Menu

07.၇။ သင်၏ အရေးအသားကို မှန်ကန်အောင်ပြုလုပ်ပါ။

ဤသည်မှာ ရေဒီယိုအတွက် ရေးသားမှုကို ပြန်လည်သုံးသပ်ပြီး အဆုံးတွင် မှန်ကန်လာစေရန် အတွက် လျင်မြန်ပြီးရိုးရှင်းသော လေ့ကျင့်ခန်းဖြစ်သည်။       

ဇာတ်ညွှန်းတစ်ခုချင်းစီအတွင် အောက်ပါအရာများကို ပြုလုပ်ပါ။

  • ပထမစာကြောင်းကို စက်ဝိုင်းဝိုင်းပါ။
  • တြိယာများကိုမျဥ်းကြောင်းတားပါ။
  • အစက်များကို ဖြတ်ထုတ်ပစ်ပါ။

သင်၏ဇာတ်ညွှန်းကို လိုအပ်သလိုရှင်းလင်းပြီးပါက

  • ပထမစာကြောင်း

ပထမစာကြောင်းမှလွဲ၍ ဇာတ်ညွှန်း၏ အခြားအပိုင်းများကို ကွယ်ထားပြီး ဂရုတစိုက်ဖတ်ကြည့်ပါ။ ဤစာကြောင်းတွင် သတင်းပါရမည်။ ထိုအချက်ပါမပါကို သိရန်အတွက် အောက်ပါမေးခွန်းများကို ဖြေပါ။ ဒီမှာသတင်းအချက်အလက်အသစ်က ဘာလဲ။ သင်၏စာကြောင်းသည် ထိုအချက်ကို မဖြေနိုင်ပါက သင်၏အရေးအသားသည် ဆိုးဝါးနေသေးသည်။

  • တြိယာများ

တစ်ကြိမ်တစ်ခါသာ ပြုလုပ်နိုင်သည်ကို သတိထားရမည်။ တြိယာများသည် ပစ္စုတ်ပန်ကာလကို ပြရမည်။ ထိုသို့ဖြစ်ရန်သေချာစစ်ဆေးပါ။ တြိယာအသုံးအနှုန်းကြွယ်ဝရမည်။ ပြောလိုသည်ကို ရှင်းလင်းစွာ ထုတ်ေဖာ်ပေးနိုင်ရမည်။ ရှင်းလင်းမှုမရှိသည့် ဖြစ်ရမည်၊ ဖြစ်မည် ကဲ့သို့သော အသုံးနှုန်းမျိုးရှောင်ရမည်။ သင့်လျော်သည့် တြိယာကို ရှာဖွေပါ။

  • အစက်များ

သင်၏စာကြောင်းများ သိပ်ရှည်နေပါသလား။ ဤအခြေအနေတွင် စာတစ်ကြောင်းလျှင် သတင်းအချက်အလက် တစ်ခုချင်းစီသာပေးပါ။ စာတစ်ကြောင်းလျှင်စိတ်ကူး တစ်ခုစီသာ ထည့်ပါ။ သင်၏ ဇာတ်ညွှန်းသည် ချက်ချင်းဆိုသလိုရှင်းလင်းတိကျလာပေမည်။ သင်၏ စာကြောင်းတည်ဆောက်မှုပုံစံသည် အလွန်ရှုပ်ထွေးနေသည့် ပုံစံဖြစ်နိုင်သည်။ အောက်ပါ စာကြောင်းတည်ဆောက်ပုံကို အသုံးပြုပါ။ ပြုလုပ်သူ/တြိယာ/ပြုခံရသူ။

ဤနည်းဖြင့်သင်၏ ဇာတ်ညွှန်းကို ပြင်ဆင်ရေးသားပါ၊ ထို့နောက် နားဆင်သူအတွက် ပိုမို နားလည်လွယ်လာကြောင်းနှင့် ရှင်းလင်းလာကြောင်းတွေ့ရပြီး သင့်အနေဖြင့်လည်း ဖတ်ရသည်မှာ ပို၍အဆင်ပြေချောမွေ့လာမည်။

အကြံပေးချက်

သင်၏သတင်းခန်းတွင်းတွင် သင်၏ဇာတ်ညွှန်းကို အမှန်တကယ်မပြောမီ အသံထွက်၍ ဖတ်သည့်အလေ့အကျင့်ကို ပြုလုပ်ပါ။ ဤနည်းက သင်၏ဇာတ်ညွှန်းကောင်းမွန်မှုရှိမရှိနှင့် ပြင်ဆင်ရန်လိုအပ်ခြင်းရှိမရှိ သိရှိစေနိုင်သည်။ မသေချာပါက သတင်းအတွက်လည်း ဤသို့ပင် ပြုလုပ်နိုင်သည်။ အခြားသူများကို ကျေးဇူးတင်စွာဖြင့် ကိုယ့်ကိုယ်တိုးတက်အောင် ပြုလုပ်ရမည်။