Menu

18.၁၈။ သတင်းကို တည်ဆောက်ခြင်း နှင့် သတင်းထုတ်လွှင့်မှု၏ အသေးစိတ်ကို တည်ဆောက်ခြင်း။

အသေးစိတ်ဆိုသည်မှာ သတင်းအချက်အလက်အဆင့်ဆင့်နှင့် သတင်းထုတ်လွှင့်မှု၏ စည်းချက်ဖြစ်သည်။ သတင်းထုတ်လွှင့်မှုတွင်းတွင်ပါဝင်သော စီးကွင့်များကို မှန်ကန်သည့် အစီအစဥ်တွင် သရုပ်ဖော်နိုင်ရန် ကူညီပေးသည်။ ဤတွင် တင်ဆက်သူ သို့မဟုတ် ထပ်ကာပြောသည့် ကြေငြာချက်၊ အစိတ်အပိုင်းများ နှင့် သရုပ်ဖော်နည်းလမ်းများကပေးသော သတင်းဆိုင်ရာ လင့်ခ်များ ပါသည်။

အသေးစိတ်အစီအစဥ်များသည် မည်သည့်အချိန်တွင်မျှပြီးဆုံးခြင်းမရှိ

အသေးစိတ်ကို ထုတ်လွှင့်မှုမစတင်မီ တစ်နာရီမှ နှစ်နာရီအတွင်းရေးသားထားလေ့ရှိသည်။ ထုတ်လွှင့်မှုပါဝင်သော သူများအားလုံးကိုပေးထားသည်။ အကယ်၍ ကြီးကြီးမားမားတစ်ခုခုဖြစ်ပါက အစအဆုံးပြန်လည်ရေးသားနိုင်သည်။ ရိုက်ကူးရေးနေရာအတွင်းတွင် ပါဝင်သောအစိတ်အပိုင်းများ (မိတ်ဆက်၊ စတူဒီယိုအတွင်း တွေ့ဆုံမေးမြန်းမှုများ၊ ချိတ်ဆက်မှုများ စသည်ဖြင့်) နှင့် ထုတ်လွှင့်မှုတစ်ခုလုံးကို ချိတ်ဆက်ပေးသည်။

An example of rundown (pdf)

တင်ဆက်မှုတစ်ခုချင်းစီ၏  ခေါင်းစဥ် သို့မဟုတ် ရိုက်ကူးရေးအဖွဲ့၏ အမည်အောက်တွင် နောက်ခံစကားပြော၏ နောက်ဆုံးစကားလုံး နှစ်ခု သို့မဟုတ် သုံးခုကိုရေးထားပေးသည်၊ သို့မှသာ ထုတ်လုပ်ရေးအဖွဲ့သည် တင်ဆက်မှုတစ်ခုပြီးသည်နှင့် ရိုက်ကူးမည့်နေရာတွင်းသို့ပြန်သွားပြီး တင်ဆက်နေသူထံပြန်သွားရန်အဆင့်သင့်ဖြစ်မည်။ 

သတင်းထုတ်လုပ်မှုကို တည်ဆောက်ထားမှုအမျိုးအစားများ

ချောမွေ့မှုမရှိသည့် သတင်းထုတ်လုပ်မှု။ ။ သတင်းတိုတစ်ခုပြီးသည့်နောက်တွင် အလယ်တွင် ရှည်လျားသော အစိတ်အပိုင်းတစ်ခု ပြီးလျှင် ဇာတ်ညွှန်းအတို သို့မဟုတ် ပြီးဆုံးခါနီးအချိန်တွင် တင်ဆက်မှုတစ်ခု။

အခေါင်းပေါက် သတင်းထုတ်လုပ်မှု။ ။ ရှည်လျားသောသတင်းများကို ထုတ်လုပ်မှုတစ်ခု၏ အစပိုင်းတွင် နှင့် အဆုံးပိုင်းထည့်သွင်းခြင်း။

လှိုင်းတွန့်ပုံစံ သတင်းထုတ်လုပ်မှု။ ။ ထုတ်လုပ်မှုတစ်ခုချင်းစီ၏သည် အနည်းနှင့်အများ အတူတူသာဖြစ်သည်။

ရုပ်ကတ်ချည်းသာပါသော သတင်းထုတ်လုပ်မှု၊ အစအဆုံးတည်းဖြတ်ထားသည်။

အစိတ်အပိုင်းများကို ထပ်ကာထပ်ကာကြေငြာပေးမှုအတိုများဖြင့်သာ ပိုင်းခြားထားသည်။ မိတ်ဆက်သည် ထုတ်လုပ်မှုတွင်းတွင်ပါဝင်ပြီးဖြစ်သည်၊ တခါတရံ ကြည့်ရှုသူသည် ထုတ်လုပ်မှု နှစ်ခုကို ရောထွေးသွားနိုင်သောကြောင့် proximity သက်ရောက်မှုများကို သတိပြုပါ။

သတင်းထုတ်လုပ်တင်ဆက်မှုများတွင် မည်သည်စံနှုန်းများပါဝင်ရမည်နည်း။

များသောအားဖြင့်သတင်းအချက်အလက်ကိုအများဆုံးပေးနိုင်သော ထုတ်လုပ်မှုသည် အစပိုင်းတွင်ဖြစ်ပြီး သူလိုကိုယ်လိုသတင်းများကို နောက်ဆုံးတွင်ထည့်လေ့ရှိသည်။

မတူညီသည့်ပုံစံများသည်လည်းဖြစ်နိုင်သည်။

အတုအယောင်အဖွင့်သည် ရှေ့ဆုံးတွင်ရှိနုိင်သည်။

ရှည်လျားသောအပိုင်းအခြားသည် အလည်တွင် သို့မဟုတ် နောက်ဆုံးတွင်ရှိနိုင်သည်။

သတင်းထုတ်လုပ်မှု၏ ရှေ့ဆုံး သို့မဟုတ် နောက်ဆုံးနှင့် ချိတ်ဆက်နိုင်သည်။

နောက်လာမည့်အရာ။ ။ သတင်းထုတ်လုပ်မှု၏ အလည်တွင်ထွေလာပြသည်။

သတင်းထုတ်လုပ်မှု၏ အဆုံးတွင် ခေါင်းစဥ်များကိုထပ်မံပြောပြသည်။

ရိုက်ကူးရေးနေရာမှ ကမ္ဘာကြီးဆီသို့ပြတင်းဖွင့်ရန်နည်းလမ်းနှစ်သွယ်

  • တင်ဆက်သူကို အဝေးရောက်နေသော သတင်းထောက်များ၊ ကျွမ်းကျင်ပညာရှင်များ သို့မဟုတ် ဧည့်သည်များဖြင့် ဆက်သွယ်ခွင့်ပြုသည့် link up
  • မူလနေရာမှမရွှေ့ပဲ သတင်းပညာဆိုင်ရာ တင်ဆက်မှုနှင့် သတင်းဖြစ်ပွါးသည့်နေရာတွင် အမှန်တကယ်ဖြစ်ပွါးနေသည်များကိုတင်ဆက်ခြင်း။ ထိုအရာသည် နောက်ဆက်တွဲ သတင်းအချက်အလက်များကိုတင်ဆက်မှု၏ အဆုံးတွင် ထည့်သွင်းခြင်း သို့မဟုတ် တိုက်ရိုက်သတင်းတင်ဆက်မှုနှင့် ကွင်းဆင်းသတင်းတင်ဆက်မှုတို့ကို ကူညီရယူပေးခြင်း။