Menu

16.၁၆။ တင်ဆက်မည့်အစီအစဥ်စာရင်း

ထုတ်လွှင့်မစတင်မီပြုလုပ်ရမည့် နောက်ဆုံးအဆင့်ဖြစ်သည်။ သင်သည် အရာအားလုံးကို စဥ်းစားရန်လိုအပ်သည်။ ထုတ်လွှင့်ချိန်နှင့် နီးကပ်နေပါက အကူအညီတောင်းပါ။ သင်သည် မတူညီသည့်အစိတ်အပိုင်များကို စနစ်တကျဖြစ်အောင်တည်ဆောက်ရမည် (သတင်းများ၊ အသံဖမ်းချက်များ) ထို့နောက် တူညီသည့်ဖိုင်ထဲတွင် အစီအစဥ်အတိုင်းထည့်ပေးရမည် (မလုပ်ရသေးပါက) ထို့နောက် ပို၍အရေးကြီးသည်မှာ အင်ဂျင်နီယာအတွက် အစီအစဥ် အနှစ်ချုပ်ကို ရေးပေးရမည်။ သို့မှသာ အကြည့်တစ်ချက်ဖြင့် သင်လိုအပ်သည်ကို သိနိုင်မည်။ ထိုအရာသည် တင်ဆက်မည့်အစီအစဥ်စာရင်း ဖြစ်သည်။

အဓိပ္ပါယ်ဖွင့်ဆုိချက်

တင်ဆက်မည့်အစီအစဥ်စာရင်းသည် တင်ဆက်သူမှ အင်ဂျင်နီယာ၏ ထုတ်လွှင့်မှုကိုအထောက် အကူပြုရန်ရေးသားထားပေးခြင်းဖြစ်သည်။ ဤသည်မှာ သတင်းထုတ်လွှင့်မှု၏ အသုံးပြုသူ လမ်းညွှန်ဖြစ်သည်။

တင်ဆက်မည့်အစီအစဥ်စာရင်းကိုမည်သည့်အချိန်တွင်ရေးရမည်နည်း။

တင်ဆက်မည့်အစီအစဥ်စာရင်းကို ဇာတ်ညွှန်းများအားလုံးရေးသားပြီးချိန်နှင့် သတင်းအစိတ်အပိုင်းများအားလုံး တည်ဆောက်ပြီးချိန်၊ အသံပိုင်ဆိုင်ရာအစိတ်အပိုင်းများအားလုံး အမျိုးအမည်ခွဲပြီးချိန်၊ သတင်းထုတ်လွှင့်တစ်ခုလုံးထုပ်ပိုးပြီးချိန်တွင် ရေးရသည်။ တင်ဆက်မည့် အစီအစဥ်စာရင်းသည် ထုတ်လွှင့်မှုမစမီ နောက်ဆုံးရေးရသည့်အရာဖြစ်သည်။

တင်ဆက်မည့်အစီအစဥ်စာရင်းကို မည်ကဲ့သို့ရေးရမည်နည်း။

သတင်းအစီအစဥ်အတွက် တာဝန်ရှိသည့် အင်ဂျင်နီယာသည် တင်ဆက်မည့်အစီအစဥ်စာရင်းကို အသုံးပြုမည့်သူဖြစ်သည်။ ထို့ကြောင့် သတင်းထုတ်လွှင့်မှုတွင်ပါဝင်သည့်အစိတ်အပိုင်းများကို ရိုးရှင်းစွာနှင့် တိကျစွာ ထုတ်လွှင့်မည့်အစီအစဥ်အတိုင်း ဖော်ပြပေးရမည်။ ထိုအရာသည် တိုတိုရှင်းရှင်းနှင့် ချစ်ဖို့ကောင်းသည့်အရာဖြစ်သည်။ စကားလုံးများ၊ အချိန်နှင့် ကိန်းကဏန်းများသာပါသည်။

အသံဖတ်သူ/ တင်ဆက်သူ၏အဖွင့်မိတ်ဆက်/အချက်အလက်/အနှစ်ချုပ် တင်ဆက်မည့်အစီအစဥ်စာရင်းတွင် အင်ဂျင်နီယာအသုံးပြုရမည့် ရင်းမြစ်များကိုလည်း ဖော်ပြထားပေးရမည်။ မိုက်၊ MD၊ ဖုန်း၊ CD၊ အသံဖိုင်၊ စသည်ဖြင့်။

၁၀မိနစ်တာထုတ်လွှင့်မှုအတွက် တင်ဆက်မည့်အစီအစဥ်စာရင်း ဥပမာ။

ရင်းမြစ်

အကြောင်းအရာ

ကြာချိန်

MD 1 track 3

အဖွင့် သတင်းအစီအစဥ် တီးလုံး

၁၀ စက္ကန့်

Mic 1

ခေါင်းကြီးများ (၄)

၄၀ စက္ကန့်

MD 1 track 4

ခေါင်းကြီးအဆုံးအလွန်တိုတောင်းသည့် အမှတ်အသား

၂ စက္ကန့်

Mic 1

အမှုနှင့်ပါတ်သက်၍ တင်ဆက်သူ၏မိတ်ဆက်

၁၅ စက္ကန့်

ဖုန်း (02 36 54 28)

တရားရုံးမှသုမောင်၏ တိုက်ရိုက်သတင်း ပေးပို့ချက်

၁ မိနစ်

Mic 1

BA တရားခွင်

၁၀ စက္ကန့်

Mic 1

ထိုမတောတဆမှုအကြောင်းအနှစ်ချုပ်

၂၀ စက္ကန့်

MD 1 track 5

အလွန်တိုတောင်းသည့် အမှတ်အသား

၂ စက္ကန့်

Mic 1

စည်ပင်ရွေးကောက်ပွဲနှင့် ပတ်သက်၍တင်ဆက်သူ၏ မိတ်ဆက်

၂၀ စက္ကန့်

MD 2 track 1

ရွေးကောက်ပွဲမြင်ကွင်းစုံ

၅၆ စက္ကန့်

Mic 1

ကိုယ်စားလှယ် ဦးပြူးအကြောင်းအနှစ်ချုပ်

၁၅ စက္ကန့်

Mic 1

ဒေါ်တင်ငွေအကြောင်းမိတ်ဆက်

၂၀ စက္ကန့်

MD 2 track 2

မခင်အကြောင်းရွှေစင်၏ နောက်ခံစကားပြောဖြင့်

၁ မိနစ်

MD 1 track 5

အလွန်တိုတောင်းသည့် အမှတ်အသား

၂ စက္ကန့်

Mic 1

တင်ဆက်သူမှ ဆရာဝန်မောင်မောင်အကြောင်း မိတ်ဆက်

၁၅ စက္ကန့်

Mic 2

သုမောင်၏ ဆရာဝန်မောင်မောင် အကြောင်း တင်ဆက်ပေးမှု

၁ မိနစ်

Mic 1

ဆေးရုံအကြောင်း အနှစ်ချုပ်

၂၀ စက္ကန့်

Mic 1

တင်ဆက်သူ၏ ရွှေတောင်တန်းပရဟိတကျောင်းအကြောင်း မိတ်ဆက်

၂၀ စက္ကန့်

MD 2 track 3

ကျောင်းအကြောင်းထုတ်လုပ်မှု

၂ မိနစ်

Mic 1

နှုတ်ဆက်

၃၀ စက္ကန့်

MD 1 track 6

အဆုံးသတ် တီးလုံးနှင့် ထပ်ခါ ပြောသောစကား

၆ စက္ကန့်

 

 

စုစုပေါင်းကြာချိန်: ၁၀မိနစ် စက္ကန့်

သင်၏အထက်လူကြီးထံမှ ဖြည့်စွက်ရမည့် ပုံစံတောင်းနိုင်သည်။ သင်အလျင်လိုသည့်အချိန်တွင် အသုံးဝင်သည်။