Menu

03.၃။ သတင်းထုတ်လုပ်ခြင်း

သတင်းသမားသည် စိတ်ဝင်စားစရာသတင်းနှင့် မည်သို့တင်ဆက်မည်ကို အမြဲရှာဖွေေနသည်။ သတင်းခန်းမှ တင်ဆက်လိုသည့်သတင်း သို့မဟုတ် ရိုက်ကူးတင်ဆက်လိုသည့် ဖြစ်ရပ်ကိုဆုံးဖြတ်ပြီးပါက ကြည့်ရှုသူများစိတ်ထဲတွင် စွဲထင်ကျန်ရစ်နေစေရန်အတွက် သတင်းသမားသည် ရှုထောင့်ကို ရွေးချယ်ရသည်၊ သတင်းအချက်အလက်များကို ရှာဖွေစစ်ဆေးရသည်။ အမြဲနိုးကြားနေရပြီး သတင်းသမားတစ်ယောက်သည် သတင်းလိုင်းပေါင်းများစွာနှင့် အဆက်မပြတ်အောင်နေရသည်။ သူသည် အမြဲတစေ သိလိုစိတ်ပြင်းပြပြီး စိတ်ဝင်စားစရာသတင်းဖြစ်အောင်နှင့် မည်သည့်အကြောင်းအရာက တင်ဆက်ရန်လိုအပ်နေသည်ကို ရှာဖွေနေရမည်။ ဇွဲလုံ့လရှိပြီး မည်သည့်အကြောင်းအရာက အချိန်ကြာ မျက်ခြေမပျက်စောင့်ကြည့်နေရမည်ကိုလည်း သိရမည်။  

သတင်းသမားများအတွက် သတင်းထုတ်လုပ်တင်ဆက်ခြင်းသည် သတင်းတစ်ခုအတွက် ပထမနှင့် ရှေ့အကျဆုံးအရာဖြစ်သည်။

 သတင်းသမားတစ်ယောက်သည် အကြောင်းအရာတစ်ခုကို မည်ကဲ့သို့တင်ဆက်မည်ဟူသည့် အကြံပြုချက်များဖြင့် သတင်းခန်းအစည်းအဝေးများတွင်းသို့ဝင်လေ့ရှိသည်။ ထိုအကြောင်းအရာကို သတင်းခန်းတွင်းရှိသူများနှင့် ဆွေးနွေးခြင်းဖြင့် သတင်းတင်ဆက်မှုအတွက် အသင့်လျော်ဆုံး ရှုထောင့်ကို ဆုံးဖြတ်နိုင်ရန် အထောက်အကူပြုသည်။

ထူးခြားကောင်းမွန်သည့်သတင်းများ (အခြားသတင်းဌာနများ၏ တင်ဆက်မှုများ၊ လွန်ခဲ့သည့်နှစ်များမှ တင်ဆက်မှုများ နှင့်မတူသောသတင်း..) ကိုတင်ဆက်ရန်နှင့် စိတ်ကူးစိတ်သန်းကောင်းများနှင့်တင်ဆက်ရန် အတွက် သတင်းသမား၏ တန်ဖိုးပေါင်းထည့်မှုနှင့် တက်ဆက်မှုဖြစ်စဥ်တစ်ေလျှာက် စည်းလုံးမှုတို့က အခရာကျသည်။

သတင်းခန်းအစည်းအဝေးသည် ရွေးချယ်မှုများပြုလုပ်ရန်အချိန်ဖြစ်သည်။ သတင်းထုတ်လုပ်တင်ဆက်မှု အတွက်ရွေးချယ်ထားသော သတင်းများနှင့်ပတ်သက်၍ တာဝန်ခံအယ်ဒီတာမှ သတင်းထောက်ကို

  • သတင်းဖြစ်ပွါးသည့်နေရာသို့ အသင်းတစ်ခုအနေဖြင့် စေလွှတ်နိုင်သည်။
  • ထုတ်လုပ်ရန်အတွက် wire ပုံများ၊ သိမ်းဆည်းထားသော ရုပ်သံများ သို့မဟုတ် ကွန်ပြူတာနှင့် ဖန်တီးထားသော ရုပ်ပုံများကို အသုံးပြုနိုင်သည်။

တာဝန်ခံ အယ်ဒီတာအနေဖြင့် သတင်းတင်ဆက်သူကို မည်ကဲ့သို့ တင်ဆက်စေမည်(ရုပ်ပုံများ၊ ဧည့်စကားပြောသူ သို့မဟုတ် ကောလံရေးသားသူပါဝင်မည်၊ မပါဝင်မည်) ကို ဆုံးဖြတ်နိုင်သည်။ ထိုကဲ့သို့ ဆုံးဖြတ်ချက်များချပြီးပါက သတင်းခန်းတွင်းရှိ သတင်းထောက်များသည် တင်ဆက်မှု၊ အချိန်နှင့် ပြင်ဆင်မှုအနေအထားစသည့် အရည်အသွေးကောင်းမွန်သော သတင်းထုတ်လုပ်မှု ရရှိစေရန်အတွက် လေးစားမှုထားရမည်။

တင်ဆက်ရန်အတွက် သတင်းလိုက်လံရယူမှု = ခေါင်းစဥ် + သတင်းဖြစ်သည့်အကြောင်းအရာ

၉/၁၁ သည် ဖြစ်ရပ်တစ်ခုဖြစ်သည်။ ထိုဖြစ်ရပ်၏ ၁၀ နှစ်မြောက်နှစ်ပတ်လည်အကြောင်းကို သတင်းတင်ဆက်မှုပြုရန်အတွက် သတင်းသမားအနေဖြင့် တိကျသေချာသော ခေါင်းစဥ်ရှိထားသည်။ (ထိုခေါင်းစဥ်သည် သတင်းထုတ်လုပ်မှုတစ်ခုလုံးကို ဆက်လက်ခေါ်ဆောင်သွားမည့်အရာဖြစ်သည်) အောက်ပါခေါင်းစဥ်များကို ရှုထောင့်အမျိုးမျိုးဖြင့် တင်ဆက်နိုင်သည်။ (ဇာတ်လမ်းအကြောင်းအရာ = မသိသေးသည့်အရာ၊ သတင်း၊ တန်ဖိုးပေါင်းထည့်မှု)

  • ၉/၁၁ ၏ တိကျသေချာသော အချိန်မျဥ်း
  • ၉/၁၁ ဖြစ်ပွါးမှုအပြီး ရှင်သန်ကျန်ရစ်သူများ၏ ပြန်ေပြာပြချက်များ
  • ၉/၁၁ တွင်ကယ်ဆယ်ရေးလုပ်နေခဲ့သော မီးသတ်သမား၏ အကြောင်း “နေ့တာရှည်”

သတင်းသမားအနေဖြင့် အလုံးစုံပြောပြနေရန် မလိုအပ်ပါ၊ ရှုထောင်တစ်မျိုးကပင်လုံလောက်ချေပြီ။ ရုပ်သံသတင်းတင်ဆက်မှုတစ်ခုသည် သတင်းအချက်အလက်များကို အသံနှင့် ရုပ်ပုံများအနေဖြင့် ညီမျှစွာ ခွဲဝေချထားပြီးတင်ဆက်မှသာ အောင်မြင်နိုင်သည်။ သို့ရန်အတွက် ကင်မရာသမား၊ သတင်းထောက်နှင့် ရုပ်သံတည်းဖြတ်သူများအကြား ပူးပေါင်းဆောင်ရွက်မှုသည် သတင်းခန်းတွင်းရှိ အခြားသူများထက် သာလွန်ကောင်းမွန်နေရန်လိုအပ်သည်။

အကယ်၍ တင်ဆက်မှုသည် ကြည့်ရှုသူ၏ အာရုံစိုက်မှုကို ရယူနိုင်ပြီး သတင်းထုတ်လုပ်မှုတွင် လိုအပ်သည့် သတင်းအချက်အလက်အသစ်များရယူနေနိုင်ပါက သတင်းထုတ်လုပ်မှုကို  ကြည့်ရှုသူစိတ်ဝင်စားလာပြီး ထုတ်လုပ်မှုတစ်ခုလုံးကို ကြည့်ရှုသူလည်းတိုးလာမည်။