးထည့်သွင်းဖော်ပြပါလိမ့်မယ်။

လွယ်လင့်တကူရယူနိုင်မှု သတင်းများအလိုက် ဦးစားပေးထည့်သွင်းမှု– အရိုးရှင်းဆုံးအကြောင်း အရာများကို

အရှုပ်ထွေးဆုံးအကြောင်းအရာများထက် အလွယ်တကူရယူနိုင်ပါတယ်။ ဒါကြောင့်အခမဲ့ သတင်းစာများ

ရှိနေခြင်း ဖြစ်ပါတယ်။ “ Rome Pratique” “သတင်းတွေကိုအမြန်ဆုံးသိရှိနိုင်မယ့် ရာမ” ဆိုတဲ့ သတင်းစာတွင်ဆီဇာ၏ ကျူးကျော်ဝင်ရောက်မှုနှင့် ပတ်သက်သောသတင်းများ (ဒေသဆိုင်ရာမြေပုံ၊ စစ်တပ်များ၏ စခန်းချနေရာများ၊ စစ်တပ်အင်အားအရေအတွက်…) စသည်တို့ကို ထည့်သွင်းဖော်ပြပါ လိမ့်မယ်။

အသုံးကျမှုအတိုင်းအတာအလိုက် ဦးစားပေးထည့်သွင်းမှု- လက်ဆုပ်လက်ကိုင်ပြနိုင်သော သတင်း က

အကောင်အထည်ပြ၍မရသောသတင်းများထက် ပို၍စိတ်ဝင်စားစရာကောင်းပါတယ်။ ထို့ကြောင့် အသုံးဝင်

သတင်းဝန်ဆောင်မှုပေးသော စာနယ်ဇင်းသတင်းစာများရှိနေခြင်းဖြစ်ပါတယ်။ “ Rome Services”

သတင်းစာ၏ရှေ့မျက်နှာဖုံးတွင် ဗြိတိသျှကျွန်ရောင်းဝယ်ရေး ဈေးကွက်အသစ်အကြောင်းကို ထည့်သွင်း

ဖော်ပြပါလိမ့် မယ်။

အရေးအကြီးဆုံးသတင်းများမှာ ပထဝီအနေအထားအရ သော်လည်းကောင်း၊ အချိန်ကာလအ

ပိုင်းအခြားအရ သော်လည်းကောင်းစသည်ဖြင့် နီးကပ်မှုအတိုင်းအတာအမြင့်မားဆုံးတွင် ရှိနေသော

သတင်းများဖြစ်ကြပါတယ်။ အကယ်၍ မိမိအနေဖြင့် မသေချာခဲ့သော် ယနေ့မျက်မှောက်ခေတ် စာဖတ်

ပရိသတ်အများစုအတွက် မည်ကဲ့သို့သော သတင်းမျိုးဟာ စိတ်ဝင်စားစရာအကောင်းဆုံး ဖြစ်စေမလဲဆို

သည့်အချက်ကို ဂျာနယ်တိုက်မှတခြားသူများနှင့်အတူ ဆွေးနွေးကြည့်ရပါမယ်။ လူအများအားလုံးဝိုင်း

စဉ်းစားခြင်းဖြင့် အဓိကဦးစားပေး သတင်းများရွေးချယ်မှု အထူးသဖြင့် ဂျာနယ်ရဲ့ပထမဦးဆုံးစာမျက်နှာမှာ

ထည့်သွင်းမည့် သတင်းများကို လွယ်လင့်တကူရွေးချယ်နိုင်ပါလိမ့်မယ်။

နည်းစနစ်တကျထည့်သွင်းထားသော ဦးစားပေးသတင်းများလည်းရှိပါတယ်။

အကယ်၍ သတင်းအချက်အလက်ကို ထုတ်ကုန်တစ်ခုအဖြစ် ယူဆကြည့်မယ်ဆိုလျှင်၊ ၎င်းသတင်း

သည် အညတရ ကုန်ပစ္စည်းတစ်ခုမဟုတ်ပါ။ လူ့အဖွဲ့အစည်းတစ်ရပ်လုံးအတိုင်းအတာဖြင့် အသုံး ပြုသော

လူသုံးကုန်ပစ္စည်းတစ်ခုနှင့် အလားသဏ္ဍာန်တူနေပါတယ်။ သတင်းရေးသားသူ ဝိုင်းတော်သား များအနေနဲ့

သတင်းများဦးစားပေးအလိုက် စီစဉ်ထည့်သွင်းခြင်းကို နည်းလမ်း (၅)သွယ်အပေါ်မှာ အခြေခံပြီး လုပ်ဆောင်နိုင်ပါတယ်။ ထို့အပြင် မိမိတို့၏ စိတ်ဝင်စားမှုအပိုင်းကဏ္ဍနှင့်ရော စာဖတ်ပရိသတ် ၏ စိတ်ဝင်စားမှုအတိုင်းအတာနှင့်ပါ ကိုက်ညီစေမည့်သတင်း အကြောင်းအရာများကို ရွေးချယ်ခြင်းဖြင့် လည်း

စီစဉ်ဆောင်ရွက်နိုင်ပါတယ်။

“ဂျူးလီးယက်ဆီဇာ ဂရိတ်ဗြိတိန်သို့ ဆိုက်ရောက်လာပြီလား။”ဆိုတဲ့မေးခွန်းနဲ့ပတ်သက်၍ “ London

Times” သတင်းစာ အထူးထုတ်စာစောင် ရှေ့စာမျက်နှာတွင် “ထွက်သွားစမ်းဆီဇာ”ဟု ဖော်ပြထားပါတယ်။

အတွင်းပိုင်းစာမျက်နှာတွေမှာတော့ ၁။ “ကျူးကျော်ရမ်းကားသူများ” ခေါင်းစဉ်ဖြင့် ဆီဇာ၏ပုံနှင့်တကွ သူ၏

ကိုယ်ရေးအကျဉ်း၊ သူ၏စစ်တပ်အင်အား ပမာဏကိုလေ့လာသုံးသပ်မှု၊ သက်သေသက်ကာရများ စသည်တို့

ပါဝင်သည့် ပထမသတင်းတစ်ပုဒ်၊ ၂။ “တော်လှန်တိုက်ခိုက်သူများ” ခေါင်းစဉ်ဖြင့် ဗြိတိသျှပြည်သူ

တွေ၏လှုပ်ရှားမှုပုံရိပ်များ၊ ၎င်းတို့၏ခေါင်းဆောင်အကြောင်း၊ ခေါင်းဆောင်၏ ဇနီးမယား နှင့်

တွေ့ဆုံမေးမြန်းခန်း၊ ပြည်သူသို့အကြံဥာဏ်ပေးစာများ၊ အယ်ဒီတာ့အာဘော်စသည်တို့ ပါဝင်သော

ဒုတိယသတင်းတစ်ပုဒ်အနေနဲ့ ဖော်ပြထားတယ်။

အကောင်းဆုံးနည်းလမ်း

အကောင်းဆုံးအဖြေများအတွက် သက်ဆိုင်ရာမေးခွန်းအား မေးခွန်းငယ်များအဖြစ် အပိုင်းခွဲလိုက် ပါ။

– ပြည်တွင်းနိုင်ငံရေးလောကနှင့် ပတ်သက်သည့်အကြောင်းအရာများကို စိတ်ဝင်စားသော ဂျာနယ်

ဖတ်ပရိသတ်များအတွက် မည်ကဲ့သို့သောသတင်းမျိုးသည် အရေးပါဆုံးဖြစ်မည်နည်း။

– ပြည်ပနိုင်ငံရေးလောကနှင့် ပတ်သက်သည့်အကြောင်းကိစ္စများကို စိတ်ဝင်စားသော ဂျာနယ်ဖတ်

ပရိသတ်များအတွက် မည်ကဲ့သို့သော သတင်းမျိုးသည် အရေးပါဆုံးဖြစ်မည်နည်း။

– စီးပွားရေးဆိုင်ရာကိစ္စရပ်များနှင့် လူမှုရေးဆိုင်ရာကိစ္စရပ်များကို စိတ်ဝင်စားသည့် ဂျာနယ်ဖတ်

ပရိသတ်များအတွက် မည်ကဲ့သို့သော သတင်းမျိုးသည် အရေးပါဆုံးဖြစ်မည်နည်း။

– ယဥ်ကျေးမှုနှင့် အားကစားရေးရာကိစ္စရပ်များကို စိတ်ဝင်စားသော ဂျာနယ်ဖတ်ပရိသတ်များအတွက်

မည်ကဲ့သို့သော သတင်းမျိုးသည် အရေးပါဆုံးဖြစ်မည်နည်း။

အကြောင်းအရာတွေကို ဒါတွေနဲ့စဉ်းစားပြီးရေးသားနိုင်ပါတယ်။

အကယ်၍မိမိဘက်မှ မသေချာခဲ့လျှင် အကြောင်းအရာများကိုသာ ဦးစားပေးလိုက်ပါ။ စာဖတ်သူများ အနေနဲ့

၎င်းတို့၏ကိုယ်ပိုင်ထင်မြင်ယူဆချက်များပေးနိုင်ရန် မိမိဘက်မှ ရနိုင်သမျှ အချက် အလက် များ အားလုံးကို

ဆောင်ကျဉ်းပေးလိုက်ပါ။

စာမျက်နှာတစ်မျက်နှာအတွက် ဦးစားပေးသတင်းများထည့်သွင်းမှုနမူနာ

၁။ ဖြစ်ရပ်အကြောင်းအရာများကို အသေးစိတ်တင်ပြမှု (သတင်းရေးသားခြင်း သို့ အစီရင်ခံတင်ပြမှု)

၂။ အကြောင်းအရာဖြစ်ရပ်များနှင့် စပ်လျဉ်းသော ပြန်လည်ပြောပြချက်များ (သတင်းအစီရင်ခံတင်ပြမှု

သို့မဟုတ် သွားလာလှုပ်ရှားလူများနှင့် တွေ့ဆုံမေးမြန်းခန်း)

၃။ ဖြစ်ရပ်များနှင့်သက်ဆိုင်သည့် တုံ့ပြန်သတင်းများ (သတင်းအစီရင်ခံတင်ပြမှု သို့ သတင်းဌာနတစ်ခု မှ

ပေးပို့လာသောထုတ်ပြန် ချက်)

၄။ ဖြစ်ရပ်များမှတဆင့် ပေါ်ပေါက်လာသော နောက်ဆက်တွဲမေးခွန်းများ (သတင်းပိုင်းဆိုင်ရာ ဆန်းစစ်

လေ့လာသုံးသပ်ချက်)

၅။ ယေဘုယျ ဝေဖန်သုံးသပ်မှုကဏ္ဍ (အယ်ဒီတာ့အာဘော်)__