Menu

17.၁၇။ တင်ဆက်မှုကို Mixing ပြုလုပ်ခြင်း။

သတင်းသမား၏ အလုပ်မှာ သတင်းဖြစ်ပွါးရာနေရမှဖမ်းယူလာသောအသံများ၊ တွေ့ဆုံမေးမြန်းမှု၊ နောက်ခံစကားပြောနှင့် အခြားအသံများကို ဘက်မျှစွာယူဆောင်လာရန်ဖြစ်သည်။ ရိုးရှင်းသော mix တစ်ခုသည် တည်းဖြတ်ခန်းတွင်းတွင်ပြုလုပ်နိုင်သည်။ အသံလိုင်း နှစ်ခုထက်ပို၍လိုအပ်ပါက mixing ကို တည်းဖြတ်ပြီးသည့် အချိန်မှ mixing ခန်းတွင်းတွင်ပြုလုပ်နိုင်သည်။ သတင်းကိုထုတ်လုပ်တင်ဆက်နေစဥ် အတွင်း သတင်းထောက်တွင်ပြင်ဆင်ရန်ရှိပါက စတူဒီယိုမန်နေဂျာမှ ချွင်းချက်အနေဖြင့် mix လုပ်ပေးနိုင်သည်။      

နောက်ခံစကားပြော နှင့် mixing ။ ။ သတင်းသမားသည် သူ၏ နောက်ခံစကားကိုပိုမို၍

  • တိကျစေရန်။ ။ ကြည့်ရှုသူအတွက်ရှုပ်ထွေးနိုင်သည့်စကားလုံးတိုင်းကိုပြောင်းလဲပါ။ ဥပမာ – အချို့နိုင်ငံရေးသမားများ = ?? နိုင်ငံရေးသမားများ = နိုင်ငံရေးသမား ၁၂ ဦး
  • ရှင်းလင်းစေရန်။ ။ အသုံးမလိုသည့် စကားလုံးများကို ဖျက်ပစ်ပါ။
  • သဘာဝကျစေရန်။ ။ တင်ဆက်သူပြောသွားသည့် အဖွင့်နှင့် အပိတ်၏ နောက်ဆုံးစကားလုံးများ၏ အသံထွက်ကိုစစ်ဆေးပါ။

သတင်းသမားသည် သူ၏နောက်ခံစကားပြောကို တည်းဖြတ်ထားမှုများနှင့်ကိုက်ညီမှုရှိစေရန် ထပ်ကာ ပြန်ဖတ်ကြည့်ပါ။

မှန်ကန်သည့် အသံနေအသံထား။ ။ သင်၏ဖြည့်စွက်ပြောကြားချက်များအတွက် အဓိကကျသည့် ရုပ်ပုံများကိုရွေးချယ်ပါ။ ဤနည်းလမ်းသည် အသံဖမ်းရာတွင်နှင့် စွမ်းအားရှိရှိပြောဆိုနိုင်ရန်အတွက် အကူအညီပေးသည်။ ဤနည်းဖြင့် သတင်းကိုဖတ်ရာတွင် အသံသေမနေတော့ပဲ ကြည့်ရှုသူ ပရိသတ်များ ဆုံးရှုံးခြင်းမှ ကာကွယ်နိုင်သည်။

Mixing operator ထံမှအကြံပေးစကား

  • ရေသောက်ပါ၊ သက်တောင့်သက်သာထိုင်ပါ၊ ခြေထောက်ကိုချိတ်မထားပါနှင့်၊ မတ်မတ်ထိုင်၍ အသက်ဝဝရှုပါ။
  • နားနားပြီးပြောပါ၊ သင်၏ ကိုယ်ပိုင်အသံနေအသံထားနှင့်ပြောပါ၊ ပုံမှန်အတိုင်းအသံထွက်ပါ၊ ဖန်သားပြင်နှင့် ဇာတ်ညွှန်းကို တစ်လှည့်စီကြည့်ပါ။

Mixing လုပ်ရာတွင် သတင်းသမားသည် သူမှန်မှန်ကန်ကန်မပြောနိုင်သည့်စကားလုံး သို့မဟုတ် mixing op ချက်ချင်းနားမလည်သည့် စကားလုံးများကို ပြန်လည်ပြင်ဆင်ပါ။ သူသည် တင်ဆက်မှုကို တည်ဆောက်ရာတွင် အဓိကနေရာမှပါဝင်သည်။ သူသည် လူတိုင်းနားထောင်လိုရန်အတွက် ပြင်ဆင်သည်။ အသံအနိမ့်အမြင့်၊ အခြားအသံများနှင့် ကွင်းဆင်းဖမ်းယူထားသည့်အသံများကို ချိန်ညှိသည်။

နောက်ခံစကားပြောဖြင့်သတင်းတစ်ခုလုံးကို မတင်ဆက်သင့်ချေ။

ကောင်းမွန်သည့်မျှချေမှာ ၇၀ မှ ၈၀ ရာခိုင်နှုန်းဖြစ်သည်။

သဘာဝသံများဖြင့် အခြေအနေများကို အသက်ဝင်ပါစေ။

စီးကွင့်များမှ အသံများအတွက် ဂရုတစိုက် ခဏရပ်ပါ။

သင်၏နောက်ခံစကားပြောမစမီ၊ စီးကွင့်အသစ်တစ်ခုမစမီ၊ သင်၏ဆောက်တည်ချက်ကို ရှင်းလင်းစေရန်အတွက် ၁ စက္ကန့် သို့မဟုတ် ၂ စက္ကန့် တိတ်ဆိတ်စွာနေပါ။

ရုပ်ကတ်များ/ နောက်ခံစကားပြော အချိုး

JJ Multiplication ပြသသောရုပ်ကတ်များနှင့် နောက်ခံစကားပြောသည် အသုံးဝင်သော သတင်းအချက်အလက်များ ထည့်ပေါင်းပေးသည်။

အပို။ ရုပ်ကတ်များနှင့် နောက်ခံစကားပြောသည် တူညီသည့် အကြောင်းအရာကိုသာ ပြောပြနေပါက အပိုဖြစ်နေသည့် နောက်ခံစကားကို ဖျက်ပစ်ပါ။

ဖျက်ပစ်ခြင်း။ ရုပ်ကတ်များနှင့် နောက်ခံစကားပြောသည် ဆန့်ကျင်ဘက်ဖြစ်နေပါက ထိုထဲမှတစ်ခုကို သေချာရွေးချယ်ပါ။

LL Alienation အဓိပ္ပါယ်အမျိုးမျိုးရှိသော စကားလုံးကိုအသုံးပြုရန်အတွက် သတင်းသမားသည် ရုပ်ပုံများကိုအသုံးပြုရသည်။ အခြားအရာများကို ဖျက်ပစ်နိုင်သည်။