Menu

07.၇။ တွေ့ဆုံမေးမြန်းမည့်သူကို ရွေးချယ်ခြင်း။

ဖြစ်ရပ်ကိုစုံစမ်းနေစဥ်အတွင်း သို့မဟုတ် သတင်းတင်ဆက်မှုကိုပြင်ဆင်နေစဥ်အတွင်း တွေ့ဆုံမေးမြန်းမှုတွင် ဖြေဆိုပေးသူသည် သတင်းအချက်အလက်အမြောက်အများကို ပြောပြပေးနိုင်သည်။ အချို့စကားများသည် အသုံးမတည့်သည်များ သို့မဟုတ် လူတိုင်းသိပြီးသားအကြောင်းအရာများ သို့မဟုတ် မျှော်လင့်ပြီးသားအဖြေများဖြစ်သည်။ အခြားအရာများကိုသင်၏ ဖြည့်စွက်ဖြေကြားမှုတွင်အသုံးပြုနိုင်သည်။ သင့်အနေဖြင့် တိကျသောအချိန်နှင့် တည်နေရာအသေးစိတ်ကို ဖြေကြားပေးနိုင်သူ နှစ်ယောက်မှ သုံးယောက်ထိ တွေ့ဆုံမေးမြန်းသင့်သည်။ ဤထုတ်နှုတ်ချက်များသည် တင်ဆက်မှုတစ်ခုလုံး၏အစိတ် အပိုင်းများဖြစ်လာသည်။

ဖြေကြားပေးမည့်သူများ၏ ကိုယ်ရေးအကျဥ်းကို ရွေးချယ်ခြင်းသည် သတင်းအချက်အလက်ပေးနိုင်သော တွေ့ဆုံမေးမြန်းမှုကိုဖြစ်စေသည်။

  • ပါဝင်ခဲ့ရသူ ။ပါဝင်သူ သို့မဟုတ် ထိခိုက်ခံစားရသူ

ဖြစ်ရပ်၏ အသည်းနှလုံးဖြစ်သည်၊ ထိုသူသည် သူဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံများကိုပြောပြသည်။ ထိုအရာမှာ ပထမဆုံးပြောပြလိုသည့် သတင်းအချက်အလက်ဖြစ်သည်၊ စကားပြေပုံစံဖြင့် ဖြစ်ပွါးခဲ့သည့် ပုံစံအသေးစိတ်ကို အစီအစဥ်အတိုင်းပြောပြသည်။ သတင်းသမား ထိုအကြောင်းကို ပြန်ပြောပြသည့် အချိန်တွင်လည်း အနှစ်ချုပ်ပြောပြသင့်သည်။ တွေ့ဆုံမေးမြန်းမှုကို အသက်ဝင်လာစေရန်အတွက် တွေ့ကြုံခဲ့ရသည့် အကြောင်းကို ပြန်ေပြာပြပေးမည့်သူကို မေးမြန်းမည့် နေရာကိုစဥ်းစားပါ။ (ဖြစ်ရပ်ဖြစ်ပွါးသည့်နေရာတွင်မေးမြန်းပါ၊ ရုပ်ပုံ သို့မဟုတ် ရုပ်သံကို ဖြစ်စဥ်နှင့်အနီးစပ်ဆုံးပြသပါ)

  • မျက်မြင်သက်သေတွေ့မြင်ခဲ့သူ သို့မဟုတ် ကြားခဲ့သူ

ထိုသူသည် သူ၏ အမြင်ကိုပြောပြပေးနိုင်သည်။ သူသည်တိုက်ရိုက်ပါဝင်သူမဟုတ်ပါ။ ထိုသူ၏ ထင်မြင်ချက်ကိုမမေးပါနှင့်။ သတင်းသမားအနေဖြင့် အမှန်တကယ်ဖြစ်ပွါးခဲ့သည်ကို သိရှိနိုင်ရန်အတွက် ကိုယ်တိုင်တွေ့ကြုံခံစားခဲ့ရသူ အများအပြားကို မေးမြန်းသင့်သည်။ သူ၏ အခန်းကဏ္ဌမှာ မျက်မြင်ကြုံတွေ့ခဲ့ရသူများ၏ ထင်မြင်ယူဆချက်များကို ထုတ်ဖော်ပေးနိုင်ရန်ဖြစ်ပြီး ဖြစ်ရပ်ကို ပြောပြတင်ဆက်နေသော်လည်း ဖြစ်ရပ်မှ မိမိကိုယ်ကိုယ် ခွဲခြားထားရန်လိုအပ်သည်။

  • ကျွမ်းကျင်သူသိရှိနားလည်သူ

သူသည် ဓမ္မဓိဌ့ါန်ကျသော လေ့လာသုံးသပ်ချက်ကို ပြောပြသည်။ သူသည်  ခွဲခြမ်းစိတ်ဖြာမှု သို့မဟုတ် ထင်မြင်ယူဆမှုတစ်ခုကို သူ၏ အတွေ့အကြုံ ဗဟုသုတနှင့် ဖြစ်ရပ်အပေါ်နားလည်သဘောပေါက်ထားမှုကို အခြေခံ၍ ထုတ်ပေးနိုင်သည်။ သူ၏ ခံစားချက် သို့မဟုတ် ခန့်မှန်းချက်များ မမေးသင့်ချေ။ သတင်းသမားသည် ထုတ်လုပ်တင်ဆက်မှုတစ်ခုလုံး၏ အကန့်အသတ်များဖြစ်သည့် အချိန်အကန့်အသတ်နှင့် ပညာရှင်မဟုတ်သည့် သူများလည်းကြည့်ရှုနေနိုင်မှုတို့ကို ပညာရှင်အား ရှင်းပြပြီး သူ၏ရှင်းလင်းပြောပြချက်များကို အကျယ်ဖြန့်ဆွေးနွေးခွင့်ပြုသင့်သည်။ အကယ်၍ လိုအပ်ပါက သတင်းသမားသည် ပညာရှင်၏ ပြောကြာချက်များကို သူ၏ ေပြာဆိုတင်ဆက်မှုတွင် စကားပြေဖြင့်တင်ဆက်နိုင်သည်။

  • အရာရှိအရာခံများ (သူ၏ တရားဝင်ေပြာဆိုချက်)

ထိုသူသည် လူသိများသောသူဖြစ်ပြီး ဖြစ်ရပ်ကို ထုတ်ပြန်ချက်အနေဖြင့်ပြောပြလိုသူဖြစ်သည်။  ထိုအရာအတွက် တာဝန်ခံပေးရမည်ဖြစ်ပြီး ရှင်းပြလိုသည်။

  • သတင်းသမားများနှင့် ေပြာဆိုဆက်ဆံပေးသူ သို့မဟုတ် ေပြာရေးဆိုခွင့်ရှိသူသူသည် ကိုယ်စားဝင်ရောက်ပြောဆိုပေးသည်မျက်မြင်သက်သေအတွက်၊ ပညာရှင် သို့မဟုတ် အရာရှိအရာခံအတွက်

သူသည် နှစ်ဘက်အကြား စကားပြောဆိုပေးသူဖြစ်သော်လည်း နောက်ဆုံးတွင်သာ တွေ့ဆုံမေးမြန်းမှုပြုသင့်သည်။

*ရှောင်ကျဥ်ရန်။ ။မည်သည့်အကြောင်းအရာဖြစ်စေ သင်ကြားလိုသည်ကို ပြောပေးနိုင်သူများနှင့် လွယ်လွယ်ကူကူဆက်သွယ်ခြင်း၊ ထိုသတင်းစကားပါးသောသူများကို ထုတ်လုပ်မှုတစ်ခုလုံးတွင် အသုံးပြုခြင်း။

အခြားတွေ့ဆုံမေးမြန်းမှုအမျိုးအစားများ

  • တုံ့ပြန်ချက်များ၊ ထင်မြင်ယူဆချက်များ။

တွေ့ဆုံမေးမြန်းမှုတွင် ေဖြကြားသူသည် ထိုလူအုပ်စုကို သို့မဟုတ် နိုင်ငံရေးအတွေးအမြင်တစ်ခုကို ကိုယ်စားပြုသည်။ POVs အမျိုးမျိုးကို နားလည်သဘောပေါက်စေသည့် တုံပြန်မှုများဖြစ်သည်။ စည်းမျဥ်းအားဖြင့် ထင်မြင်ယူဆချက်တိုင်းကို မတူညီသည့် ထင်မြင်ယူဆချက်များဖြင့် ပြန်လည်ချိန်ညှိ ရမည်။

  • တွေဆုံမေးမြန်းမှု အရှည်များ

လူတစ်ဦးတစ်ယောက်အကြောင်းပုံဖော်ပြောဆိုရာတွင် သို့မဟုတ် ပြဿများနှင့် အခက်အခဲများကို ဖော်ထုတ်ရာတွင် အသုံးပြုနိုင်သည်။  သတင်းသမားသည် ထိုအကြောင်အရာနှင့်ဆက်ဆိုင်သည်များကို သုတေသနပြုရမည်။

  • The vox pop

Vox pop တစ်ခုသည် မည်သည့်အချိန်တွင်မှ သတင်းအချက်အလက်မထုတ်ပေးချေ။ လူအများစိတ်ဝင်စားနေသည့် အကြောင်းကိုသာဖော်ပြခြင်းဖြစ်သည်။ တူညီသည့် မေးခွန်းကိုဖြေဆိုပြီး တွေ့ဆုံမေးမြန်းချက်မှ ထုတ်နှုတ်ထားသည်များကို အစီစဥ်အတိုင်းဖော်ပြသည်၊ မေးခွန်းဖြေသူများကိုလည်း မည်သူမည်ဝါဖော်ပြခြင်းမရှိချေ။

လူတစ်ယောက်အကြောင်းကို ကောင်းမွန်ပြည့်စုံစွာဖော်ပြရန်အတွက်

  • သင်မေးမြန်းတင်ဆက်ပေးနေသူကို ခေါင်းစဥ်တစ်ခုချင်းစီအတွက် နေရာအမျိုးမျိုး ေဘာင်အမျိုးမျိုးဖြင့် ရိုက်ကူးတင်ဆက်ပါက တွေ့ဆုံမေးမြန်းမှုကို တိုးတက်လာစေသည်။
  • သင်၏ ထုတ်လုပ်မှု ရည်ရွယ်ထားသောရှုထောင့် အပေါ်မတူညီသည့်အမြင်အမျိုးမျိုးဖြင့်တွဲစပ် ဖော်ပြပါက စိတ်ဝင်စားမှုပိုမိုရရှိစေသည်။

ထိုကဲ့သို့ချဥ်းကပ်မှုမျိုးသည် တစ်ဦးတစ်ယောက်တည်းကို ကြာရှည်စွာမေးမြန်းတင်ဆက်ခြင်းထက် ပိုကောင်းသောရုပ်ပုံလွှာကိုပေးသည်။