Menu

19.၁၉။ အသံဖမ်းခြင်း။

အသံဖမ်းမှုကောင်းကောင်းမရှိပဲ ရေဒီယိုမရှိပါ။ သတင်းထောက်သည် အသံပိုင်ဆိုင်ရာ အင်ဂျင်နီယာမဟုတ်သော်လည်း သူသည်စည်းမျဥ်းအချို့သိပါသည်။ သင့်ကို နားဆင်မည့် သူများအတွက်စဥ်းစားပါ။ နားဆင်မည့်သူအချို့သည် သံချေးတက်ရေဒီယို အဟောင်းများဖြင့်လည်း နားဆင်နေနိုင်သည်။ အသံဖမ်းစက်အစုတ်တစ်လုံးဖြင့် လမ်းလျှောက်ရင်း နားထောင်နေမည့်သူများလည်းရှိသည်။ သင်၏ အသံအရည်အသွေးသည်ကောင်းမွန်ခြင်းမရှိပါက ထိုသူများသည် အခြားရေဒီယို ဌာနကိုပြောင်း၍ နားထောင်ပေမည်။

မိုက်

ရေဒီယို သတင်းဌာနများသည် သူတို့၏ သတင်းထောက်များကို ဘေးပတ်ပတ်လည်ရှိအသံများ အားလုံးဖမ်းနိုင်သည့် မိုက်ခရိုဖုန်းများပေးသည်။ ထိုမိုက်များသည် ကိုင်တွယ်ရန် အလွယ်ကူဆုံးဖြစ်သည်။ အသံဖမ်းရန်အတွက် အသံထွက်ရာ အရင်းမြစ်ထံအနီးကပ်ဆုံးထားရှိရန် လိုသည်။ ဥပမာအားဖြင့်

တွေ့ဆုံမေးမြန်းနေစဥ်အတွင်းသင်သည် ဖြေဆိုသူပြောနေသည်ကို ကောင်းမွန်စွာကြားရမည်။ မိုက်ကို သူ၏ပါးစပ်နှင့် ၂၀ စင်တီမီတာခန့်အကွာတွင်ထားပါ။ အရမ်းနီးကပ်လွန်းပါက အသံသည် ရောထွေးသွားနိုင်ပြီး အသံနေအသံထားအနိမ့်အမြင့်များကြောင့် အချက်ပြမှုများ မှားယွင်းလာနိုင်ပြီး popping သက်ရောက်မှုများဖြစ်လာစေနိုင်သည်။ အရမ်းကွာဝေးလွန်းပါက ဖြေဆုိသူကို ကောင်းမွန်စွာမကြားနိုင်တော့ပဲ အသံဖမ်းချက်သည်လည်း ဝေဝါးနေမည်။

သဘာဝအသံများကို ဖမ်းယူရာတွင်လည်းကြည်လင်မှုမရှိသည့်အခြေအနေများလည်းရှိနိုင်သည်။

တွေ့ဆုံမေးမြန်းမှုတွင် သင့်ကိုယ်သင်လည်း အသံဖမ်းယူထားရန်လိုအပ်သည် အဘယ်ကြောင့်ဆိုသော် သင်၏ မေးခွန်းအချို့ကို တည်းဖြတ်ပြီးရာတွင်ပြန်လည်အသုံးပြုရန် လုိအပ်နိုင်သောကြောင့်ဖြစ်သည်။ သင်ကိုယ်တိုင်အတွက်လည်း ပါးစပ်မှ မိုက်ကို ၂၀ စင်တီမီတာ အကွာတွင်ထားရန်လိုသည်။ သိပ်လည်းနီးကပ်လွန်းခြင်းမဖြစ်ရ သိပ်လည်းဝေးလွန်းခြင်းမဖြစ်ရ။

ရောထွေးသွားသော အသံကို ပြန်ပြင်၍မရပါ။

တည်းဖြတ်မှုအချိန်မျဥ်းကို သင်တွေ့ရှိပြီးဖြစ်သည်။ အသံသည်ရောထွေးသွားပါပ အသံလှိုင်းများကို ဖြတ်တောက်လိုက်ရသည်။ ထို့နောက်သင်သည် ကျန်သည့်အပိုင်းကို db ၃ သို့မဟုတ် ၄ ထိလျှော့ချ၍ တည်းဖြတ်နိုင်သေးသည်ဟု ထင်နေသည်။ ထိုသို့ပြုလုပ်နိုင်ပါသည်။ သို့သော် အသံလှိုင်များသည် ဖြတ်ခံလိုက်ရပြီဖြစ်ပြီး အသံသည် ဆိုးရွားနေဆံဖြစ်သည်။

တိုးသည့်အသံများကိုလည်း ချဲ့၍အသုံးပြုပါက သဘာဝသံများသည် ကျယ်လာပေလိမ့်မည်၊ သင့်အတွက် မည်သည့်အခြေအနေကမျှ အဆင်မပြေနိုင်ပါ။

အသံကောင်းကို မည်ကဲ့သို့ရအောင်လုပ်ရမည်နည်း။

အထက်တွင်ပြောပြခဲ့ပြီးသည့်အရာများအပြင် အောက်ပါအချက်များကို လိုက်နာရန်လိုအပ်သည်။

မထွက်ခွါမီ သင်၏မိုက်အတွင်းသို့ စကားပြောကြည့်ပါ၊ ပြန်နားထောင်ကြည့်ပါ။ လေကိုကွယ်ရန် အတွက် နားကြပ်နှင့် အကားအကွယ်အိတ်ကို ယူသွားပါ။

တွေ့ဆုံသည့်နေရာအရောက်တွင် ဖြေဆိုသူကို သူ့ကိုယ်သူမိတ်ဆက်ခိုင်းပါ၊ သူ၏အလုပ်အကြောင်းပြောခိုင်းပြီး သင်၏ အသံဖမ်းစက်ဖြင့်ချိန်ညှိပါ။ ထိုသို့ပြုလုပ်ခြင်းဖြင့် သင်၏အသံဖမ်းစက်မှ မီတာကိုကြည့်၍ ချိန်ညှိနိုင်သည်။

အသံဖမ်းနေစဥ်အတွင်းတွင်လည်းမီတာကို အဆက်မပြတ်စောင့်ကြည့်နေပေးပါ။

တွေ့ဆုံမေးမြန်းသူကို နှုတ်မဆက်မီ အသံဖမ်းချက်ကောင်းမွန်ခြင်းရှိမရှိပြန်လည်စစ်ဆေးပါ။ အဆင်မပြေပါက နောက်တစ်ကြိမ်ပြန်ပြန်မေးပြီး ဘာကြောင့်ပြန်လုပ်ရကြောင်းရှင်းပြပါ။

သဘာဝအသံများအတွက် သင်၏နားကျပ်ကိုအသုံးပြုပါ၊ မီတာတံကို ကြည့်၍ ချိန်ညှိပါ။

DICTAPHONES ကိုအသုံးမပြုနှင့်။ ထိုအရာသည် မှတ်စုမှတ်ရန်အတွက်သာကောင်းသည်။ ရေဒီယိုအတွက်ဆိုလျှင် ထိုနည်းဖြင့်အသံဖမ်းခြင်းသည် ဖုန်းဖြင့်အသံဖမ်းခြင်းထက်ပင် ဆိုးသည်။