Menu

21.၂၁။ သတင်းတင်ဆက်မှု၏ ကျချိန်

သတင်းများ၏ အသက်နှင့် သေဆုံးချိန်သည် အနည်းနှင့်အများမြန်ြမန်ဆန်ဆန်ဖြစ်ေပါ်နေသည်ဟု ထုတ်လွှင့်နေသည့် မီဒီယာများထံမှသိရသည်။ သတင်းခန်းသည် သတင်းတစ်ခု၏ ကျချိန်ကို တူညီသည့် သတင်းအချက်အလက်များ update လုပ်ခြင်း၊ ထုတ်လွှင့်မှု နယ်ပယ်အမျိုးမျိုးအတွက် နောက်ဆက်တွဲ သတင်းများကို ဒေသတွင်းမှစ၍ နိုင်ငံတကာထိရယူခြင်းတို့ဖြင့် ရွေးချယ်ပြင်ဆင်နေကြသည်။ websites များနှင့် မိုဘိုင်းဖုန်းများကြောင့် သတင်းထုတ်လွှင့်မှုပြီးသည့်အချိန်အထိ သတင်းထုတ်လုပ်မှုများဆက်ရှိနေ ကြသည်။ ထိုအရာများကြောင့် သတင်း၏ သက်တမ်းနှင့် ပရိသတ်ကို တိုးပွါးလာစေသည်။

တွေ့ဆုံမေးမြန်းမှုများကို ပြန်လည်အသုံးပြုခြင်း။

ထုတ်လွှင့်မှုပြီးသည်နှင့် သတင်းထုတ်လုပ်မှုသည် သေဆုံးမသွားချေ။ သင်အသုံးပြုနိုင်သော သတင်းအလားအလာများရှိသည်။

  • တွေ့ဆုံမေးမြန်းမှုအတွင်းရရှိခဲ့သည့် နိုင်ငံရေးသမားများ၏ ကတိစကားများ ကဲ့သို့သော သတင်းအချက်အလက်ကို နောင်ရက်အနည်းငယ်အကြာ၊ လအနည်းငယ်အကြာ သို့မဟုတ် နှစ်အနည်းငယ်အကြာတွင် နောက်ဆက်တွဲသတင်းများဆက်လုပ်နိုင်သည်။ ထိုအရာသည် ပုံနှိပ်သတင်းများတွင် “ပြောစကား”ကို အသုံးပြုခြင်းကဲ့သို့ဖြစ်သည်။
  • တွေ့ဆုံမေးမြန်းမှုသည် သင်ရွေးချယ်ဖြတ်တောက်လိုက်သော စက္ကန့် ၂၀ စာသာ ရှိနေခြင်းမဟုတ်ပါ။ သင့်အနေဖြင့် သင့်သတင်းဌာန၏ website ပေါ်တွင် ပို၍ ရှည်လျားသော အပိုင်းတစ်ခုအဖြစ် တင်ထားနိုင်သေးသည်။

သတင်းတိုများ၏ အကျချိန်များ

ထုတ်လုပ်မှုကို သတင်းတိုများပေါင်းစည်းခြင်းဖြင့် ပြည့်စုံအောင်ပြုလုပ်နိုင်သည်။ ဖြစ်ရပ်တစ်ခုကို ဖွံ့ဖြိုးတိုးတက်လာနိုင်သည်ဟု မျှော်လင့်နိုင်သော်လည်း မထင်မှတ်ထားသည်များလည်းဖြစ်လာနိုင်သည်။ ယခင်သတင်းတင်ဆက်မှုများနှင့် ရပ်တည်ချက်တစ်ခုသည် ဆန့်ကျင်ဘက်လည်းဖြစ်သွားနိုင်သည်။ ထုတ်လုပ်မှုတစ်ခု၏ ကျချိန်တိုင်းတွင် သတင်းသမားသည် အနေအထားပြောင်းသည့်ပုံစံဖြင့် အနှစ်ချုပ် သတင်းပြုလုပ်ရမည်။

ထုတ်လွှင့်မှုနယ်ပယ်၏ အကျချိန်များ

ရုပ်သံသတင်းနယ်ပယ်တွင် သတင်းသည် မြို့ရွာတွင်း၊ ဒေသတွင်း၊ နိုင်ငံတွင် နှင့် နိုင်ငံတကာ သတင်းတိုများအကြားတွင် ကျလာသည်။ သင်၏ ပရိသတ်အတွက် သင်သည် သတင်းအချက်အလက်များ ကိုပေါင်းထည့်နိုင်ရမည် သို့မဟုတ် အသုံးမဝင်သည့် အစိတ်အပိုင်းအသေးအဖွဲများကိုဖျက်ပစ်ရန်လိုအပ် သည်။ ကျချိန်တွင် သင်၏ နောက်ခံစကားပြောကိုပြင်ဆင်ရေးသားခြင်း၊ ထုတ်လုပ်မှုကို ပြန်လည် တည်းဖြတ်ခြင်း၊ သို့မဟုတ် ထုတ်လုပ်မှု၏ နောက်ခံအကြောင်းအရာကို ပိုမို ခြုံငုံမိစေရန်အတွက် ရှင်းလင်းဖော်ပြချက်များထည့်သွင်းခြင်း တို့ကိုပြုလုပ်နိုင်သည်။

၃၆၀ ဒီဂရီ သတင်းအချက်အလက်နှင့် ကမ္ဘာ့မီဒီယာ

ယခုခေတ်တွင် ရုပ်သံ ကွန်ယက်များသည် အချိန်နှင့်တပြေးညီ update ဖြစ်သော website တိုက်ရိုက်သတင်းထုတ်လုပ်မှုများ၊ ကြားဖြတ်သတင်းများ၊ မိုဘိုင်းဖုန်းမှတဆင့် အသိပေးချက်များ စသည်ဖြင့် ထုတ်လွှင့်မှု ပလက်ဖောင်းအမျိုးမျိုးကို ပိုင်ဆိုင်လာကြသည်။ သင့်အနေဖြင့် တူညီသည့် သတင်းထုတ်လွှင့်မှုကို အမျိုးမျိုးသော ပလက်ဖောင်းများတွင်စီမံခန့်ခွဲရသည်။ ကြားဖြတ်သတင်းများကို သတင်းထုတ်လုပ်နိုင်ခြင်းမပြုနိုင်မီ website ေပါ်တွင်တင်နိုင်သည်။ သတင်းအချက်အလက်များကို ပေါင်းကူးပေးနေသည့် ထိုထုတ်လွှင့်မှု အမျိုးမျိုးကို အသုံးချသင့်သည်။

သတင်းခန်းတွင်းရောက် အသစ်တစ်ယောက်။ ။ မီဒီယာ မန်နေဂျာ

ယနေ့ခေတ်တွင် ထုတ်လုပ်မှုများ သို့မဟုတ် အကြမ်းထည်များ ကိုပေးပို့ခြင်းသည် ထိုသတင်းကို ထုတ်လုပ်မည့် သတင်းသမား၏တာဝန်ဖြစ်သည်။ ဒစ်ဂျစ်တယ်နည်းပညာများတိုးတက်လာမှုနှင့် online ေပါ်တွင် ထားသိုသိမ်းဆည်းထားနိုင်မှုကြောင့် မီဒီယာ မန်နေဂျာ သည် ထုတ်လုပ်မှုတိုင်းတွင် တာဝန်ရှိသူဖြစ်လာသည်။ မန်နေဂျာသည် ဆာဗာအတွင်းသို့ ဝင်ရောက်လာသည့်၊ ပြန်ထွက်သွားသည့် လမ်းကြောင်းများကို စီမံသည်။ သူသည် ပြည့်ဝလာရမည့် သတင်းထုတ်လုပ်မှုများ၏ လမ်းကြောင်းကို စီစဥ်ညွှန်ကြားသည်။ ထို့ကြောင့် သူသည် တူညီသည့်သတင်းအချက်အလက်များသည် အမျိုးမျိုးသော သတင်းတိုများ အဖြစ်ကျဆင်းသွားနိုင်သည်ကို ဆုံးဖြတ်သည်။ မီဒီယာ မန်နေဂျာ တစ်ယောက်အနေဖြင့် (သို့မဟုတ် ခလုတ်ကိုင်) သူ၏အလုပ်ကိုကောင်းမွန်စွာလုပ်ဆောင်နိုင်ရန်အတွက် သူ့ကိုယ်သူ မေးခွန်း နှစ်ခုမေးရန်လိုအပ်သည်။

  • ထုတ်လုပ်မှုသည် သတင်းတိုအဖြစ်စဥ်ဆက်မပြတ်ထုတ်လွှင့်မည်လား။ တင်ဆက်မှုသည် ပရိသတ်၏စိတ်ဝင်စားမှုနှင့်ကိုက်ညီမှုရှိသလား။ မည်ကဲ့သို ့တိုးတက်အောင်ပြုလုပ်နိုင်သနည်း။
  • ထုတ်လုပ်မှုသည် သတင်းတိုများအဖြစ်ကျဆင်းနေပါက နားလည်ရန်ဖြစ်နိုင်သေးပါသလား။ ရှေးဦးစွာပြောပြခဲ့သည့်နောက်ခံအကြောင်းအရာအပြင် မည်သည့် နောက်ဆက်တွဲသတင်း အချက်အလက်များကို ထည့်သွင်း၍ ထုတ်လွှင့်နိုင်ပါသေးသလဲ။