Menu

20.၂၀။ တင်ဆက်ခြင်း။

တင်ဆက်သူသည် သူ၏သတင်းအတွက် တစ်နေကုန် သတင်းအချက်အလက်များကောက်ခံရသည်။ သူသည် ရိုက်ကူးရေးနေရာ၏ စီးကွင့်များကိုပြင်ဆင်ရသည်၊ ဧည့်သည်နှင့် တွေ့ဆုံမေးမြန်းမှု၊ ကော်လံရေးသားသူနှင့် အပြန်အလှန်စကားပြောခြင်း။ သူသည် ဇာတ်ညွှန်းလည်းရေးရသည်။ သတင်းသမားများ ကွင်းဆင်းသတင်းယူရာမှပြန်လာပါက သူတို့သည် တင်ဆက်သူ၏ မိတ်ဆက်တွင် ထည့်ပြောနိုင်ရန်အတွက် သတင်းအချက်အလက်များပေးရသည်။ နောက်ဆုံးတွင် သူသည် ခေါင်းကြီးများ ရေးသားသည်။                

တင်ဆက်သူ၏ မိတ်ဆက် (သိုမဟုတ် ခေါင်းကြီး) တင်ဆက်မှုအတွင်းတွင် spotlight ထည့်ခြင်း

သူ၏ မိတ်ဆက်ကိုရေးရန်အတွက် တင်ဆက်သူသည် သတင်းထောက်များပေးသည့် သတင်း အချက်အလက်များကို အသုံးပြုသည် ထို့နောက် သူ့တွင် တင်ဆက်မှုတစ်ခုလုံးကိုကြည့်ရန်အတွက် အချိန်ရှိသည်။ ဆိုလိုရင်းမှာ

  • ထုတ်လုပ်မှုကို နောက်ခံအကြောင်းအရာတွင်းသို့ထည့်ရန်အတွက် (သမိုင်းကြောင်းနှင့်ဆိုင်သော၊ ပထဝီအနေအထားနှင့်ဆိုင်သော)
  • ထိုထုတ်လုပ်မှုကို မည်ကဲ့သို့ ပြုလုပ်ထားသည်ဟူသည့် သတင်းအချက်အလက်။ ။ သတင်းစာ ရှင်းလင်းပွဲ၊ ဖြစ်ရပ်၊ နှစ်ပတ်လည် သို့မဟုတ် အမှတ်တရနေ့ရက်များ၊ ပြက္ကဒိန်ပေါ်အခြေခံသော သက်ရောက်မှု
  • ရှုထောင့်နှင့် သက်ရောက်မှုကို အထူးပြုခြင်း။ ။ အထူးဖြစ်မှု၊ မူလဖြစ်မှု၊ အချိန်ကိုက်မှု၊ နောက်ဆက်တွဲ

အဆုံးသတ် ပြောပြချက်ဖြင့် နောက်ဆက်တွဲသတင်းအချက်အလက် ထည့်ပေါင်းခြင်း။

ထုတ်လွှင့်မှုအပြီးတွင် တင်ဆက်သူသည်  ထုတ်လုပ်မှုကို ရိုက်ကူးတင်ဆက်နေသည့်နေရာမှ အောက်ပါပြောပြချက်များထည့်ပေါင်းနိုင်သည်။

  • လက်တွေ့ကျသော သတင်းအချက်အလက်များထည့်ပေါင်းခြင်း။ ။ ဖုန်းနံပတ်၊ တည်နေရာ လမ်းညွှန်၊ အချိန်
  • ဤသတင်းနှင့်ပတ်သက်၍ မည်သည့်နောက်ဆက်တွဲ သတင်းတင်ဆက်မှုကို သတင်းခန်းမှ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းကြေငြာခြင်း။
  • အစိတ်အပိုင်းတတစ်ခုကို အဆုံးသတ်ပေးမည့် tag ကိုအမှတ်အသားပြုလုပ်ခြင်း။

သတင်းတင်ဆက်မှု၏အစတွင် ထိပ်တန်းသတင်းများဖြင့်ဖွင့်ခြင်း။

ရုပ်သံသတင်းထုတ်လွှင့်မှုတွင် ထိပ်တန်းရသတင်းများ သို့မဟုတ် အညွှန်းထိုးထားသောရုပ်ပုံနှင့် တင်ဆက်သူ၏ နောက်ခံစကားပြောများသည် သတင်းထုတ်လုပ်မှုတစ်ခုတွင် ၃ခု သို့မဟုတ် ၄ခု ပါဝင်သည်။

  • ပထဦးဆုံးတင်ဆက်သည်ထိပ်တန်းသတင်းသည် အရေးပါမှု အစီစဥ်ကို ညွှန်းဆိုသည်။
  • ထုတ်လွှင့်မှုပြီးသည်အထိ ကြည့်ရှုသူ၏ စိတ်ဝင်စားမှုကို ဖမ်းယူထားနိုင်ရန်အတွက် ထိပ်တန်းရသတင်းများကို ပြောပြရာတွင် ထုတ်လုပ်မှု၏ အဆုံးသတ်တွင် မည်သည့်အကြောင်းအရာကို တင်ဆက်မည်ကို ကြေငြာသည်။ (အနုပညာ သို့မဟုတ် အားကစား)
  • ကြည့်ရှုသူ၏ အာရုံစိုက်မှုကိုရရှိရန်အတွက် သတင်းထုတ်လုပ်မှုတွင် ကြေငြာထားခြင်းမရှိသော အကြောင်းကိုလည်းတင်ဆက်နိုင်သည်၊ ထိုအရာမှာ “ယနေ့အတွက် အချက်အလက်” ကဲ့သို့သော “အတုအယောင် အဖွင့်” ဖြစ်သည် သို့မဟုတ် ကြားဖြတ်သတင်း ဖြစ်သည်။
  • တင်ဆက်မှုကို ထိပ်တန်းရ သတင်းခေါင်းစဥ်များဖြင့်ပိတ်နိုင်သည်။

ထိပ်တန်းသတင်းတစ်ပုဒ်ကို စာကြောင်း နှစ်ကြောင်း သို့မဟုတ် သုံးကြောင်းဖြင့်တည်ဆောက်ထားပြီး သတင်းနှင့် အဆက်မပြတ်ပဲ ထုတ်လုပ်မှုတစ်ခုလုံးကိုသယ်ဆောင်သွားနိုင်သည်။

တင်ဆက်သူသည် အကြောင်းအရာပေါ်တွင် သစ္စာရှိရသော်လည်း စွဲဆောင်နိုင်သော စကားစုများကို ထပ်ကာ ထပ်ကာပြောခြင်းကို ရှောင်ရမည်။  

ခေါင်းကြီး။ ။ အရက်သေစာသောက်စားမှုကြောင့်ဖြစ်ပွါးသည့် ယာဥ်တိုက်မှုအရေအတွက်။ ၁၉၉၈ ခုနှစ်တွင် လူပေါင်း ၈၅၀၀ နီးပါးသေဆုံးခဲ့ရ။ ၁၀နှစ်တာအတွင်းအဆိုးဆုံး။

ခေါင်းစဥ်။ ။ မူးပြီးမောင်းခြင်း၊ ငယ်ငယ်ရွယ်ရွယ်ဖြင့် ကားမောင်းခြင်း။

အဖွင့်။ ။ “မြန်မာနိုင်ငံတွင် အရက်သေစာသောက်စားပြီး ယာဥ်မောင်းမှုကြောင့် နေ့စဥ် လူ၂၃ ဦးသေဆုံး နေရသည်။ အစိုးရပိုင်းတာဝန်ရှိသူများကလည်း ထိုကဲ့သို့သေဆုံးမှုများမြင့်တက်လာမှုကို အာဏာပိုင်များမှ လည်းစိုးရိမ်နေကြပြီး အရင်နှစ်များထက် ၅.၆ ရာခိုင်နှုန်းထိမြင့်တက်လာနေသည်။ သေဆုံးမှုတွင် အသက် ၁၈ နှစ်မှ ၂၄ နှစ် အတွင်းလူငယ်လူရွယ်များအများဆုံးဖြစ်သည်။ ယာဥ်တိုက်မှုကြောင့်သေဆုံးမှုသည် သေဆုံးမှုများထဲတွင် အမြင့်ဆုံးဖြစ်သည်။ သေဆုံးသွားစေနိုင်သည့် စက္ကန့်အနည်းငယ်တွင်းတွင် လူငယ်အမြောက်အများ၏ အနာဂတ်များပျက်ဆီးသွားသည်။”

နောက်ခံစကားပြော။ ။ “မောင်မျိုးသူ၏ ဘဝသည် မတ်လ ၁၅ ရက်နေ့တွင် ပြောင်းပြန်လန်သွားခဲ့သည်။ ထိုနေ့တွင် သူသည် တိုက်ပြီးထွက်ပြေးသူများ၏ သားကောင်ဖြစ်ခဲ့ရသည်။…”