Menu

04.၄။ ‘ဘ’ ၅လုံး

သတင်းစာပညာတွင် ဘ ၅လုံးကို (ဘာလဲ၊ ဘယ်သူလဲ၊ ဘယ်မှာလဲ၊ ဘယ်တုန်းကလဲ၊ ဘယ်ကြောင့်လဲ) ကိုဖြေကြားပေးခြင်းသည် အဓိက စည်းမျဥ်းဖြစ်သည်။ ပထမ ‘ဘ’ လေးလုံးကို မဖြစ်မနေဖြေကြားပေးရမည်။ ကြည့်ရှုသူသည် ဘယ်နေရာတွင်ဖြစ်တာလဲ။ ဘယ်တုန်းကလဲ။ ဘယ်သူတွေပါဝင်သလဲ။ ဘာဖြစ်တာလဲ။ တို့ကို မဖြစ်မနေသိရန်လိုအပ်သည်။

နေ ့စဥ်ဘဝတွင်လည်းထိုကဲ့သို့ပင်ဖြစ်သည်၊ သင်လမ်းတွင်တွေ့ခဲ့သည့် ဖြစ်ရပ်တစ်ခုကို သူငယ်ချင်းများကို ပြောပြရာတွင် ဘယ်မှာလဲ၊ ဘယ်တုန်းကလဲ၊ ဘယ်သူလဲ၊ ဘာဖြစ်တာလဲ တို့ကို ဖြေခြင်းဖြင့်ပြောပြရသည်။

တစ်ခါတစ်ရံ သင်၏ သတင်းတင်ဆက်မှုတွင် ၅ခုမြောက် ‘ဘ’ ဘာကြောင့်လဲ ကို ပြောပြနိုင်ခြင်းမရှိပဲ တင်ဆက်သည် လည်းရှိသည်။ နက်ရှိုင်းသည့် သတင်းတင်ဆက်မှုများသည် ထိုအဖြေကို ဖြေပေးနိုင်သည်။

ရွှေစည်းမျဥ်း

ဘာဖြစ်နေသည်ကို ရှင်းလင်းစွာ ပြောပြပေးရမည်။ “စီမံခန့်ခွဲမှုအဖွဲ့တွင်းတွင် သဘောထားကွဲမှု များရှိနေသည်” ဟုပြောခြင်းသည် အသုံးမဝင်သော သတင်းအချက်အလက်ဖြစ်သည်။ “ပီတာနှင့် ဂျွန်တို့သည် အလွန်အရေးပါသည့် အလုပ်တစ်ခုကြောင့်ရန်ဖြစ်နေကြသည်” ဟုပြောချင်းက ပိုကောင်းသည်။

ဘယ်သူတွေပါဝင်သလဲ ဆိုသည်ကို အမြဲဖော်ထုတ်ပါ။ “ယခုနှစ် ကျောင်းဖွင့်ချိန်သည် နောက်ကျမည်” ဟုပြောခြင်းသည် အသုံးမဝင်သည့် သတင်းအချက်အလက်ဖြစ်သည်။ “ပညာရေး ဝန်ကြီးဌာနက ယခုနှစ်ကျောင်းဖွင့်ချိန်များနောက်ကျမည်ဟု ကြေငြာထားသည်” ဟုပြောခြင်းသည် ပိုတိကျသည်။

မည်သည့်နေရာတွင် ဖြစ်ပွါးသည်ကိုလည်း အမြဲဖော်ပြပါ။ ။ ရန်ကုန်၊ မန္တလေး၊နေပြည်တော်၊ မော်လမြိုင်၊ မိတ္ထီလာ စသည့်နေရာများ၊ ဤအနီးပတ်ဝန်းကျင်တွင်လား သို့မဟုတ် ဤ လမ်းထဲတွင်လား။

ဖြစ်ရပ်ဖြစ်ပွါးသည့်အချိန်ကို အမြဲတိကျစွာဆိုပါ။ ။ ယနေ့မနက်၊ ယနေ့၊ ယမန်နေ့၊ လွန်ခဲ့သည့် ၂ရက်၊ ဇန်နဝါရီလ ၁၀ရက် နေ့ စသည်ဖြင့်။

အဖြေရှာမတွေ့မချင်း ရှာဖွေမှုကို မရပ်ပါနှင့်။

အကယ်၍သင်သည် ထိုမေးခွန်းများ၏ အဖြေကိုမသိပါက ရှာဖွေရမည်။ သတင်းသည် ထိုမေးခွန်း လေးခုကိုဖြေကြားနိုင်မှ တန်ဖိုးရှိသည်။ အယ်ဒီတာချုပ်ကောင်းတစ်ယောက်သည် ထိုဖြေခွန်းများကို ဖြေဆိုခြင်းမရှိသည့် သတင်းများကို ပယ်ထုတ်နိုင်ရမည်ဖြစ်ပြီး သတင်းထောက်သည်လည်း ထိုမေးခွန်းများဖြေရန် မမေ့သင့်ချေ။

ဤစည်းမျဥ်းသည် အခြေအနေတိုင်းအတွက် ကိုက်ညီမှုရှိသည်၊ ရေဒီယို သတင်း၏ အဖွင့်တွင် ဘာလဲ၊ ဘယ်မှာလဲ၊ ဘယ်သူလဲ၊ ဘယ်တုန်းကလဲ တို့ကိုဖြေရမည်။ ဘာကြောင့်/ဘယ်လို ကို သတင်း၏ရှုထောင့်ထဲတွင် ဖြေဆိုရမည်။ ထိုအရာသည် တွေ့ဆုံမေးမြန်းမှု၊ နောက်ခံစကားပြော၊ ထုတ်လုပ်မှု စသည်တို့ကို စနစ်ကျစေသည်။

ပြင်သစ်ဘာသာတွင် ထိုအရာကို မှတ်ရန်အတွက် ရယ်စရာကောင်းသည့် နည်းလမ်းရှိသည်။

CQQCOQP

Combien Qui Quoi Comment Où Quand Pourquoi.

သင်မြင်သည့်အတိုင်း ထိုမေးခွန်းများသည် နေ့စဥ်ဘဝမှ မေးခွန်းများဖြစ်သည်။ ထိုမေးခွန်းများကို အလိုအလျောက်မေးခွန်းထုတ်ရန်အတွက်သုံးသည်။ သတင်းစာပညာတွင် ထိုမေးခွန်းများကို မေးရန်သင့်ထံတွင် အလိုအလျောက် ဖြစ်ပေါ်လာရမည်။