Menu

08.၈။ အမှန်တရား များနိုင်သမျှများအောင်

သတင်းပေးတယ်ဆိုတာ အချက်အလက်သေသေချာချာနဲ့တင်ပြပေးခြင်းဖြစ်တယ်။ ဖြန့်ဝေပေး လိုက်သော သတင်းများဟာလည်း မှန်ကန်တိကျမှုရှိသော အချက်အလက်များဖြစ်ရပါမယ်။ အကယ်၍များ ပေးလိုက်သော အချက်အလက်မှာ မှန်ကန်တိကျမှုမရှိခဲ့လျှင် သတင်းအမည်ခံ မထိုက်တော့ဘဲ အလိမ်အညာ

သက်သက်သာ ဖြစ်သွားလိမ့်မယ်။ သတင်းပေးတယ်ဆိုတာ အကြောင်းအရာ အချက်အလက်ကို နည်းမှန်လမ်းမှန်ဖြင့် ရေးသားတင်ပြခြင်းဖြစ်သည်။ သို့သော် တင်ပြပုံ မမှန်ကန်၍ ပါဝင်သည့် အချက်အလက် အကြောင်းအရာ သွေဖယ်လွှဲချော်မှုရှိခဲ့သော် မိမိလိုရာကိုသာ ဆွဲသွားသော အရေးအသားမျိုးဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့် ပရော်ဖက်ရှင်နယ် သတင်းရေးဆရာတစ်ဦးအနေဖြင့် ကနဦး ပထမဆုံး စောင့်ထိန်းလိုက်နာရမည့် ကျင့်ဝတ်မှာ ရိုးသားမှုရှိသော သတင်းများကိုသာ ဖြန့်ဝေရေးသားပေးရပါမယ်။

အမှန်တရားကိုတန်ဖိုးထားရမည်။

အကြောင်းအရာများရဲ့ သဘောစင်စစ်ကိုအတိမ်းအစောင်းမရှိ စေ့စပ်သေချာစွာဖြင့် ဆန်းစစ်လေ့လာ

သုံးသပ်ခြင်းသည် အမှန်တရား ကို တန်ဖိုးထားခြင်း ဖြစ်ပါတယ်။ မိမိတို့၏မျက်စိနှင့် ကိုယ်တိုင်ကိုယ်ကျ

တွေ့မြင်ခဲ့ရသည့် အကြောင်းအရာ တို့ပင် ဖြစ်သော်လည်း ၎င်းတို့ကို ရှုမြင်သုံးသပ်ရာ၌ မှားယွင်းချွတ်ချော်မှုများ ဖြစ်သွားနိုင်ပါတယ်။ ထို့ကြောင့် မိမိတို့ တွေ့မြင်ခဲ့ရသည့် ဖြစ်ရပ်တစ်ခုအပေါ် သုံးသပ်ရာ၌ အဓိပ္ပာယ်ကောက် လွဲမှားမှုမရှိစေဘဲ ကောင်းစွာနားလည်သဘောပေါက်စေဖို့အတွက် အချိန် ယူ၍ သေချာစွာ သုံးသပ်သင့်ပါတယ်။

ဥပမာ။ ။လမ်းထဲမှာ အမျိုးသားတစ်ယောက်က တခြားအမျိုးသားတစ်ဦးအား ရိုက်နှက်နေသည်ကို ကျွန်ုပ်

မြင်လိုက်ရသည် ဆိုကြပါစို့။ မြင်လိုက်ရသည့် မြင်ကွင်းကိုအပေါ်ယံ သုံးသပ်ကြည့်လျှင် အနိုင်ကျင့်သူနှင့်

အနိုင်ကျင့်ခံရသူဟူ၍ ကောက်ချက်ချနိုင်ပါတယ်။ သို့သော် ၎င်း မြင်ကွင်း၏နောက်ကွယ်မှာ အခြားသော

အကြောင်းအရာ မြှုပ်ကွက်တစ်စုံတစ်ရာများ ရှိနေနိုင်မလား… ဆိုသည့် အချက်ကို လည်းထည့်သွင်း စဉ်းစားသင့်ပါသည်။

သတင်းမှန်ရရှိရေးစိစစ်မှုပိုင်းဆိုင်ရာ လုပ်ရိုးလုပ်စဉ်နည်းလမ်းများ

တွေ့မြင်ခဲ့ရသည့် ဖြစ်ရပ်အကြောင်းအရာတို့ကို မှန်မှန်ကန်ကန်နှင့် အရိုးသားဆုံး သုံးသပ်တင်ပြ

နိုင်ရန်အတွက် လိုက်နာရမည့် နည်းစနစ်ကျသော လုပ်ဆောင်မှုများ ရှိပါတယ်။

မိမိကိုယ်တိုင်ဖြစ်ရပ်တစ်ခု ကို မျက်မြင်ကိုယ်တွေ့ ကြုံလာရသည့် အခြေအနေမျိုးတွင်-

  • မိမိမြင်နေရသည့် မြင်ကွင်းမှာ ဖြစ်စဉ်အကြောင်းအရာတစ်ခုလုံး၏ အမှန်တရား တစ်စိတ်တစ်ဒေသမျှသာ

ဖြစ်သည်ဟုစိတ်တွင်မှတ်သားထားရမယ်။

  • မိမိတွေ့မြင်ခဲ့ရသည်နှင့်စပ်လျဉ်းသည့် တကယ့်အစစ်အမှန် အကြောင်းတရားကို ကိုယ်တိုင်မေးခွန်းထုတ်

ရမယ်။

  • မိမိ၏ရှုမြင်သုံးသပ်ချက်ကို တခြားသော မျက်မြင်သက်သေတို့၏အမြင်နှင့် တူမတူ နှိုင်းယှဉ်ကြည့်ရမယ်။

“ကျွန်တော် မြင်လိုက်ရတာကို ခင်ဗျားတို့ရော မြင်လိုက်ကြပါသလား။ ကျွန်တော့်အနေနဲ့ မြင်လိုက်ရတာ

တွေက သိပ်မသေချာဘူးဗျ၊ ခင်ဗျားတို့ရော ဘာတွေမြင် လိုက်သေးလဲ ” စသည်ဖြင့်သုံးသပ်ကြည့်ရမယ်။

  • ဖြစ်စဉ်တို့၏နောက်ဆက်တွဲအကြောင်းအရာများကိုပါ ထည့်သွင်းစဉ်းစားရမယ်။
  • ဖြစ်ရပ်တို့ကို ဘေးပတ်ဝန်းကျင်မှ အခြေအနေ အကြောင်းအရာတို့နှင့်ဆက်စပ်၍ တွေးတောသုံးသပ် နိုင်

ရမည်။

  • ဖြစ်ရပ်တို့၏အချို့သော အကြောင်းအရာများကို ကြိုက်နှစ်သက်ရာ ရွေးထုတ်ခြင်း၊ ဖယ်ထုတ် ခြင်း၊

မိမိဘာသာ လိုရာဘက်ကို ဆွဲယူ၍ ကောက်ချက်ချရေးသားခြင်းများ မပြုလုပ်ဘဲ အချက်အလက် များကို

နည်းမှန်လမ်းမှန်ဖြင့် ရေးသားတင်ပြရမယ်။

  • ထည့်သွင်းရေးသားထားသည့် အချက်အလက်များနှင့်ပတ်သက်၍ သဘောပေါက်နားလည်မှု လွဲချော်

ခြင်းများ မရှိစေရန် ရေးသားထားသည့် ဆောင်းပါးကို နောက်တစ်ကြိမ် ပြန်လည်ဖတ်ရှု၍ စိစစ်ရပါမယ်။

မိမိကိုယ်တိုင် မျက်မြင်ကြုံတွေ့ခ့ရဲ သည့် အခြေအနေမျိုးမဟုတ်သည့်အခါမျိုးတွင်

  • စိတ်ချယုံကြည်ရသော သက်သေများ ဟုတ်မဟုတ် စိစစ်ရမည်။
  • မျက်မြင်သက်သေများ၏အခိုင်အမာ ပြောကြားချက်များကို ပြန်လည်ပိုင်းဖြတ်ရမည်။
  • တရားဝင်သတင်းအရင်းအမြစ်များကို တောင်းခံရမည်။
  • (ရဲဝန်ထမ်းတဦး၏ပြောကြားချက်အရ…) (မျက်မြင်သက်သေ၏ပြောကြားချက်အရ …) စသော

အရေးအသားများကို အသုံးပြုကာ ကိုယ့်ဘက်မှ အကာအကွယ်ယူထားရမယ်။

အမှန်တရားကိုရှာဖွေရမယ်။

သတင်းမှန်ရရှိရေး လုပ်ရိုးလုပ်စဉ် နည်းလမ်းများမှသွေဖယ်သော တစ်ဦးတစ်ယောက်ရဲ့အကျိုးစီးပွား

(သို့) လူအများစုရဲ့အကျိုးစီးပွားစသည်တို့ ပါဝင်နေသည့်အခြေအနေမျိုးတွင် သတင်းရေးဆရာ၏တာဝန်မှာ

အမှန်တရားကို ရှာဖွေဖော်ထုတ်ရေးပင်ဖြစ်တယ်။ သို့သော် အမှန်တရားကို ရှာဖွေဖော်ထုတ်သည်ဟုဆိုရာ၌

ရရာနည်းလမ်းပေါင်းစုံသုံး၍ ဖော်ထုတ်ခြင်းမျိုး မဟုတ်ပါ။ ကိုယ်ရေးကိုယ်တာနှင့်လူ့ဂုဏ်သိက္ခာပိုင်းဆိုင်ရာ

ကိစ္စရပ်များအပေါ် လေးစားမှုထားရှိခြင်းသည် ပရော်ဖက်ရှင်နယ်သတင်းလောက၏အဓိကလိုက်နာရမည့် “ စံ” များဖြစ်ပါတယ်။ ထို့အပြင် ပြည်သူလူထုနဲ့သက်ဆိုင်သော အကျိုးစီးပွားကိစ္စရပ်များတွင်မူ အမှန်တရားကိုတရားဝင် ရှာဖွေဖော်ထုတ်ခွင့်ရှိပါတယ်။ သို့သော် သတင်းထောက်တစ်ယောက်ဟာ ရဲဝန်ထမ်းတစ်ဦးမဟုတ်သလို တရားသူကြီးတစ်ဦးလည်း မဟုတ်သည့်အတွက် စုံစမ်းထောက်လှမ်းရာတွင် အသုံးပြုမည့်နည်းလမ်းများမှာ ဘောင်တစ်ခုအတွင်း၌သာ ရှိပါတယ်။ အဲဒီအချက်ကိုသတင်းထောက်တစ်ဦး အနေဖြင့်သိထားသင့်သလို လက်လည်း ခံရပါမယ်။

သတင်းမှန်ဖုံးကွယ်ထားမှုများကိုဆန့်ကျင်ပြီး သတင်းများအမှန်အတိုင်း ထင်သာမြင်သာရှိစေရန် ဆောင်ရွက်ရမည်။ သတင်းမှန်ရှာဖွေသည့်အခါတိုင်း ကြုံတွေ့ရမည့်အခက်အခဲအတားအဆီးများ ကိုလည်း ကျော်လွှားရန်ဆန္ဒရှိရပါမည်။

  • ရှင်းလင်းဖြေကြားချက်များကို စာဖြင့် တောင်းခံရမည်။
  • စာဖတ်သူများကိုလည်း မိမိကြုံတွေ့နေရသော အခက်အခဲများကို တင်ပြရမည်။
  • မိမိရှာဖွေရသမျှနှင့်ပတ်သက်သမျှကို မှတ်တမ်းစာအုပ်ဖြင့်ရေးမှတ်ထားရမည်။
  • ရေးသားချက်များတွင် မိမိ၏အပြုသဘောဆောင်သော သဘောထားကိုဖော်ထုတ်နိုင်ရမည်။
  • မိမိရေးသားချက်များတွင် အမှားအယွင်းတစ်စုံတစ်ရာပါခဲ့လျှင် ထိုအမှားများကို ပြင်ဆင်ချက် ထုတ်ပြန် ရမည်။
  • အမှားကိုလည်း ဝန်ခံရဲရမည်။

အစွန်းမရောက်ပါစေနှင့်

သတင်းထောက်တစ်ဦးအနေဖြင့် တစ်ခါတစ်ရံတွင် အခက်အခဲပေါင်း များစွာနှင့် တွေ့ကြုံရသည့်အခါ

သတင်းမှန်ရရှိရေးအတွက် ကြိုးပမ်းမှုဟာ အတိုင်းအတာတစ်ခုကို ကျော်လွန်၍ အစွန်းတစ်ဖက်သို့ ရောက်

သွားနိုင်ပါတယ်။ ထိုသို့ သတင်းမှန်ရယူလိုမှု ဆန္ဒပြင်းပြလွန်းနေသည့်အတွက် အကြောင်းအရာ အချက်

အလက် တစ်ခုကို ရှာဖွေတွေ့ရှိသည်နှင့်တပြိုင်နက် မိမိကိုယ်တိုင်ဖျက်ဆီးမိသလိုမျိုးဖြစ်ပြီး စာဖတ်သူ တို့

မျှော်လင့်ထားတာနဲ့လည်းကိုက်ညီမှုမရှိနိုင်သောသတင်းများကိုရေးသားမိသွားနိုင်ပါတယ်။ ရေးဖြစ်သွားနိုင်တဲ့အချိန်ကတော့ အထူးသဖြင့် ဂျာနယ်လစ်တစ်ယောက်ဟာ မိမိစောင့်ထိန်းလိုက်နာရမည့် ကျင့်ဝတ်တစ်ခုဖြစ်သည့် သမာသမတ်ကျမှုဆိုသောအချက်ကို မေ့လျော့သွားပြီး မိမိ၏ တွေးတော ထင်မြင်ချက်ကို အသားပေးတင်ပြလိုက်မိသည့်အခါမျိုးတွင်ပဲဖြစ်ပါတယ်။ သူသဘောနဲ့ ထပ်တူမကျတဲ့သတင်းအချက်အလက်တွေကိုသူ့ရဲ့ဆောင်းပါးထဲမှာ မထည့်တဲ့အခါ ဂျာနယ်လစ် တစ်ဦးအနေဖြင့် မရိုးသားမှုတစ်ခု ကို ကျုးလွန်လိုက် ခြင်းပင်ဖြစ်ပါတယ်။ အကြွင်းမဲ့ မှန်ကန်မှုဆိုတာ မရှိနိုင်ပါ။