Menu

13.၁၃။ တင်ဆက်မှုတစ်ခုကို အကြမ်းစီခြင်းနှင့် တည်ဆောက်ခြင်း။

ရိုက်ကူးနေစဥ်အတွင်း၊ အကြမ်းစီခြင်း၊ နောက်ဆုံးအနေဖြင့်တည်းဖြတ်မှုမလုပ်ခင်တွင် သင်၏ သတင်းကို တည်ဆောက်ရမည်။ သတင်းသမားသည် စီးကွင့်၏ အဖွင့်နှင့် အဆုံးသတ်ကို ရွေးချယ်ရသည်။ သူသည် သတင်းများကို အထူးပြုပြသနိုင်ရန်အတွက်နှင့် ကောင်းမွန်သေချာသော စကားပြေများအတွက် အဓိက စီးကွင့်များကို ထည့်ရသည်။ စီးကွင့်တစ်ခုချင်းစီအတွက် အသံနှင့်ရုပ်သည် အစီစဥ် လိုက်ဘက်ညီအောင် တည်းဖြတ်ရမည်။ စကားပြေပြန်ပြောပြခြင်းကို  ရိုက်ကူးခြင်း (ယုတ္တိကျကျ အထူးပြုလုပ်ချက်)၊ တည်းဖြတ်ခြင်း သို့မဟုတ် နောက်ခံစကားပြောခြင်းဖြင့် ပြုလုပ်နိုင်သည်။

အကြမ်းစီထားချိန်တွင် သတင်းသမားသည် အဓိကရိုက်ချက်များကို ရွေးချယ်ရသည်။ မတူညီသည့် တည်းဖြတ်မှုအဆင့်များ နှင့် တင်ဆက်မှုတစ်ခုလုံး၏ အရေးပါဆုံးအချိန်များကို ထည့်သွင်းစဥ်းစားနိုင်စေသည်။

၁။ ရိုက်ချက်များအားလုံးကိုကြည့်ပြီး သတင်းအတွက်အသင့်လျော်ဆုံး ရိုက်ချက်များ ။ ။ အနေအထား၊ တွေ့ဆုံမေးမြန်းမှုများ၊ အဓိကစကားလုံးများ နှင့် ရုပ်ပုံများ၊ သဘာဝသံများကိုရွေးချယ်ပါ။

၂။ ရိုက်ချက်တစ်ခုချင်းစီကို အမျိုးအမည်ခွဲခြင်းသည် အကြောင်းအရာ၊ ဝိသေသလက္ခဏာများ တန်ဖိုး၊ ပင်မအကြောင်းအရာ၊ ဇာတ်ကောင်များ၊ နေရာများစသည်တို့ကို ဖော်ပြနိုင်သည့် အဓိကစကားလုံး တစ်ခု သို့မဟုတ် အများအပြားပေါ်ထွက်လာစေသည်။

၃။ မတူညီသည့်အချိန် နှစ်ခုမှရိုက်ချက်များ ပထမဆုံးရိုက်ချက်နှင့် နောက်ဆုံးရိုက်ချက်ကိုရွေးချယ်ပြီး ဦးတည်ရာကို ချရေးပါ။ (အချိန်ကုတ်များသည် ရိုက်ချက်များကို အမျိုးအမည်ခွဲပေးနိုင်သည်)

၄။ အမျိုးအမည်ခွဲပြီးသား ရွေးချယ်ပြီးသား ရိုက်ချက်များကို bin ထဲတွင်တစ်စုတည်းထားပါ။

၅။ ဆက်နွှယ်မှုရှိသောရိုက်ချက်များကို တစ်စုတည်းထားခြင်းဖြင့် bin များကိုစနစ်တကျဖြစ်စေသည်။ 

ဆက်နွှယ်မှုရှိတဲ့ ရိုက်ချက်တွေဆိုတာဘာလဲ။

မကြာခဏဆိုသလို အခြေအနေတစ်ခု၏ ဝန်းကျင်နှင့် အချိန်အကန့်အသတ်တွင်းတွင် စီးကွင့်များ ရိုက်ကူးရသည်။ သုံးခုသော ဆက်နွှယ်မှု (အချိန်၊ လုပ်ဆောင်ချက် နှင့် နေရာ) တို့သည် သတင်းတင်ဆက်မှု တစ်ခုအတွက် အဓိကကျသောအရာများဖြစ်သည်။

ကြည့်ရှုသူအတွက် ဆက်နွှယ်မှု လမ်းညွှန်ကိုရှာဖွေခြင်း။

  • ရုပ် သို့မဟုတ် အသံ အဆင်အကွက်
  • အရာဝတ္ထု သို့မဟုတ် ဇာတ်ကောင်
  • ကောင်းမွန်စွာတည်းဖြတ်ထားသော စီးကွင့်များတစ်လျှောက် ဖော်ပြချက်။
  • အသေးစိတ်အစီအစဥ်၊ အချိန်မျဥ်း၊ ရုပ် သို့မဟုတ် အသံအမှတ်အသားများပေါ်တွင် အခြေခံသော ထုတ်ေဖာ်ပြချက်။

သတင်းတင်ဆက်မှု၏ အချိန်မျဥ်းသည် အစီစဥ်တကျဖြစ်ပွါးနိုင်ခြင်းမရှိတတ်ချေ၊ ဖြစ်ရပ်၏ အချိန်မျဥ်း သို့မဟုတ် ရိုက်ကူးမှု၏ အချိန်မျဥ်းတိုင်းသာဖြစ်လေ့ရှိသည်။ အမှန်တကယ်ဖြစ်ပွါးသည့်အချိန်သည် သတင်းသမားတင်ဆက်သည့်အချိန်နှင့် ကွာခြားနေတတ်သည် ထို့ကြောင့် အဓိကသတင်းများကို ပထမဦးစွာ တင်ဆက်ရသည်။

တင်ဆက်မှုအတိုအတွက် ဆက်နွှယ်မှုလမ်းညွှန်ကို အောက်ပါဖြင့်အစားထိုးနိုင်သည်။

  • အခြားသောပုံစံဖြင့် တည်းဖြတ်မှု (မတူညီသည့် သတင်း ၂ ပုဒ်အကြားပြောင်းလဲခြင်း)

သတင်း က၁ // သတင်း ခ၁ // သတင်း က၂ // သတင်း ခ၂ // သတင်း ခ၃ စသည်ဖြင့်။

  • အနောက်မှစသော နောက်ကြောင်းပြန်မှု

သတင်း အဆုံး // သတင်း အစ // သတင်း // သတင်းအဆုံးသို့ ပြန်သွားခြင်း။

  • အနှစ်ချုပ်အမှာစကားများဖြင့် အဆုံးသတ်သို့တိုက်ရိုက်သွားခြင်းဖြင့် တင်ဆက်မှုကို စည်းချက်ကျစေသည်။

သတင်း၏ အစပိုင်း // အနှစ်ချုပ်ပြောခြင်း အဆင့်ဆင့် // သတင်း၏ အဆုံးသတ် 

တည်းဖြတ်မှုကို စဥ်းစားနိုင်ရန်အတွက် သတင်းသမားသည်

၁။ အဓိကသတင်းများထည့်သွင်းခြင်း သို့မဟုတ် အစပိုင်းတွင် အဓိက စီးကွင့်များထည့်ခြင်း။ (ရုပ်ဖြစ်စေ၊ အသံဖြစ်စေ)

၂။ အစပိုင်းနှင့် အဆုံးသတ် စီးကွင့်များကို ရွေးချယ်ရန်။

၃။ အရေးပါသည့်အချိန်များတစ်ချိန်မှတစ်ချိန်ကူးပြောင်းမှုများအတွက် စည်းချက်ကျသောစကားပြေများ တည်ဆောက်ရန်။

၄။ စကားပြေပြန်ပြောပြခြင်းကို အထူးပြုခြင်းသည် ရုပ်နှင့် အသံကို ဆက်နွှယ်သော ရိုက်ချက်များဖြင့် ဆက်နွှယ်မှုမရှိသောရိုက်ချက်များကို ရှောင်ပြီး ကောင်းမွန်စွာတည်းဖြတ်နိုင်စေသည်။

စီးကွင့်တစ်ခုချင်းစီကို အမျိုးအမည်ခွဲခြားခြင်းသည် အဓိကစကားလုံးများပေါ်ထွက်လာစေပြီး သတင်းတစ်ပုဒ်လုံးကို သဘာဝကျကျ ဖြစ်ပေါ်လာစေသည်၊ သင်၏ နောက်ခံစကားပြောကိုလည်း မြန်မြန်နှင့် မှန်မှန်ရေးနိုင်အောင်ကူညီပေးသည်။