Menu

21.၂၁။ ထုတ်လုပ်မှု

ထုတ်နုတ်မှုများတစ်ခု သို့မဟုတ် တစ်ခုထက်ပိုသည်များဖြင့် ပြုလုပ်ထားသော ဇာတ်ညွှန်းဖြစ်သည်။ ထုတ်နုတ်မှုများတစ်လျှောက်တွင် သတင်းထောက်မှ ဆက်စပ်ပြောပြပေးနေသောကြောင့် အဆက်အစပ်ဟုလည်းခေါ်သည်။ ထုတ်လုပ်မှု အမျိုးမျိုးရှိသည်၊ ထုတ်နုတ်မှုတစ်ခုတည်းဖြင့် ရိုးရှင်းသည့်အရာနှင့် ထုတ်နုတ်မှုများစွာနှင့် သဘာဝအသံများစွာ တို့ဖြင့်ရှုပ်ထွေးသည့်ထုတ်လုပ်မှုတို့ဖြစ်သည်။ ထိုနည်းဖြင့် သတင်းတင်ဆက်မှုကို ပို၍ ရှင်းလင်းလာစေသည်။ ထုတ်နုတ်မှုကဲ့သို ့ပင်ထုတ်လုပ်မှုသည် တင်ဆက်သူ၏အဖွင့်မိတ်ဆက်ဖြင့်စပြီး သတင်းထောက်၏အမည်နှင့် သတင်း၏ ရှုထောင့်ဖြင့် အဆုံးသတ်သည်။                          

အောက်ပါတို့သည် ဖြစ်နိုင်သည့် တည်ဆောက်မှုများဖြစ်သည်။

ထုတ်နှုတ်မှုတစ်ခုပါသည့် ထုတ်လုပ်မှု။

တင်ဆက်သူ၏ အဖွင့်မိတ်ဆက်သတင်း၏ရှုထောင့်

သတင်းထောက်၏အသံ ၂၀ စက္ကန့်

တွေ့ဆုံမေးမြန်းမှုမှ ထုတ်နုတ်မှု ၃၀ စက္ကန့်

သတင်းထောက်၏ အသံ ၁၀ စက္ကန့်

တစ်ခုထက်ပိုသည့် ထုတ်နုတ်မှုများ

ဇာတ်ညွှန်း ၁

အသံ ၁

ဇာတ်ညွှန်း ၂

အသံ ၂

ဇာတ်ညွှန်း ၃

သဘာဝအသံများဖြင့်

 

ဇာတ်ညွှန်း ၁

အသံ ၁

ဇာတ်ညွှန်း ၂

 

အသံ ၂

ဇာတ်ညွှန်း ၃

 

 

သဘာဝသံ

 

သဘာဝသံ

 

သဘာဝသံ

 

                         

ရွေးချယ်ရန်အတွက် ပုံစံအမျိုးမျိုးရှိသည်။ သတင်းထောက်သည် အလွန်ရှည်လျားသော ထုတ်လုပ်မှုတစ်ခုအဖြစ် တည်းဖြတ်လိုက်ခြင်းမရှိသေးသရွေ့ လွတ်လပ်သောစိတ်ကူးစိတသန်း များဖြင့်ပြုလုပ်နိုင်သည်။

အကြံပေးချက်များ

လူအများစကားပြောနေပါက သဘာဝအသံကိုတိုးလိုက်ပါ။ သို့မှသာ ပြောနေသည့်စကားကို ရှင်းလင်းစွာကြားနိုင်ပေမည်။ တဖြည်းဖြည်းတိုး၍ဝင်လာခြင်း တိုး၍ ထွက်သွားခြင်း အသံများဖြင့်စပါ၊ ဆုံးပါ။ ထိုသို့ပြုလုပ်ခြင်းကြောင့် နားထောင်ရသည်မှာ ပိုကောင်းပြီး တည်းဖြတ်ထားသည့် သက်ရောက်မှုများကို ရှောင်နိုင်သည်။ အင်ဂျင်နီယာမှ တင်ဆက်သူအသံနှင့် သဘာဝသံကိုရော၍ တည်းဖြတ်ပေးလိုက်ပါက ပို၍ပင်ကောင်းသွားမည်။

ထုတ်လုပ်မှု၏ ကြာချိန်

သတင်းအစီအစဥ်တွင်း။ သတင်းထုတ်လွှင့်မှု၏ အပြင်ဘက် ၁မိနစ်နှင့် ၂မိနစ် သို့မဟုတ် ထို့ထက်ပို၍လည်းရှည်နိုင်သည်။

ထိုအရာသည် သင်၏သတင်းခန်းတွင်းဆုံးဖြတ်မှုအပေါ်တွင် မူတည်သည်။ ၃မိနစ်ထက်ကျော်ပါက လူ၏နားထောင်နိုင်စွမ်းလျော့သွားမည်ကို သတိပြုပါ။ သတင်းအစီအစဥ်တွင်းတွင် ထိုအချိန်သည် တင်ဆက်သူ နောက်အကြောင်းအရာတစ်ခုကို ပြောင်းသည့်အချိန်ဖြစ်သည်။

ထုတ်လုပ်မှုကို မည်ကဲ့သို ့တည်းဖြတ်မည်နည်း။

  • ထုတ်နုတ်မှုကိုတည်းဖြတ်သည်နှင့် အတူတူပင်ဖြစ်သည် (၂၀ ကိုကြည့်ပါ)
  • ထုတ်နုတ်လိုသည့်အပိုင်းများကို ဦးစွာရွေးထုတ်လိုက်ပါ၊ ထိုအစိတ်အပိုင်းများသည် စက္ကန့် ၂၀ မှ ၃၀ သို့မဟုတ် ထို့ထက်နည်းနိုင်သည်။
  • သဘာဝသံများကိုတည်းဖြတ်ခြင်းမပြုသေးပဲခွဲထုတ်ပါ။ အချိန်မျဥ်းပေါ်တွင် တင်၍ တည်းဖြတ်ခြင်းသည် ပို၍လွယ်ကူသည်။
  • သင်၏ထုတ်နုတ်ချက်စုစုပေါင်းကြာချိန်မည်မျှရှိသည်ကို တွက်ချက်ပါ။ ထို့နောက် ကျန်နေသေးသည့်အချိန်နှင့်ကိုက်အောင် ဇာတ်ညွှန်းရေးပါ။
  • တီးတိုးဖတ်၍ ပြင်ဆင်ပြီးသည့်နောက် သင်၏ ဇာတ်ညွှန်းကို အသံသွင်းပါ။
  • ထုတ်နုတ်မှုများနှင့် ဇာတ်ညွှန်းအသံများကို အသံလမ်းကြောင်း တစ်ခု သို့မဟုတ် နှစ်ခုတွင်းတွင်ထည့်ပါ။
  • အကယ်၍ ရှည်နေသေးပါက အသံဖိုင်များ သို့မဟုတ် ဇာတ်ညွှန်း၏ အစိတ်အပိုင်းအချို့ကို ဖြတ်ပါ။

ယခုမှစတင်တည်းဖြတ်သူအတွက် တည်းဖြတ်ချိန်သည် တစ်နာရီခွဲမှ နှစ်နာရီအထိကြာနိုင်သည်။