Menu

23.၂၃။ အသံဖတ်ခြင်း

အသံဖတ်ခြင်းသည် အများဆုံးစာကြောင်း ၂၅ ကြောင်းသာရှိသည့် ဇာတ်ညွှန်းဖြစ်သည်။ ထိုစာကို ဖတ်ရန် တစ်မိနစ်ထက် မပိုသင့်ချေ။ ထိုဇာတ်ညွှန်းကို သတင်းသမားကိုယ်တိုင်ဖတ်ရန်အတွက် ကိုယ်တိုင်ရေးခြင်းဖြစ်သည်။ ထိုအသံကို တိုက်ရိုက် သို့မဟုတ် အသံသွင်းဖတ်ခြင်းဖြစ်နိုင်သည်။ သတင်းသွားရောက်ယူနေရပါက ဖုန်းတွင်းသို့ အသံဖတ်နိုင်သည်။ မည်သည့်နည်းဖြင့်ဖတ်သည် ဖြစ်စေ အသံဖတ်ရာတွင် အစ၊ အလယ်၊ အဆုံးဟူ၍ တည်ဆောက်ပုံရှိသည်။ ဦးဆောင်စာကြောင်းနှင့် ထိမိသည့် နောက်ဆုံးစာကြောင်းတို့ဖြစ်သည်။ တင်ဆက်သူ၏ အဖွင့်မိတ်ဆက်သည် ကြက်တူရွေးစာဖတ်ခြင်းမဟုတ်ပါ။ ဘာကြောင့်လဲနှင့် ဘယ်လိုလဲ မေးခွန်းနှစ်ခုကို ဖြေပေးရသည်။   

ဘယ်အချိန်မှာ အသံဖတ်ရမလဲ။

သင်၏ သတင်းကို အသံဖတ်၍ တင်ဆက်ရန် အကြောင်းရင်း နှစ်ခုရှိသည်။

  • ဖတ်ရန်လိုအပ်ခြင်း။ သင်တွေ့ဆုံမေးမြန်းသူက သူ၏ပြောစကားကို အသံဖမ်းခွင့် မပြုသော််လည်း လိုအပ်သည့် သတင်းအချက်အလက်ကိုပေးသည်။ သို့မဟုတ် အခြား တွေ့ဆုံမေးမြန်းနိုင်သူမရှိသည့်အချိန်။
  • ဖတ်ချင်သည့်အချိန်၊ ရွေးချယ်မှုဖြင့်ဖတ်ခြင်း။ တစ်ခါတစ်ရံ အသံဖတ်လိုက်ခြင်းက ပို၍ အဓိပ္ပါယ်ရှိသည်။ ဥပမာ -သင်သည် ရှုပ်ထွေးသည့်အကြောင်းအရာတစ်ခုကို ခွဲခြမ်းစိတ်ဖြာပေးရမည် သို့မဟုတ် ရှင်းပြပေးရမည်။

မတူညီသည့် အသံဖတ်ခြင်းအမျိုးအစားများ

အသံဖတ်ခြင်း နှစ်မျိုးနှစ်စားရှိသည်။

  • စားပွဲတင် အသံဖတ်ခြင်း။ ဤသည်မှာ သတင်းဖြစ်ရာနေရာမှ မဟုတ်ပဲ ရေးသားထားသည်ကိုဖတ်ဖြင်းဖြစ်သည်။ သတင်းသမားသည် သတင်းခန်းတွင်းတွင်ရှိပြီး မတူညီသည့် သတင်းရင်းမြစ်များမှ သတင်းအချက်အလက်များကို ကိုင်တွယ်အလုပ်လုပ် နေရသည်။ များသောအားဖြင့် သတင်းဝန်ဆောင်မှု၊ သတင်းစာများ၊ နှင့် အမျိုးမျိုးသော စာရွက် စာတမ်းများဖြစ်သည်။ သူသည် သတင်းအချက်အလက်များကို ပိုမိုပြည့်စုံစေရန် အင်တာနက်မှ ရှာဖွေမှုများနှင့် ဖုန်းအသုံးပြုမှုများ လုပ်ရသည်။
  • သတင်းအသံဖတ်ခြင်းသည်သတင်း၏ ထုတ်ကုန်ဖြစ်သည်။ ထိုအရာကိုရေးရန်အတွက် သတင်းထောက်သည် ကွင်းဆင်းသတင်းရယူစုဆောင်းရသည်။ သူရေးသားလိုသည့် သတင်းနှင့်ပတ်သက်၍ လေ့လာရသည်၊ မှတ်သားရသည်၊ သင့်လျော်သည့်မေးခွန်းများ မေးရသည်။

အသံဖတ်ခြင်းအတွက် မရေးသားမီ

  • သင်ပြောလိုသည့်အကြောင်းအရာအတွက် လိုအပ်သည့်အစိတ်အပိုင်းများအားလုံးပါဝင်ပြီး မပြီးစစ်ဆေးပါ။ ထို့နောက် သင်စုဆောင်းထားသည်များကို အစီစဥ်တကျထားပါ။ သင်၏ ရှုထောင့်တွင်အာရုံစိုက်ပြီး ဆက်နွယ်မှုမရှိသည့် အရာများကိုဘေးပို့ပါ။
  • တင်ဆက်သူမှ သင်၏အသံဖတ်ခြင်းကို မိတ်ဆက်ပေးနိုင်သည့်သတင်းအချက်အလက်ကို ဘေးပို့ပြီး တင်ဆက်သူအတွက် အဖွင့်မိတ်ဆက်ရေးပါ။
  • သင်ပေးလိုသည့်သတင်းအချက်အလက်ကို အစီအစဥ်တကျချရေးပါ၊ ထိုအရာသည် နားဆင်သူ နားလည်သဘောပေါက်စေရန်အထောက်အကူပြုပြီး ယုတ္တိကျမှုရှိရမည်။ ဦးဆောင်စာကြောင်းနှင့် နောက်ဆုံးစာကြောင်းကို သေချာစွာရွေးချယ်ပါ။

သင်၏အသံဖတ်မှုကိုရေးသားပါ။

၆ နှင့် ၇ ကို ကြည့်ပါ။ အသံသေချာစွာထွက်နိုင်ရန်အတွက် ရေးနေစဥ် တီးတိုးရွတ်ပါ။

အသံဖတ်ရန်ရေးသားပြီးပါက

အသံဖတ်မှုကို ပုံစံချပါ။ အဖြတ်အတောက်ရှည်များထည့်ပါ။ သင့်အနေဖြင့် ပြောနေစဥ်အတွက် ခဏရပ်ရန် လိုအပ်သည်များကိုမှတ်သားပါ။ အသံဖတ်ရန်အတွက် အကောင်းဆုံးပုံစံချထားခြင်း သည် ထုတ်လွှင့်ရာတွင် ကောင်းမွန်စွာဖတ်နိုင်စေသည်။

အသံဖတ်ခြင်းကို သင့်ပါးစပ်ထဲတွင်ထားရန်မမေ့ပါနှင့်။

ထုတ်လွှင့်ခြင်းမစမီ သို့မဟုတ် အသံမဖမ်းမီ အကြိမ်ပေါင်းများစွာ ထပ်ခါထပ်ခါ ရွတ်ဆိုပါ။ အသံကျယ်ကျယ်အော်၍ ဖတ်ကြည့်ပါ။ သင်၏အသံဖတ်ခြင်းသည် ကွင်းဆင်းသတင်းတင်ဆက်မှု၏ ရလဒ်ဖြစ်ပါကသတင်းခန်းတွင်းမှရေးလျှင်လည်း ပုံစံအတိုင်းပဲ ရေးမည်လားဟုကိုယ့်ကိုကိုယ်မေးပါ။ အကယ်၍ အဖြေက ဟုတ်သည် ဆိုပါက နောက်တစ်ကြိမ်ပြန်ပြင်ရေးပါ။