Menu

01.၁။ သတင်းစောင့်ကြည့်ခြင်း။

အင်တာနက်သည် သတင်းသမားများအတွက် အရင်းမြစ်ေပါင်းစုံထောက်ပံ့ပေးပါသည်။ ထိုရင်းမြစ် အမြောက်အများထဲမှ သင့်လမ်းကိုရှာတွေ့ရန် သင်သည်သတင်းများကိုစောင့်ကြည့်ရန်လိုအပ်သည်။ ဤနည်းဖြင့်သင်သည် စဥ်ဆက်မပြတ်စီးဆင်းနေသော သတင်းများထဲမှ အသုံးအတည့်ဆုံးသတင်းကို ဆွဲထုတ်နိုင်ပေမည်။ Web ေပါ်တွင် သင့်အတွက်မလိုအပ်သောအရာများကို ဖယ်ထုတ်နိုင်သည့် နည်းလမ်းများစွာရှိပါသည်။ သို့သော်ထိုသို့ပြုလုပ်ခြင်းသည် အချိန်အလွန်ယူပြီး ကျိုးကြောင်း ဆီလျော်အောင် အသုံးပြုနိုင်ပါသည်။

သတင်းစောင့်ကြည့်ခြင်းဆိုတာဘာလဲ။

သတင်းစောင့်ကြည့်ရာတွင် အသုံးပြုနိုင်သည့် နည်းလမ်းများသည် သင့်ကို အလိုအလျောက်နှင့် စဥ်ဆက် မပြတ် အကြောင်းအရာတစ်ခု သို့မဟုတ် အမြောက်အများနှင့်ဆက်စပ်သော သတင်းများကို စစ်ထုတ်ပေး နိုင်သည်။ ထိုနည်းလမ်းများ၏ ရည်ရွယ်ချက်မှာ

  • သင့်ကိုမြန်နိုင်သမျှအမြန်ဆုံး နောက်ဆုံးပေါ်အကြောင်းအရာများပေးခြင်း။
  • သတင်းကြီးဖြစ်ပွါးမည့်အချိန်အတွက် သင့်ကိုပြင်ဆင်ခွင့်ပေးခြင်း။
  • သတင်းအပေါ်တုံ့ပြန်နိုင်ရန်ကြိုတင်ခန့်မှန်းထားစေနိုင်ခြင်း။

သင်သတင်းများစောင့်ကြည့်ရန်အသုံးပြုထားသည့် နည်းလမ်းများကို အနည်းဆုံးတစ်နေ့တစ်ခါ (မနက်ပိုင်းတွင်) သို့မဟုတ် နှစ်ခါ (မနက်နှင့် နေ့လည်တွင်) ကြည့်ရှုစစ်ဆေးသင့်သည်။

နည်းလမ်းကောင်းတချို့ကဘာတွေလဲ။

သတင်းစောင့်ကြည့်ခြင်းပြုလုပ်နိုင်သည့် မတူညီသည့်နည်းလမ်းကောင်းများစွာရှိပါသည်။ e-mail ထောက်ပံ့ ပေးသည့် ကုမ္ပဏီအများစုတွင် ၎င်းတို့ကိုယ်ပိုင် အချက်ပေးစနစ်များရှိသည်။ သင့်အနေဖြင့် တိကျသော အဓိကစကားလုံးများပါဝင်သည့် စကားလုံးများဖြင့် စိတ်ကြိုက်ထည့်သွင်းပြီး အချက်ပြစနစ်ကို ထည့်သွင်း နိုင်သည်။ ဥပမာအနေဖြင့်သင်သည် ရဝန်ဒါနိုင်ငံ၏ လူမျိုးတုံးသတ်ဖျက်မှုနှင့်ပါတ်သက်သော သတင်းများကို ရယူလိုသည် ဆိုပါစို့၊ ထိုအခြေအနေတွင် ရဝန်ဒါ ကို တိကျသည့် အဓိကစကားလုံးအဖြစ် မထည့်သွင်းသင့်ပါ။ ထိုအစား လူမျိုးတုံးသတ်ဖြတ်မှု + ရဝန်ဒါ ဟုထည့်သွင်းထားသင့်သည်။ အကြံပေးလိုသည်မှာ ဤနည်းကို အလွန်အကျွံအသုံးမပြုရန်ဖြစ်သည်၊ အချက်ပြစေလိုသည့် အဓိကစကားလုံး ၁၀ လုံးထက်မပိုစေဘဲ မနက်ခင်းတိုင်းတွင် သင်စိတ်ဝင်စားသော အကြောင်းအရာနှင့် ပါတ်သက်သောနောက်ဆုံးရသတင်းကို ရရှိရန် အဖွင့်အပိတ်လုပ်ပေးသင့်သည်။

သတင်းစုဆောင်းပေးမှုများသည်လည်းအသုံးဝင်သည်။ Netvibes နှင့် Google Reader သည် သင်၏ ကိုယ်သတင်းသုံးသပ်ချက်များ ဖန်တီးရန်အတွက် လွယ်ကူစွာအသုံးပြုနိုင်သည်။ သင့်အနေဖြင့် သင်စိတ်ဝင်စားသော အကြောင်းအရာနှင့်ပါတ်သက်ကို RSS feed ပေးပို့ရန်တောင်းဆိုထားနိုင်သည်။ မျက်စိ တစ်မှိတ်အတွင်း သင်အကြိုက်ဆုံးသတင်းဝက်ဆိုက်ေပါ်မှ သတင်းများကို ရယူနိုင်သည်။ ထိုကဲ့သို့ ပေးပို့မှုအမြောက်အများကို တောင်းဆိုခြင်းမပြုပါနှင့်၊ သင်၏ ဝေဖန်ပိုင်းခြားမှုကို အသုံးပြုပြီး အရေးကြီးဆုံးကိုသာ တောင်းဆိုထားပါ။

နောက်ဆုံးအနေဖြင့်  Twitter သည်လက်ရှိဖြစ်ပွါးနေသော အကြောင်းအရာများ၊ ဆွေးနွေးချက်များနှင့် စကားရည်လုပွဲများကို ချက်ချင်းသိနိုင်သော အသုံးအတည့်ဆုံးလူမှုကွန်ယက်ဖြစ်သည်။ မိုက်ကယ်ဂျက်ဆင် ၏သေဆုံးမှု သို့မဟုတ် အိုစမာဘင်ဘာဒင်ကို ဖြိုခွင်းမှု စသည့်သတင်းများသည် ထိုနေရာတွင် ပထမဦးဆုံး တက်လာခြင်းဖြစ်သည်။

စိတ်ကြိုက်ဘယ်လိုပြင်ဆင်မလဲ။

လူတိုင်းသည် သူတို့ကိုယ်ပိုင် အဖွဲ့အစည်းဆိုင်ရာစနစ်ကို ပြုလုပ်နိုင်သည်။ သို့သော် နည်းလမ်းနှစ်ခုကို အသုံးများသည်။

ပထမဦးစွာသင်သည် အကြောင်းအရာအမျိုးအစားအလိုက်၊ ရုပ်သံ၊ ရေဒီယို၊ သတင်းစာ၊ pure players သို့မဟုတ် သမရိုးကျ ဝက်ဆိုက်များအလိုက်အစီအစဥ်ပြုလုပ်နိုင်သည်။ သို့မဟုတ် သင်စိတ်ဝင်စားသည့် အကြောင်းအရာအလိုက်လည်း စီစဥ်နိုင်သည်။

ဒါတွေကို ဘယ်တော့အသုံးပြုရမလဲ။

သင်၏ သတင်းစောင့်ကြည့်သည့်နည်းလမ်းများကို နေ့စဥ်စစ်ဆေးသင့်သည်၊ အနည်းဆုံး မနက်တွင် တစ်ကြိမ်စစ်ဆေးသင့်သည်။ မကြာခဏဆိုသလို သင်အချိန်ရသည့်အခါတိုင်း မနက်ခင်း၊ နေ့ခင်းနှင့် ညအချိန်များတွင် စစ်ဆေးသင့်ပြီး တစ်ကြိမ်စစ်တိုင် ၁၀ မိနစ်မှ မိနစ် ၃၀ ကြာစစ်ဆေးသင့်သည်။ ထိုသို့ ပြုလုပ်ခြင်းသည် သင်အလုပ်လုပ်ချိန်၏ ၁၀ မှ ၁၅ ရာခိုင်နှုန်းအထိယူနိုင်သည်။