Menu

18.၁၈။ သတင်းလိုက်ခြင်း။

သတင်းလိုက်ခြင်းမရှိပဲ သတင်းစာပညာဟူ၍မရှိချေ။ သတင်းလိုက်ခြင်းသည် သတင်းစာပညာ၏ အခြေခံအလုပ်ဖြစ်သော သတင်းဖြစ်ပွါးသည့်နေသို့ သွားရောက် သတင်းရှာဖွေခြင်းဖြစ်သည်။ သတင်းထောက်သည် နားဆင်သူများအတွက် သတင်းဖြစ်ပွါးသည့်နေရာတွင် သတင်းရယူပေးနေ သည့် သတင်းသမားဖြစ်သည်။ စိတ်ထဲတွင်ပန်းတိုင်တစ်ခုထား၍ သွားရောက်သတင်းယူရန် ပြင်ဆင်ရသည်၊ တွေ့ဆုံမည့်သူများကို ရွေးချယ်ရသည်၊ ရှုထောင့်များကို ဆုံးဖြတ်ရသည်။                   

မှန်ကန်သည့် စိတ်နေသဘောထား

သတင်းလိုက်လံရယူနေစဥ် သတင်းသမားသည် ဦးဆောင်မှုရှိရှိဖြင့် မှန်ကန်သည့် ဖြေဆိုသူများကို ရှာဖွေပြီး မှန်ကန်သည့်မေးခွန်းမေးရမည်။ သူသည် လေ့လာမှတ်သားရမည်။ သူ၏ အသံကို အသုံးပြုရမည်။ သူသည်တွေ့ဆုံမှု၊ သဘာဝသံများကို မည်သို့အသံဖမ်းရမည်ကို သိရမည်။ (၁၉ တွင်ကြည့်ပါ)

မထွက်ခွါမီ သတင်းကို သိရမည်။

ထိုအကြောင်းကိုရေးသားထားပြီးသော အခြားတင်းများ၊ သတင်းထုတ်ပြန်ချက်များ၊ ဆောင်းပါးများ စသည်တို့ကို ဖတ်ထားရမည််။ သင့်အနေဖြင့်ကောင်းမွန်စွာ သဘောပေါက်  ထားရမည်။ သင်စကားပြောမည့်သူများ၏ အမည်၊ အချက်အလက်၊ ရက်စွဲများကို စစ်ဆေးရမည်။

သင်၏ ရှုထောင့်ကိုရွေးချယ်ပါ။

သတင်း၏ မည်သည့်အပိုင်းကို အထူးပြုပြောလိုပါသလဲ။ နားလည်သဘောပေါက်စေရန်အတွက် မည်သည့်အရာကို မီးမောင်းထိုးပြောပြလိုပါသလဲ။ ဘယ်အရာကို နားဆင်သူများစိတ်ဝင်စားပါမည်လဲ။ ထိုမေးခွန်းများကို မထွက်ခါမီ ကိုယ့်ကိုယ်မေးရမည်။ မနက်ခင်း အစည်းအဝေးတွင် သင်၏လုပ်ဖော်ကိုင်ဖက်များသည် ရှုထောင့်ကို ကူညီရွေးချယ်ပေးလိမ့်မည်။

မေးခွန်းစာရင်းကို အဆင်သင့်ဖြစ်အောင်ပြုလုပ်ထားပါ။

သင်၏တွေ့ဆုံမေးမြန်းမှုအတွက် ၏ သည်မရွေးရေးမထားပါနှင့်။ သင်ရရှိလိုသည့် သတင်းအချက်အလက်၊ သုံးမည့်ရှုထောင့်တို့တွက် မှတ်စုအချို့ကို အနှစ်ချုပ်ချရေးထားပါ။

သင်အသုံးပြုရမည့် ပစ္စည်းများကို စစ်ဆေးပါ။

မမေ့စေရန်အတွက်။ ဘက်ထရီ၊ မိုက် (စမ်းကြည့်ပါ) အကာအကွယ်အိတ်၊ SD card ကိုရှင်းလင်းထားပါ၊ လိုအပ်ပါက အသံဖမ်း မိုက်အရှည်။

သတင်းဖြစ်သည့်နေရာတွင် ။ ။ မှန်ကန်သူများကို ရွေးချယ်၍စကားပြောပါ။

ဘယ်သူတွေကိုစကားပြောမှာလဲ။ သတင်းတိုင်းအတွက် တွေ့ဆုံမေးမြန်းရမည့်သူ နှစ်မျိုးရှိသည်။

ဇာတ်ဆောင်များ။ ဖြစ်ရပ်တွင်တိုက်ရိုက်ပါဝင်ပတ်သက်သူများ။ သူတို့သည် ဖြစ်ရပ်အကြောင်းကို ဖော်ပြလိမ့်မည်၊ ထွက်ဆိုကြလိမ့်မည်။

ကျွမ်းကျင်သူများ။ သတင်း၏ခိုင်မာမှုကို ပြရန်အတွက် ထိုသူများ၏ ပြောစကား။ သူတို့သည် ခွဲခြမ်းစိတ်ဖြာသုံးသပ်ရန်၊ရှင်းပြရန်၊ ထင်မြင်ချက်ပေးရန် လေ့ကျင်ထားသူများဖြစ်သည်။

သတင်းဖြစ်ပွါးရာနေရာတွင် သင်ကို ဖြေဆုိပြီးမည့်သူများကို အဆင်သင့် ပြုလုပ်ထားပါ။

သင်စကားပြောလိုသည့်သူများကို ရှာဖွေရရှိပြီးသားဖြစ်ပါစေ။ အခြေအနေများအရာမဖြစ်နိုင်ပါက တွေ့ဆုံရန် ချိန်းဆိုပါ။ ထိုသူများကို သင်သည် သတင်းထောက်ဖြစ်ကြောင်းနှင့် သင်အလုပ်လုပ်ကိုင်သည့်ဌာနကို ပြောပြပြီး ထိုတွေ့ဆုံမေးမြန်းမှုကို မည်ကဲ့သို ့အသုံးပြုမည်ကို ရှင်းပြပါ။

သတင်းအတွက် အလုပ်လုပ်နေစဥ်အတွင်း

တွေ့ဆုံမေးမြန်းမှု ပြီးသည့်အချိန်အတိုင်း သင်၏ အသံဖမ်းချက်များ၏ အရည်အသွေးကို စစ်ဆေးပါ။ နောက်ဆုံးစာကြောင်းအနည်းငယ်ကိုစစ်ဆေးပါ။ အကယ်၍မကောင်းပါက (လေတိုးသဲ သို့မဟုတ် နောက်ခံအသံများဆူညံနေပါက) နောက်တစ်ကြိမ်ပြန် အသံဖမ်းပါ။ ဖြေဆိုသူသည် သင့်ဘေးတွင်ရှိပါသည်။ သင်ရှင်းပြလျှင်နားလည်ပါလိမ့်မည်။

ဖြေဆုိသူကို မိုက်ကိုင်ခွင့်မပေးပါနှင့်။

တွေ့ဆုံမေးမြန်းမှုကို သင်လုပ်နေခြင်းဖြစ်သည်။ အသံအရည်အသွေးကို သင်စစ်ရန်လုိအပ်သည်။