Menu

12.၁၂။ သတင်းအနှစ်ချုပ်

သတင်းအနှစ်ချုပ်သည် အနုပညာမြောက်အချိုးတစ်ခုဖြစ်သည်။ ထိုအရာသည် သတင်းတစ်ခုဖြစ်ပြီး သတင်းတိုနှင့် သတင်းအကြောင်းအရာများအကြား စည်းချက်ကို ယူဆောင်ပေးသည်။ သတင်းအနှစ်ချုပ်နှစ်ခုအကြား သို့မဟုတ် နောက်သတင်းတစ်ပုဒ်သို့ မကူးမီ အချိန်သည် တင်ဆက်သူကို အသက်ရှုခွင့်ပေးထားသည်။ ဤအခြေအနေတွင်လည်း သင့်ကိုယ်သင် လေ့ကျင့်ပေးရမည်။ သတင်းဆောင်းပါးကောင်းတစ်ခုမရေးနိုင်မီ အကြိမ်အနည်းငယ် လေ့ကျင့်ရေးသားပေးရမည်။  

အဓိပ္ပါယ်ဖွင့်ဆိုချက်

သတင်းအနှစ်ချုပ်ကို တင်ဆက်ရန်အတွက် ဖြေဆိုသူများ၊ သို့မဟုတ် သတင်းတင်ဆက်မှုတစ်ခု ကဲ့သို့ ပြင်ဆင်ရန်မလိုအပ်ချေ။ ဤအရာကို ကြားဖြတ်သတင်း သို့မဟုတ် ရှည်လျားသည့် သတင်းတို တင်ဆက်မှုများတွင် အသုံးပြုနိုင်သည်။

ကြာချိန်

သတင်းအနှစ်ချုပ်သည် စာကြောင်းအနည်းငယ်ထက်မပိုသင့်ချေ။ စာကြောင်း သုံးကြောင်းမှ လေးကြောင်းသာလိုအပ်သည်။ အချိန်အားဖြင့် ၁၀ စက္ကန့် နှင့် ၂၀ စက္ကန့်ဝန်းကျင်တွင်းသာ ရှိသင့်သည်။ အကယ်၍ အလွန်ရှည်ပါက သင်သည်လိုရင်းကိုမပြောကြောင့်ဖြစ်သည်။

တည်ဆောက်ပုံ

သတင်းအနှစ်ချုပ်တွင် အစိတ်အပိုင်းနှစ်ခုရှိသည်။

  • ပထမအပိုင်း။ သတင်း၏ အရေးပါမှုကိုပြသော ဦးဆောင်စာကြောင်း

ဘာကသတင်းဆိုသည်ကို ဖော်ထုတ်ပေးသည့် လုံလောက်သည့်နည်းလမ်းများရှိသည်။ သင့်ကိုယ်သင်မေးရန် – “ဤအရာ၏မည်သည့်အစိတ်အပိုင်းသည် သတင်းအချက်အလက် အသစ်ဖြစ်သနည်း။” ထိုမေးခွန်းအတွက်အဖြေကို စာတစ်ကြောင်းတည်းဖြင့် အနှစ်ချုပ်ထားပြီး နားထောင်သူ၏ စိတ်ဝင်စားမှုကိုရရှိရန်အတွက် စွဲဆောင်မှုရှိအောင်ရေးသားထားသည်။

  • ဒုတိယအပိုင်း။ အပိုသတင်းအချက်အလက်

အနည်းဆုံးစာတစ်ကြောင်းတည်းသာပါဝင်ပြီး သတင်းအချက်အလက်ကို နားလည်သဘောပေါက် စေရန်အတွက် အစိတ်အပိုင်း နှစ်ခု သို့မဟုတ် သုံးခုထိများသောအားဖြင့်ပါဝင်သည်။ သင့်အနေဖြင့် မေ့ကျန်ခဲ့သည်များမဖြစ်စေရန် ‘ဘ’ ၅လုံးကို အသုံးပြုပါ။ သင်၏မိတ်ဆက်တွင် ထိုမေးခွန်းငါးခုကို ဖြေထားခြင်းရှိမရှိစစ်ဆေးပါ။

စမ်းသပ်ချက်။ သင်၏ လုပ်ဖော်ကိုင်ဖက်ရေးသားထားသော သတင်းအနှစ်ချုပ်ကိုယူ၍ သင့်အနေဖြင့် အသုံးမဝင်ဟုထင်သည့် စာလုံးများကို ဖြတ်ထုတ်၍ ပြန်ပြင်ရေးပါ။ အခြားသတင်းသမားကို သင်ပြန်ပြင်ရေးထားသည်ကို ပြန်ပြင်ရေးစေပါ။ သူသည်လည်း သင်ရေးသားထားသည်ကို ပို၍ ချုံ့ပစ်လိမ့်မည်။ ဤအရာသည် သတင်းခန်းအတွင်း ညနေပိုင်းအစီအစဥ်များအတွက် အဆင်သင့်ဖြစ်ရန်ပြင်ဆင်နေကြခြင်းဖြစ်သည်။ တာဝန်ကျသတင်းထောက်သည် သတင်းများကိုအနှစ်ချုပ်ရေးသည်။ နောက်တစ်နေ့နံနက်တွင် တင်ဆက်သူသည် စိတ်ကူးသစ်ဖြင့် ပြန်လည်ကာချုံ့လိုက်ပြီး ပြီးပြည့်စုံစေသည်။ ရေဒီယိုသည် အများနှင့်ပူးပေါင်းဆောင်ရွက်မှုဖြစ်သည်။