Menu

11.၁၁။ အသံဖြင့် တွေ့ဆုံမေးမြန်းမှုများ။

အသံသည် အင်တာနက်၏တုံ့ပြန်နိုင်စွမ်းနှင့် ပြီးပြည့်စုံစွာ အံဝင်ဂွင်ကျဖြစ်သော ကိရိယာဖြစ်သည်။ စီးဆင်းနေသည့် မီဒီယာတစ်ခုဖြစ်သည့် အင်တာနက်သည်လည်း အတွေ့အကြုံများဝေမျှရာနေရာဖြစ်သည်။ ဤသည်မှာ ရေဒီများတွင်အများဆုံးတွေ့ရပြီး သောတရှင်များ၏ ပါဝင်မှုသည် အောင်နိုင်ရန်အတွက် သော့ချက်ဖြစ်သည်။

ဖုန်းလား အသံဖမ်းကိရိယာနဲ့လား။

တွေ့ဆုံမေးမြန်းမှုတစ်ခုပြုလုပ်ရန်အတွက် အကောင်းဆုံးအခြေအနေမှာ မျက်နှာချင်းဆိုင်ပြုလုပ်ခြင်း ဖြစ်သည်။ သို့သော်လည်း မကြာခဏဆိုသလို အရေးပေါ်အခြေအနေကြောင့်ဖြစ်စေ သို့မဟုတ် သင်သည် အဝေးရောက်နေခြင်းကြောင့်ဖြစ်စေ တွေ့ဆုံမေးမြန်းမှုကို ဖုန်းဖြင့်သာ ပြုလုပ်လိုက်ရသည့် အခြေအနေများ ရှိသည်။ ဤအခြေအနေမျိုးတွင် သင်၏ ကွန်ပြူတာကို အသံဖမ်းကိရိယာအနေဖြင့် အသုံးပြုခြင်းသည် အကြံကောင်းဖြစ်သည်။ Skype သည်လည်း လူသိများသည့် ဆော့ဝဲတစ်ခုဖြစ်သော်လည်း သင်တွေ့ဆုံ မေးမြန်းသူ၏ကွန်ပြူတာထဲတွင်လည်း ထိုဆော့ဝဲရှိရန်လိုအပ်သည်။

သင်၏ ဖုန်းမှတစ်ဆင့် ကွန်ပြူတာနှင့် ချိတ်ဆက်ပြီးလည်း အသံဖမ်းယူထားနိုင်သည်။ သတိထားရန်မှာ ဤကဲ့သို့သောကိရိယာမျိုးသည် အမေရိကန်ပြည်ထောင်စုတွင် လွတ်လပ်စွာရောင်းချနေသော်လည်း နေရာတိုင်းတွင် တရားဝင်ခြင်းမရှိပါ။ X-lite သည်လည်း တူညီသည့် ဝန်ဆောင်မှုမျိုးပေးနိုင်ပါသည်။

အကယ်၍သင့်တွင် မျက်နှာချင်းဆိုင်တွေ့ဆုံမေးမြန်းရန် အခွင့်အရေးရှိပါက လုပ်ပါ။ ရလဒ်သည် ပို၍ ကောင်းမွန်ပါလိမ့်မည်၊ အသံအရည်အသွေးသည် ပို၍ကောင်းမွန်ပါလိမ့်မည်၊ အမေးအဖြေသည် ပို၍ ကောင်းမွန်ပါလိမ့်မည်။ စျေးကွက်ထဲတွင် ရရှိနိုင်သော အသံဖမ်းကိရိယာအမြောက်အများရှိပါသည် စမတ်ဖုန်းများမှစ၍ wide range ဖြင့်ဖမ်းယူနိုင်သော Nagra အမျိုးအစား အသံဖမ်းစက်များလည်း ရှိသည်။ စျေးအသင့်အတင့်သာ အသုံးပြုမည်ဆိုပါကလည်း ထိုစက်များသည် သာမန်တွေ့ဆုံမေးမြန်းမှုများကို ကောင်းမွန်စွာအသံဖမ်းယူနိုင်ပါသည်။

အခမဲ့ရရှိနိုင်သော ဆော့ဝဲများဖြင့် တွေ့ဆုံမေးမြန်းမှုကို တည်းဖြတ်ခြင်း

  • တွေ့ဆုံမေးမြန်းမှုပြီးပါက တည်းဖြတ်ရန်လိုအပ်သည်။ အကောင်းဆုံးအချိန်များကို ရွေးချယ် တည်းဖြတ်ပြီး ပရိသတ်ထံယူဆောင်လာပေးပါ။ Audacity သည် အခမဲ့ဖြစ်ပြီး အသံတည်းဖြတ်ခြင်း အတွေ့အကြုံမရှိသည့်သူများပင်အသုံးပြုနိုင်လောက်သည်အထိ လွယ်ကူပါသည်။ ဤသည်မှာ စာသားတည်းဖြတ်ခြင်း ဆော့ဝဲများကဲ့သို့ပင် အသုံးပြုနည်း ကျူတိုရီရယ်ကောင်းများလည်းရှိသည်။
  • တွေ့ဆုံမေးမြန်းမှုမှ အသုံးပြုလိုသည်များကို ရွေးချယ်ပြီးပြီဆိုပါက သင်သည် ကောင်းမွန်စွာ နားထောင်ပြီး ဆွဲထုတ်လိုသည်အချို့ကိုဆွဲထုတ်ပြီးဖြစ်သော်လည်း သင့်လျော်မှုအရှိဆုံး အစိတ်အပိုင်းများကို ရွေးချယ်ရန်လိုအပ်သည်။ သင်၏ နောက်ဆုံးရလဒ်သည် တုိတို ပြတ်ပြတ် ဖြစ်ရမည်။ တစ်မိနစ်ထက်ကျော်ပါက နားဆင်သူ၏ အာရုံစိုက်မှုသည်လည်း တုိသွားပေမည်။ သင်တင်ဆက်မည့်အကြောင်းအရာသည် အများအံ့သြမှင်သက်သွားစေနိုင်သည့် အကြောင်းမျိုး မဟုတ်ပါက အသံထုတ်လွှင့်ချက်တစ်ခုသည် စက္ကန့် ၃၀ မှ တစ်မိနစ်ကြားသာရှိသင့်သည်။ ဆွဲထုတ်ထားသော အသံအစိတ်အပိုင်းများကို ခွဲပြီး ထုတ်လွှင့်နိုင်သော်လည်း ကျိုးကြောင်း ဆီလျော်မှုရှိရန်လည်း လိုအပ်သေးသည်။ သာမန်သတင်းတစ်ပုဒ်အတွက် အသံထုတ်လွှင့်ချက် အပိုင်းများသည် ၅ ခုထက်မပိုသင့်ချေ။

ဆောင်းပါးအတွင်းအသံထည့်သွင်းခြင်း

ဤသည်မှာ ရေဒီယိုသတင်းမဟုတ်ပါ၊ အသံသည် သင့်သတင်းဆောင်းပါး၏ မူလအရင်းမြစ်မဟုတ်ပါ။ ထိုအရာသည် စိတ်ကူးကို ပိုမိုဖော်ပြနိုင်ရန်နှင့် ရုပ်လုံးကြွစေရန်အတွက်သာဖြစ်သည်။ တခါတရံ ထိုသို့ အသံများဆောင်းပါးတွင် ထည့်သွင်းထားခြင်းက စာဖတ်သူကို သတင်းဖြစ်ရာနေရာ အခင်းအကျင်း သို့ ပို၍ခေါ်ဆောင်သွား နုိင်သည်။ အသံဖြင့်သရုပ်ဖော်ခြင်း စည်းမျဥ်းများကိုလည်း လေးစားသင့်သည်၊ အသံတစ်ပိုင်း = စိတ်ကူးအိုင်ဒီယာတစ်ခု။ မနည်းစေရ မများစေရ။