Menu

14.၁၄။ ခေါင်းကြီးများ

ကြားဖြတ်သတင်းများအတွက် ခေါင်းကြီးမလိုအပ်ပါ (၁၇တွင်ကြည့်ပါ) အဘယ်ကြောင့်ဆိုသော် ထိုသတင်းများသည် ၂မိနစ်မှ ၃မိနစ်အကြားရှိသောသတင်းတွဲဖြစ်သောကြောင့်ဖြစ်သည်။ မည်သို့ပင်ဆိုစေ ခေါင်းကြီးမျာကို ၁၀မိနစ်မှ ၁၅မိနစ်ရှိသည့် သတင်းအစီအစဥ်များအတွက် လိုအပ်သည်။ သူတို့သည် အဓိကသတင်းများကိုကြေငြာပြီး နားဆင်သူ၏ အာရုံစိုက်မှုကို ရယူသည်။ ထို့နောက်တွင်လည်းဆက်လက်နားဆင်နေအောင်ပြုလုပ်သည်။ “ဟေ့ ဒီနေ့ ဘာသတင်းတွေထူးလဲသိချင်နေသလား”                        

အဓိပ္ပါယ်ဖွင့်ဆိုချက်

ခေါင်းကြီးသတင်းများသည် သတင်းအစီအစဥ်အတွင်း အဓိကတင်ဆက်သွားမည့်သတင်းများ ဖြစ်သည်။ သတင်းထုတ်လွှင့်မှု၏ အစတွင်ထည့်ခြင်းဖြင့် တင်ဆက်သူက အထူးပြုပြောကြား တင်ဆက်ပေးသည်။

ခေါင်းကြီးကို မည်သည့်အရာအတွက်အသုံးပြုသနည်း။

သတင်းအစီအစဥ်သည် ဆိုင်တစ်ဆိုင်ဖြစ်ပြီး သင်သည် ရောင်းသူဖြစ်ပါက ခေါင်းကြီးသည် ဆုိင်၏ပြတင်းပေါက်ဖြစ်ချေမည်။ ခေါင်းကြီးသည် နားဆင်သူပထမဦးစွာကြားရမည့်အရာဖြစ်ပြီး ထိုသူဆက်လက်နားဆင်စေရန်ပြုလုပ်ပေးမည့်အရာဖြစ်သည်။ ထိုခေါင်းကြီးများကို တင်ဆက်သူ၏ အဖွင့်ပထမစာကြောင်း သို့မဟုတ် အနှစ်ချုပ်ဖြင့်နှိုင်းယှဥ်နိုင်သည်။ ထိုအရာများသည် အရေးပါဆုံးသတင်းကိုပေးပြီး နားဆင်သူ၏ စိတ်ဝင်စားမှုကိုရယူသည်။

ခေါင်းကြီးအတွက် မည်သည့်သတင်းများရွေးချယ်သင့်သနည်း။

သတင်းအစီအစဥ်တစ်ခုတွင် အဓိက သတင်းသုံးခု သို့မဟုတ် လေးခုပါသည်။ တစ်နေ့တာသတင်း၏ ဦးဆောင်သတင်းနှင့် အဓိကအစိတ်အပိုင်း နှစ်ခု သို့မဟုတ် သုံးခုပါသည်။ အကယ်၍ စိတ်ဝင်စားဖွယ်ကောင်းသော်လည်း လတ်ဆတ်မှုသိပ်မရှိသည့်သတင်းများကိုလည်း အထူးပြု၍ သင်ပြောပြလိုပေမည် ဥပမာအားဖြင့် နောက်ဆုံးသတင်း သည် ရယ်စရာသတင်း တစ်ပုဒ်ဖြစ်နေသည်။

ခေါင်းကြီးများကိုမည်ကဲ့သို့ရေးရမည်နည်း။

ခေါင်းကြီးတွင်အများဆုံးစာကြောင်း တစ်ကြောင်း သို့မဟုတ် နှစ်ကြောင်းသာပါသင့်သည်။ ထိုအရာသည် စည်းချက်ကျစေရန်အတွက်ဖြစ်သည်။ ပထမစာကြောင်းသည် အမှန်တကယ် သတင်းဖြစ်ပါက နားဆင်သူကို ဖမ်းစားနိုင်သည်။ ဒုတိယ စာကြောင်းသည် ရှုထောင့်အတွက် ဖြစ်သည်။

ခေါင်းကြီး အရေအတွက် မည်မျှလိုအပ်သနည်း။

သင်သည် ေခါင်းကြီးအနည်းဆုံး သုံးခုလိုအပ်သည်။ သို့မဟုတ်ပါက သတင်းအစီအစဥ်သည် အညးနည်းသည်ဟူ ထင်ရသည်။ အများဆုံး ငါးခုထိရှိနိုင်သည် အဘယ်ကြောင့်ဆိုသော် ထိုထဲမှ အထူးပြုလိုသည်ကို ပြန်လည်ရွေးချယ်လိုသေးသောကြောင့်ဖြစ်သည်။ သတင်းအကြောင်းအရာ တစ်ခုချင်းစီကို ရိုးရှင်းသောပုံစံဖြင့် ထပ်ကာပြန်ပြောပေးပါ။

ကြာချိန်

သတင်းအစီအစဥ်ေပါ်တွင် မူတည်၍ ခေါင်းကြီးများ၏ ကြာချိန်သည် မတူညီချေ။ ၁၀မိနစ်မှ ၁၅မိနစ်ရှိသော အလွန်ကောင်းသည့် သတင်းအစီအစဥ်အတွက် ခေါင်းကြီးများ၏ ကြာချိန်မှာ စက္ကန့် ၄၀ ဖြစ်သည်။

ခေါင်းကြီးများကို မည်သည့်အချိန်တွင်ရေးရမည်နည်း။

များသောအားဖြင့် တင်ဆက်သူများသည် ခေါင်းကြီးကို နောက်ဆုံးတွင်မှရေးလေ့ရှိသည်။ သတင်းတင်ဆက်မှုတွင် နောက်ဆုံးအချိန်ကပ်မှရောက်လာသည့် သတင်းများအတွက်လည်း ကြိုတင်ပြင်ဆင်ထားရမည်။ အကယ်၍ ထိုအရာသည် အဓိကသတင်းဖြစ်ပါက သင်သည်ထိုသတင်းကို ခေါင်းကြီးအဖြစ်တင်ရန် လိုအပ်ပေမည်။ ခေါင်းကြီးကို တင်ဆက်မှုမစမီ နာရီဝက်အလိုမှရေးသားခြင်းသည် အကောင်းဆုံးဖြစ်သည်။

ခေါင်းကြီးကို နားဆင်သူ၏ စိတ်ဝင်စားမှုရရှိရန် မည်သည့်ပြုလုပ်ရမည်နည်း။

သင်သည် နှင့် ဆိုသည့်စကားကိုရွေးချယ်၍ ကောင်းမွန်စွာရေးသားရန လိုအပ်သည်။ ထုတ်လုပ်မှုသည်လည်း အကောင်းဆုံးအခန်း ကဏ္ဍမှပါဝင်သည်။ ခေါင်းကြီးများမပြောမီ ထပ်ခါထပ်ခါပြောရန်လိုအပ်သည်။ ခေါင်းကြီးကို စည်းချက်နှင့် သိပ်သည်းဆမြင့်လာစေရန် အတွက် တေးဂီတကို ပေါင်းထည့်နိုင်သည်။ တင်ဆက်သူ၏အသံကို ကောင်းမွန်စွာကြားနိုင်သေး ရန်တော့လိုအပ်သည်။