Menu

10.၁၀။ သတင်းအစီအစဥ်

တင်ဆက်သူနှင့် တစ်ဖွဲ့လုံးသည် သတင်းအစီအစဥ်အတွက်တာဝန်ရှိသည်။ ထိုအရာကို ခေါင်းကြီးများ၊ တင်ဆက်သူ၏ အဖွင့်၊ သတင်းများနှင့် ဆောင်းပါးများဖြင့်တည်ဆောက်ထားသည်။ ထိုအရာသည် သံစဥ်တေးသွားတစ်ခုဖြစ်သည်။ ၁၀မိနစ်နှင့် ၁၅မိနစ် သို့မဟုတ် ရေဒီယိုဌာနအပေါ် မူတည်၍ ကြာနိုင်သည်။ များသောအားဖြင့်မနက်ပိုင်းတွင် သတင်းတိုအနည်းငယ်၊ နေ့လည်ပိုင်းတွင် အချိန်ပိုကြာသော သတင်းတိုနှင့် ညနေပိုင်းတွင် ပိုကြာသော သတင်းအစီအစဥ်များတင်ဆက်သည်။ ရေဒီယိုတင်ဆက်မှုအားလုံးကဲ့သို့ပင် ထိုအရာသည်လည်း ပြင်ဆင်ရသည်၊ ရေးသားရသည်၊ တင်ဆက်သူအသံမဖတ်မီ များနိုင်သမျှများများ အသံထွက်ဖတ်ကြည့်ရသည်။

မရေးမီ။ ။ ဖတ်ပါ၊ နားထောင်ပါ၊ စည်းချက်ကို စဥ်းစားပါ။

သတင်းခန်းအစည်းအဝေးအပြီးတွင် တင်ဆက်သူအတွက် မိနစ်တိုင်သည်အရေးပါသည်။ သူမဖြစ်မနေလုပ်ရမည့်အရာမှာ သတင်းထုတ်လွှင့်မှုအတွက် အချိန်မှန်ခြင်းဖြစ်သည်။ ထို့ကြောင့် မကြာခဏဆိုသလို ပြီးဆုံးခြင်းမရှိသေးသည့် ဇာတ်ညွှန်းများဖြင့် ထုတ်လွှင့်မှုကို စလိုက်ရသည် လည်းရှိသည်။ အောက်ပါတို့မှာ အရေးအသားပိုမိုကောင်းမွန်သောအရေးအသားဖြင့်သတင်းတိုကို တင်ဆက်နိုင်စေရန်အတွက်ဖြစ်သည်။

ပထမဦးစွာပြုလုပ်ရန်မှာ အစည်းအဝေးအတွင်း ရေးသားထားသောမှတ်စုများကို ပြန်ဖတ်ရန် ဖြစ်သည်။ ထိုအရာသည် မည်သည့်အရာကိုဆုံးဖြတ်ချက်ချလိုက်သည်ကို ကောင်းမွန်စွာနားလည်သဘောပေါက်ရန်ကူညီပေးသည်။ ပြန်ဖတ်ခြင်းဖြင့် ပြည့်စုံမှုမရှိသေးသော သတင်းအချက်အလက်များ၏ လိုအပ်ချက်ကို သိရှိလာနိုင်သည်။

သတင်းတိုအတွက် ပြုလုပ်ရန်စာရင်းကိုချရေးပါ။ ထိုစာရင်းကို ယုတ္တိကျကျစုဆောင်းရမည်။ ထိုအရာသည် ထုတ်လွှင့်မှုအတွက် ပြန်စစ်ရန်စာရင်းလည်းဖြစ်သည်။ ထိုကဲ့သို့အရာသည် လေယာဥ်မှူးသည် လေယာဥ်မထွက်မီ ရေးသားလေ့ရှိသည့်အရာလည်းဖြစ်သည်။ သင်ပြုလုပ်ပြီးသည်ကို ခြစ်ထုတ်ထားနိုင်သည်။

ရှေ့တွင်တင်ဆက်သွားသူချန်သွားခဲ့ပေးသော နောက်ဆက်တွဲသတင်းတိုကိုဖတ်ပါ။

သူ၏ ဇာတ်ညွှန်းကိုလည်းဖတ်ပါ။ သူ၏ထုတ်လွှင့်ချက်ကို နားမထောင်လိုက်ရပါက ထုတ်လွှင့်ပြီးသားကို ကူးယူပြီး ပြန်လည်နားထောင်ပါ။

တင်ဆက်သူဖတ်ပြီးသွားသော သတင်းမိတ်ဆက်ကို ပြန်ဖတ်ပါ။ သတင်းထောက်များသည် သူတို့အသုံးပြုခဲ့သော သတင်းရှုထောင့်များကို တိကျစွာဖော်ပြပေးနိုင်သည့် သတင်းကို တင်ဆက်သူ၏ မိတ်ဆက်တွင် ထည့်သွင်းပြောနိုင်ရန် ချန်ထားခဲ့ပေးရမည်။

ရရှိထားပြီးသောအသံဖိုင်များကို သေချာနားထောင်ပါ။ အသံဖိုင်တစ်ခုချင်းစီ၏ အစပိုင်းနှင့် အဆုံးသတ်ကိုသေချာမှတ်ထားပါ။ ထိုအရာသည် တင်ဆက်သူ သတင်းမိတ်ဆက်ရေးရန်အတွက် အကူအညီပေးသည်။ အသံဖိုင်တစ်ခုချင်းစီ၏ ကြာချိန်ကိုလည်းမှတ်သားပါ။

သတင်းထောက်များနှင့်စကားပြောပါ။ သူတို့၏ သတင်းမိတ်ဆက်ကိုဖတ်နေစဥ်အတွင်းသို့မဟုတ် သူတို့၏ သတင်းပေးပို့ချက်အသံဖိုင်များကို နားထောင်နေစဥ်အတွင်း မရှင်းလင်းသည်များကို ရှင်းပြခိုင်းပါ။ မည်သူကအပြင်တွင်သတင်းလိုက်ယူနေသည်နှင့် မည်သည့်အချိန်တွင် ပြန်လာမည် စသည့်သတင်းအချက်အလက်ကိုလည်းရယူထားပါ။ သတင်းခန်းတွင်းရှိသတင်းထောက်ကိုခေါ်၍ သင်လိုအပ်သည်များအကုန်ရရှိပြီးမပြီး စစ်ဆေးခိုင်းပါ။

နောက်ဆုံးအနေဖြင့်၊ စည်းချက်ကိုစဥ်းစားပြီး သတင်းတိုများကို ချိန်ညှိပါ။ စတင်၍မရေးမီ ထိုထဲတွင် မည်သည့်အရာများပါဝင်ေစမည်ကို စိတ်ကူးပုံဖော်ပါ။ ထိုသို့ပြုလုပ်ရန်အတွက် သင်ကိုယ်သင် မေးခွန်းအနည်းငယ်မေးပါ။ သတင်းများအလုံအလောက်ရှိပါပြီလား။ သင့်တွင် ထုတ်လုပ်မှုများရှိပြီလား။ နုိင်ငံတွင်းရှိ ဒေသများတစ်ခုချင်းစီအတွက် သတင်းအချက်အလက်များ ရှိပြီလား။ သင့်တွင် နိုင်ငံရေးသတင်းများသာများပြီး နေ့စဥ်ဘဝသတင်းများ လုံလောက်မှု မရှိဘူးလား။