Menu

20.၂၀။ ထုတ်နှုတ်ချက်များ

သတင်းအမျိုးအစားသုံးမျိုးရှိသည်။ အသံဖတ်ခြင်း (၂၃ ကိုကြည့်ပါ)၊ ထုတ်နှုတ်ချက်များ သို့မဟုတ် ထုတ်လုပ်မှုများ (၂၁ ကိုကြည့်ပါ)။ တစ်ခါတစ်ရံ ထိုအရာများသည် အနှစ်ချုပ်သတင်းများဖြစ်သည် (၁၂ ကိုကြည့်ပါ)။ သတင်းသည် တင်ဆက်သူ၏ မိတ်ဆက်ဖြင့်စတင်သည် (၁၁ ကိုကြည့်ပါ)။ တည်းဖြတ်ခြင်းသည် သတင်းသမားသမားရယူလာသော အသံဖိုင်အကြမ်းများဖြင့်အလုပ်လုပ်ခြင်းဖြစ်ပြီး အသုံးပြုမည့် အပိုင်းကို ရွေးချယ်ခြင်းဖြစ်သည်။ တည်းဖြတ်မှုကောင်းတစ်ခုသည် သဘာဝကျကျ စီးဆင်းမှုရှိသည်။ (“ဆက်ထားသည့် နေရာကိုပင်သတိမပြုမိနိုင်)                            

ထုတ်နှုတ်ချက်များ

ထုတ်နှုတ်ချက်များကို တွေ့ဆုံမေးမြန်းမှုမှဖြစ်သည်။ ထိုအရာသည် တွေ့ဆုံမေးမြန်းမှု၏ အနှစ်ချုပ်မဟုတ်ပဲ ရှုထောင့်ကို ကိုယ်စားပြုသည်။ ထိုအရာသည် တင်ဆက်သူ၏အဖွင့်ပြီးသည့်အချိန်တွင် အမီအခိုကင်းစွာရှိနေပြီး ရှုထောင့်နှင့် ဖြေဆိုသူ၏ အမည်နှင့်အလုပ်အကိုင်ကို ဖော်ပြပေးသည်။

ထုတ်လုပ်မှုကို မည်ကဲ့သို့တည်းဖြတ်ရမည်နည်း။

  • တွေ့ဆုံမှုထဲတွင် ရှုထောင့်နှင့်သက်ဆိုင်မှုရှိသည့် အပိုင်းကို ပထမဦးစွာ ရှာဖွေခွဲထုတ်ရမည်။ ၂မိနစ် ၃မိနစ် သို့မဟုတ် ဒီ့ထက်ပိုကြာနိုင်သည်။
  • မည်သည့်နေရာတွင်စနိုင်မည်နှင့် အဓိပ္ပါယ်ရှိရန်နှင့် စွဲဆောင်မှုရှိရန်အတွက် ရွေးချယ်ရမည်။
  • ထို့နောက် ထိုအပိုင်းကိုရွေးချယ်ပြီး သတင်းအချိန်မျဥ်းပေါ်တွင် ကူးယူထားပေးရသည်။
  • သိမ်းဆည်းသည့်နေရာတွင် ဖိုင်နှစ်ခုခွဲပါ။ ပထမတစ်ခုမှာအသံအကြမ်းဖြစ်ပြီး နောက်တစ်ခုမှာ တည်းဖြတ်ပြီးသား အသံဖိုင်ဖြစ်သည်။ ထိုဖိုင်များကို ပုံမှန်သိမ်းဆည်းနေရန် မမေ့ပါနှင့် သို့မဟုတ်ပါက လျှပ်စစ်မီး ပျက်တောက်သည့်အချိန်တွင် အကုန်လုံးပျက်သွားနိုင်သည်။ အကယ်၍ တည်းဖြတ်နေရင်းအမှားလုပ်မိပါက သင့်ထံတွင် မူလအသံဖိုင်ရှိနေမည်ဖြစ်ပြီး အစမှပြန်လုပ်နိုင်မည်။
  • နောက်ဆုံးအနေဖြင့် ဖြတ်ပြီးတိုအောင်ပြုလုပ်ပါ။ ထိုအပိုင်းသည်အရှည်ဆုံးအပိုင်း ဖြစ်သည်။ ပထမဆုံးအနေဖြင့် တွန့်ဆုတ်ဝေဝါးမှုများ၊ တီးတိုးပြောမှုများနှင့် ဖြေဆိုသူ ထပ်ခါ ထပ်ခါပြောနေသည့်အပိုင်းများကို ဖြတ်ပစ်ရန်လိုသည်။ လက်တွေ့တွင် သင်စကားပြောသည့်အချိန်တွင် ဆိုလိုရင်းကို တိုက်ရိုက်ပြောဆိုခဲသည်၊ သွယ်ဝိုက်ပြောဆို နေမှုများ အနည်းနှင့်အများရှိသည်။ မည်သည့်သတင်းအချက်အလက်မှ ယူဆောင်လာပေးခြင်း မရှိပါက သင့်မေးခွန်းကိုဖြတ်ပစ်ပါ။ ထို့နောက်ပုံစံတစ်ခု စက္ကန့် ၃၀၊ စက္ကန့် ၄၀၊ တစ်မိနစ်စသည်ဖြင့် ဖြစ်လာသည်အထိ ကြိုးစားတည်းဖြတ်ပါ။

ကောင်းမွန်သည့် ထုတ်နှုတ်မှုသည် ဖြေဆိုသူ၏ ရှုထောင့်အမြင်အပေါ်တွင် သစ္စာရှိသည်။

ထိုအရာသည် ပြောစကားကို ချုံ့လိုက်ခြင်းနှင့် စွဲဆောင်မှုရှိအောင်ပြုလုပ်ခြင်းဖြစ်သည်။ မသေချာပါက သင်၏လုပ်ဖော်ကိုင်ဖက်များနှင့် အယ်ဒီတာချုပ်ကို နားထောင်ခိုင်းပါ။ ထုတ်လွှင့်ခြင်းမပြုမီ အပြန်ပြန်အလှန်လှန် ပြင်ဆင်တည်းဖြတ်နိုင်လျှင်အလွန်ကောင်းသည်။