Menu

05.၅။ သတင်းရင်းမြစ်နှင့် အချက်အလက် စစ်ဆေးခြင်း။

သတင်းရင်းမြစ်အမျိုးအစားများစွာရှိသည်။ သတင်းဝန်ဆောင်မှုလုပ်ငန်းများ၊ သတင်းစာများ၊ သတင်းထုတ်ပြန်ချက်များ၊ အခြားသတင်းဌာနများနှင့် အင်တာနက်ပေါ်တွင်ရှိသော ဘလော့များ၊ လူမှုကွန်ယက်များ၊ လူစိတ်ဝင်စားမှုခံရသူများ စသည်တို့ဖြစ်သည်။ ထိုစာရင်းတွင်းသို့ သတင်းသမား၏ ကိုယ်ပိုင် အရင်းမြစ်များ၊ ဖုန်းခေါ်ဆိုမေးမြန်းနိုင်သည့်သူများ၊ မျက်မြင်များ၊ အခြားသတင်းသမားများ၊ သတင်းခန်းတွင်း အချက်အလက်များသိမ်းဆည်းထားမှု စသည်တို့ကို ပေါင်းထည့်နိုင်သည်။ သင်၏သတင်းရင်းမြစ်ကို ဥာဏ်ရှိစွာရွေးချယ်ရမည်ဖြစ်ပြီး အချက်အလက်များကိုလည်း စစ်ဆေးရမည်။                        

နှစ်ခါပြန်စစ်ဆေးခြင်းသည် BBC သတင်းဌာန၏ အခြေခံစည်းမျဥ်းဖြစ်သည်။ မည်သည့် ပါဝါရှိသူများ သတင်းတွင်ပါဝင်သည်ဖြစ်စေ သတင်းသမားသည် လှည့်စားခံရနိုင်သည် သို့မဟုတ် ဝါဒဖြန့်မှု အတွက် အသုံးချခံရနိုင်သည်။ သတင်းစာတွင်ပါဝင်သည့် သတင်းကို အသုံးပြုမည် ဆိုပါက ထိုသတင်းသည် လုံးဝမှန်ကန်မှုရှိရမည်။ ထုတ်လွှင့်ပြီးမှ ပြန်လည်ပြင်ဆင်ရန် မဖြစ်နိုင်ချေ။ သင်ကိုးကားသည့် သတင်းစာ၏ အမည်ကိုလည်းတင်ဆက်မှုတွင် အမြဲတမ်း ထည့်သွင်း ပြောပြရမည်။

ရာနှုန်းပြည့် ကိုက်ညီမှုရှိသည့် သတင်းအချက်အလက်ကို မည်သို့ရှာမည်နည်း။

Hard news

ဤသည်မှာလက်ရှိဖြစ်ပွါးနေသောအကြောင်းအရာ၊ မကြာသေးမီကဖြစ်ပွါးသွားသည့်အရာ သို့မဟုတ် ဖြစ်လာမည့်အရာ ဖြစ်သည်။ ထိုအရာသည် မကြာသေးမီကဖြစ်သွားပြီး မကြားဖူးသေး သည့်အရာဖြစ်သည်။ နားဆင်သည့်ပရိသတ်နေရာမှဝင်၍ သတင်းတိုင်းကို ပြန်လည်သုံးသပ် သင့်သည်၊ ထိုဖြစ်ရပ် သို့မဟုတ် ကြေငြာချက်သည် မည်မျှသက်ရောက်မှုရှိသနည်း။

မဂ္ဂဇင်းသတင်း

ထိုသတင်းမျိုးသည် တိကျသည့်ဖြစ်စဥ်တစ်ခုအပေါ်တွင် ဦးတည်ခြင်းမဟုတ်ပဲ အကြောင်းအရာနှင့် အခြေအနေကို ရှင်းပြခြင်းဖြစ်သည်။ ထိုသတင်းကို မည်သည့်အချိန်တွင်မဆို တင်ဆက်နိုင် သော်လည်း ပရိသတ်များသည် ထုိအကြောင်းအရာ၏ သက်ရောက်မှုကို မသိသေးသည့်အတွက် သို့မဟုတ် သတိမပြုမိသေးသည့်အတွက် စိတ်ဝင်စားသည်။ ဥပမာအားဖြင်း သင်သည် တောထဲတွင် နေထိုင်နေရသည့် ဒုက္ခသည်များအကြောင်း၊ ကမ်းရိုးတမ်းဒေသများအကြောင်း၊ တက္ကသိုလ်တစ်ခု၏ အကျင့်ပျက်ခြစားမှုအကြောင်း စသည်တို့ကို စုံစမ်းသတင်းဖော်ထုတ်ရေးသား ခြင်းဖြစ်သည်။ စုံစမ်းဖော်ထုတ်သတင်းရေးသားရန် လိုအပ်နေသည့် အကြောင်းအရာများစွာ ရှိသည်။

သတင်းအချက်အလက်အမြောက်အများရရှိထားသော အကြောင်းအရာများကို မည်ကဲ့သို့ ရွေးချယ်တင်ဆက်မလဲ။

အောက်ပါတို့သည် ရွေးချယ်ရန်အတွက်စံနှုန်းများဖြစ်သည်

လတ်တလောဖြစ်ပျက်သည့်သတင်း။ သတင်းသည် လတ်ဆတ်ရမည်။ ပရိသတ်ကြားဖူးပြီးသား သတင်းဖြစ်ပါက စိတ်ဝင်စားမှုသည် အနည်းငယ်မှ လုံးဝမရှိတော့သည်အထိ လျော့ကျသွား နိုင်သည်။

ပထဝီအနေအထားအရ နီးကပ်မှု။ လူအများသည် သူတို့၏ မြို့ရွာ၊ နုိင်ငံမှ သတင်းကို အလွန်ကွာဝေးသည့် အခြားနေရာများမှ သတင်းထက်ပို စိတ်ဝင်စားမှုရှိသည်။

ဆက်နွှယ်မှုရှိ၍ စိတ်ဝင်စားမှု။ လူအများသည် သူတို့အပေါ်တွင် သက်ရောက်မှုရှိသောသတင်းကို စိတ်အားထက်သန်စွာနားထောင်ကြသည်။ နေထိုင်ရေးအတွက် ကုန်ကျစရတ်၊ အစားအသောက်စျေးနှုန်းများ၊ ပညာသင်ကြားစရိတ် စသည်ဖြင့် နှင့် လူများစိတ်ဝင်စားလေ့ရှိသည့် အကြောင်းများ ရယ်စရာ အချက်အလက်များ၊ ဟာသ၊ စိတ်လှုပ်ရှားဖွယ်ရာများ၊ ဝမ်းနည်းကြေကွဲဖွယ်ရာများ၊ အောင်မြင်မှုများ၊ ကလေးပုံပြင်များ၊ အမှတ်ရစရာများ၊ ရှေ့တွင်ကြုံ ရမည့်အတားအဆီးများ စသည်တို့ဖြစ်သည်။

ဖြစ်ရပ်တစ်ခု၏ အဆုံးသတ်အထိ သတင်းရယူခြင်း။ ဤသည်မှာ သတင်းခန်းအတွက် မဖြစ်မနေလုပ်ဆောင်ရမည့်အရာဖြစ်သည်။ ဖြစ်ရပ်တစ်ခုကို အဆုံးတိုင် လိုက်ခြင်းဖြစ်သည်။ ဥပမာ။ ။ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု သင်သည် ထိုပြတ်တောက်မှုပြင်ဆင်ပြီးခြင်းနှင့် မည်ကဲ့သို ့ပြင်ဆင်လိုက်သည်ကို ပြောပြရမည်။ ဖြစ်နိုင်ချေရှိသည့်အခြေအနေ။ ။ သင်သည် အဆုံးသတ်သည်အတည်ပြုပြီးပြီ သို့မဟုတ် ရှောင်ကျဥ်လိုက်ကြောင်း ပြောပြရန်လိုသည်။

သတင်းအချက်အလက်သည် မည်မျှအရေးပါသနည်း။ အထူးသတင်းအချက်အလက်တစ်ခုသည် လူအများပေါ်တွင် သက်ရောက်မှုရှိသည်။ ထိုအရာသည် သူတို့၏ နေ့စဥ်ဘဝကို ပြောင်းလဲ လွှမ်းမိုး ထားနိုင်သည်။ ဥပမာ – ငလျင်ဘေး၊ ပဋိပက္ခ၊ ရွေးကောက်ပွဲ စသည်ဖြင့်။