Menu

10.၁၀။ ဓာတ်ပုံဝေမျှခြင်းဆိုင်ရာအရင်းအမြစ်များ အသုံးပြုခြင်း။

သတင်းတစ်ခုကို ပုံဖော်ပြောပြရာတွင် စာသားများအသုံးပြုပြီးပါက အများအသုံးပြုမှုအရှိဆုံး ကြားခံနယ်မှာ ရုပ်သေများဖန်တီးခြင်းနှင့် အသုံးပြုခြင်းဖြစ်သည်။ အွန်လိုင်းပေါ်တွင် ရယူနိုင်သည့် အရင်းမြစ်ပေါင်းများစွာ ရှိသော်လည်း အချို့ကိုသာ အခမဲ့အသုံးပြုနိုင်ပြီး ထိုအချို့သည်လည်း အခမဲ့ဖြစ်ရန်မလိုအပ်ချေ။

ဝေမျှခြင်းပြုလုပ်နိုင်သည့် ပလပ်ဖောင်းများတွင် ဓာတ်ပုံများရှာဖွေခြင်း။

ဓာတ်ပုံများဝေမျှခြင်းပြုလုပ်နိုင်သည့် ပလပ်ဖောင်းများစွာရှိသည့်အနက် လူသိအများဆုံးမှာ FlickR, PicasaWeb, Photobucket, Zooomr, Fotolia တို့ဖြစ်သည်။ ထိုပလက်ဖောင်းအချို့တွင် ဓာတ်ပုံများကို အခမဲ့အသုံးပြုခွင့်ပေးထားသည်များရှိသော်လည်း အချို့တွင် ဝယ်ယူမှသာလျှင်အသုံးပြုနိုင်သည်။ ကျွနု်ပ်တို့၏ အလုပ်သည်သတင်းအချက်အလက်များကို ရောင်းချရခြင်းဖြစ်ရာ ထိုဓာတ်ပုံများကို အသုံးပြုခြင်းနှင့်ရောင်းချခြင်းဆိုင်ရာ မူပိုင်ခွင့်ဥပဒေများကို လေးစားသင့်ပေသည်။ ဓာတ်ပုံပိုင်ရှင်များထံမှ ပုံများကိုခိုးယူသုံးစွဲခြင်းမပြုလုပ်ပါနှင့်၊ အဆုံးတွင် သူတို့သည် သင့်ကိုရှာဖွေတွေ့ရှိမည်သာဖြစ်ပြီး သင့်ကိုယ်သင် ပြန်ဖြေရှင်းရန်အတွက် တောင်းဆိုပါလိမ့်မည်။ အကယ်၍ သင်သည် ငွေကြေးအသုံးပြုရန် မတတ်နိုင်ပါက အခမဲ့အသုံးပြုနိုင်သည့် အရည်အသွေးကောင်းသည့် ပုံများလည်းရှိပါသည်။

CREATIVE COMMONS

FlickR သည် ဝက်ဆိုက်အသုံးပြုသူများအကြားဝေမျှနိုင်သည့် ဝက်ဆိုက်များထဲမှတစ်ခုဖြစ်ပြီး သူတို့၏ ထုတ်လုပ်မှုသည် Creative Commons လိုင်စင်အောက်တွင်ရှိသည်။ ထိုလိုင်စင်တွင် အမျိုးအစား ခြောက်မျိုးရှိပြီး ပိုင်ရှင်ကို အသိအမှတ်ပြုဖော်ပြပေးပြီး အခမဲ့အသုံးပြုနိုင်မှုမှစ၍ ဓာတ်ပုံကိုတည်းဖြတ်ခွင့် မပြုဘဲအသုံးပြုနိုင်မှုထိပါဝင်သည်။

ထိုစနစ်အပြင် ကမ္ဘာ့နေရာအနှံ့အပြားတွင် မူပိုင်ခွင့်ဥပဒေကို အသုံးပြုကြသည်၊ ပိုင်ရှင်သည် သင် အသုံးပြုရန်အတွက် အချိန်နှင့် နေရာကိုကန့်သတ်ပြီး ခွင့်ပြုချက်ပေးနိုင်သည်၊ သင့်အနေဖြင့်လည်း အသုံးပြုနိုင်ရန်အတွက် အခကြေးငွေပေးရမည်ဖြစ်သည်။

Creative Commons အကြောင်းဆက်ပြောကြပါစို့။ FlickR တွင် Explore ဟူသည့် tab သည် Creative Commons နှင့်ဆိုင်သည့် ရွေးချယ်စရာများကို ပြသည်။ ထိုအရာကိုရွေးချယ်လိုက်ပါက CC လိုင်စင်အောက်တွင်ရှိသော ဓာတ်ပုံ သန်းပေါင်းများစွာကို ရယူနိုင်သည်။ ပထမ အမျိုးအစား (Attribution 2.0 Generic, or CCby-2.0) တွင် ဝင်ရောက်ကြည့်ရှုပါက ထိုတွင် တွေ့ရသည့်ပုံများကို သင်အသုံးပြုနိုင်ပြီး သင်ရွေးချယ်ထားသော ပုံကိုလည်းတည်းဖြတ်ခွင့်ရှိသည်။

ဓာတ်ပုံများကို တည်းဖြတ်ခြင်း

သင်ရွေးချယ်ရယူထားသည့်ပုံကို တည်းဖြတ်နိုင်ကြောင်းအတည်ပြုပြီးပါက သင်ပြောပြလိုသည့် အကြောင်းအရာနှင့် သင့်လျော်ကိုက်ညီမှုရှိအောင် တည်းဖြတ်သည့် ဆော့ဝဲများအသုံးပြုနိုင်သည်။ သင့်ကွန်ပြူတာထဲတွင် ထိုကဲ့သို့ ဆော့ဝဲမျိုးပါကောင်းပါပြီးဖြစ်နိုင်သည် သို့မဟုတ် အင်တာနက်မှ အခမဲ့ဖြစ်သော Paint.net သို့မဟုတ် GIMP တို့ကိုရယူနိုင်သည်။

GIMP သည် အပြည့်စုံဆုံးဖြစ်နိုင်သည်။ ထိုဆော့ဝဲသည် သင့်ပုံကို အရွယ်အစားပြောင်းလဲပေးနိုင်သည်၊ အရွယ်အစားကြီးသည့် ဓာတ်ပုံများသည် ကြည့်ရှုနိုင်ရန်အတွက် အချိန်ပိုယူသည်။ အောက်ပါတို့မှာ သင်မည်ကဲ့သို့ပြုလုပ်နိုင်သည်ကို ဖော်ပြခြင်းဖြစ်သည်။

၁။ Image ဟူသည် tab တွင် “Scale image” ကိုရွေးချယ်ပါ။

၂။ အနံနှင့်/သို့မဟုတ် အမြင့်ကို ပြင်ဆင်ပြောင်းလဲပါ (ပုံ၏ အရွယ်အစားသည် အလိုအလျောက် ပြောင်းလဲပြီး ၎င်း၏ အချိုးအရွယ်အစားကို ထိန်သိမ်းထားနိုင်မည်)

၃။ အရွယ်အစားကို သင်ရွေးချယ်ပြီးပါက ရလဒ်ကို သိရှိရန် “Scale” ကိုရွေးချယ်ပါ။ ထို့နောက်သင်၏ ဓာတ်ပုံကိုသိမ်းဆည်းပါ။ (File)

သင်သိရှိထားရန်မှာ မိုဘိုင်းဓာတ်ပုံတစ်ပုံအတွက် ပုံမှန်ဖုန်းမျက်နှာပြင်၏အရွယ်အစားမှာ ၃၂၀ pixels laptop မှာ ၁၀၂၄ pixel ဖြစ်ပြီး ပိုမိုကျယ်ပြန့်သည့် မျက်နှာပြင်အတွက် အရွယ်အစားမှာ ၁၄၄၀ pixels ဖြစ်သည်။ အင်တာနက်ပေါ်တွင် ကောင်းမွန်သည့် အနံမှာ ၆၀၀ နှင့် ၈၀၀ pixels ကြားဖြစ်သည်။