Menu

24.၂၄။ တာဝန်ယူမှုရှိသော သတင်းစာပညာ

သတင်းသမားသည် ကွင်းဆင်းသတင်းရယူရသည့်အချိန်တိုင်းတွင် တာဝန်ခံမှုရှိရသည်။ သူသည် သူ၏ ကိုယ်ပိုင်မဟုတ်သော ရုပ်ပုံများ၊ အသံများ၊ စကားလုံးများနှင့် ပြောစကားများကို ဖမ်းယူရသည်။ သူသည် လူမှုဝန်းကျင်အတွင်းတွင်ရှိသော သတင်းအချက်အလက်များကို ရိုက်ကူးပြီး ထုတ်လွှင့်နိုင်သော်လည်း လူတိုင်း၏ privacy နှင့် လူတိုင်းတွင် မိမိနှင့်သက်ဆိုင်သည့် ရုပ်ပုံများအပေါ်အခွင့်အရေးရှိကြောင်း သိရှိထားသည်။ ယျေဘုယစိတ်ဝင်စားမှုများသည် အန္တရယ်တွင်းကျရောက်တော့မည့်အချိန်တိုင်း သူသည် လည်းစွန့်စားရန်နောက်မတွန့်သင့်ချေ။ ဤသည်မှာ ဒီမိုကရေစီလူမှုအသိုက်အဝန်းအတွင်း သတင်းစာပညာ၏ အခန်းကဏ္ဌဖြစ်သည်။

  • ရိုက်ကူးနေသည့်နေရာ၏ အခြေအနေကို ကောင်းမွန်စွာသိရှိထားပါ။ ထိုနေရာသည် အများပြည်သူနှင့် ဆိုင်သည့်နေရာ သို့မဟုတ် တစ်ဦးတစ်ယောက်ပိုင်နေရာလား ဆုိသည်ကို စစ်ဆေးပါ။
  • သင်ဆက်သွယ်ထားသည့်သူများ၏ စိတ်ဆန္ဒကို ဆန့်ကျင်၍ ရိုက်ကူးခြင်းကို မည်သည့်အချိန်တွင်မျှ အပြုလုပ်ပါနှင့်။ စိတ်ရှည်ပြီး ရိုက်ချက်ကောင်းတစ်ခုရရန်အတွက် ယုံကြည်မှုရှိပါ။
  • လျှို့ဝှက်ကင်မရာဖြင့်ရိုက်ကူးခြင်းကို အခြားနည်းလမ်းများလုံးဝမရှိတော့သည့် အချိန်တွင်မှပြုလုပ်ပါ။ အကယ်၍ တစ်စုံတစ်ယောက်က သတင်းသမားကို တရားစွဲဆိုလျှင် သူတွင် အားလုံးကို အသိပေးရန်နှင့် ထိုအခြေအနေသည် တစ်ဦးတစ်ယောက်၏ အခွင့်အရေးထက် အများပြည်သူနှင့်ဆိုင်သည့်အရာဖြစ်ကြောင်းသက်သေပြပါ။
  • သင်၏ သတင်းရင်းမြစ်ကို မည်သည့်အချိန်တွင်မျှငွေကြေးတစ်စုံတစ်ရာမပေးပါနှင့်၊ မသက်သာသည့် အခြေအနေတွင်လည်း သတင်းထုတ်လုပ်မှုတန်ဖိုးထက်အလွန်နည်းသော ပမာဏသာပေးပါ။ ထိုအခြေအနေတွင် ရိုးရှင်းပြီး စျေးမကြီးသောလက်ဆောင်သာပေးပါ၊ သေးငယ်သော အာရုံစိုက်ပေးမှုသည် သင်၏ သတင်းစာပညာရပ်ပေါ်တွင် အမှီအခိုကင်းမှုကို မထိခိုက်နိုင်ပါ။
  • ထုတ်လွှင့်ခြင်းမပြုမီ သို့မဟုတ် အမည်မဖော်လိုကြောင်းပြောပါက သတင်းရင်းမြစ်ကို လိမ်ညာ၍ တင်ဆက်ခြင်း မည်သည့်အချိန်တွင်မျှမပြုလုပ်ပါနှင့်။

သတင်းသမားသည် ငွေကြေး သို့မဟုတ် မည်သည့်အကျိုးခံစားခွင့်မျိုးကိုမှ သူ၏ သတင်းရင်းမြစ် သို့မဟုတ် သတင်းတွင်ပါဝင်သူများထံမှ လက်ခံခြင်းမပြုရပါ။

အပျော်တမ်းသမားများ၏ ရိုက်ချက်လား

ငလျင် သို့မဟုတ် အကြမ်းဖက်တိုက်ခိုက်မှုများကဲ့သို့သော စိတ်ခြောက်ခြားဖွယ် ဖြစ်ရပ်အခြေအနေများတွင် ထိုအခြေအနေကို ဖုန်း သို့မဟုတ် ကင်မရာဖြင့် ရိုက်ကူးမိလိုက်သူများကို ရှာဖွေပါ။ သတိပြုရန်- မည်သည့်နေရာမှ ထိုရိုက်ကူးမှုကိုရသလဲ၊ ပေးသည့်သူနှင့်လည်း အဆက်သွယ်မပြတ်စေရန်နေပါ။ အကယ်၍ ထိုရိုက်ကူးမှုသည် အမှန်တကယ်ဖြစ်ပွါးခဲ့ခြင်းမဟုတ်သည့်အရာဖြစ်ပါက သင်သည် စစ်ဆေးရန် ပျက်ကွက်ခဲ့ခြင်းကြောင့် တာဝန်ခံမှုရှိရမည်။

သင်၏ သတင်းရင်းမြစ်ကို ကာကွယ်ရန်အတွက် European Human Rights Convention ၏အပိုဒ် ၁၀ တွင် ဖော်ပြထားသည်။