Menu

09.၉။ တွေ့ဆုံမေးမြန်းမှု၏ အပြင်အဆင်ကို ထိန်းညှိခြင်း။

မည်သည့်ပုံစံ သို့မဟုတ် ကြာချိန်တွင်မဆို တွေ့ဆုံမေးမြန်းမှုသည် အစီစဥ်တစ်ခုလုံးအတွက် အမှတ်ရစရာဖြစ်သည်။ ဖြေဆိုသူရှိနေခြင်းကြောင့် အထူးသတိထားဂရုစိုက်ရမည့် အပြင်အဆင်များ၊ စကားဦးသန်းခြင်း၊ ရိုက်ကူးသည့်ပုံစံ၊ အသံဖမ်းမှု အားလုံးသည် ကြည့်ရှုသူအတွက် တွေ့ဆုံမေးမြန်းမှုကို စိတ်ဝင်စားစေခြင်းနှင့် အဓိပ္ပါယ်ရှိခြင်းတို့ကိုဖြစ်စေပါသည်။

ရုပ်သံ ရိုက်ကူးသူ၏ အခန်းကဏ္ဌ

  • တွေ့ဆုံမေးမြန်းမှု၏ မူလနေရာကိုအမြဲရွေးချယ်ပါ။

 မီးဖိုရှေ့မှ မုန့်ဖုတ်သမား၊ ပန်းချီဆရာ၏ ပန်းချီခန်း၊ ကစားကွင်းထဲတွင် လေ့ကျင့်နေသောကစားသမား၊ တွေ့ဆုံမေးမြန်းမှုတွင် ဖြေကြားမည့်သူ၏ နေ့စဥ်ဘဝပတ်ဝန်းကျင် ကိုရိုက်ကူးခြင်းဖြင့် သူပြောသည့်စကားကို ပိုမိုပြည့်ဝစေသည်။

  • စကားဦးသန်းရာတွင်အထူးအာရုံစိုက်ပါ ထို့မှ သတင်းအချက်အလက်ထုတ်ပေးနိုင်သည်။

အကယ်၍ တွေ့ဆုံမေးမြန်းမှုသည် ရှည်လျားသည် သို့မဟုတ် တည်းဖြတ်ပြီးသည့်နောက် တစ်စိတ်တစ်ပိုင်းသာ ပါဝင်တော့မည် ဖြစ်သောကြောင့် ရိုက်ကူးရာတွင်လည်း ထိုစိတ်ကူးဖြင့် ရုပ်များကို ပုံဖော်ထားသင့်သည်၊ တွေ့ဆုံမေးမြန်းမှုတွင် တန်ဖိုးထည့်ပေါင်းနိုင်ရမည်။

  • သင့်လျော်မှုအရှိဆုံးစကားဦးကိုရွေးချယ်ခြင်း။
  • အနီးကပ်။ ။ ရင်းနှီးမှုအတွက် အကြံပေးသည်။
  • အနီးကပ်ရိုက်ချက်။ ။ သာမန် တွေ့ဆုံမေးမြန်းမှု
  • အပြည့် သို့မဟုတ် အဝေးမှရိုက်ချက်။ ။ အရေးပါမှုအတွက်အကြံပေးသည် (တရားဝင် သို့မဟုတ် အများပြည်သူအတွက် ကြေငြာချက်)

 

  • အညွှန်းအတွက် စဥ်းစားခြင်း။

စကားဦးသန်းနေသည့်အချိန် တီဗီမျက်နှာပြင်၏ ငါးပုံတစ်ပုံနေရာတွင် ဖြေဆိုသူ၏ အမည်နှင့် အလုပ်အကိုင်ကို ညွှန်းဆိုပေးနေရမည်။

  • ခေါင်းစဥ်ပြောင်းသွားသည့်အချိန်တိုင်း စကားဦး သို့မဟုတ် ကင်မရာ၏ ရှုထောင့်ပြောင်းရမည်။
  • အနီးကပ်ရိုက်ချက်များတွင် အနှောင့်အယှက်မဖြစ်စေရန်အတွက် (အပင်၊ သန့်စင်ခန်းနေရာညွှန်ပြ သည့်ဆိုင်းဘုတ်) များကို အမှန်တကယ်ရိုက်ကူးမှုမစတင်မီစစ်ဆေးပါ။

အနီးကပ်ရိုက်ချက်များသည် အဝေးရိုက်ချက်များအတွက် အထောက်အကူပြုသည်။

  • နောက်ခံနှင့် အသံဗလံများ အနှောင့်အယှက်ဖြစ်နေမနေစစ်ဆေးပါ။
  • ေဖြဆိုသူသည် ကင်မရာကို တိုက်ရိုက်ကြည့်၍ စကားမပြောရပါ ကင်မရာကို တိုက်ရိုက်ကြည့်စရာမလိုပဲ ဖြေဆိုသူ၏ မျက်လုံးထံဆွဲယူနိုင်သည်။ သတင်းသမားသည် ရိုက်ကူးသူနှင့် နီးကပ်စွာရပ်နေရမည်ဖြစ်ပြီး ကင်မရာရှိသည့်ဘက်နှင့် ဆန့်ကျင်ဘက်တွင် မိုက်ကို ကိုင်ထားရမည်။

အခြားအပြင်အဆင်များ

  • မေးမြန်းသူသည် ရိုက်ကူးနေမှုထဲတွင်ပါဝင်ခြင်း။

သတင်းသမားရိုက်ကူးမှုထဲတွင် ပါဝင်နေခြင်းက တန်ဖိုးထည့်ပေါင်းမှုကိုဖြစ်စေလျှင်ပါဝင်နိုင်သည်၊ ပါဝင်နေခြင်းဖြင့် တူညီသည့်အတွေ့အကြုံကိုဝေမျှနေသည်ဟု သို့မဟုတ် စုံစမ်းဖော်ထုတ်မှု၏ အဆင့်များကိုအထူးပြုပြသနေနိုင်သည်။

  • တွေ့ဆုံမေးမြန်းမှု စံနှုန်း

အခြားရွေးချယ််စရာလည်းမရှိသကဲ့သို့ ကိုက်ညီမှုရှိသည့် ရွေးချယ်စရာလည်းမဖြစ်ခဲ့ချေ။ ဖြေဆိုသူသည် ကင်မရာဖြင့်ရိုက်ကူးမှုကို သဘောတူသည့်အချိန်တွင် သူကိုမေးမြန်းခြင်းမဟုတ်သည့်တိုင် သဘောတူသူ ဖြစ်ရမည်။

  • လမ်းလျှောက်တွေ့ဆုံမေးမြန်းမှု

တင်ဆက်မှုတစ်ခုလုံးကို အရသာသစ်ပေးစွမ်းနိုင်ပြီး တွေ့ဆုံမှု၏ နောက်ခံအနေဖြင့် ခေါင်းစဥ်တစ်ခုကို လည်းပေါ်ထွက်လာစေနိုင်သည်။

  • တယ်လီဖုန်းဖြင့်ဆက်သွယ်မေးမြန်းချက်များသည် ဖြေရှင်းမှုမဟုတ်။

တွေ့ဆုံရန်မဖြစ်နိုင်မှု၊ အမည်မဖော်လိုမှု သို့မဟုတ် အရေးပေါ်အခြေအနေများတွင် ပြုလုပ်နိုင်သည်၊ ဖုန်းနှင့် ဖြေကြားထားခြင်းဖြစ်ပါက ကိုယ်တိုင်စကားပြေပြန်ဆိုပေးလိုက်ခြင်းက ပို၍ အဆင်ပြေသည်။