Menu

03.၃။ ရှုထောင့်ဆိုတာဘာလဲ။

ရေဒီယိုသတင်းဌာနသည် ဖြစ်ပျက်နေသမျှအကြောင်းစုံကို ပြောပြနေရန် မဖြစ်နိုင်ချေ။ သတင်းတိုများကို ထုတ်လွှင့်ရန်အတွက်လည်း အချိန်အကန့်အသတ်ရှိသောကြောင့် ရွေးချယ်ရသည်။ သတင်းကိုတင်ဆက်ရာတွင် ရှုထောင့်သည်လွန်စွာအရေးပါသည်။ သတင်းသမား အနေဖြင့် တူညီသည့်သတင်းတစ်ခုကိုပင် မတူညီသည့် ရှုထောင့်အမြင်များဖြင့် အထူးပြုဖော်ပြ နိုင်သည်။ သတင်းတစ်ခုချင်းစီကို မတူညီသည့် ရှုထောင့်များမှ တင်ဆက်နိုင်သည်၊ စဥ်းစားနိုင်သည် သို့မဟုတ် မြင်နိုင်သည်။             

ရှုထောင့်၊ သတင်းသမား၏ ရွေးချယ်မှု

နေစဥ်နှင့်အမျှ ပြိုင်ဘက်သတင်းဌာနသည် အထူးသတင်းများကိုတင်ဆက်နေသည်။ တူညီသည့်သတင်းကိုပင် ဌာနတိုင်းတင်ဆက်နေသော်လည်း တင်ဆက်ပုံမတူညီကြောင်း လူတိုင်းတွေ့မြင်နိုင်သည်။ ထိုအရာများအားလုံးသည် ထိုသတင်းကိုတင်ဆက်ရန် သတင်းသမား ရွေးချယ်သည့် ရှုထောင့်အပေါ်မူတည်၍ ကွဲပြားသွားခြင်းဖြစ်သည်။ ရှုထောင့်သည် ကောင်းမွန်ပါက လူအများသည်လည်း ထိုသတင်းကို စိတ်ဝင်စားကြလိမ့်မည်။

ရှုထောင့်။ ။ သတင်းသမားအလုပ်၏ လက်တွေ့အကန့်အသတ်များအတွက် အဖြေ။

အသံထုတ်လွှင့်မှုတစ်မိနစ်စာအတွင်းတွင် ရှိသည့်သတင်းအချက်အလက်များအားလုံးကို ပေးရန် မဖြစ်နိုင်ချေ။ ရေဒီယို သတင်းသမားသည် ဤအကန့်အသတ်ကို အကျိုးဖြစ်ထွန်းအောင် ပြုလုပ် နိုင်သည်။ မှန်ကန်သည့်ရှုထောင့်ဖြင့်ရွေးချယ်တင်ဆက်ခြင်းသည် သတင်းအတွက်ပေးထားသော အချိန်တိုအတွင်း ကောင်းစွာတင်ဆက်နိုင်စေသည်။ တူညီသည့်သတင်းအကြောင်းအရာကို မတူညီ သည့်ရှုထောင့် နှစ်ခုဖြင့် မတင်ဆက်ရဟု သင့်ကို မည်သူကမျှတားမြစ်မထားပေ။ ညနေခင်းသတင်းအတွက် ရှုထောင့်တစ်မျိုးဖြင့်တင်ဆက်ပြီး မနက်ခင်းထုတ်လွှင့်မှုအတွက် နောက်တစ်မျိုးဖြင့်တင်ဆက်နိုင်သည်။

ဘယ်အချိန်မှာ ရှုထောင့်ကို ရွေးချယ်ရမလဲ။

သတင်းရှုထောင့်ကိုရွေးချယ်ရန်အတွက် အကောင်းဆုံးအချိန်မှာ မနက်ခင်း အစည်းအဝေးတွင် ဖြစ်သည်။ သတင်းကိုမည်ကဲ့သို့တင်ဆက်မည်နည်း။ သတင်း၏ မည်သည့်အရာက ပရိသတ်၏ စိတ်ဝင်စားမှုကိုရယူနိုင်မည်နည်း။ တွေ့ဆုံမေးမြန်းရန်အတွက် မည်သူကအသင့်လျော်ဆုံးဖြစ် သနည်း။ ထိုမေးခွန်းများကိုဖြေရန်အတွက် အကောင်းဆုံးနည်းလမ်းမှာ မနက်ခင်းအစည်းအဝေး တွင် အားလုံးနှင့်တိုင်ပင်ဆွေးနွေးခြင်းဖြစ်သည်။

ဥပမာ

ပျက်ဆီးဆုံးရှုံးမှုများသော မီးလောင်ကျွမ်းမှုတစ်ခု အနီးအနားတွင်ဖြစ်သည်၊ အိမ်များ စျေးဆိုင်များ မီးထဲပါကုန်သည်။ အောက်ပါသည် ဖြစ်နိုင်ချေရှိသည့် သတင်းရှုထောင့်များဖြစ်သည်။

  • ပထမရှုထောင့်။ သတင်းထောက်ကို ထိုနေရာသို့စေလွှတ်ပါ။ ထုတ်လွှင့်မှုအတွင် ထိုနေရာ၏ အခြေအနေများကို သတင်းထောက်မှ ပြောပြနေမည်။ တင်ဆက်မှုပုံစံတိုက်ရိုက်။
  • ဒုတိယရှုထောင့်။ တိကျသည့်ရေတွက်မှုများကို ပြုလုပ်ပါ။ လူဘယ်နှစ်ဦးသေဆုံးသလဲ။ ဒဏ်ရာရသလဲ။ ကူညီကယ်ဆယ်ရေးတွေဘယ်လို ပြင်ဆင်ထားသလဲ။ မီးလောင်ကျွမ်းမှုက ဘယ်အခြေအနေထိပြန့်နှံ့သွားသလဲ။ တင်ဆက်မှုပုံစံတာဝန်ရှိသူနှင့် တွေ့ဆုံမေးမြန်းမှု
  • တတိယရှုထောင့်။ ဘာဖြစ်တာလဲဆိုတာကို တိတိကျကျပြောပြပါ။ ဘယ်အချိန်မှာ မီးစလောင်သလဲ။ မတော်တဆမီးလား၊ ရှို ့မီးလား။ တင်ဆက်မှုပုံစံ – အသံ

ရှုထောင့်အများအပြားရှိသည့်ထဲမှ ရွေးချယ်တင်ဆက်နိုင်သည်။ ရှုထောင့်မျိုးစုံဖြင့်တင်ဆက် နိုင်သကဲ့သို့ သတင်းတို အများအပြားဖြင့်လည်းတင်ဆက်နိုင်သည်။ အလွန်ကြီးမားသည့်ဖြစ်ရပ် ဖြစ်ပါက ထုတ်လုပ်မှုတစ်ခုတည်းတွင်ပင် ရှုထောင့်မျိုးစုံပါဝင်နိုင်သည်။

နိုင်ငံရေးရာဖြစ်စေ၊ ယဥ်ကျေးမှုရေးရာဖြစ်စေ၊ စီးပွါးရေး သို့မဟုတ် အားကစားရေးရာ ဖြစ်စေ ဖြစ်ရပ်တိုင်းအတွက် စည်းမျဥ်းများရှိသည်။ (ကြိုတင် အသံဖမ်းမှု၊ ကြိုတင်အသံသွင်းမှု၊ သတင်း၊ ခွဲခြမ်းစိတ်ဖြာ လေ့လာချက်၊ အားကစားသမားများနှင့် တွေ့ဆုံမေးမြန်းမှု စသည်ဖြင့်)

မှုခင်းသတင်းများတွင် ဤကဲ့သို့ပင်ဖြစ်သည် တရားရုံးတွင် ခုခံပြောကြားမည့်သူအကြောင်း၊ ရှေ့နေများနှင့် တွေ့ဆုံမေးမြန်းမှု၊ အချက်အလက်အနှစ်ချုပ် စသည်ဖြင့်။