Menu

15.၁၅။ တင်ဆက်ခြင်း။ ။ တွေ့ဆုံမေးမြန်းမှုအတွက် စကား

တွေ့ဆုံမေးမြန်းမှုကို တင်ဆက်မှု၏ အဓိက စီးကွင့်အဖြစ်အသုံးမပြုရပါ။ စီးကွင့်သည် အလွန်ခိုင်မာသောအရာဖြစ်သည်။ တင်ဆက်မှုတစ်ခုလုံးတွင် အရှည်ကြာဆုံးဖြစ်ပြီး တင်ဆက်မှု၏ အသံဖြစ်ပြီးအခြားအရာများထက်အရေးပါသည်။ (တွေ့ဆုံမေးမြန်းမှုမပြုရသေးသည့်အချိန်တွင် နောက်ခံစကားပြောတစ်ခုတည်းဖြင့် အသက်ဝင်အောင်ပြုလုပ်ရန်ခက်ခဲသည်။ တွေ့ဆုံမေးမြန်းမှုသည် အရေးပါသော စီးကွင့်ဖြစ်သောကြောင့် ဂရုစိုက်အသုံးပြုသင့်သည်။                           

တွေ့ဆုံမေးမြန်းခြင်းသည် စီးကွင့်၏ အရေးပါမှု သုံးခုတွင်းမှတစ်ခုကို ချိုးဖျက်နိုင်သည်။

မည်သည့်တွေ့ဆုံမေးမြန်းမှု မဆို အခြားရိုက်ကူးမှုများနှင့်မတူသည့်အချိန် သို့မဟုတ် နေရာတွင် တင်ဆက်ခြင်းသည် အသံနေအသံထားကို ချိုးဖျက်လိုက်နိုင်သည်။ အကယ်၍ ထိုသို့ချိုးဖျက်မှုကို ဆန္ဒမရှိပါက မူလနေရာတွင်သာရိုက်ကူးပါ။ ထိုနည်းဖြင့် တင်ဆက်မှုအတွင်းထည့်သွင်းရသည် ပိုလွယ်ကူနိုင်သည်။

တူညီသည့်ရိုက်ချက်များကို ထပ်ကာထပ်ကာတင်ဆက်ခြင်းသည် စကားပြေပြန်ပြောပြခြင်းကို အရှိန်လျော့စေသည်။

မတူညီသည့်တင်ဆက်ချိန်များတွင် တွေ့ဆုံမေးမြန်းမှု၏ အမျိုးမျိုးသော အစိတ်အပိုင်းများအသုံးပြုခြင်းကို ရှောင်ကျဥ်သင့်သည်။ တူညီသည့်ရိုက်ချက်များကို ထပ်ကာထပ်ကာပြသခြင်းသည် ရည်ရွယ်ချက်ရှိရှိနှင့် အရေးပါမှုကို ပြနိုင်ရန်ဖြစ်သည်။ ဖရိမ်သွင်းခြင်းအတွက် သင့်အနေဖြင့်အထူးသတိထား ဂရုပြုသင့်ပြီး တင်ဆက်မှု၏ မည်သည့်နေရာတွင် ထပ်ကာပြသရန်ဖြစ်နိုင်သည်ဟူသည့် စည်းချက်ကိုလည်း လေ့လာသင့်သည်။

သတင်းသမားတင်ဆက်သော တွေ့ဆုံမေးမြန်းမှုသည် သူ့အနေဖြင့်မည်သည့်အရာအတွက် တာဝန်ခံမှုရှိရမည်ကို ပြသခြင်းလည်းဖြစ်သည်။

တင်ဆက်မှုတစ်ခုလုံးတွင်ဘက်လိုက်မှုမရှိစေရန်အတွက် သတင်းသမားသည် ဆန့်ကျင်ဘက်အမြင်ရှိသူများ ကိုလည်းပြသရမည်။ ထိုအရာများကို ပြသမည့်အစီအစဥ်သည် ဘက်လိုက်မှုမကင်းပါ။ ထိုအရာသည် ရွေးချယ်မှုကို ရောင်ပြန်ဟပ်သည်၊ သတင်းသမားတာဝန်ခံမှုရှိရမည့် ယုတ္တိကျသော POV ကိုရောင်ပြန်ဟပ်သည်။

၁။ ကောင်းသည် + ၂။ စျေးကြီးသည် = ဆိုလိုသည်မှာ ဤစားသောက်ဆိုင်သို့ မသွားဖြစ်သင့်ခဲ့။

၁။ စျေးကြီးသည် + ၂။ ကောင်းသည် = ဆိုလိုသည်မှာ ထိုစားသောက်ဆိုင်ကို သွားဖို့တန်ပါတယ်။

တင်ဆက်မှုတစ်ခုတွင် တွေ့ဆုံမေးမြန်းမှုအစိတ်အပိုင်းများမည်မျှပါသနည်း။

ပထမဦးဆုံးတွေ့ဆုံမေးမြန်းသူနှင့် နောက်ဆုံးတွေ့ဆုံမေးမြန်းသူအကြားတွင် ကြည့်ရှုသူသည် မတူညီသည့် သတင်းစကားအတွက် ပိုင်းခြားထားခြင်းကို မေ့လျော့သွားတတ်သည်။ (တင်ဆက်မှုတစ်ခုတွင်းတွင် ၄ ဦး သို့မဟုတ် ၅ ဦးထိရှိပါက) ထို့ကြောင့် သင်အနေဖြင့် ထိုအစိတ်အပိုင်းများကို အထူးအာရုံစိုက် ၍ တည်းဖြတ်သင့်သည်၊ အချိန်မည်မျှကြာကြာပြောဆိုမည်ကို စိုးရိမ်သင့်ပြီး နောက်ခံစကားပြောကို ကောင်းသည်ထက်ကောင်းအောင်ပြုလုပ်သင့်သည်။

တင်ဆက်မှုကို တွေ့ဆုံမေးမြန်းမှုဖြင့်အဆုံးသတ်နိုင်ပါသလား။

သတင်းသမားအနေဖြင့် တင်ဆက်မှုကို သူ၏ စကားသံဖြင့်သာအဆုံးသတ်သင့်သည်၊ နောက်ဆုံးတွေ့ဆုံမေးမြန်းခဲ့သူ ပြောသွားသည်ထဲမှ အရေးပါသော အရာများကို ပြန်လည်ပြောခြင်းမဟုတ်ပဲ အဆုံးသတ်သင့်သည်ဟု ပြောလေ့ပြောထရှိသည်။ ချွင်းချက်အနေဖြင့် ဇာတ်ရုပ် သရုပ်ဖော်တင်ဆက်မှုတွင် ဖြေဆိုသူအတွက် နောက်ဆုံးစကားကို သင်ပြောနိုင်သည်။

တင်ဆက်မှုကို တွေ့ဆုံမေးမြန်းမှုဖြင့်စတင်၍ရပါသလား။

တင်ဆက်မှု၏အစတွင် အခြားသူ၏စကားဖြင့်စတင်ခြင်းသည် စွဲဆောင်မှုရှိနိုင်သည်။ တွေ့ဆုံမေးမြန်းမှုမဟုတ်ပဲ သတင်းဖြစ်ရာတွင်အသံဖမ်းထားချက်ဖြစ်ပြီး တင်ဆက်မှုကို ဤစည်းချက်ဖြင့် စနိုင်သည်။ အကယ်၍ တင်ဆက်မှုကိုတွေ့ဆုံမေးမြန်းမှုဖြင့်စပါက တင်ဆက်သူကို သတင်းထောက်၏ အမည်ဖြင့်အဆုံးမသတ်ရန်အတွက် သတိပေးထားရမည်။

ဖြေဆိုသူကို ဖျောက်ထားနိုင်ပါသလား။

အမည်မဖော်လိုသူကိုမှုန်ဝါးထားနိုင်သော ဖြစ်စဥ်များရှိသည်။

  • ရုပ်ပုံနည်းလမ်းများ (mosaic များဖြင့်ဝါးလိုက်ခြင်း)၊ အနောက်မှ မီးထိုး၍ ရိုက်ကူးခြင်း။
  • အသံကို ပြောင်းလဲလိုက်ခြင်း။