Menu

05.၅။ အချိန်နှင့် အပြင်အဆင် အကန့်အသတ်များကို လေးစားမှုရှိခြင်း။

တူညီသည့် အကြောင်းအရာကိုပင် ရှိနေသည့်အခြေအနေများ သို့မဟုတ် မတူညီသည့်အပြင်အဆင်များဖြင့် တင်ဆက်နိုင်သည်။ အကြောင်းအရာတိုင်းကို သတင်းအချက်အလက်အများဆုံးပေးနိုင်ခြင်းနှင့် ထုတ်လွှင့်မှုတစ်ခုလုံးတွင် သင့်လျော်သော အစိတ်အပိုင်းမှ ပါဝင်နိုင်ခြင်းဟူသည့် အချက်များဖြင့်ချိန်ထိုးကာ ပြင်ဆင်ရမည်။  

ထုတ်လွှင့်မှုတစ်ခုလုံး၏ ပုံစံများနှင့် ထုတ်လွှင့်မှုတစ်ခုချင်းစီ၏ ကြာချိန်

  • နောက်ခံစကားပြောများ (“off”)

တင်ဆက်သူမှ on-set အနေအထားဖြင့် အစီအစဥ်အတိုင်းမှတ်ချက်များပြုလုပ်ခြင်းသည် ၁၅ စက္ကန့်မှ စက္ကန့် ၃၀ အထိ။ တည်းဖြတ်ရာတွင် သင့်အနေဖြင့်

၁။ မှတ်ချက်များကို အင်အားကောင်းသောပုံများနှင့် တွဲစပ်ရန်။

၂။ အဖွင့်အတွက် ပိုမို အားစိုက်ထုတ်ပါ (ရုပ်ပုံများ နှင့် မှတ်ချက်များသည် ရုပ်များမတိုင်မီ ၁၀ စက္ကန့်မှ ၁၅ စက္ကန့်လာလေ့ရှိသည်)

၃။ တင်ဆက်သူမှ ေပြာပြမှတ်ချက်ပေးခြင်းကို အထောက်အပံ့ပြုရန်အတွက် အဆုံးသတ်များကို အနည်းငယ်ပိုမိုကြာရှည်ရန်တည်းဖြတ်ပါ။

  • တွေ့ဆုံမေးမြန်းမှု

တွေ့ဆုံမေးမြန်းမှုမှရရှိသော သတင်းအချက်အလက်များကို စာသားများအနေဖြင့်လည်းကောင်း ဆက်ဆိုင်သောရုပ်ပုံများအဖြစ်လည်းကောင်း ရှင်းပြရန်မလိုအပ်ချေ။ တင်ဆက်သူ၏ နိဒါန်းသည် ရည်ရွယ်ချက် (ထူးခြားကောင်းမွန်မှု၊ ရှားပါးမှု၊ ထိခိုက်ခံစားနိုင်မှု၊ ကိုယ်တိုင်ကြုံတွေ့ခံစားရမှု) သို့မဟုတ် တွေ့ဆုံမေးမြန်းမှုမှ မည်ကဲ့သို့ရှင်းလင်းနိုင်မည်နှင့် မည်သည့်အခြေအနေက တွေ့ဆုံမေးမြန်းရန်အတွက် ဖြစ်စေသည်ကို ေပြာထားရမည်။

  • ကွင်းဆင်းသတင်းတင်ဆက်မှုများ

သတင်းဖြစ်ပွါးသည့်နေရာမှ တင်ဆက်မှု၏ ရုပ်ပုံများ၊ ရုပ်သံများသည် အမှန်တကယ်အခြေအနေကို ထင်ဟပ်ေပြာပြနိုင်သည်။ စိတ်ဝင်စားဖွယ် အသေးစိတ်ဖော်ပြချက်များသည် ကြည့်ရှုသူကို ဆက်လက်ကြည့်ရှုစေရန်အတွက် ဆွဲဆောင်ထားပြီး အရည်အသွေးကောင်းမွန်ရန်အတွက်လည်း နေရာရှိပေသည်။

  • ဘောင်ခတ်ထားသော စာသားများ

သတင်းအကြောင်းအရာသည် ဒြပ်မဲ့ပုံသဏ္ဌန်အနေဖြင့်တည်ရှိနေပါက ယုံကြည်မှုကို ေဖာ်ထုတ်ပြသရန် မဖြစ်နိုင်သောကြောင့် သတင်းစကားပေးနိုင်သည့် ရုပ်ပုံများ၊ သိမ်းဆည်းထားသော ရုပ်သံများ သို့မဟုတ် ဂရပ်များကို အသုံးပြုနိုင်သည်။

  • အထူးသတင်းဆောင်းပါး

အထူးသတင်းဆောင်းပါးတစ်ခုသည် တူညီသည့် သတင်းအကြောင်းအရာကိုပင် ရှုထောင့်အမျိုးမျိုး၊ တင်ဆက်မှုအမျိုးမျိုးဖြင့်ရေးသားခြင်းဖြစ်သည်။ သတင်းထုတ်လွှင့်မှုတစ်ခုတည်းပင်လျှင် ဆောင်းပါးတစ်ခုသည် ၄ မိနစ် ကြာနိုင်သည်။ အထူးထုတ်လုပ်တင်ဆက်မှုများတွင်မူ ၁၃ မိနစ်မှ ၅၆ မိနစ် အကြားထိရှိနိုင်သည်။

သတင်းထုတ်လွှင့်မှုတစ်ခုကို ပုံဖော်နိုင်သည့် အဓိက အကြောင်းအရာများ

  • တရားမျှတမှု၊ သတင်းအကြောင်းများ၊ ပညာရေး
  • နုိင်ငံရေး၊ နိုင်ငံတကာ
  • ဒေသခံတို့၏ ဘဝ၊ လူမှုဝန်းကျင်၊ စီးပွါးရေး
  • သိပ္ပံ၊ ကျန်းမာရေး၊ ဆေးပညာ၊ သတင်းမီဒီယာ၊ ယဥ်ကျေးမှု
  • အားကစား၊ သဘာဝပတ်ဝန်းကျင်

ပေးထားသည့်ခေါင်းစဥ်အတွက် သင့်လျော်သည့် ခေါင်းစဥ်ကိုရွေးချယ်ရန်အရေးကြီးသည်။ ဥပမာ ဘက်ထရီသည် “သတင်းအကြောင်းအရာများ” သို့မဟုတ် “လူမှုအသိုင်းအဝိုင်း” နှင့်ဆက်ဆိုင်သည်။ ထိုကဲ့သို့ရွေးချယ်မှုသည် သတင်းခန်း၏ သတင်းဆိုင်ရာစည်းမျဥ်းကို အထူးပြုဖေါ်ပြနေခြင်းဖြစ်သည်။