Menu

02.၂။ ေဝါဟာရ

သတင်းသမားတစ်ယောက်အနေဖြင့် သူ၏အလုပ်တွင် ကျွမ်းကျင်ပိုင်နိုင်လာစွာလုပ်ဆောင်ရန် အတွက်နည်းလမ်းပေါင်းများစွာရှိသည်။ သို့သော် တွေ့ဆုံမေးမြန်းမှုတွင် ကျွမ်းကျင်ခြင်း သို့မဟုတ် သတင်းများရေးသားနိုင်ခြင်းသည် လုံလောက်မှုမရှိသေးချေ။ ပထမဦးဆုံးအနေဖြင့် သတင်းခန်း အတွင်းမည်ကဲ့သို့အလုပ်လုပ်ရမည်ကို သိရှိခြင်းဖြစ်သည်။ ထိုအရာကို ပရော်ဖက်ရှင်နယ် ယဥ်ကျေးမှု ဝေမျှခြင်းဟုခေါ်သည်။

ပရော်ဖက်ရှင်နယ် ယဥ်ကျေးမှု ဝေမျှခြင်းသည် တူညီသည့် ဘာသာစကားတစ်ခုကို ပြောဆိုခြင်း ဖြစ်သည်။

အောက်ပါသည် ဝေါဟာရ အတိုချုံ့ဖြစ်သည်။

တင်ဆက်သူ၏ မိတ်ဆက်။ သတင်းကိုမိတ်ဆက်ရန်အတွက် တင်ဆက်သူမှဇာတ်ညွှန်းကို ဖတ်ပြခြင်းဖြစ်သည်။

နောက်ခံကြေငြာချက် (သို့မဟုတ် B/A) သတင်းတင်ဆက်မှုအပြီး ဇာတ်ညွှန်းကို တင်ဆက်သူမှ ဖတ်ခြင်းဖြစ်သည်။

မိတ်ဆက်/ ခေါင်းကြီးစာကြောင်း။ သတင်း၏ အစ။

နောက်ဆုံးစာကြောင်း။ သတင်း၏ အဆုံးသတ်။

ခေါင်းကြီး အကြောင်းအရာ။ သတင်းထုတ်လွှင့်မှု၏ ပထမပိုင်း။

ဇာတ်။ သတင်းတွင်မပါဝင်သေးသည့် အကြောင်းအရာ/ဇာတ်ညွှန်း။

နောက်ခံစကားပြော။ သတင်းများ၏ ဇာတ်ညွှန်းကို ဖတ်ခြင်း။

အမှန်တကယ်ဖြစ်ရပ်။ တွေ့ဆုံမေးမြန်းမှုမှ ကောက်နုတ်ချက်။

ထုတ်လုပ်မှု။ သတင်းထောက်၏ အသံနှင့် တွေ့ဆုံမေးမြန်းမှုပါသောသတင်း။

ထုတ်လုပ်မှုအစီအစဥ် ဇယား။ ထုတ်လွှင့်မှုတွင် အင်ဂျင်နီယာများကို အထောက်အကူပြုရန် တင်ဆက်သူမှရေးသားပေးထားသော အစီစဥ်ဇယား။

ထိုဝေါဟာရ အသုံးနှုန်းများသည် အနည်းငယ်သော သာဓကများသာဖြစ်သည်။ လူတိုင်းအတွက် Joe ဆိုသည့်စကားမှာ အဓိပ္ပါယ်မရှိသော်လည်း ရေဒီယို သတင်းထုတ်လွှင့်မှုအဖွဲ့အတွက် ထိုစကားမှာ နေ့စဥ်သုံးစကားဖြစ်ပြီး ဝေါဟာရများ ဝေမျှမှုသည် ယဥ်ကျေးမှု ဝေမျှမှု၏ လက္ခဏာဖြစ်သည်။

ဖြစ်စဥ်တစ်လျှောက် လေးစားမှုရှိပါ။

ပရောဖက်ရှင်နယ်ယဥ်ကျေးမှုကို ဝေမျှခြင်းသည် ထုတ်လွှင့်မှုတွင်ပါဝင်သူတိုင်း၏ လုပ်ငန်း ဆောင်ရွက်မှုဖြစ်စဥ်ကိုလေးစားခြင်းလည်းဖြစ်သည်။

ဥပမာ။ သတင်းထောက်တစ်ယောက်သည် သူ၏ သတင်းကို ပုံမှန်သိမ်းဆည်းထားနေကျ နေရာတွင် သိမ်းဆည်းခြင်းမရှိပဲ မှားယွင်းသောနေရာတစ်ခုတွင်သိမ်းဆည်းခဲ့သည် ဆုိကြပါစို့။ ထို့နောက် သတင်းထောက်သည် အလုပ်များပြီးဆုံးအောင်လုပ်ပြီးသဖြင့် အိမ်ပြန်သွားသည်။ သူ၏သတင်းကို ထုတ်လွှင့်ပေးရမည့် လုပ်ဖော်ကိုင်ဖက်သည် နောက်တစ်နေ့တွင် သူသိမ်းဆည်းခဲ့သော သတင်းကိုရှာဖွေရန်အတွက် အချိန်နာရီပေါင်းများစွာပေးလိုက်ရသည်။ အကယ်၍ သတင်းထောက်သည် လုပ်ငန်း၏ ဖြစ်စဥ်ကို လေးစားလိုက်နာခြင်းရှိပါက တန်ဖိုးရှိသည့် အချိန်များကိုဖြုန်းတီးလိုက်ရခြင်းမျိုးမဖြစ်တော့ပဲ စိုးရိမ်မှုများသည်လည်း လွန်စွာလျော့နည်းသွားမည်။

သံသယရှိပါက အရေးပါမှုအဆင့်ကို စဥ်းစားပါ။

တစ်ခါတစ်ရံ သတင်းသမားသည် ဆုံးဖြတ်ချက်တစ်ခုချရန် ခက်ခဲသည့် အခြေအနေမျိုး ကြုံတတ်သည်။ ထိုကဲ့သို့အခြေအနေမျိုးတွင် သင်၏ အထက်လူကြီးကို အခြေအနေနှင့် ပတ်သက်၍ တင်ပြဆွေးနွေးရန် ဝန်မလေးပါနှင့်။