Menu

15.၁၅။ ထုပ်ပိုးခြင်း

ရေဒီယိုတွင်းရှိအသံများ ၊ သင်၏အသံဦ ဖြစ်ရပ်ဖြစ်ပွါးသည့်နေရာမှအသံ၊ နားဆင်သူ၏ အသံ၊ ဧည့်သည်များနှင့် တင်ဆက်သူ၏ ဟာသများ စသည်တို့ အားလုံးသည် ဂီတဖြစ်သည်။ စည်းချက်ဖြစ်သည်။ သို့သော်ထိုအရာသည် ကြားဝင်နှောင့်ယှက်နိုင်ခြင်းမရှိသော အသံပိုင်းဆိုင်ရာ ပြောင်းလဲမှုဖြစ်သည်။ နားဆင်သူများသည်လည်း အမှတ်အသားအချို့ရှာဖွေရန်လိုအပ်သည်။ ထို့ကြောင့်ပင် ထုတ်ပိုးခြင်းတည်ရှိနေရခြင်း အကြောင်းရင်းဖြစ်သည်။ သတင်းထုတ်လွှင့်မှု၏ ထပ်ကာပြောဆုိမှုလာသည်နှင့် နားဆင်သူများသည် အချိန်ကျပြီဆုိတာကို သိရှိကြသည်။ ထုတ်ပိုးမှုကို အထင်မသေးပါနှင့်၊ ထိုအရာသည် သင်၏ အထူးအာရုံစိုက်မှုရရှိရန် ထုိက်တန်သည်။      

အဓိပ္ပါယ်ဖွင့်ဆုိချက်

ထုပ်ပိုးမှုတွင် အသံအစိတ်အပိုင်းတို နှစ်ခုပါသည်။ ထိုအရာများသည် လုပ်ဆောင်ချက်ဖြစ်သည်။

  • နားဆင်သူ၏စိတ်ဝင်စားမှုကိုရယူခြင်းနှင့် ဆက်လက်ထိန်းသိမ်းထားခြင်း။
  • သတင်းအပေါ်နားလည်သဘောပေါက်မှုအတွက် ကူညီပေးခြင်း

ထုပ်ပိုးမှုတွင် မည်သည့်အရာများပါဝင်သလဲ။

အခြေခံထုတ်ပိုးမှုတွင်

  • ထပ်ခါထပ်ကာပြောနေသောအသံ (အစီအစဥ်ကို ဖော်ပြပေးနေသည့် ဂီတ နှင့် အသံပေါင်းစပ်မှု)
  • ထိုးချက်များ (အလွန်တိုတောင်းသည့် အမှတ်အသား)
  • တေးဂီတဆိုင် အကွေ့အဝိုက် – တဖြည်းဖြည်းရွေ့လျားသွားမှု

မည်ကဲ့သို့အသုံးပြုသနည်း။

ထုပ်ပိုးခြင်းကို တိကျသည့်အချိန်အခါများတွင် အသုံးပြုသည်။

သတင်းအစီအစဥ်၏အစ။ စည်းမျဥ်းမှာ အဖွင့်တီးလုံးကို သတင်းအစီအစဥ်မစမီထည့်သည်။ ထိုအရာသည် နားဆင်သူ၏ စိတ်ဝင်စားမှုကိုရယူပြီး အချိန်ကျပြီဟု သတိပေးသည်။ ဥပမာ။ ။ ဆွဲဆောင်မှုရှိသည့် သံစဥ်ကို ထပ်ပြီး “သတင်းများကို ခင်မာလာမှ တင်ဆက်ပေးတော့မှာ…..” ဟုပြောနေသည့်အသံ။

ခေါင်းကြီးများပြောနေစဥ်အတွင်း။ တင်ဆက်သူ၏ အောက်တွင်ရွေ့လျားနေသည့် တေးဂီတသည် တင်အားတစ်ချို့ကို ဖန်တီးပေးပြီးနားဆင်သူကို ဆွဲဆောင်သည်။ တင်ဆက်သူ၏အသံကို အကောင်းအတိုင်းကြားပြီး နားလည်နိုင်စေရမည်။

ခေါင်းကြီးများကြေငြာပြီးသည့်နောက်။ တိုတောင်းသည့်ထိုးချက်အမှတ်အသားများသည် ပေါက်ကွဲထွက်လာမှုတစ်ခုကိုဖန်တီးပေးပြီး တင်ဆက်သူ၏ ပထမသတင်းဖြင့်စနိုင်စေသည်။

သတင်းအစီအစဥ် ကြေငြာနေစဥ်အတွင်း။ တင်ဆက်သူအကြောင်းအရာတစ်ခုပြောပြီးတိုင်း တိုတောင်းသည့်ထိုးချက်အမှတ်အသားကို ထည့်နိုင်သည်။ ဥပမာ – အစီအစဥ်၏ ပထမပိုင်းသည် နိုင်ငံရေးသတင်းနှစ်ခုဖြစ်ပြီးနောက်တွင် စီးပွါးရေးသတင်း နှစ်ခုလိုက်သည် တိုတောင်းသည့် ထိုးချက်အမှတ်အသားကို ဒုတိယနိုင်ငံရေးသတင်းအပြီးတွင်ထည့်နိုင်သည်။ ဤနည်းဖြင့် နုိင်ငံရေး သတင်းအစီအစဥ်ပြီးသွားကြောင်းသိနိုင်သည်။ ဤအရာသည် နားဆင်သူကို နောက်ဆွဲတွဲသတင်းများ ဆက်လက်နားဆင်နိုင်စေသည်။

သတင်းအစီအစဥ်များတင်ဆက်အပြီးတွင်။ တိုတောင်းသည့်ထိုးချက်အမှတ်အသား/ အပိတ်တီးလုံး သည် သတင်းထုတ်လွှင့်မှုပြီးဆုံးကြောင်းကိုသိစေသည်။ နောက်ဆုံးဖြစ်ကြောင်း အမှတ်အသားကို ခံစားရစေပြီး သတင်းထုတ်လွှင့်မှုကို ဆက်လက်လုပ်ဆောင်စေသည်။