Menu

23.၂၃။ သတင်းခန်းတစ်ခုကိုစီမံခန့်ခွဲခြင်း။

သတင်းခန်း စီမံခန့်ခွဲသူသည် သတင်းခန်းတွင်းရှိသူများ၏ ပုဂ္ဂလနှင့် အလုပ်သဘာဘဝများကို ခြားထားသည့် မျဥ်းများမရှိဟုထင်မှတ်ရအောင်ပြုလုပ်ပြီး ထုတ်လုပ်မှုကို အရေအတွက်ဖြင့်တိုင်းတာခြင်း မဟုတ်ချေ။ သတင်းခန်းတွင်းတွင် ဦးဆောင်သူသည် ကျွမ်းကျင်သူဖြစ်ပြီးတစ်ခါတစ်ရံ ဖာသာတစ်ယောက်ဖြစ်သည်။

သတင်းခန်းစီမံခန့်ခွဲသူသည် အကြီးတန်း သတင်းထောက်ဖြစ်သည်။

သူသည် သတင်းထုတ်လုပ်မှုတွင်ကျွမ်းကျင်သူဖြစ်သည်။ သူသည် ထုတ်လုပ်မှု၏ ရုပ်ကတ်များ၊ ပုံစံနှင့် အကြောင်းအရာ၏ သတင်းအချက်အလက်ပေးနိုင်မှုအရည်အသွေးနှင့် သတင်းစည်းမျဥ်းများနှင့် ကိုက်ညီမှုရှိမရှိ အကဲဖြတ်နိုင်သည်။

သူသည် အကြီးတန်း စီမံခန့်ခွဲသူဖြစ်သည်။

သူသည်သတင်းထောက်များနှင့် ကျွမ်းကျင်သူများကို ထုတ်လွှင့်မှုအတွက် ထုတ်လုပ်မှုများပြုလုပ်အောင် စုစည်းနိုင်သည်။ သူသည် သတင်းအဖွဲ့များဖွဲ့ပေးပြီး သတင်းဆိုင်ရာမျဥ်း ပေါ်တွင် ထုတ်လုပ်မှုကို တာဝန်သိစွာ ဂရုပြုနိုင်ပြီး ထုတ်လုပ်မှုကို မှန်မှန်ကန်ကန်ဖြစ်စေသည်။ သူသည် ဦးဆောင်မှုနှင့် သတင်းအဖွဲ့များကို စီမံရာတွင် ကျွမ်းကျင်သကဲ့သို့ စည်းမျဥ်းများနှင့် တားမြစ်ချက်များ သို့မဟုတ် ထုတ်လုပ်မှုတွင် ကျွမ်းကျင်သူဖြစ်သည်။

ဤသည်မှာသူ၏ နယ်ပယ်အတွင်းလုပ်ကိုင်နိုင်စွမ်းနှင့် ကျွမ်းကျင်မှုဖြစ်သည်။