Menu

14.၁၄။ တင်ဆက်မှုတစ်ခုလုံးကို တည်းဖြတ်ခြင်း။

တည်းဖြတ်ရန်အခန်းတွင်းသို့ ဝင်လာချိန်တွင် သတင်းသမားသည် သူ၏သတင်းတစ်ခုလုံးကို စာတစ်ကြောင်းတည်းဖြင့် အယ်ဒီတာအားပြောပြနိုင်ရမည်။ “ဒါဘာအကြောင်းလဲ နှင့် ဒါကို ငါတို့ဘယ်လိုပြောမှာလဲ” ။ အယ်ဒီတာသည် ပရော်ဖက်ရှင်နယ် ရုပ်သံဘာသာစကားဖြစ်သည်၊ သူသည် ကြည့်ရှုသူများ သတင်းတင်ဆက်မှုတစ်ခုလုံး၏ အသံနှင့် ရုပ်များမှ မည်သည့်အဓိပ္ပါယ်များ ရရှိသဘောပေါက်သွားနိုင်သည်ကို သိသည်။ သူသည် ပထမဦးစွာ ကြည့်ရှုသူဖြစ်ပြီး သူကိုယ်တိုင် တင်ဆက်မှုတစ်ခုလုံးမှ မြင်ရကြားရသည့် အဓိပ္ပါယ်ကိုရှာဖွေသည်။ သတင်းထောက်နှင့် အယ်ဒီတာသည် စကားပြောရမည်။                     

ရိုက်ချက်မှ စီးကွင့်ဆီသို့

ပထမအဆင့်သည် အကြမ်းမှ အမှန်တကယ်အသုံးပြုမည့်ရိုက်ချက်များရွေးချယ်ခြင်းဖြစ်ပြီး အဆုံးသတ်အမှတ်သည် ရိုက်ချက်အများအပြားမှ စီးကွင့်တွင်အသုံးပြုနိုင်သည့်အဆင့်ထိဖြစ်သည်။ ရိုက်ချက်တစ်ခုတည်းသည် များသောအားဖြင့်အဓိပ္ပါယ်မရှိချေ။ အဓိပွါယ်ရှိလာစေရန်အတွက် ထိုရိုက်ချက်သည် စီးကွင့်တွင်းသို့ထည့်ရမည်၊ ရိုက်ချက်များအစီအစဥ်တကျရှိရမည်၊ အနည်းဆုံး သုံးခုသည် အကြမ်းရိုက်ချက်များတွင်ပါဝင်နေရမည်။

စီးကွင့်ရိုက်ချက်သည် ဤစည်းမျဥ်းအတွက် သက်ဆိုင်မှုမရှိချေ၊ စီးကွင့်သည် စီးကွင့်ရိုက်ချက်သာဖြစ်သည်။

တည်းဖြတ်ရာတွင် ဆက်တိုက်ဖြစ်မှု၊ ဖြတ်တောက်မှု နှင့် အခြားလုပ်ဆောင်ချက်များကို တစ်စုတစ်စည်းတည်းဖြစ်ရမည့် အရာ သုံးခုနှင့် တည်ဆောက်သည်။ ပြောင်းလဲမှုတစ်ခုကို အမှတ်အသားပြုရန် (အချိန်၊ ဝန်းကျင် သို့မဟုတ် လုပ်ဆောင်ချက်) အတွက် နည်းလမ်းများရှိသည်။ သို့မဟုတ် ကြည့်ရှုသူကို ဆက်လက်တင်ဆက်နေမှုတွင်( ဥပမာ – တွေ့ဆုံမေးမြန်းမှု) အတွက် ခဏနားမည်ဖြစ်ကြောင်းပြသနိုင်သည်။

စဥ်ဆက်မပြတ်ဖြစ်မှု

အခြေခံအားဖြင့် စဥ်ဆက်မပြတ်မှုဆိုသည်မှာ ရိုက်ချက်တစ်ခုမှ တစ်ခုသို့ကူးပြောင်းသွားခြင်းဖြစ်သည်။  ရုပ်ပုံများစဥ်ဆက်မပြတ်ပဲ သဘာဝကျကျ ဆက်လက်ဖြစ်စေရန်အတွက် လိုက်နာရမည့်စည်းမျဥ်းများရှိသည်။

  • အနေအထား အဆက်မပြတ်မှု (ကင်မရာဝင်ရိုးကို ရှိရင်းအတိုင်းဆက်လက်ထားရှိခြင်း)
  • ရွေ့လျားမှု အဆက်မပြတ်ခြင်း (စီးဆင်းမှုကို အထူးပြုသည်)
  • ရိုက်ချက်တစ်ခုပြီးတစ်ခု ဆက်ဖြစ်ခြင်း (အတုအယောင်ရိုက်ချက်၊ တူညီသည့်ရိုက်ချက်တန်ဖိုးနှင့် တူညီသည့်ဝင်ရိုး) ကိုရှောင်ကျဥ်ရမည်။

ဖြတ်တောက်ရိုက်ချက်

ဤသည်မှာ ဆိုးဝါးသည့် စဥ်ဆက်မပြတ်မှု သို့မဟုတ် တည်းဖြတ်ထားသော တွေ့ဆုံမေးမြန်းမှုကို ပေါင်းစပ်ရန်အတွက် ရိုက်ချက်နှစ်ခုအကြား ညှပ်ထားသော pretext ရုပ်ကတ်ဖြစ်သည်။ အယ်ဒီတာများသည် ဖြတ်တောက်ရိုက်ချက်ဟူသည့် စကားရပ်ကို ကြိုက်နှစ်သက်ခြင်းမရှိချေ။ တည်းဖြတ်မှုကောင်းတစ်ခုအတွက် အဓိပ္ပါယ်မဲ့ရိုက်ချက် ဟူ၍မရှိ။

နည်းလမ်းများနှင့် လုပ်ဆောင်ချက်များ

သတင်းတင်ဆက်မှုတွင် တည်းဖြတ်မှုနည်းလမ်းများကို မေ့မထားသင့်ပေ။

  • အရှိန်လျှော့ခြင်း သို့မဟုတ် အရှိန်တင်ခြင်း။
  • ဝါးခြင်း/ ရှင်းလင်းခြင်း
  • Fade in/out အဖြုရောင်/ အနက်ရောင်တွင်းသို့ကူးပြောင်းသွားခြင်း။
  • Solarization

ဤနည်းလမ်းများသည် အသုံးပြုရမည်ကိုသိသော တည်းဖြတ်သူအတွက် အစားမထိုးနိုင်သောဖြစ်စဥ်များ ဖြစ်သည်။ မည်သို့ပင်ဆုိစေ တည်းဖြတ်မှုတစ်ခုအတွက် မည်သည့်အဓိပ္ပါယ်မျှဖော်ဆောင်ခြင်းမရှိသည် လည်းရှိသည်၊ အရှိန်နှေးလိုက်ခြင်းသည် ကဗျာဆန်ခြင်း မဟုတ်သကဲ့သို့ အနက်ရောင်အဖြစ် ကူးပြောင်းသွားခြင်းသည်လည်း နောက်ကြောင်းပြန်ခြင်းဟု ပုံသေသတ်မှတ်၍ မရချေ။ ထိုကဲ့သို့ဖြစ်စဥ်များသည် တင်ဆက်မှုတစ်ခုလုံးအတွက် အဓိပ္ပါယ်ေဖာ်ဆောင်နိုင်သေးသည်။ မလိုအပ်ပဲ သို့မဟုတ် ပုံသေကားချက်နည်းဖြင့် အသုံးပြုခြင်းသည် ကပ်ပါးများဖြစ်လာစေသည်။

မတူညီသည့် စီးကွင့်များကို စီစဥ်ပြီးပါက အချိန်မျဥ်းသည် စီးကွင့်များ၏ လုံလောက်မှုနှင့် စီးဆင်းမှု၊ တင်ဆက်မှုတစ်ခုလုံး၏ စည်းချက်နှင့် အရုပ်နှင့်အသံတို့၏ ချိတ်ဆက်မှုတို့ကို သရုပ်ဖော်ပေးသည်။

နောက်ခံစကားပြော

ITW

အဓိကအသံ (သဘာဝအသံ)

နောက်ခံစကားပြော

ရိုက်ကူးမည့်နေရာတွင် သတင်းသမား နေရာယူပြီး

သရုပ်ဖော်ချက်များ

ITW ၏ ဖရိမ်

(သဘာဝအသံ)

ရုပ်ပုံ

XXXXXXXXXX

အဓိကရုပ်ပုံများ

အစားထိုးရိုက်ချက်

  • The Koulechov သက်ရောက်မှုသည် တူညီသည့်ရိုက်ချက်ဖြစ်သော်လည်း မတူညီသည့်အကြောင်းအရာအတွက် ခံစားချက်ကို ပြောင်းလဲပစ်ခြင်းဖြစ်သည်။
  • ဆန့်ကျင်ဘက်အားဖြင့် ခက်ထန်မှုကိုဖျက်ဆီး၍လည်း ဝမ်းနည်းနေသကဲ့သို့ ပြောင်းလဲနိုင်သည်။

Koulechov သက်ရောက်မှုသည် တူညီသည့်ရိုက်ချက်များမှ မတူညီသည့် အဓိပ္ပါယ်ကို ဖော်ဆောင်နေနိုင်သည်ဟုဖြစ်သည်။ ဤသည်မှာ တည်းဖြတ်မှု၏ အခြေခံအကျဆုံးစည်းမျဥ်းဖြစ်သည်။